1 y - Translate

Jujutsu Kaisen 0 [2021]

Rotten tomatoes 98%
Imdb 7.9/10
Myanumelust 8.5/10

ဒီရုပ်ရှင်ဟာ animeဖန်​တွေအကြိုက်​တွေ့ခဲ့ကြတဲ့
jujutsu kaisen စီးရီး (​ဇော်ဂျီဖိုဝင်သားစားတဲ့မင်းသား😅)ရဲ့အဖြစ်အပျက်မတိုင်ခင်ဇာတ်လမ်းပါ။ ​

ပြောရရင်​တော့ Yutaရဲ့​မှော်ဆရာဖြစ်လာခဲ့တဲ့
ဇာတ်​ကြောင်းလို​ပြောရင်လည်းရပါတယ်။

ဒီဇာတ်ကားဟာ ဂျပန်မှာရုံတင်ချိန်က ဝင်​ငွေစံချိန်​တွေတင်ခဲ့သလို animation quality လည်း​တော်​တော်​ကောင်းတယ်ချီးကျူးခံထားရတာပါ။

(အခု​တော့ one piece red filmက ဝင်​ငွေ​ကျော်တက်သွားပြီကြားပါတယ်)

ဇာတ်လမ်းအကျဥ်းက​တော့ ...

တခါတုန်းက သိပ်ချစ်ကြတဲ့ငယ်ကျွမ်း​ဆွေနှစ်​ယောက်ရှိပါတယ်။

သူတိုနှစ်​ယောက်ဟာ အသက်သာငယ်ကြ​ပေမဲ့ အချစ်​တွေကမငယ်တာမလိုအရွယ်​ရောက်လာတာနဲ့လက်ထပ်ကြမယ်လို ​​စေ့စပ်လက်စွပ်​လေးဝတ်ပြီးကတိပြုခဲ့ကြပါတယ်။

အဲ့လိုနဲ့ကတိပြုပြီး​နောက်မှာ ​ကောင်မ​လေးဟာ
ဆိုးဆိုးရွားရွားကားတိုက်ခံရပြီး​သေဆုံးသွားခဲ့ပါတယ်။ ​

သေဆုံးသွား​ပေမဲ့လည်း သူတိုအချစ်ဟာကြီးမားလွန်းတာ​ကြောင့် ​ကောင်မ​လေးဟာကျိန်စာသင့်တ​စ္ဆေကြီးအဖြစ်ပြန်ရှင်သန်လာခဲ့တဲ့​နောက်မှာ​တော့….
 

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/164
https://t.me/Bhone2312/164

image
1 y - Translate

Epic Tails [2023]

အညွှန်း* 🔽🔽🔽

Yolcos ဆိုတာ ရှေးခေတ်ဂရိနိုင်ငံမှာ သာယာဝပြောတဲ့ ဆိပ်ကမ်းမြိုလေးတစ်မြိုဖြစ်ပါတယ်။

အဲဒီမြိုလေးမှာ သူရဲကောင်း Jason ရယ် သူ့ရဲ့နောက်လိုက်အဖွဲ Argonauts ရယ်က စွန့်စားခန်းတွေ များစွာထွက်ပြီးနောက်ဆုံးမှာ မြိုကို သာယာဝပြောအောင်လုပ်ပေးနိုင်တဲ့ Zeus နတ်ဘုရားရဲ့ အစွမ်းရှိတဲ့ ရွှေရောင်သိုးမွှေးတောင်လေးကို ယူလာပေးနိုင်ခဲ့ပါတယ်။

အဲဒီသိုးမွှေးတောင်အစွမ်းကြောင့် လူတွေတင်မကဘူး တိရစ္ဆာန်တွေပါ အချင်းချင်းအဆင်ပြေသင့်မြတ်နေကြတဲ့မြိုလေးပါ။

ကြွက်ကလေး ပက်တီကတော့ သူ့ကိုမွေးစားထားတဲ့ ကြောင်ကြီး ဆမ်နဲ့အတူတူနေနေပေမယ့်
သူရဲကောင်း Jason ကို အရမ်းအားကျပြီး စွန့်စားခန်းတွေ ထွက်ချင်နေတဲ့သူပေါ့။

