1 နှစ် - ဘာသာပြန်ပါ။

Spider tattoo designs

imageimage
+4
1 နှစ် - ဘာသာပြန်ပါ။

Puss In Boots (2011)

6.6/10
Genres - Animation, Comedy
Rating Symbol - PG

တောင်းထားတဲ့ကားလေးရပါပီ🧡


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/smith224560/81
https://t.me/smith224560/81

image
1 နှစ် - ဘာသာပြန်ပါ။

Ariana Grande ရဲ့အဖွား Nonna Marjorie Grande ဟာ အသက် ၉၉ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။
“Marjorie (Nonna) Grande ဟာ သူ့ရဲ့နောက်ဆုံးရက်သတ္တပတ်တွေမှာ မိသားစုနဲ့ချစ်ရသူတွေနဲ့အတူ အိမ်မှာအေးချမ်းစွာ ကွယ်လွန်သွားခဲ့တယ်” လို့ Ariana Grande ရဲ့အမေက Instagram မှာ ရေးသားခဲ့ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

‘Lilo & Stitch Live Action သရုပ်ဆောင်၊ အသက် ၄၆ နှစ်မှာ ကွယ်လွန်
David Hekili Kenui Bell ဟာ မကြာသေးခင်က Disney ရဲ့ Lilo & Stitch Live Action ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့သလို ၊ Magnum P.I. နဲ့ Hawaii Five-0 ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဇွန်လ ၁၂ ရက်နေ့မှာ အသက် ၄၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့အစ်မ Jalene Kanani Bell က Facebook Post မှာ သူကွယ်လွန်ကြောင်း အတည်ပြုခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းအမှန်ကို မကြေညာသေးပေမယ့်၊ Hawaii ရဲတပ်ဖွဲ့ကတော့ မသမာမှုတစ်စုံတစ်ရာ မရှိဘူးလို့ ပြောထားပါတယ်။
“ကျွန်မရဲ့ စိတ်သဘောထားကောင်း၊ အရည်အချင်းရှိ၊ ရယ်စရာကောင်း၊ ဉာဏ်ရည်ထက်မြက်ပြီး ချောမောတဲ့ မောင်လေး David H. K. Bell ဟာ ဒီနေ့မှာ ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့အတူ ရှိနေတော့မယ်ဆိုတာကို ဝမ်းနည်းစိတ်နဲ့ ပြောပြရပါတယ်” လို့ Jalene Kanani Bell က တနင်္ဂနွေနေ့မှာ ရေးသားခဲ့ပါတယ်။
Disney ကလည်း အင်္ဂါနေ့မှာ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြီး၊ “David Hekili Kenui Bell ရဲ့ ရုတ်တရက်ဆုံးရှုံးသွားမှုကို ကျွန်တော်တို့ အလွန်ဝမ်းနည်းမိပါတယ်။ သူဟာ ဖော်ရွေပြီး စိတ်ထားကောင်းတဲ့သူဖြစ်ပြီး၊ ရိုက်ကွင်းထဲမှာ လူတိုင်းနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ပါ။ သူဟာ Disney နဲ့ Lilo & Stitch မိသားစုရဲ့ ထာဝရအဖွဲ့ဝင်တစ်ယောက်အဖြစ် ရှိနေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Wish Dragon (2021)

