31 w - Translate

Tattoo ideas

image
31 w - Translate

Tattoo ideas

image
31 w - Translate

Tattoo ideas

image
image
image
image
image
31 w - Translate

Nebraska is the first state to receive a federal waiver to ban the purchase of soda and energy drinks under the benefit program for low-income Americans long known as food stamps.
https://abcnews.go.com/Health/....wireStory/nebraska-b

image
31 w - Translate

Geologists working on surveying land in Mississippi stumbled upon an incredible find: the fossil of an ancient marine apex predator considered a "sea dragon" of the time.
https://abcnews.go.com/US/evid....ence-30-foot-ancient

image
31 w - Translate

ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်တွင် မီးလောင်မှုဖြစ်ပွား

(မှုခင်း) မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၄)ရပ်ကွက်၊ ပန်းခြံလမ်းရှိ ပိုင်ရှင် ဦးကျော်ဦး၏ “AKB” ဆိုးပြားစက်ရုံ ဝန်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၄)ရပ်ကွက်၊ ပန်းခြံလမ်းတွင် ပိုင်ရှင် ဦးကျော်ဦး၏ “AKB” ဆိုးပြားစက်ရုံဝန်းအတွင်းရှိ (၁၅x၄၅)ပေ၊ အုပ်ညှပ်(၂)ထပ် အဆောက်အဦ နောက်အဖီအတွင်း ရာဘာစက်မှထွက်ရှိသည့် ရာဘာပြားများ ထပ်ထားရာမှ မေလ ၁၉ ရက်နေ့၊ နံနက် ၁ နာရီ ၃၅ မိနစ် အချိန်ခန့်က အောင်းပူဖြစ်ပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနေရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၃)စီး၊ ရေသယ်ယာဉ်(၈)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၃ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် (၁၅x၄၅)ပေ၊ အုပ်ညှပ်(၂)ထပ် အဆောက်အဦ(၁)လုံး၊ (၁၅x၃၀)ပေ၊ နောက်အဖီနှင့် ကုန်ကြမ်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