တစ်နေ့မှာတော့ သူတိုမြိုလေးကို Poseidon နတ်ဘုရားက အမျက်ဒေါသထွက်ပြီး
တောင်းဆိုချက်တစ်ခုကို တစ်ပတ်အတွင်းအပြီးလုပ်ဖို အမိန့်ပေးလိုက်တစ်ပတ်ရွှေရောင်သိုးမွှေးတောင်ကို သိမ်းသွားတဲ့အပြင် တစ်ပတ်အတွင်း တောင်းဆိုချက်ကို လုပ်မပေးနိုင်ရင်မြိုကို ဖျက်ဆီးပစ်တော့မှာမို မြိုသူမြိုသားတွေသာမက တိရစ္ဆာန်လေးတွေပါ ထိတ်လန့်ကုန်ကြပါတယ်။

သူရဲကောင်း Jason ကလည်း အဖိုးကြီးဖြစ်နေပြီးတော့ ...

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/181
https://t.me/Bhone2312/181

image
1 y - Translate

Secret Magic Control Agency [2021]

IMDB (6.2/1

အညွှန်း* 🔽🔽🔽

ဇာတ်လမ်းအစမှာတော့ တိုင်းပြည်တစ်ခုရဲ့ ဘုရင်ကြီးက အသက်ဝင်နေတဲ့ အစားအသောက်တွေပြန်ပေးဆွဲတာ ခံလိုက်ရပါတယ်

အကယ်၍ ဘုရင်ပြန်ပေးဆွဲခံလိုက်ရတာသာ သတင်းပေါက်ကြားသွားရင် တစ်တိုင်းပြည်လုံး ကမောက်ကမ ဖြစ်ကုန်မှာပါ၊

ဒါကြောင့် ဒီကိစ္စကိုဖြေရှင်းဖို SMCA ကို တာဝန်ပေးလိုက်ပါတော့တယ်

အထူးအေးဂျင့် ဂရေတယ်နဲ့ သူ့အစ်ကို လူလိမ်ဟန်ဆယ်တိုက ဒီဇာတ်လမ်းထဲမှာတော့ မတည့်ကြတဲ့ မောင်နှမတွေအဖြစ်တွေ့ရပါတယ်

SMCA ရဲ့ ခေါင်းဆောင်က ပြန်ပေးသမားကိုဖမ်းဖို လူလိမ်အကြီးစားကို သုံးရမယ်လို ဆုံးဖြတ်လိုက်ပြီး သူတိုနှစ်ယောက်ကို တာဝန်ပေးလိုက်ပါတော့တယ်

စုံစမ်းနေရင်း ဟန်ဆယ်ရဲ့အမှားကြောင့် သူတိုနှစ်ယောက်လုံး ကလေးပေါက်စလေးတွေ ပြန်ဖြစ်သွားကြပါတယ်၊

ကလေးလေးတွေအဖြစ်နဲ့ပဲ ပြန်ပေးသမားကို လိုက်ရှာရင်း အလွဲလေးတွေနဲ့ စွန့်စားခန်းဖွင့်ကြပါတော့တယ်

#credit


ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/179
https://t.me/Bhone2312/179

image
1 y - Translate

တာဇံပေါက်စလေးနဲ့အစိမ်းရောင်ဒိုင်နိုဆောလေးတိုရဲ့ ချစ်ခြင်းမေတ္တာ

The Good Dinosaur (2015)

အညွှန်း* 🔽🔽🔽



လူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင်အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီးဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့
အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေး ရယ်သူ့ကို အမြဲ လိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့လူသားပေါက်စ လေးရယ် က
ဇတ်လမ်းကိုအဆုံးထိ ထိုင်ရာက မထစတမ်း ကြည့်ချင်အောင်စွဲဆောင်သွားပါတော့တယ်....

