"အခြေခံ ဇီဝဗေဒ" ဆောင်းပါးစဉ်နဲ့ မိတ်ဆက်ခြင်း
-----
~ Kyaw Zwar Lynn | Oct 2020 - Jan 2021
ဒီတစ်ခေါက်မှာတော့ ကျွန်တော့်ရဲ့ "အခြေခံ ဇီဝဗေဒ" ဆိုတဲ့ ဆောင်းပါးစဉ် တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာတွေကို ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရေးဖြစ်တာပါ။ ဒီ link ကနေ ဖတ်နိုင်ပါတယ်။
-----
အခြေခံ ဇီဝဗေဒ
https://kyawzwarlynnpublicatio....ns.wordpress.com/bio
-----
မြန်မာနိုင်ငံရဲ့ လူထုသိပ္ပံစာပေထဲမှာ ဇီဝဗေဒ အကြောင်းအရာက နည်းပါးပါတယ်။ မြန်မာစာဖတ် ပရိသတ်က ရူပဗေဒနဲ့ နက္ခတ္တဗေဒလို ဘာသာရပ်တွေအတွက် စာအုပ်တွေ ဆောင်းပါးတွေ အများကြီး ရှိနေတာကြောင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပေမယ့် ဇီဝဗေဒဘက်မှာ ဖတ်စရာ များများစားစား မရှိသေးပါဘူး။ ဒါကြောင့် ဇီဝဗေဒ သဘောတရားတွေကို ပိုစိမ်းနေမယ်လို့ ကျွန်တ​ော် ထင်ပါတယ်။ ကျွန်တော် တွေ့မိသလောက် ဆရာခန့်စိုးနိုင်ရဲ့ စာအုပ်နဲ့ ဆောင်းပါးတွေ၊ တက္ကသိုလ်ဝင်တန်း သင်ရိုးကို ပို့ချသူတွေက ရေးသားတာတွေ၊ ပညာရပ်ဆိုင်ရာ ဂရု တချို့မှာ ရေးတာတွေ နည်းနည်းပါးပါးလောက်ပဲ တွေ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ၂၀၁၂ ခုနှစ်လောက်မှာ ကမ္ဘာဂြိုဟ်သမိုင်း (တနေ့က တင်လိုက်တဲ့ ပို့စ်) အကြောင်း စာမူအဟောင်းကို စရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် ဇီဝဗေဒချည်းသက်သက်တော့ မဟုတ်ပါ။ ဇီဝဗေဒကို ၂၀၁၆ နောက်ပိုင်းမှ ပိုရေးဖြစ်လာတာပါ။