image
31 w - Translate

နွားထိုးကြီးတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရ
မေ ၂၀ - ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
မေ ၁၅ ရက်နေ့ကနေ စတင်လာတဲ့ တိုက်ပွဲတွေကြောင့် ဝက်လူးရွာ အပါအဝင် ပဲချက်၊ ဂွေးပင်တော၊ ထန်းခွ၊ ထန်းစင် စတဲ့ ရွာတွေက ဒေသခံ ပြည်သူ ၈၀၀၀ နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“မြေပြင် တိုက်ပွဲအပြင်ကိုမှ နစက က လေကြောင်းကနေ အင်အားဖြည့်ပြီး ဆက်တိုက် ခုခံနေလို့ တိုက်ပွဲကတော့ အခုထိ ပြင်းထန်နေတုန်းပါပဲ။ အဲဒါကြောင့် ဝက်လူးရွာရော၊ အနီးဝန်းကျင်က ရွာတွေရော စစ်ရှောင်ကုန်ကြပြီ။ ရှောင်တာက‌တော့ တိုက်ပွဲမဖြစ်သေးတဲ့ ဘေးလွတ်မယ်ထင်တဲ့ ရွာတွေကို ရှောင်ကြတာပေါ့။ ရွာလုံးကျွတ်တော့ မဟုတ်ဘူး။ တချို့ဒေသခံတွေ ရွာတွေထဲမှာ ကျန်ခဲ့တာရှိသေးတယ်။ အိမ်စိတ်မချလို့၊ လမ်းစရိတ် မတတ်နိုင်လို့ ကျန်ခဲ့ကြတဲ့သူတွေပေါ့” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ ဝက်လူးရဲစခန်းမှာ တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပြီး နစကတပ်က လေကြောင်းကနေ တရစပ် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဝက်လူးရွာ ရဲစခန်းမှာ ပခုက္ကူမြို့ အခြေစိုက် အမှတ် (၁၀၁) ခြေမြန် တပ်မဌာနချုပ်နဲ့ ပြည်သူ့စစ်တွေ တပ်စွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။
“မေ ၁၅ ရက်နေ့ကစတဲ့ ခရိုင် စစ်ဆင်ရေးမှာ ဝက်လူးစခန်း တိုက်ပွဲကတော့ နစကအတွက် စစ်ဌာနချုပ်တခုကို ကာကွယ်ရသလိုမျိုး ဖြစ်နေတယ်။ လေကြောင်းကနေလည်း လေယာဉ် မျိုးစုံသုံးပြီး မရပ်မနား ခုခံနေတယ်။ ဒါကြောင့် ဝက်လူးရဲစခန်းက နစကအတွက်တော့ စစ်ဗျူဟာကျတဲ့ နေရာလို့တောင် ပြောလို့ရတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ ရဲစခန်းဟာ ဝက်လူးရွာ (အနောက်ဘက်) နွားထိုးကြီးနဲ့ မြို့သာကြား လမ်းပေါ်မှာ တည်ရှိတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဝက်လူးစခန်းဟာ တိုက်နယ်အဆင့်သာ ရှိပေမယ့် အမှန်တကယ် စခန်းသိမ်းခံရပါက မြင်းခြံ - နွားထိုးကြီး - ပြင်စည် ကားလမ်းတလျှောက်ရဲ့မြောက်ဘက်ခြမ်း တခုလုံး စစ်ရေးကင်းစင်နယ်မြေ ဖြစ်သွားနိုင်တာကြောင့် နစကအနေနဲ့ နေပြည်တော်ဝင်ပေါက်နဲ့ အနီးဆုံးဒေသကို လေကြောင်း အသုံးပြု ကာကွယ်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
နစက စစ်ရေး သတင်းရင်းမြစ်တွေရဲ့ အသိပေး ရေးသားချက်မှာတော့ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ နွားထိုးကြီးမြို့အတွင်းရှိ အထက်တန်းကျောင်း၊ ကမ္ဘောဇဘဏ်၊ မြို့လယ်မီးသတ်ကုန်း၊ ရဲစခန်း ဝန်းကျင်တွေမှာ နေရာယူထားပြီး ဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် ဝက်လူးရွာ ရဲစခန်းတိုက်ပွဲမှာ အပေါ့စား ထောက်ပို့လေယာဉ် (Y -12) နဲ့ လေကြောင်း ပစ်ကူပေးနေတာကြောင့် စခန်းမကျသေးဘူးလို့ အသိပေး ရေးသားထားပါတယ်။
ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေဟာ “၉/အညာမြေစစ်ဆင်ရေး” အဖြစ် မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်တွေဖြစ်တဲ့ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ဆီမီးခုံနဲ့ ငါန်းဇွန်မြို့နယ်တွေက နစကရဲ့ တပ်စခန်းတွေကို မေ ၁၅ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
