48 w - Translate

The Star (2017)

ဒီကားမှာဆိုရင်တော့ Mariah Carey, Oprah Winfrey နဲ့တခြားတခြားသောနာမည်ကျော်များက နောက်ခံစကားပြောများအဖြစ်ပါဝင်အားဖြည့်ထားကြပါတယ်..
လေကြောလေးလျှော့ပြီး အညွှန်းလေးပြောမယ်ဗျာ..
မြည်းလေးတစ်ကောင်ဟာ ကြိတ်စက်ထဲမှာပဲ သံသရာလည်ရင်း အပြင်လောကကို စူးစမ်းချင်ခဲ့ပါတယ်..
သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ချိုးငှက်လေး ဒေ့ဗ်ဟာ မြည်းလေးရှိတဲ့ ဆန်စက်ထဲကို လာလည်တတ်ပြီး အပြင်လောကအကြောင်းကို အမြဲပြောပြတတ်ပါတယ်
မယ်ရီဟာ ညတစ္ညမွာ သူ့ဆီကို အလင်းရောင်တစ်ခု ဖြာကျလာပြီး ဘုရားသခင်သားတော်ကို မွေးဖွားပေးဖို ရွေးချယ်ခံခဲ့ရပါတယ်..
မယ်ရီကိုဒီတာဝန်အပ်နှင်းအပြီးမှာတော့ ကောင်းကင်မှာ ကြယ်တစ်ပွင့်ထွန်းလင်းခဲ့ပါတယ်
မယ်ရီဟာ စိတ်ထားကောင်းပြီး သူတစ်ပါးကို အလွန်ကူညီတတ်ပါတယ်..
သူဟာ ဂျိုးဆက်ဆိုတဲ့ကောင်လေးနဲ့ အကြောင်းပါခဲ့ပါတယ်..
ဒီအချိန်မှာတော့ ဘုရားသခင်သားတော်ကို လြယ္ထားတဲ့ ကိုယ်ဝန်ရင့်နေပါပြီ
သူဟာဂျိုးဆက်ကိုဒီအကြောင်းတွေကို ရှင်းပြခဲ့ပါတယ်..
ဂျိုးဆက်ကလဲ ခင်ပွန်းကောင်းပီပီ နားလည်ပေးခဲ့ပါတယ်..
အဲ့အချိန်မှာပဲ မြည်းလေးဟာ ဆန္စက္က ထွက်ပြေးပြီး မယ်ရီတိုအိမ်ထဲ ရောက်ခဲ့ပါတယ်..
မယ်ရီဟာ မြည်းလေးကို သံယောဇဉ်ရှိပြီး ဘိုဆိုတဲ့နာမည်လေးပေးခဲ့ပါတယ်
ဘုရားသားတော် ဘုရင်အသစ် ဖွားမြင်မယ်ဆိုတဲ့ ဟောကိန်းဟာ တိုင်းပြည်အနှံကို ပျံ့နှံခဲ့ပါတယ်..
ဒီသတင်းကြားတဲ့ ဘုရင်ကြီးဟဲရော့ဟာ သူသာ ဘုရင် ဘုရင်အသစ်ဆိုတာ မရှိစေရဘူးလို ကြွေးကြော်ပြီး ဘုရင်အသစ်မွေးမယ့် အမျိုးသမီးကို ရှာခိုင်းခဲ့ပါတယ်.. အပြတ်ရှင်းမယ့် သေဘာပါ
ဒီအကြောင်းတွေသိတဲ့ ဘိုမြည်းလေးဟာ မယ်ရီနဲ့ ဂျိုးဆက်ကို ပြောဖိုကြိုးစားခဲ့ပါတယ်
ဒါပေမဲ့ လူစကားမတတ်ပေတော့ မယ်ရီတိုက နားမလည်ခဲ့ပါဘူး
မယ်ရီတို အန္တရာယ်ကြားထဲက ဘယ်လိုထွက်ပြေးပြီး ဘုရားသခင်သားတော်ကို မွေးဖွားမလဲ
ဘိုနဲ့ ဒေ့ဗ်က ဘယ္လိုကူညီမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်..
ကာတွန်းချစ်သူဆိုရင်တော့ ဒီကားကို လက်မလွှတ်စေချင်ဘူးဗျာ