ဇာတ်ကားကြည့်ရန် 👇👇


https://t.me/smith224560/90?single
https://t.me/smith224560/90?single

image
1 နှစ် - ဘာသာပြန်ပါ။

ဈေးကြီးလွန်းသည့်ကြက်စာများနေရာတွင် အေဇိုလာကို အစားထိုးအသုံးချနည်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Azolla ကို လတ်လတ်ဆတ်ဆတ် သို့မဟုတ် အခြောက်ပုံစံတို့ဖြင့် တိရစ္ဆာန်များကို ကျွေးနိုင်သည်။ နွား၊ ကြက်၊ သိုး၊ ဘဲ၊ ဆိတ်၊ ဝက် နှင့် ယုန် စသည့်တိရစ္ဆာန်များအား တိုက်ရိုက် သို့မဟုတ် အခြားအစာများဖြင့် ရောစပ်ကျွေးမွေးနိုင်ပေသည်။
🍀တိရစ္ဆာန်အများစုသည် Azolla ၏ အရသာကို ကြိုက်နှစ်သက်ရန် အချိန်ယူရ၍ ရက်အနည်းငယ်ကြာအောင် တဖြည်းဖြည်း ကျွေးပေးရသည်။ ထို့ကြောင့်ပထမအဆင့်တွင် တဖြည်းဖြည်း အနံ့အရသာတို့အပေါ် ကြိုက်နှစ်သစ်လာအောင် စနစ်တကျကျွေးပေးရမည်ဖြစ်သည်။
Azolla ၏ အရသာကို တိရစ္ဆာန်များသိရန် ရက်အနည်းငယ်ကြာတတ်သောကြောင့် ကနဦးအဆင့်တွင် လတ်ဆတ်သော Azolla ကို စီးပွားဖြစ်အစာနှင့်အတူ 1:1 အချိုးဖြင့် ရောစပ်ကျွေးမွေးသင့်သည်။
🍀Azolla ရောစပ်အစာကို နှစ်ပတ်ကြာကျွေးပြီး အဆင်ပြေသွားပြီဆိုပါက နောက်ပိုင်းတွင် အခြားအစာမထည့်တော့ဘဲဖြင့်လည်း ကျွေးနိုင်သည်။ လတ်ဆတ်သော Azolla သည် အလွန်ပျက်စီးလွယ်သောကြောင့် ပိုလျှံနေသည့်အခါ နောက်ပိုင်းတွင် အသုံးပြုရန်အတွက် အရိပ်ထဲတွင် အခြောက်ခံသိမ်းဆည်းထားသင့်ပေသည်။
Azolla ကို တိရစ္ဆာန်များအတွက် အာဟာရရှိပြီး စျေးပေါသော အော်ဂဲနစ်အစာ အစားထိုးအဖြစ် အသုံးပြုနိုင်ရုံသာမက ဇီဝမြေသြဇာအဖြစ်ပါ အသုံးပြုနိုင်ပေသည်။
🍀Azolla သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး သံဓာတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်စ်၊ ကြေးနီ၊ မန်းဂနိစ်စသည့် ဗီတာမင် A နှင့် ဗီတာမင် B-12 တို့ကဲ့သို့ မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များ ပါဝင်သည်ကို တွေ့ရှိရသည်။ ထို့ပြင် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များ၊ ပရိုဘိုင်အိုတစ်များ၊ ဇီဝပိုလီမာများနှင့် ဘီတာကာရိုတင်းအားလုံးနီးပါးလည်း ပါဝင်သည်ကို တွေ့ရှိရသည်။
အေဇိုလာအခြောက်တွင် သတ္တုဓာတ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ ပရိုတင်း ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းနှင့် အမိုင်နိုအက်ဆစ် ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပါဝင်နိုင်ပြီး မြင့်မားသော ပရိုတင်းနှင့် လစ်နင်ပါဝင်မှုနည်းသောကြောင့် တိရစ္ဆာန်များအနေဖြင့် အလွယ်တကူ အစာချေဖျက်နိုင်သည်။
🍀Azolla ကို ကြက်အစာအဖြစ် လက်တွေ့အသုံးချနည်း