မေ ၁၅ ရက်နေ့မှာ နွားထိုးကြီးမြို့နယ်ထဲက နစကတပ်တွေ စောင့်ကြပ်တဲ့ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးနေရာ၊ မြို့မရဲစခန်းနဲ့ ဝက်လူးရဲစခန်းတို့ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီထဲက မြို့မစခန်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်းစခန်း နှစ်နေရာကို မနေ့ မေ ၁၉ ရက်နေ့မှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီသတင်း အတည်ပြုနိုင်ဖို့ VOM က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒါအပြင် မြင်းခြံမြို့နယ်၊ ကန်ဆင့် (မြောက်) ရွာမှာလည်း မနေ့ မေ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လေးယောက် သေဆုံးကာ လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ‌ မေ ၁၉ ရက်နေ့မှာပဲ တောင်သာမြို့နယ်ထဲက သန်းတန်းကျေးရွာမှာ မနက် ၄ နာရီဝန်းကျင်က စက်တပ်လေထီး၊ ဒရုန်းတွေနဲ့ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ်တွေနဲ့ နွားတွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး အဲဒီနေ့၊ နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာလည်း တောင်သာမြို့နယ်၊ မင်းတည်းကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် မေ ၁၈ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်ကလည်း တောင်သာနယ် (အရှေ့ခြမ်း) ရှိ လှည်းကူးမကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ် နှစ်လုံး ပျက်စီးပြီး နွားတကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မြင်းခြံခရိုင်အတွင်း တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ နစကဘက်က တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးသလို ဒေသတွင်း လက်ကနက်ကိုင် တပ်ဖွဲ့တွေဘက်ကလည်း တိုက်ပွဲအခြေအနေ အသေးစိတ်ကို သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo - CJ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂါဇာသို့ အကူအညီများ အကန့်အသတ်ဖြင့် ဝင်ရောက်ခွင့် အစ္စရေးခွင့်ပြု
ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ဝင်ရောက်ခြင်းကို သီတင်း ၁ဝ ပတ်ကြာပိတ်ဆို့ထားပြီးနောက် အစာရေစာ ပြတ်လပ်မှု အကျပ်အတည်းမဖြစ်စေရန်အတွက် အခြေခံလိုအပ်သည့် စားနပ်ရိက္ခာပမာဏကို ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အစ္စရေးက မေ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထိုသို့အခြေခံလိုအပ်ချက် ပမာဏကိုတင်သွင်းခွင့်ပြုခြင်းသည် အစ္စရေးစစ်ဘက်၏ အကြံပြုချက်နှင့်ဟားမားစ်တို့အပေါ် ထိုးစစ်ဆင်ရန် လိုအပ်ချက်အပေါ် အခြေခံကာလုပ်ဆောင်ခဲ့ခြင်းဟု အစ္စရေးက ပြောသည်။
ဂါဇာတွင် မြေပြင်စစ်ဆင်ရေး များ တိုးချဲ့လုပ်ဆောင်မည်ဟုအစ္စရေးက ကြေညာပြီးနာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးသည် ဂါဇာဒေသသို့ အစားအစာ၊ လောင်စာဆီနှင့် ဆေးဝါးများ ဝင်ရောက်ခွင့် ပိတ်ပင်ထားခြင်းတို့ကို ရုပ်သိမ်းရန်နိုင်ငံတကာ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရပြီး ဒေသ လူဦးရေ ၂ ဒသမ ၁ သန်းသည်အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။
ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများအကန့်အသတ် အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုရန် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက မေ ၁၈ ရက်တွင် တောင်းဆိုခဲ့သည်။
အစ္စရေးကမူ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေခြင်းအား ဟားမားစ်တို့ကထိန်းချုပ်နေခြင်းကို ဖြေရှင်းသွားမည်ဟု ပြောသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး ၏ တိုက်ခိုက်မှုကြောင့် လူ ၆၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၆၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
ဘီဘီစီ