ဇီဝဗေဒအတွက် အခြေခံပညာသင်ရိုးတွေမှာ ပါသင့်သလောက် ပါပေမယ့်၊ ကျောင်းသားတွေချည်း မဟုတ်ဘဲ လူအများဖတ်လို့ အဆင်ချောအောင် ပြည့်ပြည့်စုံစုံလေး တစ်ကြိမ်တော့ ရေးသားဖော်ပြထားရင် ကောင်းမယ်လို့ တွေးမိလို့ ဒီဆောင်းပါး (၁၁)ခုကို ရေးဖြစ်သွားတာပါ။ ကျွန်တော် ဇီဝဗေဒ အကြောင်းအရာတွေကို မြန်မာလို ရေးသားဆွေးနွေးတဲ့အခါ အကြိမ်တိုင်းမှာ ပြန်ရှင်းပြစရာ မလိုဘဲ၊ ဒီဆောင်းပါးတွေကိုပဲ ထပ်တလဲလဲ ကိုးကားသုံးစွဲဖို့လည်း အဆင်သင့်ဖြစ်သွားတာပေါ့။ အချက်အလက်အတွက်ကိုတော့ ဇီဝဗေဒ ဖတ်စာအုပ်ဖြစ်တဲ့ Campbell Biology 10th Edition ကို အဓိက မှီငြမ်းခဲ့ပါတယ်။
"သက်ရှိလောကရဲ့ အဆင့်ဆင့် ဖွဲ့တည်ပုံ" ခေါင်းစဉ်မှာ ဒီအန်အေ နဲ့ ပရိုတင်းလို အခြေခံမော်လီကျူးလေးတွေကနေ ဆဲလ်တွေ၊ သက်ရှိခန္ဓာတွေ၊ ဂေဟစနစ်တွေအထိ ဘယ်လို စုဖွဲ့ပြုမူကြသလဲဆိုတာကို တွေ့ရပါမယ်။ တခါ "သက်ရှိဆဲလ်" ခေါင်းစဉ် အောက်မှာတော့ ဘက်တီးရီးယားလို ပရိုကယ်ရီယုတ် (prokaryote) ဆဲလ်သက်ရှိ နဲ့ ကျွန်တော်တို့ရဲ့ ယူကယ်ရီယုတ် (eukaryote) ဆဲလ်တွေရဲ့ ဖွဲ့စည်း တည်ဆောက်ပုံကို မိတ်ဆက်ထားတယ်။
ကျန်တဲ့ခေါင်းစဉ် အတော်များများကတော့ ဇီဝဓာတုဗေဒ အကြောင်းအရာတွေပါ။ သကြား နဲ့ အဆီဆိုတာ ဘာလဲ။ ပရိုတင်း နဲ့ ဒီအန်အေ ဆိုတာဘာလဲ။ သူတို့က သက်ရှိမှာ ဘာအလုပ်လုပ်သလဲ။ သူတို့ကို ဘယ်လို ထုတ်လုပ်သလဲ စတာတွေပေါ့။ ပြီးတော့ သက်ရှိက အစာအာဟာရထဲကနေ စွမ်းအင်ကို မိုက်တိုခွန်ဒြီယွန် (mitochondrion) တွေမှာ ဘယ်လိုထုတ်ယူသလဲ၊ နေအလင်းရောင်ကနေ အစာအာဟာရ ပြုလုပ်တဲ့ ဖိုတိုဆင်းသဆစ် ဖြစ်စဉ်ဆိုတာ ဘာလဲ၊ သက်ရှိရပ်တည်ဖို့ အစာအာဟာရအပြင် ဘာတွေလိုအပ်သလဲ၊ ဘယ်ရင်းမြစ်တွေကနေ အဲဒီ့လိုအပ်ချက်တွေကို ရယူသလဲ စတာတွေကို ဆွေးနွေးထားပါတယ်။