လတ်ဆတ်သော Azolla များကို ကြက်နှင့်ဘဲများအား အစားအသောက်များတွင် ထည့်သွင်းကျွေးမွေးနိုင်သည်။ ကျွန်တော်တို့နိုင်ငံတွင် ဒေသကြက်(တိုင်းရင်းကြက်) မွေးမြူရေးလုပ်ငန်းသည် နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် အမြတ်အစွန်းရှိသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး လူသားများအတွက် အတိုဆုံးအချိန်အတွင်း အာဟာရပြည့်ဝသော အသားများနှင့် ဥများကို ထောက်ပံ့ပေးနိုင်သည်။
သို့သော်လည်း ယခုအချိန်အခါတွင် အစာစျေးနှုန်းကြီးမြင့်မှုနှင့် အစားအစာပါဝင်ပစ္စည်းများ မရရှိနိုင်မှုများက တိရစ္တာန်စာ လုံလောက်စွာရရှိနိုင်မှုကို ခြိမ်းခြောက်နေသည်။ တပိုင်တနိုင်ကြက်မွေးမြူရေးကုန်ကျစရိတ် စုစုပေါင်း၏ 60 မှ 65% ခန့်အထိ ပါဝင်နေသော အစားအစာကုန်ကျ စရိတ်များက စိုက်မွေးသမားများအတွက် အခက်အခဲဖြစ်လာနေသည်။
🍀ထို့ကြောင့် စိုက်ပျိုးမွေးမြူရလွယ်ကူသော အေဇိုလာမှာ ကြက်များအတွက် ဖြည့်စွက်စာအဖြစ်အသုံးဝင်လာသည်။ အေဇိုလာကို ကြက်သားပေါက်များမှအစ ကြက်ကြီးများအထိ ကျွေးနိုင်သည်။ အမျှင်ဓာတ်များကို အလွယ်တကူချေဖျက်နိုင်သောကြောင့် ကြက်ကလေးများကို Azolla ကျွေးခြင်းသည် အသားစားကြက်များ၏ အလေးချိန်ကို တိုးစေသလို ဥစားကြက်များကိုပါ ဥထုတ်လုပ်မှု တိုးစေနိုင်ပါသည်။
လတ်ဆတ်သော Azolla သည် ကြက်စာများ၏ အစားအစာများတွင် စုစုပေါင်း ပရိုတင်းကြမ်း၏ ၂၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်သောကြောင့် ပရိုတိန်းဓာတ်အတွက်လည်း တစ်စိတ်တစ်ပိုင်း အစားထိုးနိုင်သည်။
🍀Azolla ဖြည့်စွက်စာ ၅% ပုံမှန်အစာရရှိသော ကြက်များသည် စုစုပေါင်းခန္ဓာကိုယ်အလေးချိန် ၁၀ မှ ၁၂ % တိုးလာကြောင်းသုတေသနများတွင်ဖော်ပြကြသည်။ စီးပွားဖြစ်မွေးမြူကြသောကြက်စာအတွက် အစားထိုးရန်ဆိုပါက ကြက်အကောင်ရေ ၁၀၀ အတွက်နေ့စဥ်လတ်ဆတ်သော azolla ၉ ကီလိုဂရမ်ခန့် လိုအပ်ကြောင်း Azolla farming project ၏ သုတေသနက ဖော်ပြထားပေသည်။
အေဇိုလာကျွေးပေးခြင်းဖြင့် ကြက်တစ်ကောင်အတွက် တစ်ကီလိုစာ အစာစရိတ် လျှော့ချနိုင်ပြီး အသားတင်အမြတ် ပိုများနိုင်သည်။
တကယ်လက်တွေ့အသုံးချနေသော ကြက်မွေးမြူ‌ရေးသမားများမှာလည်း လက်တွေ့အစားအစာကုန်ကျစရိတ်ကိုလျှော့ချနိုင်ပြီး အောင်မြင်စွာလုပ်ဆောင်နေကြသည်။
🐣ကြက်စာစပ်နည်းကတော့ …
အေဇိုလာအစို၊ စပ်စာ၊ စပါးအညှောက်ဖောက်အစေ့များကို အချိုးကျ ၁း၁း၁ ဖြင့် စပ်ခြင်းဖြစ်သည်။
ကိုသောမတ်စ်မှာ ယင်းအချိုးအတိုင်း လွှတ်ကျောင်းကြက်စာအဖြစ် နေ့စဥ်ကျွေးမွေးပြီး လက်တွေ့အောင်မြင်နေသူတစ်ဦးဖြစ်ကြောင်း ဖော်ပြရင်း အခြားလိုအပ်သော စိုက်ပျိုးမွေးမြူရေးသမားများအနေဖြင့်လည်း လက်တွေ့လုပ်ဆောင်နိုင်ကြရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

