Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Police in Little River, South Carolina, are responding to a shooting that left at least 11 people hospitalized over Memorial Day weekend.
Police said the scene is active and an investigation is ongoing, but the incident appears to be isolated and there is no risk to the community.
Read more: https://abcnews.visitlink.me/N-aeKB
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အာဏာရှင်စနစ် ပြန်မပေါ်လာစေရန် စည်းလုံးညီညွတ်မှုလိုကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ သတိပေး
အာဏာရှင်စနစ် တစ်ကျော့ပြန်ပေါ်ထွက်လာနိုင်မှုကို တားဆီးရေးအတွက် စည်းလုံးညီညွတ်မှုလိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအဖွဲ့က မေ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတည်ငြိမ်မှုကိုထိန်းသိမ်းရေး၊ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့် အာဏာရှင်စနစ် ပြန်လည်ပေါ်ထွက်လာမှုကို အမြဲတမ်းတားဆီးနိုင်ရေးတို့အတွက် ပြည်တွင်းစည်းလုံးညီညွတ်မှုမရှိမဖြစ်လိုအပ်ကြောင်း ကြားဖြတ်အစိုးရ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၂ဝ၂၄ ခုနှစ်ဩဂုတ်လအတွင် ဖြစ်ပွားခဲ့သော လူထုအုံကြွမှုကြောင့် ဝန်ကြီးချုပ်ဟောင်းရှိတ်ခ်ဟာဆီနား အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရပြီးနောက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မူဟမ်မက်ယူနွတ်ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ဦးဆောင်ခဲ့ရသည်။
သို့ရာတွင် ကြားဖြတ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအင်အားစုများ၏ ကျိုးကြောင်းဆင်ခြင်မှုမရှိသော တောင်းဆိုချက်များ၊ ရည်ရွယ်ချက်ရှိရှိ ရန်စလှုံ့ဆော်မှုများနှင့် စီရင်ခွင့်ဘောင်ကျော်နေသော ကြေညာချက်များဖြင့်ရင်ဆိုင်နေရကြောင်း မေ ၂၅ ရက်ကြေညာချက်တွင် ဖော်ပြထားသည်။
နိုင်ငံရေးပါတီများက အထွေထွေရွေးကောက်ပွဲအား ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပရန်လိုလားနေချိန်တွင် ကြားဖြတ်အစိုးရအဖွဲ့ကမူ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများပြီးဆုံးမှသာ အထွေထွေရွေးကောက်ပွဲကျင်းပရန်ဆန္ဒရှိနေကြောင်း သိရသည်။
ယင်းပြင်ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ် ဝါကာအက်ဇ်ဇာမင်ကလည်း ကြားဖြတ်အစိုးရအနေဖြင့် အထွေထွေရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပသင့်ကြောင်း ပြောကြားထားရာ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအဖွဲ့မှာ ဖိအားများနှင့် ရင်ဆိုင်နေရသည်။
ရိုက်တာ
သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်နေပြီး ငါးလအတွင်း လေးယောက်သေဆုံးကာ ၈၀၀ ကျော် ရောဂါဖြစ်ပွား
မေ၂၆၊၂၀၂၅
၂၀၂၅ခုနှစ် ဇန်နဝါရီလ၁ရက်မှ မေလ၁၀ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလို့ ကလေးငယ် လေးယောက်သေဆုံးခဲ့ရပြီး ရောဂါဖြစ်ပွားမှုတွေ မြင့်တက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန က အသိပေးထားပါတယ်။
မြန်မာနိုင်ငံ တစ်ဝှမ်းမှာ အခုနှစ်၅လကြာအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူကလေးပေါင်း၈၆၀ကျော်ရှိရာ ရောဂါဖြစ်ပွားမှု အဆင့်အလိုက်မှာ ပြင်းထန် အဆင့်(၄)သတ်မှတ်ချက်နဲ့ဆေးရုံရောက်ရှိသူတွေ များလာတယ်လို့ဆိုပါတယ်။