image
48 w - Translate

တိုးတက်လာလွန်းတဲ့ဒီကမ္ဘာကြီးမှာလူတွေဟာအရှုးသမားတွေများလာကြတယ်ဗျ။
စိတ်ပိုင်းဆိုင်ရာ အရှုးသမားတွေပေါ့။
ဘာကောင်ကမှ ဘာကောင်မှ မဟုတ်တဲ့ တဒင်္ဂလောကကြီးမှာ တစ်နေ့နေ့မှာဖြစ်ဖြစ် ကိုယ်ဘာကောင်လဲလူတွေဟာ သိပ်ပြချင်ကြတယ်။
ဒီဇာတ်လမ်းဟာ ဘာကောင်မှမဟုတ်ပဲ ဘာကောင်ဆိုတာ ပြချင်လွန်းပြီး တစ်နှစ်တာရဲ့အကောင်းဆုံးပင်လယ်ဓားဆုကို အရယူချင်နေတဲ့ ပင်လယ်ဓားပြ တစ်ယောက် အကြောင်းပါပဲ။
လောကဓံဘယ်လောက်ပဲကြမ်းကြမ်း ကိုယ်ဘယ်လောက်ပဲ အသုံးကျကျမကျကျ ကိုယ်လုပ်နိုင်တဲ့ တစ်စုံတစ်ရာဆိုတာ ရှိနေမှာပါပဲ။
မတတ်နိုင်တာတွေကို ဘာကောင်ဆိုပြီး ပြချင်လွန်းတဲ့အခါ ရှိပြီးသားပျော်ရွှင်မှုတွေပါဆုံးရှုးရတတ်ပါတယ်။ IMDB rating အရမ်းအကောင်းကြီးမဟုတ်သလို ဘာ Messageမှအလေးအနက်ရမှာ မဟုတ်ပေမဲ့ဘာကောင်မှမဟုတ်တာကို ဘာကောင်လိုသက်သေပြချင်နေပြီး စိတ်ဓာတ်ကျနေသူတွေ ကြည့်သင့်တဲ့ ကားလိုပဲ ညွှန်းချင်ပါတယ်။
သိုပေမဲ့ ဇာတ်အိမ်လည်းခိုင် ပေါ့ပါးပါးလည်းဖြစ် ကောင်းလည်းကောင်းတဲ့ ကာတွန်းကားကောင်းတစ်ကားပါပဲ။
လူဆိုတာ မျောက်ဆင်းသက်လာတယ်ဆိုတဲ့ Evolution Theoryကို တင်ပြခဲ့တဲ့ Charles Darwinကိုလည်း လူ့အရှုးသမား တစ်ယောက်အဖြစ်ပြထားပါသေးတယ်။
Chrales Darwinကို သိတဲ့လူတွေအတွက် ပိုရယ်ရစေမှာပါ။ဒီကားဟာဆိုရင် Animation, Adventure, Comedy အမျိုးအစားဖြစ်ပါတယ်။

The Pirates! Band of Misfits (2012)

ဇာတ်ကားလင့်
https://t.me/c/2186686827/427

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
48 w - Translate

Wish Dragon (2021)

