ဗလထွက်ဖို့ Gym သွားစရာမလိုတော့ဘူး ... Kanye West ၀တ်တယ့် Shirt ၀တ်ဖို့ပဲလိုတယ် 😬 Yeezy sock shoe တွေလဲမျက်နှာပြောင်တာမဟုတ်ပဲတစ်ကယ်လာတော့မယ်ထင်တယ် ...
ဟိုးတစ်လောကတော့ အမဲရောင်နဲ့ Yeezy Sock Shoe လို့လူတွေသတ်မှတ်တယ့်ဖိနပ်ကို Kanye ၀တ်ခဲ့ပြီးအခုတစ်ခါ Publicကို အပြာရောင်လေး၀တ်ပြီး Kanye နဲ့ထွက်လာပြန်ပါပြီ 🥶

image
1 y - Translate

Pokémon the Movie: Secrets of the Jungle (2021)
_

အညွှန်း* 🔽🔽🔽


ပိုကီမွန် ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့
ပိုကီမွန်ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်

ဒီတခါမှာတော့ ဇာရူဒ်တောအုပ်ထဲက
စမ်းချောင်းနားမှာ ငိုနေတဲ့ Koko ကို ဇာရူဒ်နယ်ခံ ပိုကီမွန်တစ်ကောင်က သူနဲ့အတူ ခေါ်လာခဲ့ပါတယ်

ဒါပေမယ့် ဇာရူဒ်နယ်မြေကို အခြားသူတွေဝင်ခွင့်မရှိဘူးဆိုတဲ့ စည်းမျဥ်းကြောင့် Koko စွန့်ပစ်ရမှာဖြစ်ပေမယ့်လည်း ခေါ်ဆောင်လာပေးခဲ့တဲ့ ပိုကီမွန်က သူကိုယ်တိုင် ကလေးရဲ့မိသားစုကိုရှာပေးမယ်ဆိုပြီးတော့ အုပ်စုကနေထွက်ခွာလာခဲ့တယ်

အစမှာ သူဟာ Koko ကို လူသားတွေနေတဲ့နေရာမှာ သွားထားဖို ကြံစည်ခဲ့ပေမယ့်လည်း အခြေအနေအမျိုးမျိုးကြောင့် မထားဖြစ်ခဲ့ပါဘူး

ပိုကီမွန်တစ်ယောက်က လူသားလေး Koko ကို သူ့သားအရင်းလိုမျိုး ကိုယ်တိုင်စောင့်ရှောက်ခဲ့ပြီး လူသားဖြစ်ကြောင်းကို ဖုံးကွယ်ထားခဲ့တယ်

ဒါပေမယ့် အချိန်ကြာတဲ့အမျှ Koko တစ်ယောက်
သူ့ကိုယ်သူ အခြားသူတွေနဲ့မတူညီတာနဲ့ပတ်သတ်ပြီး
အမြဲတမ်းသံသယဝင်ခဲ့ရာကနေ Ash နဲ့တွေ့ဆုံတဲ့ချိန်မှာ
သူဟာ လူသားတစ်ယောက်ဖြစ်တာ သိသွားပြီး
သူ့မိဘအရင်းကို လိုက်ရှာဖိုဖြစ်လာပါတော့တယ်

ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/185?single
https://t.me/smith224560/185?single

image
1 y - Translate

Horton Hears a Who! (2008)
---------------------------

အညွှန်း* 🔽🔽🔽


ကျွန်တော်တိုရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို သိထားပါတယ်

ကျွန်တော်တိုလို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို မကုန်နိုင်သေးပါဘူး

ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို ထင်ပါတယ်၊ ကျွန်တော်တိုလူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့် ကျွန်တော်တို မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါးကစားနေရင်းနဲ့ ပန်းဝတ်မှုအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကို အမှတ်မထင်တွေ့သွားပါတယ်

မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာ ကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို ဆုံးဖြတ်လိုက်ပါတော့တယ်

ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့ ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာကိုတော့


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/190?single
https://t.me/smith224560/190?single

