Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လည်ကြတယ် လှည့်ကြတယ်
ကမ္ဘာမြေကြီးဟာ သူကိုယ်တိုင် တနာရီမိုင်တထောင်နှုန်း ဝင်ရိုးဗဟိုပြုလည်နေရင်း နေကို တနာရီ မိုင်ပေါင်း ခြောက်သောင်း ခုနှစ်ထောင်နှုန်းနဲ့ လှည့်ပတ်နေတယ်ဆိုတာ သိကြပြီးဖြစ်မှာပါ။ ဒီမှာတင် မရပ်သေးပါဘူး။ ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းကြီး တခုလုံးဟာ တနာရီ မိုင်ပေါင်း ၅ သိန်း ၁ သောင်း ၄ ထောင် နှုန်း ( အလင်းအလျင်ရဲ့ အပုံ ထောင့်သုံးရာပုံ တပုံ နှုန်းနဲ့) Milky Way ဂလက်ဆီထဲမှာ သွားလာ လှုပ်ရှားနေကြပါတယ်။ ဒါတောင်မှ ကျွန်တော်တို့ ဘာမှ မခံစားရတာဟာ ဘာလို့များပါလိမ့်။ အားလုံးအတူ တူညီတဲ့နှုန်းနဲ့ ရွေ့နေကြလို့ပဲ ဖြစ်ပါတယ်။
ဒီလိုလည်နေကြတဲ့ အကြောင်းကတော့ ကျွန်တော်တို့ ဂလက်ဆီကြီး တခုလုံးရဲ့ ဇာတ်လိုက်ဖြစ်တဲ့ “ဆခီတေးရီးရပ်စ် - A* “လို့ခေါ်တဲ့ မဟာတွင်းနက်ကြီးရဲ့ ဆွဲငင်အားကြောင့်ပါ။
နေအဖွဲ့အစည်းတခုလုံးဟာ ဒီမဟာတွင်းနက်ကြီး ကို ပတ်လမ်းကြောင်း တပတ်ပြည့်ဖို့ နှစ်သန်းပေါင်း ၂၃၀လောက် လိုပါတယ်တဲ့။ ကမ္ဘာတနှစ်ပြည့်ဖို့ ကြာတဲ့ ၃၆၅ ရက် (+++) ကို Earth Year လို့ခေါ်သလိုပါပဲ။ ဂလက်ဆီကြီးရဲ့ ဗဟိုကို နေအဖွဲ့အစည်းက တပတ်ပြည့်အောင် ပတ်ဖို့ ကြာတဲ့ အဲ့ဒီအချိန်ကို Galactic year လို့ ခေါ်ပါမယ်။ အဲ့ဒီအကြောင်းအရာတွေကြောင့်ပဲ ကမ္ဘာကိုယ်တိုင်ဟာ ဝင်ရိုးဗဟိုပြုလည်ရင်း နေကိုလှည့်ရင်း တခြားဂြိုဟ်တွေနဲ့အတူ ခရီးသွားနေတာဖြစ်ပါတယ်။
ဒါဖြင့် Milky Way ဂလက်ဆီကြီးကရော ဒီတိုင်းနေလားဆိုရင်လည်း မဟုတ်ပြန်ပါဘူး။ အန်ဒရိုမီဒါ ဂလက်ဆီကို တွေ့ဖို့ တနာရီ မိုင် ၂သိန်းခွဲနှုန်းနဲ့ အရှိန်ပြင်းပြင်း နှင်နေတာပါ။ သူတို့နှစ်ခု တွေ့ကြရင်ဖြစ်လာမယ့် ဂလက်ဆီနာမည်ကိုတောင် လူသားတွေက ပေးနှင့်ပြီးပါပြီ။ “Milkdromeda” ပါတဲ့။
ကမ္ဘာပေါ်မှာ ငြိမ်နေတယ် ထင်ကြရပေမဲ့ ကျွန်တော်တို့ဟာ စကြဝဠာထဲမှာ အတော်ကိုမြန်တဲ့ အရှိန်နဲ့ လည်နေ လှည့်နေကြတဲ့ ဂြိုဟ်တွေကြားထဲ ခရီးသွားနေကြတဲ့ ခရီးသွားတွေ ဖြစ်နေပါတော့တယ်။
ဒီတစ်ခါတော့ အန်နီမေးရှင်း ပရိတ်သက်တွေ အတွက် အတော် ချစ်စရာကောင်းတဲ့ဇာတ်ကောင်များပါဝင်တဲ့ အန်နီမေးရှင်းကားကောင်းတစ်ကားနဲ.မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးမှာ ဟောလိဝုက နိုင်ငံကျော်သရုပ်ဆောင်တွေလည်း အသံသရုပ်ဆောင်အဖြစ်ပါဝင်ထားပါသေးတယ်ဒီကားလေးကတော့ပေါ့ပေါ့ပါးပါးဟာသကာတွန်းကားလေးပါ။