တက္ကသိုလ်ဝင်တန်း ဇီဝဗေဒမှာလည်း ဒါတွေ ဖော်ပြပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော့် ဆောင်းပါးတွေက အသေးစိတ် အချက်အလက်ထက် လူအများ နားလည်ဖို့ အထွေထွေ ဗဟုသုတ ဆန်ဆန် ဖော်ပြထားတာပါ။ ပြီးတော့ မူရင်း ဖတ်စာအုပ်တွေမှာ မဖော်ပြဖြစ်တာတချို့ကိုလည်း ဆွေးနွေးထားပါတယ်။
ကျွန်တော်တို့ ခေတ်က ဇီဝဗေဒ သင်ရိုးတွေမှာ fermentation (ကစော်ဖောက်ခြင်း) နဲ့ anaerobic respiration ကို တူသယောင် ဖော်ပြခဲ့ပေမယ့် အဲဒါတွေ ဘာလို့ မတူဘူးလဲဆိုတာကိုလည်း "အသက်ရှူခြင်းရဲ့ ဓာတုဗေဒ" ခေါင်းစဉ်အောက်မှာ ချက်ကျလက်ကျ ရှင်းပြထားပါတယ်။
သက်ရှိရပ်တည်ဖို့အတွက် (၁) ကာဘွန်ရင်းမြစ်၊ (၂) ကာဘွန်တွေကို အသွေးအသားဖြစ်အောင် တွဲဆက်ပေးမယ့် အီလက်ထရွန်၊ (၃) အီလက်ထရွန်ကို ထုတ်နုတ်ယူပေးမယ့် ဓာတ်တိုးပစ္စည်း ဆိုပြီး ရင်းမြစ် (၃) မျိုး ရှိကြောင်း၊ အဲဒါတွေအတွက် ပရိုကယ်ရီယုတ် အဏုဇီဝတွေမှာ လူ အပါအဝင် ယူကယ်ရီယုတ် သက်ရှိတွေထက် ဘယ်လို အဆင့်မြင့် ရှုပ်ထွေးတဲ့ ရှင်သန်ရပ်တည်နည်းတွေ ရှိနေကြောင်းကို အထွေထွေ အဏုဇီဝဗေဒနဲ့ပါ ချိတ်ဆက် ဆွေးနွေးပြထားပါတယ်။ အဏုဇီဝဗေဒ အတွက်ကိုတော့ Prescott's Microbiology 10th Edition ဖတ်စာအုပ်ကို မှီငြမ်းခဲ့ပါတယ်။
နောင်များကျရင် သက်ရှိ မျိုးစုံမျိုးကွဲတွေ အတွက်လည်း အလားတူ မိတ်ဆက် ဆောင်းပါးစဉ် တစ်ခုလုပ်သွားဖို့ စဉ်းစားထားပါတယ်။ ဥပမာ၊ အာသရိုပေါ့ (arthropod) ဆိုတာ ဘာလဲ၊ ဆက်ဖလိုပေါ့ (cephalopod) ဆိုတာ ဘာလဲ၊ နို့တိုက်သတ္တဝါ အုပ်စုကြီး ဘယ်နှခု ရှိလဲ အဲဒါ ဘာတွေလဲ စသဖြင့်ပေါ့။
စာရှုသူအနေနဲ့ ဇီဝဗေဒအကြောင်း ဘယ်ခေါင်းစဉ်ကိုမဆို လေ့လာဆွေးနွေးရာမှာ ဒီဆောင်းပါးတွေက အထောက်အကူ တစ်စုံတစ်ရာ ဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