#credit

အသဲလေးတွေပေးခဲ့ကြဦးနော် 🥰🥰

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/188
https://t.me/Bhone2312/188

image
1 y - Translate

The Princess and the Frog (2009)

အညွှန်း* 🔽🔽🔽


Disney ရဲ့အကောင်းဆုံး Animation ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်…

ဇာတ်လမ်းလေးရဲ့အစကဒီလိုပါ….

အပျော်အပါးကိုခုံမင်ပြီးဘာမှကိုစိတ်မဝင်စားတဲ့ မင်းသားလေးနာဗင်းဟာအရိပ်လူသားရဲ့လိမ်ညာပြုစားခြင်းခံလိုက်ရလိုဖားတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်….

နန်းစည်းစိမ်တွေကို လိုချင်လိုအပျော်အပါးမက်တဲ့ မင်းသားလေးကိုဖားအသွင်ပြုစားလိုက်တဲ့တစ္ဆေတွေနဲ့ပူးပေါင်းထားတဲ့စုန်းဘိုးတော်….

အလုပ်ပဲကြိုးစားလုပ်ကိုင်ရင်း အဖေဖြစ်သူရဲ့စားသောက်ဆိုင်ကိုပြန်ဝယ်ချင်လိုပိုက်ဆံစုနေရတဲ့ သာမာန်စားပွဲထိုးမလေး တီယာနာ….

တီယာနာ့ သူငယ်ချင်းပါတီပွဲမှာတီယာနာကို မင်းသမီးလေးထင်ပြီးကျိန်စာပြယ်ချင်ဇောနဲ့သူမကိုနမ်းလိုက်တဲ့မင်းသားလေးဟာကျိန်စာမပျယ်တဲ့အပြင်တီယာနာလေးပါ ဖားမလေးအဖြစ်ပြောင်းသွားပါတော့တယ်…

ဒီတော့ ဒီဖားလေးနှစ်ကောင်လူပြန်ဖြစ်အောင်ဘယ်လိုတွေကြိုးစားကြမလဲအရိပ်လူသားနဲ့အပေးအယူလုပ်ထားတဲ့ စုန်းဘိုးတော်ကကော သူတိုကိုဘယ်လိုတွေဒုက္ခတွေပေးမလဲသူတိုနှစ်ယောက်ကျိန်စာတွေပျယ်သွားမလား…..

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/194
https://t.me/Bhone2312/194

image
1 y - Translate

Over The Moon (202

IMDb Rating – 7.0/10

အညွှန်း* 🔽🔽🔽

တရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများ သိကြမှာပါ။

ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ဖေးဖေးတိုမိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေးဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေးကလည်း ယုံကြည်သူပါ။

ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကိုလက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။

ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို အကြောင်းဖန်လာခဲ့ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့အဖေကို အပြစ်တင်နေခဲ့ပြီး

ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို သူ့အဖေနောက်အိမ်ထောင်ကိုတားဆီးနိုင်ဖို လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်ပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။)

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/192
https://t.me/Bhone2312/192

image
1 y - Translate

Tangled 2010

အညွှန်း* 🔽🔽🔽

ဆံပင်ရှည်ကောင်မလေး နဲ့သူခိုးလေးတစ်ယောက်တိုရဲ့ ဇတ်လမ်းလေးပေါ့ဇတ်ကွက် အလှည့်အပြောင်းလေးတွေကတော့အားလုံး အလွတ်တောင်ရနေလောက်ပါပြီ။ဒီဇတ်ကားလေးကို ဖန်များအကြည်ပြန်သိမ်းနိုင်ဖိုနဲ့နောက်တစ်ကြိမ်ဟိုးတစ်ချိန်က ဆံပင်ရှည်နဲ့ကောင်မ‌လေးဇတ်ကားကို ပြန်ခံစားနိုင်ဖို တစ်ဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

#??????

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/196
https://t.me/Bhone2312/196

image
1 y - Translate

စ!စ်ပွဲကြောင့် မပျော်နိုင်ဖြစ်နေတဲ့မြိုသားတွေအတွက် မျက်လှည့်ဆရာလေးက မှော်ဆင်ကြီးတစ်ကောင် ခေါ်ပေးလိုက်သောအခါ......