image

ဒီနေ့မနက် ခရမ်းသီးအစာသိပ်နှပ် ဘဲဥပဲတောင့်ရှည်ကြော်
သပြုသီးငါးချဥ်ရည်ဟင်းပါ
ခရမ်းသီးဘေးကြားသီး ၅ လုံးက ၅၀၀ ကျပ်ပါ
ခရမ်းသီးကိုရေဆေးပြီးထိပ်နားထိမပြတ်အောင်လေးစိတ်လှီးပြီအလယ်သားကိုနဲနဲလှီး
ထုက်ကာသေးသေးပြန်လှီး
ထားပါ
ကြက်သွန်နီဥကြီးတလုံးကိုစင်းလှီးပြီးဆုံထဲထည့်ပါ
ခရမ်းသီးအလယ်သားလှီးထားတာထည့်ပါ ဟင်းခတ်ဇွန်းနှင့်ပုဇွန်ခြောက်မှုန် ၂ ဇွန်း
ထည့်ပါ စိမ်းစားငပိဇွန်းတဝက်
ထည့်ပါ ငရုတ်သီးအစိမ်းမှုန့်
ဇွန်းတဝက်ထည့်ပါဆားအချိုမှုန့်နနွင်းမှုန့်နဲနဲထည့်ပါ
ကုလားလေးမဆလာ ၂ ထုပ်
ဖေါက်ထည့်ပါ ညက်ညက်ထောင်းပြီးဒယ်အိုးတခုမှာ
ဆီနဲနဲထည့်ပြီးမွှေးလာအောင်
ဆီသပ်ပါ ပြီးရင်ခရမ်းသီးလှီးထားတဲ့ကြားကိုအစာဇွန်းနှင့်ခပ်ထည့်ပြီညှစ်ပါ ဒယ်အိုး
တလုံးမှာစီထည့်ပါ ဆုံဆေးရေကိုခရမ်းသီးတဝက်မြုပ်အောင်ထည့်ပါ ဆီနဲနဲ ရွှေလှေငံပြာရည်နဲနဲထည့်ပြီးအဖုံးပိတ်ပြီးဆူအောင်တည်ထားပါ
ခရမ်းသီးနွှမ်းလာရင်တဖက်စီလှန်ပေးပါ ရေခန်းခါနီးရင်အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်မီးကိုလျော့
ပြီးနှပ်ထားပါ
ရေခန်းဆီပြန်ရင်ခရမ်းသီးနှပ်ရပါပြီး မော်လမြိုင်ဘက်ကချက်လေ့ရှိတဲ့ခရမ်းသီးအစာသိပ်နှပ်ပါပဲ
ပဲတောင့်ရှည်ကိုရေဆေးပြီးလက်နှစ်ဆစ်ခန့်စီလှီးထားပါ ကြက်သွန်နီတဥကိုပါးပါးလှီးပြီးဒယ်အိုးတခုမှာထည့်ပါ နနွင်းမှုန့်နဲနဲထည့်ကာဆီသင်ရုံ
ထည့်ပြီးအနံ့မွှေးလာအောင်ဆီသပ်ပါ ပဲတောင့်ရှည်လှီးထားတာထည့်ပါ မွှေပေးပါ
ရွှေလှေငံပြာရည်အချိုမှုန့်နဲနဲ
ထည့်ပါ မွှေပေးပါ ပဲတောင့်
ရှည်နွှမ်းရင်ဘဲဥတလုံးကို
ဖေါက်ထည့်ပြီးမွှေပေးပါ
ဆီပြန်လာအောင်မွှေပေးပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ဘဲဥပဲတောင့်
ရှည်ကြော်ရပါပြီ
သပြုသီးအဖတ်ပြုတ်ထားတာကိုအိုးတလုံးမှာထည့်ပြီးချေကာရေချိန်ဆ
ထည့်ပြီးဆူအောင်တည်ထားပါ ငပိစိမ်းစားနဲနဲထည့်ပါ
ကြက်သွန်နီ ၂ ဥ စင်းလှီးထည့်ပါ ဆီကိုဟင်းခတ်ဇွန်းတဝက်ထည့်ပါငါးကြင်းပြုတ်ထားတာရှိလို့ဟင်းအခတ်ထည့်ပါတယ်
စပါးလင်တချောင်းကိုထုပြီးစည်းထည့်ပါ ဆားအချိုမှုန့်
ရွှေလှေငံပြာရည်ထည့်ပါ
ငရုတ်သီးစိမ်းကြက်သွန်ဖြူထောင်းပြီးထည့်ပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရှမ်းနံနံကိုရေဆေးပြီးဖြတ်ထည့်ပါ
သပြုသီးငါးချဥ်ရည်ဟင်းရပါပြီး မွန်ဒေသကချက်တဲ့သပြုသီးငါးမွန်ဟင်းပါပဲ
အရည်ကကိုယ့်စိတ်ကြိုက်
ထည့်လို့ရပါတယ်
စားကောင်းကြပါစေ

image
1 y - Translate

The Amazing Maurice (2022)
=======================

IMDb Rating – 6.4/10


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/151
https://t.me/smith224560/151

image
1 y - Translate

Ice Age: Collision Course (2016)[G]


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/155?single
https://t.me/smith224560/155?single

image
1 y - Translate

The Ice Age Adventures of Buck Wild (2022)
Adventure/ Comedy (IMDb - 4.9)