imageimage

Neptune ဂြိုလ်မှာ လက်ရှိရှာဖွေတွေ့ရှိထားတဲ့ ဂြိုဟ်ရံလ ၁၆ စင်း ရှိပြီး အကြီးဆုံးနဲ့ အထင်ရှားဆုံး လ ကတော့ "Triton (ထရိုင်တွန်)" ဖြစ်ပါတယ်။
Triton ဟာ နေအဖွဲ့အစည်းအတွင်းမှာ ဂြိုဟ်ကြီးရဲ့ ပတ်လမ်းနဲ့ ဆန့်ကျင်ဘက် လည်ပတ်နေတဲ့ retrograde orbit နဲ့ တစ်ခုတည်းသော လ ကြီး ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေက Triton ကို လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းပေါင်းများစွာက Kuiper Belt ကိုင်ပါး ခါးပတ် ထဲကနေ Neptune ရဲ့ ဆွဲအားကြောင့် ဖမ်းယူခံခဲ့ရတဲ့ အာကာသဝတ္ထု Kuiper Belt Object တစ်ခုဖြစ်တယ်လို့ ယူဆကြပါတယ်။
Triton ဟာ Kuiper Belt ရဲ့ အထင်ရှားဆုံး ဂြိုဟ်သိမ်တစ်ခုဖြစ်တဲ့ Pluto ပလူတိုနဲ့ များစွာသော တူညီမှုတွေ ရှိပါတယ်။
ကျွန်တော်တို့ရဲ့ လ လိုပဲ Triton ဟာလည်း Neptune နဲ့ တစ်ပြိုင်တည်း လည်ပတ်မှု (synchronous rotation) မှာ ရှိနေပါတယ်။ ဆိုလိုတာကတော့ Triton ရဲ့ မျက်နှာပြင်တစ်ခြမ်းက Neptune ကို အချိန်တိုင်း မျက်နှာမူလျက် ရှိနေတာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ Triton ရဲ့ ပတ်လမ်းအနေအထား (orbital inclination) က ထူးခြားတာကြောင့် သူ့ရဲ့ ဝင်ရိုးစွန်းဒေသနှစ်ခုလုံးဟာ နေကို တစ်လှည့်စီ မျက်နှာမူတာမျိုး ဖြစ်ပေါ်ပါတယ်။
ဒါ့အပြင် သူ့ရဲ့မျက်နှာပြင်မှာ နိုက်ထရိုဂျင် ရေခဲမီးတောင်တွေ (Cryovolcanoes) ရှိပြီး ဥပမာ - နိုက်ထရိုဂျင်၊ မီသိန်းနဲ့ အမ်မိုးနီးယားတွေ ပူပြင်းတဲ့ရေပူစမ်းလို ပန်းထွက်နေတာမျိုးတွေ တွေ့ရပါတယ်။
Triton ရဲ့ မျက်နှာပြင်ဟာ နေအဖွဲ့အစည်းထဲမှာ အအေးဆုံးနေရာများထဲက တစ်ခုဖြစ်ပါတယ်။
ဒီလို ထူးခြားတဲ့ လည်ပတ်မှုနဲ့ ပတ်လမ်းကြောင်းဝိသေသ တွေကြောင့် Triton ဟာ နေအဖွဲ့အစည်းထဲက စိတ်ဝင်စားစရာအကောင်းဆုံး ဂြိုဟ်ရံလတွေထဲက တစ်ခုအဖြစ် တည်ရှိနေပါတယ်။

image
47 w - Translate

Rem-nant (2024)

Horror၊ Mystery နဲ့ Thriller အမျိုးအစားဖြစ်ပြီး အသံဖန်တီးမှုအထူးပြုလုပ်ချက်‌တွေကြောင့် Thriller ပရိသတ်တွေ အကြိုက်တွေ့ကြမှာသေချာပါတယ်။ ကားမတော်တဆမှုတစ်ခုမှာ မိဘတွေကိုဆုံးရှုးလိုက်ရပေမယ့် ခေတ်လွန်သိပ္ပံနည်းပညာ စမ်းသပ်မှုတစ်ခုကြောင့် တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဂရေ့စ် ဟာ ဆေးရုံဆင်းလာကတည်းက ချောက်ချားစရာပုံရိပ်တွေနဲ့ အသံတွေကို မြင်နေကြားနေရပါတယ်။ တမလွန်ကရင်းနှီးသူတွေက သူ့ကို တစ်စုံတစ်ခု သတိပေးဖို ကြိုးစားနေတယ်လို ထင်လာခဲ့ပါတယ်။

image
47 w - Translate

Ha-rd Tar-get (2016)