" အခုကမိုးရာသီထဲဝင်လာတော့ရာသီအရ အဖြစ်များတဲ့ရောဂါတွေအကုန်လုံးတော့ ဂရုစိုက်ရမှာပေါ့။ ကလေးတွေအတွက် အပြင်းထန်ဆုံးဖြစ်နေတဲ့သွေးလွန်တုပ်ကွေး ရောဂါကလည်း မဖြစ်ပွားအောင်ဂရုစိုက်ရမယ့်အရေးကြီးတဲ့ရောဂါပေါ့ သူကခြင်ကတဆင့်ကူးစက်ပြီး ကူးစက်ဖို့လွယ်ကူတယ်။ကလေးတွေမှာအများဆုံးဖြစ်တော့ မိဘတွေအနေနဲ့ မိမိရဲ့ကလေးတွေကိုပိုဂရုစိုက်ရမယ်။ခြင်ကိုက်မခံရဖို့ ပိုအရေးကြီးတယ်။အဲ့ဒီအတွက်ခြင်မပေါက်ပွားစေဖို့ ဖုံး၊သွန်၊လဲ၊စစ် လုပ်တာတွေအပြင် သွေးလွန်တုပ်ကွေးသံသယရှိရင်နီးစပ်ရာဆေးရုံကိုသွားရောက်တာနဲ့ ဆေးရုံနဲ့ဝေးတဲ့နေရာကသူတွေအနေနဲ့ကလည်း ဓာတ်ဆားတိုက်ပေးတာစတဲ့ထိရောက်မယ့်ကုသမှုတွေ ပေးနိုင်ဖို့အရေးကြီးပါတယ်လို့" အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာပြည့်ဖြို့ ကပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံးရသူကလေးတွေက ရန်ကုန်တိုင်း၊မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း တို့ကဖြစ်ကြပြီး ဆေးရုံကိုရောက်ရှိလာတဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေတဲ့ ကလေးအများစုမှာ သွေးသွင်းရမှုတွေများနေတယ်လို့ ကျန်းမာရေးဌာနရဲ့ သတင်းဖော်ပြမှုတွေအရသိရပါတယ်။
" သွေးလွန်တုပ်ကွေးက အခုဆိုမိုးရာသီမှာ ရောက်မှဖြစ်တာမဟုတ်တော့ဘူး ၊ နွေ ရော ဆောင်းရော ရာသီ၃ခုလုံးဖြစ်နေတာ အခုလည်း ပြီးခဲ့တဲ့နှစ်စကနေ၅လအတွင်းက မိုးမှသိပ်မရွာတာကို ရောဂါဖြစ်သူက၈၀၀ ကျော်ပြီး ၄ဦးလောက်သေတယ်ဆိုတော့ မိုးတွင်းဆိုပိုဂရုစိုက်ရမယ်။ ကလေးတွေကို အတတ်နိုင်ဆုံး ၊ဘောင်းဘီရှည်၊ အင်္ကျီရှည် ဝတ်ပေးထားတာ၊ခြင်မကိုက်အောင် ကလေးတွေကိုဂရုစိုက်ပေးတာ၊ကလေးအိပ်ချိန် ခြင်ထောင်နဲ့ သိပ်ပေးတာ ၊ကလေးဖျားရင်လည်း သွေးလွန်တုပ်ကွေးသံသယလက္ခဏာတွေကို မိဘတွေ သိထားပြီးစောင့်ကြည့်တာတွေနဲ့ ကိုယ့်ကလေးကို ဂရုစိုက်ပေးဖို့လိုပါတယ်"လို့ အင်းစိန်မြို့နယ် က ကလေးမိဘတယောက်ကပြောပါတယ်။
အသက်၁၅နှစ်အောက် ကလေးများမှာ သွေးလွန်တုပ်ကွေးရောဂါအများဆုံးဖြစ်ပွားလေ့ရှိပြီးသွေးလွန်တုပ်ကွေး ဖြစ်နိုင်တာကို စောစောသိဖို့ လက္ခဏာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ပေးထားပါတယ်။
အဲဒါတွေက အဖျားရှိပြီး အဖြစ်များတဲ့ အော့အန်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အရေပြားအပိန့်ထွက်တာနဲ့ နောက်ဖြစ်နိုင်တဲ့ နှာခေါင်းသွေးလျှံပြီး ကော်ဖီနှစ်ရောင် အန်တာအပြင်၊ ဆရာဝန်နဲ့ စစ်ကြည့်လျှင် Hess Test (သွေးပေါင်ချိန်တိုင်း ကရိယာနဲ့ အပေါ်သွေး စမ်းမိချိန်နဲ့ အောက်သွေး စမ်းမိချိန်အကြား ၅ မိနစ်ကွာအောင် ညှစ်ပြီးထိန်းထားရာကနေ ပြန်လွှတ်ပေးလိုက်ချိန်မှာ၊ အပေါ်အများဆုံး လက်ဖျံ တစ်လက်မ ပတ်လည်အဝိုင်းထဲ အနီစက် ၁၀ စက်ကျော်) ပေါ်တာ၊ သွေးဖောက်စစ်နိုင်လျှင် သွေးဖြူဥနည်းတာနဲ့ နောက် သွေးလန့်တော့မယ့် အန္တရာယ်လက္ခဏာ တစ်ခုခုရှိနေတာဖြစ်ပြီး အလွယ်တကူ မှတ်မိဖို့အနေနဲ့ က အဖျားကြီးပြီး နုံးကာမှိန်းပြီး အစားအသောက်ပျက်လျှင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တာ သတိပြုမိသင့်ပါတယ်။