တရုတ်အက်ရှင်မင်းသားကြီး ဂျက်ကီချန်း ကိုယ်တိုင် အသံသရုပ်ဆောင်ထားပြီး
၅၂၈ မေတ္တာဓါတ်တွေနဲ့ လွှမ်းခြုံထားတဲ့ တရုတ်ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်…
အခုတလော တရုတ်ကာတွန်းတွေလည်း အဆင့်မှီလာတာကို ကာတွန်းချစ်ပရိသတ်ကြီးတွေသိပြီးသားပါ။
ပုံစံကတော့ လူကြိုက်များခဲ့တဲ့ အာလာဒင်မီးခွက်စောင့်နတ်ကို အရှေ့တိုင်းပုံစံဖန်တီးထားတာပါ ။
မတူတာကတော့ ဇာတ်လမ်းပါ…
အာရှတိုရဲ့ထုံးစံအတိုင်း မေတ္တာတရားကိုအဓိကချပြထားတဲ့ ကာတွန်းကားလေးမို မိသားစုနဲ့ကြည့်လိုကောင်းမယ့်ကားလေး လိုညွှန်းချင်ပါတယ်ခင်ဗျာ..
စိတ်ထားကောင်း သဘောကောင်းတဲ့ တင်းစီးကျီး တစ်ယောက်မမျှော်လင့်ဘဲ တရုတ်ရေနွေးခရားလေးတစ်လုံး ရရှိခဲ့ပါတယ်။
ခရားလေးထဲကနေ ထွက်လာတာက သူ့ရဲ့မိုက်ပြစ်ကြောင့် အပြစ်ဒဏ်ခံနေရတဲ့ မင်းသားကြီးဂျက်ကီချန်းသရုပ်ဆောင်ထားတဲ့ နဂါးကိုယ်တော်လေး ။
ကောင်းကင်ပေါ်ကိုပြန်တက်ဖို သခင်ဆယ်ပါးရဲ့ အလိုဆန္ဒကိုဖြည့်ဆည်းပေးရမယ်တဲ့။
ရွှေတွေငွေတွေအများကြီး ဆုတောင်းလိုရပေမဲ့ တင်းစီးကျီး လေးကတော့ လိန လိုခေါ်တဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို ဆုတောင်းခဲ့ပါတယ်။
ကျန်တာတောင်း သူငယ်ချင်းဆုတောင်းတော့ မဖြည့်ပေးနိုင်ဘူးလိုဆိုပြီး တင်းစီးကျီးနဲ့စကားများကြပါတော့တယ်..
လူ့သဘာဝကိုနားမလည်နိုင်တဲ့ နဂါးကိုယ်တော်…
လူသားတွေရဲ့လောဘအကြောင်းကိုနားမလည်တဲ့ တင်းစီးကျီး..
အဖေ့အလိုကျ နေပေးနေရတဲ့ ရွှေသမီးလေး လိန…
လောဘဇောတက်ပြီး မကောင်းမှုလုပ်နေတဲ့ လူဆိုးတစ်သိုက်တွေနဲ့
အရှေိ့တိုင်းဆန်ဆန် ဆုတောင်းပြည့်နဂါးမင်းကြီး ဘယ်လိုစခန်းသွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်…

ဇာတ်ကားလင့်
https://t.me/c/2186686827/430

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
48 w - Translate

The De-vil (201

ဇာတ်လမ်းလေးကတော့ မကောင်းတဲ့နတ်ဆိုးနဲ့ ပတ်သက်ပြီး ကြမ္မာငင်တဲ့ လူတစ်စုအကြောင်းကို ရိုက်ပြထားတာပါ။ ကံတရားခြင်း တူညီတဲ့ လူတစ်စု တနေရာထဲ တချိန်တည်းမှာ ဓာတ်လှေကားထဲ စုမိတဲ့အချိန် တိုက်ဆိုင်ပါတယ်။ ဓာတ်လှေကား စက်ချိုယွင်းပြီး ပိတ်မိနေတဲ့အချိန် နတ်ဆိုးက ဘာတွေလုပ်မယ် ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ စိတ်ဝင်စားဖွယ် ဖြစ်လာပါတယ်။

image
48 w - Translate

ငွေနောက်လိုက်လူမိုက်များ (၂၀၂၃)

IMDB - 5.8/10
Genre - Horror

အန်ဒရီ နဲ့ ဝတီ တိုလင်မယားဟာ စိတ်တူကိုယ်တူရှိတဲ့ လင်မယားနှစ်ယောက်ပီပီ ဖြတ်လမ်းနည်းနဲ့ချမ်းသာချင်တာကအစတူညီပြီး ချမ်းသာဖိုဆို သင်္ချိုင်းသွားပြီး အုတ်ဂူပေါ်ဆုတောင်းဖိုပါ ဝန်မလေးသူတွေပါ။ ခိုးဖိုလည်း လက်ယဉ်နေလေးတော့ အလောင်းဆီက ပိုက်ဆံအိတ်အနှိက်ကောင်းပြီး အန်ဒရီတစ်ယောက် ရင်ခွဲရုံသန့်ရှင်းရေးအလုပ်ကပါ ပြုတ်သွားပါတော့တယ်။ အိမ်လခကမပေးနိုင်၊ အလုပ်ကပြုတ်နဲ့ လမ်းဘေးရောက်တော့မယ့် လင်မယားနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ထူးထူးဆန်းဆန်း လခအရမ်းများနေတဲ့ အဘွားအိုကို စောင့်ရှောက်ပေးရမယ့်အလုပ်ကို မျက်စိကျပြီး အလုပ်လျှောက်ဖိုသွားရာက အိမ်ကြီးတစ်လုံးဆီ ရောက်လာတဲ့အခါ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ စောင့်ရှောက်ပေးရမယ့် အဘွားကြီးကလည်း သူတိုစနက်မကင်းစွာနဲ့ ရုတ်တရက်ဆုံးသွားတဲ့အပြင် လက်စလက်နကလည်းရှိကြတဲ့ လင်မယားနှစ်ယောက် ဗီဇလေးတွေပေါ်လာပြီး အိမ်ကတန်ဖိုးရှိတာတွေ ခိုးပြီးထွက်ပြေးကြဖို ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲ။

image
48 w - Translate

Malig-nant (2021)