မြန်မာပြည်မှာ ရိုက်ကူးခဲ့တဲ့အကြောင်း ပြောကြတာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ သွေးသံရဲရဲ အနိဠာရုံတွေကို ရွံမုန်းသွားလို အဲဒီကိစ္စတွေကနေ အနားယူလိုက်တဲ့ Wes "The Jailor" Baylor တစ်ယောက် သူ့ရဲ့နောက်ဆုံးတာဝန်အဖြစ် ဒေါ်လာတစ်သန်းနဲ့ ကမ်းလှမ်းမှုကို မငြင်းနိုင်ခဲ့ဘူး။ သူကို လူသတ်မစ်ရှင်အတွက် လာရောက်ပေးဖို ကမ်းလှမ်းခံခဲ့တဲ့နေရာကတော့ ကျွန်တော်တိုရဲ့ ရွှေနိုင်ငံဖြစ်ပြီး၊ ရွှေနိုင်ငံကြီးကို ရောက်လာတဲ့အခါ Wes သိလိုက်ရတာက မုဆိုးက သားကောင်ဖြစ်သွားပြီဆိုတာပါ။ လူလူချင်း အမဲလိုက်ပြီး အဝတ်တစ်ထည် ရေတစ်ဘူးနဲ့ တောကြီး မျက်မည်းထဲမှာ တစ်ကိုယ်တည်းအနေနဲ့ တည်ရှိနေရင်း နောက်ဆုံးအသက်ရှင်ကျန်တဲ့ လူကတော့ အရည်အသွေးအကောင်းဆုံးဆိုတဲ့ ကျောက်သံပတ္တမြားတွေ ရမှာဖြစ်တယ်။ ဒီပတ္တမြားတွေအတွက်နဲ့ လူစိတ်မရှိတော့တဲ့ လောဘသမားတွေကို Wes တစ်ယောက် ဘယ်လိုရင်ဆိုင်မလဲဆိုတာတော့ ကြည့်ရှုရမှာဖြစ်ပါတယ်။

image
47 w - Translate

Spe-ak No Ev-il (2022)

ဥရောပ ဟော်ရာ ရုပ်ရှင်အသစ်တစ်ကားလောက် ကြည့်ရအောင်။ ဆုတွေလည်းရထားပြီး ပရိသတ်တွေလည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူ နှစ်ခြမ်းကွဲနေတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ဒါရိုက်တာ စဉ်းစားစရာ၊ တထိတ်ထိတ်ဖြစ်စရာ၊ အားမလိုအားမရဖြစ်စရာ၊ နိမိတ်ပုံတွေနဲ့ ပရိသတ်တွေကိုပုံမှန်မဟုတ်တဲ့ ခံစားချက်မျိုး ပေးထားတာပါပဲ။

image

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၃၀ ကျပ်
ဝယ်ဈေး - ၄၃၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၃၅ ကျပ်
ဝယ်ဈေး - ၃၃၈၅ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၅၀ ကျပ်
ဝယ်ဈေး - ၄၉၅၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၁၅ ကျပ်
ဝယ်ဈေး - ၁၃၂.၄၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၅၀ ကျပ်
ဝယ်ဈေး - ၁၀၃၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၅ ကျပ်
ဝယ်ဈေး - ၆၀၃ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၆၁ ကျပ်
ဝယ်ဈေး - ၃၀.၀၀ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၅၅ ကျပ်
ဝယ်ဈေး - ၅၀.၅၂ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၆ ကျပ်
ဝယ်ဈေး - ၃.၁၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၉၅ ကျပ်
ဝယ်ဈေး - ၅၈၇၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၇၀ ကျပ်
ဝယ်ဈေး - ၂၈၂၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၃၀ ကျပ်
ဝယ်ဈေး - ၃၁၆၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၃ ကျပ်
ဝယ်ဈေး - ၅၅၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၄ ကျပ်
ဝယ်ဈေး - ၁၁၈၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၃၀၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၈၂၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၈၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၇၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၄၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၆၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၆၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၆၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၂၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

Hello Cosmo <br>CEO နဲ့ Cosmo Winner တို့က <br>Myanmar နိုင်ငံကို ၁၀ ရက်နေ့ ရောက်ရှိမည်ဖြစ်ကြောင်း <br>Official တင်လိုက်ပါပြီ <br>Welcome to Myanmar ??

47 w - Translate

CJ ရယ်
လှလိုက်တာ 👑
Miss Grand International 2024
The One & Only Queen from the Philippines 🇵🇭☝🏻💫
#missgrandinternational2024 #missgrandinternational

image
47 w - Translate

CJ ရယ်
လှလိုက်တာ 👑
Miss Grand International 2024
The One & Only Queen from the Philippines 🇵🇭☝🏻💫
#missgrandinternational2024 #missgrandinternational

image