The Magician's Elephant (2023)

အညွှန်း* 🔽🔽🔽

" ဘောလ်တိစ် " ဆိုတဲ့ မြိုငယ်လေးက မျှော်လင့်ချက်တွေ ဆိတ်သုဥ်းနေတဲ့မြိုလေးလိုပြောရမယ် ။သူတိုကြုံခဲ့ရတဲ့
စ!စ်ပွဲကြီးအပြီးမှာ လူတွေကမပျော်ရွှင်ကြတော့ပါဘူး။စ!စ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေးရဲ့တစ်သက်ရှိနေပြီ။ ဒါပေမဲ့ လူတွေက ပျော်ရွှင်မှုတွေမရကြသေးဘူး ။မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲ အဆိုးတွေပေါ်ပဲအာရုံစိုက် အဆိုးတွေကိုပဲမျှော်လင့်ပြီးနေကြသူတွေပေါ့။

တစ်နေ့မှာ မျက်လှည့်ဆရာကြီးက ဒီလူတွေအတွက် မျှော်လင့်ချက်တွေ ပြန်ရှင်သန်စေဖို မန္တန်ကြီးတစ်ခုကို လုပ်ဖိုဆုံးဖြတ်လိုက်ပါတယ်...

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/tomjerrymovie/43
https://t.me/tomjerrymovie/43

image
1 y - Translate

BREAKING: Department of Homeland Security Sec. Kristi Noem was taken to a Washington, D.C., hospital for an allergic reaction Tuesday, a DHS spokesperson said.
"Secretary Noem had an allergic reaction today. She was transported to the hospital out of an abundance of caution," the spokesperson said. "She is alert and recovering."
https://abcnews.go.com/.../dhs....-secretary-kristi...

image
1 y - Translate

Moana (2016)

အညွှန်း* 🔽🔽🔽

Disney ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ၅၆ ခု မြောက် Animation ဇာတ်ကားဖြစ်ပါတယ်။ တီဖီတီ ဟာ ကျွန်းကို စောင့် ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီး ကျွန်းတွေ၊ အသက်ဝိညာဉ်တွေ စတဲ့ အရာအားလုံးကို ဖန်ဆင်း ထားသူဖြစ်ပါတယ်။ တီဖီတီ ရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံး လေးတစ်ခုအနေနဲ့ရှိပြီးအသက် ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံး ပြုနိုင်ပါတယ်။ အဲဒါကို လူသား နတ်ဘုရားဖြစ်တဲ့ မာဝီ က သူ့ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေ မြှင့် တင်ဖိုနဲ့ မှော်ငါးမျှားချိတ်ကြီး ဖန် တီးဖိုအသုံးပြုခဲ့ပြီး မီးတောင် ချော်ရည်မိစ္ဆာကောင်ကြီး တီခါ နဲ့ ဆုံပြီးတဲ့နောက်တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီး ရော သမုဒ္ဒရာထဲမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။ထောင်စုနှစ် တစ်ခုကြာအ ပြီးမှာတော့ တီဖီတီ ဖန်ဆင်းထား တဲ့ မိုတန်နူဝီကျွန်းသူကြီး တွီရဲ့ အမေ တာလာဟာ သူ့မြေး မိုအာနာ အပါအဝင်ကျွန်းပေါ်က ကလေးတွေကို ကျွန်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို ပုံပြင်ပြောပြလေ့ ရှိပါတယ်။တီဖီတီရဲ့ နှလုံးသားဖြစ်တဲ့ ကျောက်စိမ်းတုံးလေး ပျောက်ဆုံးနေတဲ့အတွက်ကျွန်းမှာ အန္တရာယ်တွေကျရောက်နိုင်တယ်လို တာလာက မကြာခဏ သတိပေးခဲ့ပါတယ်။

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/tomjerrymovie/45
https://t.me/tomjerrymovie/45

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလိုအာမခံတယ်ဗျာ


Body Free Tip Channel Joinရန် 🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip

image