ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Alcohol-associated cancer deaths have doubled in the United States over the past three decades, disproportionately impacting men and people 55 and older, according to a new study.
The analysis of national death rates attributable to alcohol use between 1990 to 2021 found a significant increase from 11,896 to 23,207 deaths. https://abcnews.visitlink.me/5gFQHz
#နိုင်ငံတကာသတင်း
◼အိပ်ရာထချိန်တွင် အိမ်ခြံဝင်းထဲ ကွန်တိန်နာသင်္ဘောကြီး ရောက်နေသည်ကို မြင်တွေ့ လိုက်ရသည့်နော်ဝေအမျိုးသား
နော်ဝေနိုင်ငံမှ အမျိုးသားတစ်ဦးသည် အိပ်ရာမှ ထလာချိန်တွင် ကွန်တိန်နာသင်္ဘောကြီးတစ်စီး သောင်တင်ပြီး ၎င်းအိမ်ရှေ့ခြံဝင်းထဲ တိုးဝင်နေသည်ကို တွေ့ရှိခဲ့သည်။
ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီခန့်တွင် သောင်တင်ခဲ့သော ပေပေါင်း ၄၄၃ ပေ ရှည်လျားသော သင်္ဘောကြီးသည် ဂျိုဟန်ဟဲလ်ဘာ့ဂ်၏ နေအိမ်နှင့် မီတာ အနည်းငယ်သာ လွဲချော်သွားခဲ့သည်။
သင်္ဘောကြီး ၎င်းတို့ ကမ်းခြေဆီ ဦးတည်လာနေသည်ကို ကြည့်ပြီး အထိတ်တလန့်ဖြစ်နေခဲ့သော အိမ်နီးချင်း၏ အားထုတ်မှုများကြောင့်သာ ထရွန်ဒီယမ်မြို့ ဘိုင်နီဆက်ဒေသတွင် နေထိုင်သော မစ္စတာ ဟဲလ်ဘာ့ဂ်က နိုးလာခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော် အိမ်တံခါး မဖွင့်ချင်တဲ့ အချိန်မှာ လူခေါ်ခေါင်းလောင်းသံ မြည်လာပါတယ်။” ဟု ဟဲလ်ဘာ့ဂ်က ချန်နယ်- ၂ ရုပ်သံကို ပြောသည်။
“ ကျွန်တော် ပြတင်းပေါက်နားသွားလိုက်တော့ ဒီလောက်ကြီးတဲ့ ဧရာမ သင်္ဘောကြီးကို မြင်လိုက်ရတာ အလွန်ပဲ အံ့အားသင့်သွားပါတယ်။ ထိပ်ဆုံးကို လှမ်းမြင်ရဖို့ လည်ပင်းကို ကွေးပြီးတော့ ကြည့်ခဲ့ရပါတယ်။ မယုံနိုင်စရာပါပဲ။” ဟု ဟဲလ်ဘာ့ဂ်က ဂါးဒီးယန်းသတင်းစာ အား ပြောသည်။
“ တောင်ဘက်ကို ငါးမီတာလောက်များ ယိမ်းသွားရင် ကျွန်တော့်အိပ်ခန်းနဲ့တန်းနေတာပဲ။ ကျွန်တော် ဘာသံမှ မကြားလိုက်ဘူး။” ဟု ၎င်းက နော်ဝေးအသံလွှင့်ဌာနကိုလည်း ပြောခဲ့သည်။
သင်္ဘာကြီးက အရှိန်အပြည့်ဖြင့် ကမ်းစပ်မြေဆီ ဦးတည်လာသော အသံကြောင့် အိပ်ရာမှ နိုးလာခဲ့ပြီး မစ္စတာ ဟဲလ်ဘာ့ဂ်၏ အိမ်သို့ အပြေးသွားရောက်ခဲ့ကြောင်း အိမ်နီးချင်းဖြစ်သူ ဂျိုစတိန်းဂျော်ဂျင်ဆန် က ပြောသည်။
“ သူ အိပ်ရာက နိုးပြီး အပြင်မှာ ရောက်နေပြီလို့ ထင်ခဲ့တာ ၊ ဒါပေမယ့် ဘာသံမှလည်း မကြားရဘူး။ လူခေါ်ခေါင်းလောင်းကို အကြိမ်ကြိမ် နှိပ်တော့လည်း ဘာမှ မထူးဘူး။” ဟု မစ္စတာဂျော်ဂျင်ဆန် က ဆိုသည်။ “သူ့ ဖုန်းကို ခေါ်တော့မှပဲ သူ့ကို ဆက်သွယ်လို့ ရတော့တယ်။” ဟု ၎င်းက TV2 ကို ပြောသည်။
ဆိုက်ပရပ်စ် နိုင်ငံအလံတင်ထားသော NCL Salten ကုန်တင်သင်္ဘောသည် သင်္ဘာသား ၁၆ ဦးလိုက်ပါခဲ့ပြီး ထရွန်ဒီယံဖို့ဒ် ဒေသမှ အော်ကန်ဂါဒေသသို့ ခုတ်မောင်းနေစဉ် လမ်းကြောင်းလွဲသွားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်၌ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။
သင်္ဘောကြီး လမ်းလွဲသောင်တင်ရသည့်အကြောင်းရင်းကို မသိရသေးဘဲ နော်ဝေရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။
“သူက တကယ့်ကို ထုထည်ကြီးမားတဲ့ အိမ်နီးချင်းသစ်ပါပဲ၊ ဒါပေမယ့်လည်း မကြာခင် အဝေးကို ထွက်သွားတော့မှာပါ” ဟု မစ္စတာ ဟဲလ်ဘာ့ဂ်က ဆိုသည်။
သတင်းများအရ အဆိုပါသင်္ဘောကြီးသည် ၂၀၂၃ ခုနှစ်တွင်လည်း သောင်တင်ခဲ့ဖူးပြီး ကိုယ့်စက်အားနှင့်ကိုယ် ပြန်ရုန်းထွက်သွားခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား- BBC