image
1 နှစ် - ဘာသာပြန်ပါ။

Beauty Water [2020]🔰🔰

IMDb Rating – 6.1/10ဒီတစ်ခါမှာတော့ ပုံမှန်ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့မတူဘဲ ကိုရီးယားနိုင်ငံမှာသူတိုရဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အလှအပစံနှုန်းတွေနဲ့ လွှမ်းမိုးခံရမှုတွေအကြောင်းစိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ကိုရီးယား animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ရယ်ဂျီဟာ ငယ်စဉ်ကတည်းက မလှပတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြောင့် အနှိမ်ခံခဲ့ရတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာ မိတ်ကပ်ဆရာမတစ်ယောက်
အနေနဲ့ အလုပ်လုပ်နေပေမယ့် သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် အလုပ်မှာရော လူမှုဘဝမှာပါ အဆင်မပြေဘဲ လောကကြီးကို အမြဲမကောင်းမြင်နေတတ်တာပါ။

တနေ့မှာတော့ ရယ်ဂျီဟာ မထင်မှတ်ဘဲ scam mail တစ်ခုကို မှားနှိပ််မိပြီး အလှရည်တစ်ပုလင်း သူ့ဆီကို ပါဆယ်ရောက်လာပါတော့တယ်။

အဲဒီ အလှရည်နဲ့ပြုပြင်လိုက်ရုံနဲ့သူမတူအောင် လှပချောမောတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားတဲ့အခါ…..

ရယ်ဂျီဟာ ဒီအလှရည်နဲ့ သူ ငယ်ငယ်ကတည်းက မက်မောခဲ့ရတဲ့ ခေါင်းအစခြေအဆုံးလှပလွန်းတဲ့ရုပ်ရည်ကို မရအရယူဖိုအတွက် ကြိုးစားခဲ့တဲ့အခါမှာတော့

ရယ်ဂျီဟာ လှဖိုအတွက်ဆို ဘာမဆိုလုပ်ရဲလာပါတော့တယ်


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/smith224560/85?single
https://t.me/smith224560/85?single