သွေးလွန်တုပ်ကွေး လက္ခဏာတွေ ပေါ်လာပြီး အရေးကြီးတာက သွေးလန့်တော့မဲ့ အန္တရာယ်လက္ခဏာတွေကို ကြိုတင်သတိပြုမိနိုင်ဖို့ဖြစ်ရာ အထူးသိထားသင့်တာအနေနဲ့၃ ရက်ကနေ ၅ ရက်လောက် အဖျားတက်ပြီး၊ အဖျားပြန်ကျလာချိန်မှာ မလန်းဆန်းဘဲ၊ နုံးချိ၊ ဗိုက်နာ၊ ပိုအန်လာတာ အပြင် အန္တရာယ်လက္ခဏာ အသေးစိတ်တွေကတော့ ဝမ်းဗိုက် နာတာ/ ဖိလျှင် နာတာ၊ အန်တာက ဆက်တိုက်အဖြစ်များလာတာ၊ မှိန်းပြီး ကယောင်ကတမ်း ဖြစ်လာတာ၊ ဆရာဝန်နဲ့ စစ်ကြည့်လျှင် အဆုတ်နဲ့နှလုံး ဝမ်းဗိုက်မှာ အရည်စုလာတာ၊ အသည်းက ၂ စင်တီမီတာထက် ပိုကြီးလာတာ၊ သွေးဖြူဥကျလာပြီး သွေးပျစ်နှုန်း (PCV/HCT) တက်လာတာတွေဟာ အန္တရာယ် လက္ခဏာလို့သတ်မှတ်နိုင်တဲ့အတွက် အန္တရာယ် လက္ခဏာတစ်ခုခု ပေါ်လာတာနဲ့ အမြန်ဆုံး ဆေးရုံတင်ထားဖို့လိုအပ်ကြောင်း သိရပါတယ်။
ယခုနှစ်ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုအရေအတွက်က ၂၀၂၄ ခုနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ပါက လျော့ကျ နေကြောင်းနဲ့ သွေးလွန်တုတ်ကွေးရောဂါဟာ မြန်မာနိုင်ငံမှာ မိုးရာသီတွင် အများဆုံးဖြစ်ပွားလေ့ရှိလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရောဂါပြန့်ပွားမှု တားဆီးကာကွယ်ရေးစီမံချက်တွေလုပ်နေတယ်လို့ သတင်းထုတ်ပြန်ဖော်ပြထားပါတယ်။
Photo- Cj
The U.S. military is changing its message to America's African allies, as China increases its influence-building effort on the continent.
https://abcnews.go.com/Interna....tional/wireStory/us-
ဥရောပသဂ္ဂနဲ့ ကုန်သွယ်ရေးဆွေးနွေးဖို့ နောက်ဆုံးရက် ဇူလိုင် ၉ ရက်ထိ ထရန့်သက်တမ်းတိုး
ဝါရှင်တန်၊ မေ-၂၆-၂၀၂၅
ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှု နောက်ဆုံးရက်ကို ဇူလိုင် ၉ ရက်ထိ သက်တမ်းတိုးလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုပါတယ်။
ဒေါ်နယ်ထရန့်နဲ့အတူ ပြီးခဲ့တဲ့နေ့က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်က ပြောဆိုခဲ့ပြီးနောက်မှာ ထရန့်က အခုလို ထုတ်ပြန်လာတာပါ။
ထရန့်ဟာ ဥရောပသမဂ္ဂက တင်သွင်းတဲ့ကုန်စည်အားလုံးနီးပါးအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဖက်စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့အတွက် ဇူလိုင် ၈ ရက်ထိ ၁၀ ရာခိုင်နှုန်းသာကောက်မယ်လို့ ပြောပါတယ်။
ဥရောပသမဂ္ဂနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို စိတ်ပျက်တယ်လို့ ဒေါ်နယ်ထရန့်က ပြီးခဲ့တဲ့သောကြောနေ့မှာ ထုတ်ဖော်ပြောကြားလာပြီး အခွန် ၅၀ ရာခိုင်နှုန်းထိ ဇွန် ၁ ရက်ကစပြီး တိုးမြှင့်ကောက်ခံမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တရပ် အလျင်အမြန်ရရှိဖို့ ဥရောပသမဂ္ဂအနေနဲ့ အသင့်ရှိနေကြောင်း ၊ ဒါပေမယ့် ကောင်းမွန်တဲ့ သဘောတူညီချက်တရပ်ဖြစ်ဖို့အတွက် ဇူလိုင် ၉ ရက်ထိ အချိန်လိုတယ်လို့ ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်က ပြောပါတယ်။
ဥရောပသမဂ္ဂ ကုန်သွယ်ရေးအကြီးအကဲ ဂျမီဆင်ဂရီးရာဟာလည်း အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ဟောင်းဝပ်လပ်နစ်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး မျှတတဲ့ သဘောတူညီချက်ရယူဖို့ ကတိပြုေ ပြာဆိုပါတယ်။
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၃၄၆ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၇၆၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၆၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၅၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၁၆၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၄၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၀၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၀၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၃၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၂၀ ကျပ်