နာမည်ကြီး ဟော်ရာ ဇာတ်ကား။ ရုပ်ရှင် တစ်ကားလုံး စောက်ရမ်းလန်းတယ်လို ပြောရလောက်အောင် မဟုတ်ပေမယ့် သူတို ဖန်တီထားတဲ့ အနေအထားအရ ကျွန်တော်ကတော့ ကြိုက်ပါတယ်။ R rating လဲ ဖြစ်တာမို အသတ်အဖြတ်တွေက ရက်စက်ပြီး သွေးထွက်သံယိုကြည့်ရဲ့မှသာ ကြည့်ဖို အကြံပေးပါတယ်။ သဘောမကျတာကတော့ အရှေ့မှ ဆက်တိုက် လက်စွမ်းပြခဲ့တဲ့ ဂျိမ်းစ်ဝမ် တစ်ယောက် ဒီကားမှာ ဘာမှ သိပ်မအလုပ် မလုပ်တာပါဘဲ Story ဟာ အတော် စိတ်ဝင်စားဖိုကောင်းသလောက် ဒါရိုက်တာ ဂျိမ်းစ်ဝမ် အနေနဲ့ အရင်ကားတွေက လောက် ပုံပြော မကောင်းဘဲ သာမန်ဘဲ ဆိုတာ သိသာပြီး ပေါ်လွက်နေတာ အမှန်ပါဘဲ။

image
48 w - Translate

Ni Ni Lin Eain
Miss Grand International 1st runner up
ဘယ်လောက်မြင့်တဲ့ ‌တောင်ကိုတက်ခဲ့ပါစေ၊
အချိန်ကျရင် ပြန်ဆင်းရမှာပါပဲ။
တောင်ဘယ်လောက်မြင့်မြင့်ကို တက်ခဲ့တယ် ဆိုတာထက်၊
အဲဒီတောင်ကို ဘယ်လိုဘယ်ပုံ တက်ခဲ့တယ် ဆိုတာက
ပိုအရေးကြီးတယ်။
သံသရာခရီးကိုယူသွားမှာက-
သင်ရရှိခဲ့တဲ့- Accomplishment တွေ၊ Achievement တွေ၊
Goal တွေ၊ Target တွေ မဟုတ်ဘူး။
အဲဒါတွေအတွက်
သင်ဘယ်လိုလုပ်ခဲ့သလဲ ဆိုတဲ့- Process ပါပဲ။
Our life is Work-in-Progress.
#crd to original
#ninilineain #missgrandinternational1strunnerup #roadtomissgrandmyanmar2025 #missgrandinternational

image
48 w - Translate - Facebook

Top 10 Swimsuit မှာ ပါဝင်လာတဲ့ အလှမယ်များ
Bago
Hakha
Myitkyina
Pathein
Pyin Oo Lwin
Kalaw
Insein
Sittwe
Mogok
Bhamo
Love react only နဲ့ ထပ်မံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်
Here’s the original link for Best in Swimsuit 💙
https://www.facebook.com/share..../p/1AfzWyLL3S/?mibex
Go Go girls ✨🇲🇲

48 w - Translate

Queen နီနီက မကြာခင်
သူမ Crown 👑 လွှဲခဲ့တဲ့
Miss Grand International 2024
CJ နဲ့ ပြန်ဆုံရတော့မှာပေါ့
မာဘုဟိုင်းနဲ့မီယမ်မာတို့ရဲ့
One & Only Queen တွေပေါ့ ✨💫
#ninilineain #missgrandinternational1strunnerup #missgrandinternational

image
48 w - Translate

Queen နီနီက မကြာခင်
သူမ Crown 👑 လွှဲခဲ့တဲ့
Miss Grand International 2024
CJ နဲ့ ပြန်ဆုံရတော့မှာပေါ့
မာဘုဟိုင်းနဲ့မီယမ်မာတို့ရဲ့
One & Only Queen တွေပေါ့ ✨💫
#ninilineain #missgrandinternational1strunnerup #missgrandinternational

image