image
1 နှစ် - ဘာသာပြန်ပါ။

ဒူးရင်းပင်၏ကျနေဘက် အခြမ်း ၄-၅ ပေအကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက ကြားဝင်ငွေရသည့်အပြင် အရိပ်လည်းရမည်ဖြစ်သည်။
💹💹💹💹💹💹💹💹💹💹💹💹💹💹💹💹
၁။ မူရင်းဒေသ - အရှေ့တောင်အာရှ၊ အီကွေတာမိုးသစ်တော။ အင်္ဂလိပ်အမည် - DURIAN၊ ရုက္ခဗေဒအမည် - Durio Zibethenus၊ မျိုးရင်းအမည် - BOMBACEAE ဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သောဒေသများ
မွန်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ကရင်ပြည်နယ် အကောင်းဆုံးဖြစ်ထွန်းသည်။ ရန်ကုန်တိုင်း၊ ပဲခူး အရှေ့ခြမ်း၊ ဧရာဝတီတိုင်းတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။
၃။ လတ္တီတွဒ်
အီကွေတာမှ တောင်နှင့်မြောက် ၁၅ ဒီဂရီ အတွင်းကောင်းစွာဖြစ်ထွန်းသည်။ ၁၈ ဒီဂရီ အထိလည်း စိုက်ပျိုးနိုင်ပါသည်။
၄။ ရေမျက်နှာပြင်အမြင့်
ပင်လယ်ရေ မျက်နှာပြင်မှ ၂၆၀၀ ပေ အထိ။ အပင်ကြီးထွားရန်နှင့် အသီးထုတ်လုပ်မှုအတွက် ပင်လယ်ရေ မျက်နှာပြင် နိမ့်မှသာ ကောင်းမွန်ပါသည်။ ပေ ၁၀၀၀ အောက်အကောင်းဆုံးဖြစ်ပါသည်။
၅။ ရာသီဥတု
ပူအိုက်စိုစွတ်သောရာသီဥတုကိုကြိုက်နှစ်သက်သည်။ ပျမ်းမျှအပူချိန် (၂၄ ဒီဂရီ ဆဲလ်စီးယပ် - ၃၀ ဒီဂရီ ဆဲလ်စီးယပ်) စိုထိုင်းဆ ၇၅ ရာခိုင်နှုန်း၊ မိုးရေချိန် ၇၅ လက်မ အထက်ရသော ဒေသတွင် ကောင်းစွာဖြစ်ထွန်းသည်။ လစဉ် ပျမ်းမျှ အပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်ထက် နည်းပါက အပင်ကြီးထွားမှု မဖြစ်ပါ။ အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထိ ခံနိုင်သော်လည်း အရွက်ကြွေပါမည်။ တစ်နှစ်ပတ်လုံး မိုးဖြန့်ရွာသော ဒေသများတွင် စီးပွားဖြစ် အသီးထုတ်လုပ်ရေးအတွက် ပိုကောင်းကြောင်းတွေရသည်။
၆။ မြေအမျိုးအစား
မြေဆီကောင်းမွန်ပြီး ရေစီးစိမ့်မှုကောင်းသော နုန်းဆန်သောမြေ၊ မြေသားအနက် အနည်းဆုံး ၄-၅ ပေ ရှိ၍ ရေသွင်းရေထုတ် ကောင်းစွာပြုလုပ်နိုင်သော မြေညီမြေပြန့်ကို ကြိုက်နှစ်သက်သည်။
PH 6.5 ဝန်းကျင်ရှိသော သဲနုန်း (သို့မဟုတ်) နုန်းမြေကိုနှစ်သက်သည်။
၇။ စိုက်ပျိုးချိန်
မိုးဦးကျ ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ ရေရရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
၈။ ဒူးရင်းမျိုးများ
မျိုးရွေးချယ်ရာတွင် (၁) အသီးထွက်ကောင်းခြင်း၊ (၂) အိမ်မွှာကြီးပြီးအသားထူ၊ အစေ့သေး၊ အရသာကောင်းခြင်း၊ (၃) စောစောပွင့်သီးခြင်းတို့ကို ဦးစားပေးသင့်သည်။
အရည်အသွေးကောင်း မျိုးများဖြစ်သည့် ကန်ကလေး (၁)၊ ကန်ကလေး (၂)၊ ရွှေဒင်္ဂါးမိချောင်းခေါင်းများကို စိုက်ပျိုးနိုင်သည်။
၉။ စိုက်ပျိုးနည်း
ပင်ကြားတန်းကြား တစ်ဧကဝင်ဆန့်ပင်ရေ
🌳၃၀’ x ၃၀’ ၄၈ ပင်
🌳၂၅’ x ၂၅’ ၇၀ ပင်
🌳၂၀’ x ၂၀’ ၁၀၈ ပင်
ဒူးရင်းပင်စိုက်ပျိုးရန်အတွက် ၃’ x ၃’ x ၃’ အရွယ်စိုက်ကျင်းတူးပြီး မြေခံမြေသြဇာအဖြစ်၁၅း၁၅း၁၅ (၃)မျိုးစပ် နို့ဆီဘူး (၁) ဘူး၊ နွားချေးဆွေး (သို့) ကြက်ချေးဆွေး(၂)တင်း၊ မြေအောင်းပိုးသတ်ဆေး (၁)ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး (၁)ဘူးတို့အား အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းတွင်းထည့်ကာ တစ်လခန့် နှပ်ထားသင့်သည်။