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/159?single
https://t.me/smith224560/159?single

image

💎 အာလူးထောင်း 💎 ( သက်သက်လွတ် )
*********************
အာလူးကို ပြုတ်ပီးထောင်းထားပါ။
ငရုတ်သီး အကြတ်မှုန့်ကြော်ထားပါ။
ကြက်သွန်ဖြူကို ကြိတ်၍ကြော်ထားပါ။
နံနံပင် လှီးထားပါ။

______________________________________________________

ထောင်းထားတဲ့ အာလူးထဲကို
ကြက်သွန်ဖြူကြော်ထားတဲ့ဆီထည့်ပါ။
ငရုတ်သီးကြော်ထားတဲ့ ဆီထည့်ပါ။
ဆား,အရသာမှုန့်ထည့်ပါ။
နံနံပင်ထည့်ပါ။

အားလုံးထည့်ပီးလျှင်နယ်လိုက်ပါ။

နယ်ပီးသား အာလူးထောင်းပေါ်
နံနံပင်, ငရုတ်သီးကြော်, ကြက်သွန်ဖြူဆီချက်လေးပုံ၍စားပါ။

ထောပတ်နံ့ကြိုက်ရင် ထည့်နယ်လို့ရပါတယ်။
ကျမ ကတော့ မကြိုက်လို့ မထည့်ပါဘူး။

image

မျှစ်ဟင်း
*******
ကြက်သွန်ဖြူ/နီထောင်း၍ ဆီသတ်ပီး ပျော့လာရင်
ငရုတ်သီး အကြမ်းဖပ်ထည့်၍ ရွလာတဲ့အခါ
မျှစ်ထည့်မွှေပါ။
မကျီးရည်,ဆား,အရသာမှုန့်,သကြားနဲနဲ ထည့်မွှေပါ။
နံနံပင်,ငရုတ်သီးစိမ်းအုပ်ပီး အိုးချစားသုံးပါ။

ဒါကတော့ သက်သက်လွတ်ဟင်းပါ။

တစ်ကယ်လို့ပုစွန်ငါးပိ, ပုစွန်ခြောက်မှုန့် ထည့်လည်း
စားကောင်းပါတယ်။ See less

image

ပုစွန် နဲ့ မကျီးသီးစိမ်းကြော်
**************************
ကြက်သွန်ဖြူ/နီ ကို ပျော့လာအောင် ဆီသတ်ပီးရင်
ထောင်းထားတဲ့ ပုစွန်ထည့်မွှေပါ။
ပုစွန်ကျက်ရင် မကျီးသိမ်းစိမ်းထည့်မွှေပီး
ရေ ၂ ဖန်ခွက်ထည့်၍ ရေခန်းအောင်တည်ပီးရင်
အရသာမှုန့်,ပုစွန်ငါးပိ,ငံပြာရည်,ငရုတ်သီးစိမ်းတောင့်ထည့်ပီး
ရေ ၂ ဖန်ခွက် ထပ်ထည့်တည်ပါ။
ရေအတော်ခန်းပါမှ လှော်ထားတဲ့ ပုစွန်ထည့်မွှေပါ။
ဆီပျံလာရင် ရပါပီ။

_________________________________________________

ပါဝင်ပစ္စည်းများ
**************
မကျီးသီးစိမ်း,ငရုတ်သီးစိမ်း,ကြက်သွန်ဖြူ/နီ
ပုစွန်ငါးပိ,ပုဇွန်ကြော့
ဆီ,အရသာမှုန့်,ငံပြာရည်

_________________________________________________

ပြင်ဆင်ထားရန်
**************
မကျီးသီးစိမ်းကို ညက်နေအောင် ထောင်းထားပါ။ငရုတ်သီးစိမ်း အညှာချွေထားပါ။
ကြက်သွန်ဖြူ ကြိတ်ထားပါ။
ကြက်သွန်နီ ပါးပါးလှီးထားပါ။
ပုစွန်ငါးပိ ကွမ်းသီး ၂ လုံးစာ
ပုဇွန်ကြော့ ၁၀ သားက်ို အခွံနွှာပီး ထောင်းထားပါ။
ပုဇွန်ကြော့ ၁၀ သားကို အခွံနွှာပီး လှော်ထားပါ။
အရသာမှုန့်,ငံပြာရည် မိမိနှစ်သက်သလို ချိန်ဆထည့်ပါ။
ဆီကလည်း မိမိနှစ်သက်သလောက်ထည့်ပါ။

_________________________________________________

ပုစွန်ခြောက်နဲ့ ကြော်တာ တင်ပီးပီမို့
ပုစွန်စိမ်းနဲ့ကြော်တာ ထပ်တင်ပေးလိုက်တာပါ။

မကျီးသီးစိမ်းရဲ့ စိမ်းဖန့်ဖန့် အရောင်ကိုလိုချင်တာမို့
ကျမ ငရုတ်သီး အစိမ်းမှုန့် သုံးမထားပါဘူး။

ပဲခူး ဒေါ်ထွေးရီ

image