image

#နိုင်ငံတကာသတင်း
◼ဗြိတိန်နှင့် အီးယူ ကုန်သွယ်ရေးနှင့် ကာကွယ်ရေးသဘောတူညီမှုရရှိ
အီးယူမှ ဗြိတိန်နိုင်ငံ ထွက်ခွာပြီး နောက်ပိုင်း ဥရောပသမဂ္ဂနှင့်ဗြိတိန်ကြား ကုန်သွယ်ရေးနှင့်ကာကွယ်ရေးဆိုင်ရာ အထင်ကရအဖြစ်ဆုံး သဘောတူညီမှုများကို ဗြိတိန် က သဘောတူလိုက်ကြောင်း ရိုက်တာသတင်းအရသိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကြောင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုများကို စောက်ထိုးမိုးမျှော်ဖြစ်စေခဲ့မှုူက နှစ်ဖက်ကြား ပိုမိုနီးကပ်လာစေခဲ့ခြင်းနှင့်အတူ ဥ‌ရောပနှင့် လမ်းခွဲပြီး ကိုးနှစ်အကြာတွင် ၎င်းတို့နှစ်ဖက်ကြား အကျယ်ပြန့်ဆုံး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးနှင့်ကာကွယ်ရေးသဘောတူညီမှု ၊ ငါးဖမ်းဆီးမှု သဘောတူညီမှု၊ နှင့် ဗြိတိန်မှတင်ပို့သောကုန်ပစ္စည်းများနှင့် အလည်အပတ်သွားသူများအပေါ် ကန့်သတ်မှု ‌လျှော့ချပေးခြင်းများလည်း ပါဝင်ခဲ့သည်။
‌‌
ဒေါ်နယ်ထရန့်၏ အခွန်အ‌ကောက်များ နှင့် ဥရောပကကိုယ်ပိုင်ကာကွယ်ရေး အတွက် ပိုမိုလုပ်ဆောင်သင့်ကြောင်း သတိပေးချက်များကြောင့် ကမ္ဘာတစ်ဝန်းမှ အစိုးရအဖွဲ့များက ကုန်သွယ်‌ရေး နှင့် ကာကွယ်ရေးကိစ္စများကို ပိုမိုစဉ်းစားလာခဲ့ရပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကိုလည်း ဥရောပခေါင်းဆောင်များနှင့် ပိုမိုနီးကပ် လာစေခဲ့သည်။
ဗြိတိန်နိုင်ငံသားများအတွက် အီးယူလေဆိပ်များတွင် ပိုမိုမြန်ဆန်သော အီလက်ထရွန်နစ်ဂိတ်များ ထားရှိခြင်းကဲ့သို့ အကျိုးကျေးဇူးများက အီးယူမှဗြိတိန်ထွက်ခွာရေးကို လှုံ့ဆော်ခဲ့သော နိုင်ဂျယ်ဖာရေ့ဂျ်ကဲ့သို့ လူများထံမှ သစ္စာဖောက်သည်ဟူသော ပြောဆိုမှုများကို ဖုံးလွှမ်းသွားမည်ဟုလည်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက မျှော်လင့်ထားသည်။
သဘောတူညီချက် က ဗြိတိန်နှင့် အီးယူတို့၏ ဆက်ဆံ‌ရေးတွင် ခေတ်သစ်တစ်ခုအစပြုခြင်းဖြစ်ကြောင်း အီးယူကော်မရှင်ဥက္ကဌ အာဆူလာဗွန်ဒါလီယန်း နှင့် ဥရောပကောင်စီဥက္ကဌ အန်တိုနီယိုကော့စတာတို့ အားဘေးနားထားပြီး လန်ဒန်မြို့ လန်ကက်စတာအိမ်တော်၌ ကီယာစတာမာက ပြောကြားသည်။
တစ်ကမ္ဘာလုံး မတည်မငြိမ်ဖြစ်နေပြီး မိမိတို့ ဥရောတိုက်ကလည်း မျိုးဆက်ပေါင်းများစွာအတွင်း အ ကြီး မားဆုံးခြိမ်းခြောက်မှုနှင့်ရင်ဆိုင်နေရချိန်၌ ဥရောတိုက်သားများက အတူတကွ ရှိနေကြသည်ကို ယခု သဘောတူညီချက် က သတင်းစကားပါးလိုက်ကြောင်း မစ္စက်ဗွန်ဒါလီယန်းကလည်း ပြောကြားသည်။
ယင်းမှာ ဗြိတိန်နိုင်ငံက ယခုလအတွင်း ချုပ်ဆိုခဲ့သော တတိယမြောက် ကြီးမားသော သဘောတူညီမှုဖြစ်ကြောင်း သိရပြီး ယင်းမတိုင်မီ က အိန္ဒိယ ၊ အမေရိကန်တို့နှင့်လည်း ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။
အီးယူနှင့်ရရှိခဲ့သော သဘောတူညီမှုနှင့်အတူ ‌ဗြိတိန်တွင် စားသောက်ကုန်များ ဈေးနှုန်းချိုသာလာမည်၊ စွမ်းအင်လုံခြုံ‌ရေးတိုးတက်လာမည် ၊ စီးပွားရေးသို့ ဗြိတိန်ပေါင် ၉ ဘီလီယံဖိုးခန့် ပေါင်းထည့်နိုင်မည်ဟု ဗြိတိန်က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

သတိပြုဖွယ်