ကျန်းမာသန်စွမ်းသော(၁-၂)နှစ်သား ကိုင်းဆက်ပျိုးပင်များကို မြေနှပ်ထားသောကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရပါမည်။ ရေလုံးဝမဝပ်စေရန် ပင်ခြေပတ်လည်အားဖို့ပေးပြီး ပလက်စတစ်အနက်စဖြင့် အုပ်ပေးခြင်း၊ တိုင်ထောင်၍ ပျိုးပင်အား ကြိုးချည်ထိန်းပေးခြင်းများ ပြုလုပ်ပေးရသည်။
စိုက်ပျိုးပြီး (၂) နှစ်သားထိ ကျနေဒဏ်ခံနိုင်ရန်အတွက် အရိပ်လုပ်ပေးရသည်။ ဒူးရင်းပင်၏ကျနေဘက် အခြမ်း ၄-၅ ပေအကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက ကြားဝင်ငွေရသည့်အပြင် အရိပ်လည်းရမည်ဖြစ်သည်။
၁၀။ ရေပေးသွင်းခြင်း
မိုးကုန်ပါက ရေဝိုင်း၊ ရေဝပ်ကျင်းများပြုလုပ်ပေးရသည်။ အသီးခူးပြီးချိန်တွင် အကိုင်းရှင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေသြဇာကျွေးခြင်း (စက်တင်ဘာ/ အောက်တိုဘာ) တွင် ပြုလုပ်ပြီး မိုးစကုန်သည့်ရက်မှ (၁)လခန့် ရေဖြတ်ပြီးမှ ရေသွင်းရပါမည်။ သို့မှသာ ပွင့်သီးမှုအပိုင်း ကောင်းပါမည်။
နိုဝင်ဘာလမှ မိုးကျသည်အထိ ရေပေးသွင်းရပါမည်။ နေ့စဉ်မသွင်းနိုင်ပါက ၄-၅ ရက်တစ်ကြိမ်လုံလောက်စွာ ပေးရမည်။
၁၁။ အပင်ကြီးပြုစုခြင်း
ပန်းပွင့်စေရန်နှင့် သီးထွက်အားကောင်းစေရန် အကိုင်းဖြစ်ပြုပြင်ခြင်းလည်း လုပ်ရပါမည်။ ရှုပ်ထွေးနေ သောအကိုင်းများ၊ ကိုင်းညှပ်ကိုင်းခြောက်များနှင့် ရေတက်များရှင်းရပါမည်။ ပင်စည်မှ အကိုင်းဖြတ်တိုင်း သတိထားရမည်မှာ ဖြတ်သည့်နေရာအား မာတာရာဇီ မှိုသတ်ဆေးသုတ်လိမ်းပေးရန်ဖြစ်သည်။ ရောဂါဝင်နိုင်၍ ဖြစ်သည်။
အပင်ခြေအား အမြစ်မထိခိုက်စေဘဲ ပေါင်းရှင်းခြင်းဖြင့် ပိုးမွှားနှင့်ရောဂါအန္တာရာယ် ကာကွယ်နိုင်ပါ သည်။ အပင်ခြေအထက် (၃) ပေတွင် မည်သည့်အကိုင်းမှမရှိစေရန် ရှင်းထားရမည်။
၁၂။ မြေသြဇာကျွေးခြင်း
မိုးဦး၊ မိုးနှောင်းကာလနှင့် ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေသြဇာကျွေးရမည်။ အသီးသီးပင်ဖြစ်ပါ က ၁၅း၁၅း၁၅ မြေသြဇာကို ၁ ကီလိုမှ ၃ ကီလို (၆၀ ကျပ်သား မှ ၁ ပိဿာခွဲ) အထိ ပင်ရေဝိုင်းအတွင်း အပေါ်ယံဖြူးကျွေးခြင်း (Top dressing) ပြုလုပ်ပြီးအပေါ်မှ ကြက်ချေး ၄-၅ တင်းအုပ်ပေးရသည်။ မြေပေါ်ကျွေးခြင်းမှ အမြစ်မထိခိုက်စေရန် ဖြစ်သည်။
မြေသြဇာကို အကြိမ်ကြိမ်ခွဲကျွေးသင့်သည်။ ရွက်ဖျန်းမြေသြဇာလည်း သုံးနိုင်ပါသည်။ သဘာဝမြေသြဇာကို ကြက်ချေးသုံးနိုင်လျှင် ပို၍ ကောင်းမွန်ပါသည်။ နွားချေးသုံးလျှင် နွားချေးမှာ အဆွေးပါက ရောဂါ အားပေးမှု ဖြစ်စေနိုင်ပါသည်။

image
1 နှစ် - ဘာသာပြန်ပါ။

Monster High ( 2022 )


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/smith224560/92
https://t.me/smith224560/92

image
1 နှစ် - ဘာသာပြန်ပါ။

Paws Of Fury : The Legend Of Hank ( 2022 )

အရမ်းကောင်းတဲ့ကားလေးပါ💜


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/smith224560/94
https://t.me/smith224560/94

image