ဝယ်ဈေး - ၃၃၇၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၃၀ ကျပ်
ဝယ်ဈေး - ၄၉၃၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၀၅ ကျပ်
ဝယ်ဈေး - ၁၃၃.၃၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၀ ကျပ်
ဝယ်ဈေး - ၁၀၂၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၄ ကျပ်
ဝယ်ဈေး - ၆၀၂ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၉၅ ကျပ်
ဝယ်ဈေး - ၃၀.၃၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၈၉ ကျပ်
ဝယ်ဈေး - ၅၀.၈၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၄ ကျပ်
ဝယ်ဈေး - ၃.၁၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၉၀ ကျပ်
ဝယ်ဈေး - ၅၈၇၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၇၀ ကျပ်
ဝယ်ဈေး - ၂၈၂၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၂၀ ကျပ်
ဝယ်ဈေး - ၃၁၅၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၃ ကျပ်
ဝယ်ဈေး - ၅၅၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၁ ကျပ်
ဝယ်ဈေး - ၁၁၇၇ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
Minions : The Rise of Gru (2022)
မီနီယံဆိုတာနဲ့ ကလေးတုန်းကအမှတ်တရတွေနဲ့အတူ အူတက်နေအောင် ရယ်ရမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။
ဒီရုပ်ရှင်ကတော့ မီနီယံတွေဟာ ကမ္ဘာဦးကတည်းက အကြမ်းဆုံးဗီလိန်ကို လိုက်ရှာရင်း
တွေ့ခဲ့သမျှ ဘော့စ်တွေကို ဒုက္ခပေးရင်းနဲ့ နောက်ဆုံးမှာ ဂရူ ပေါက်စလေးနဲ့ တွေ့ခဲ့ပါပြီ။
ဂရူကလည်း ကမ္ဘာအကောင်းဆုံးဗီလိန်အဖွဲဖြစ်တဲ့ လူမိုက်ကြီး၆ယောက် အဖွဲထဲကိုဝင်ဖိုကြိုးပမ်းနေချိန်ဖြစ်ပြီး
ဂရူ နဲ့ မီနီယံတွေ ဘယ်လို တလွဲတွေလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရှုလိုက်ပါဦး
Minions : The Rise of Gru (2022)
ဇာတ်ကားလင့်
https://t.me/c/2186686827/379
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
Emergent Gravity Theory: အချို့ သိပ္ပံပညာရှင်တွေကတော့ ဒြပ်ဆွဲအား (gravity) ဟာ အခြေခံအားတစ်ခု မဟုတ်ဘဲ၊ Quantum Mechanics ရဲ့ နိယာမတွေကနေ "ပေါ်ထွက်လာတဲ့" (emergent) ဖြစ်စဉ်တစ်ခု ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ဒီအယူအဆကတော့ gravity ကို အခြား အခြေခံအားတွေနဲ့ ပေါင်းစည်းဖို့ ကြိုးစားတာထက်၊ gravity ရဲ့ မူလအစကို ကွမ်တမ်နိယာမတွေကနေ ရှာဖွေဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ Erik Verlinde လို ပညာရှင်တွေက ဒီလိုအယူအဆတွေကို တင်ပြခဲ့ကြပါတယ်။
သွေးနဲ့သန့်စင်ခြင်း (၂၀၁၇)
IMDb - 6.4/10
Genre - Action, Thriller
ပြင်သစ်စကားပြော ဒီဇာတ်ကားက အီတလီမော်ဒယ်မင်းသမီးနဲ့ ဘယ်လ်ဂျီယမ် မင်းသားတိုလို ပေါင်းစပ်မှုတွေနဲ့ တမူထူးခြားပါတယ်။ မိန်းကလေးတစ်ယောက်ထဲနဲ့ ဘဲကြီး ၃ ကောင်တို ပြေးတမ်းလိုက်တမ်းကစားကြမယ့်ပွဲမှာ ထုံးစံအတိုင်း အားနည်းတဲ့ဖက်ကတော့ အနိုင်ကျင့်ခံရစမြဲပါပဲ။ ဒါပေမယ့် လွယ်လွယ်လက်လျော့မပေးတတ်ဘဲ အရေးကြုံလာရင် မိမိအသက်အတွက် ဉာဏ်ကိုအခြေပြုလို ပြန်လည်တိုက်ခိုက်လာတဲ့အခါမှာတော့ ဘယ်လိုတွေလက်စားပြန်ချေမလဲဆိုတာ။