ကာတွန်းကားကြိုက်တဲ့သူတွေအတွက်ပေါ့။ Sparkဆိုတာကမျောက်ငယ်လေးတကောင်ပါပဲ။အဲဒီမျောက်လေးနဲ့သူ့သူငယ်ချင်းတွေဖြစ်တဲ့ Chunkနဲ့VixတိုဟာBanaဆိုတဲ့ဂြိုလ်လေးကိုပြန်လည်သိမ်းယူဖိုတာဝန်ပေးခံရခဲ့တာပါ။အဲဒီနိုင်ငံတော်ကိုမကောင်းဆိုးဝါးကြီးZhongဆိုတဲ့ကသိမ်းပိုက်ထားတာဖြစ်ပါတယ်။အဲတော့Sparkတိုသူငယ်ချင်းတသိုက်ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ကာတွန်းကားလေးကိုဆက်ကြည့်လိုက်ကြရအောင်ဗျာ။အားလပ်ချိန်ပေါ့ပေါ့ပါးပါးနဲ့ရယ်လိုက်မောလိုက်ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။2017ရဲ့Best Editing in Animationဆုရထားခဲ့ကားလေးလည်းဖြစ်ပါတယ်ဗျာ။
Spark: A Space Tail (2017)
ဇာတ်ကားလင့်
https://t.me/c/2186686827/343
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
Diary of a Wimpy Kid: Dog Days (2012)
~ IMDb – 6.3/10, Rotten Tomatoes – 53% ~
ငပိန်လေးရဲ့ ၇ တန်းနှစ်ကုန် နွေရာသီကျောင်းပိတ်ရက် ဒိုင်ယာရီပါ။
နွေရာသီကျောင်းပိတ်ရက်မှာ ရင်းနှီးစပြုလာတဲ့ Crush လေးကို သူငယ်ချင်းအဆင့်က တက်အောင် တလွဲအစီအစဉ်တွေနဲ့ ဘယ်လိုကြိုးစားလဲဆိုတာကိုတွေ့ရမှာပါ။ ဒီအရှေ့က ဇာတ်ကားမှာ အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြင်ဆင်တာကိုတွေ့ခဲ့ရပြီးတော့ ဒီဇာတ်ကားမှာတော့ သူ့အဖေနဲ့ ဆက်ဆံရေး ပိုကောင်းအောင် ဘယ်လိုလုပ်လဲဆိုတာ တွေ့ရပါလိမ့်မယ်။
နောက်ထပ် သူ့ရဲ့အချစ်ဆုံး ရိုလီရဲ့ အဖေနဲ့ အမေတိုက ကြည့်မရဖြစ်နေတာ ဒီဇာတ်ကားမှာ ပိုဆိုးသွားပါတယ်။ ဟတ်ဖလေမိသားစုဝင် ခွေးလေးတစ်ကောင်လည်း တိုးလာပါသေးတယ်။ ခွေးကလည်း ငပိန်လေးလို ပြဿနာရှာတတ်တဲ့ကောင်လေးပါပဲ။
ထုံးစံတိုင်း ပျော်စရာ၊ ရယ်စရာ၊ ချစ်စရာကောင်းတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ နောက်ဆုံးပိုင်းပေါ့။
ဇာတ်ကားလင့်
https://t.me/c/2186686827/344
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
လောကကြီးကို ဖျက်ဆိီးမယ်ဆိုရင်
ဒက်ဆီဘယ်လ် ၁၁၀၀ (1100 db) ထက် ကျယ်တဲ့ အသံကိုသာ ဖန်တီးမယ်ဆိုရင် Black Hole တွင်းနက်ကြီးတခု ဖြစ်ပေါ်လာပြီး ကမ္ဘာကိုသာမက နေအဖွဲ့အစည်းအပါအဝင် Milky Way ဂလက်ဆီ တခုလုံးကိုတောင် ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။
ဒါဟာ တွက်ချက်မှုများနဲ့သီအိုရီအရသာဖြစ်ပြီး လက်တွေ့မှာတော့ အဲ့လောက် db ရှိတဲ့ အသံကို ဖန်တီးဖို့ လုံးဝ လုံးဝ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒါများ ဘာလို့ တင်နေသေးလဲ မေးရင် ကောင်မလေးက ဒီပို့စ်မတင်ရင် စိတ်ကောက်မယ်ဆိုပြီး တင်ခိုင်းလို့ပါ။ 😁
[လက်ဆောင်]
ကမ္ဘာ့အကျယ်ဆုံး အသံများ
၁၀။ ရော့ခ်ဂီတ ဖျော်ဖြေပွဲတွေ
ရော့ခ်ဂီတ ဖျော်ဖြေပွဲက ထွက်တဲ့ အသံဟာ ၁၄၀ ဒက်ဆီဘယ်လ် လောက်ထိ ရှိနိုင်ပါတယ်။ (ဖန်ခွက်ရဲ့ Resonance frequency အတိုင်းဖြစ်မယ်ဆိုရင် ၁၀၅ ဒက်ဆီဘယ်လ်ဟာ ဖန်ခွက်ကို ခွဲနိုင်ပါတယ်)
၉။ မီးရှူးပန်း
မီးရှူးပန်းဖောက်တဲ့ အသံဟာ ၁၅၀ ဒက်ဆီဘယ်လ်ဝန်းကျင်ပါ။
၈။ သေနတ်သံ
သေနတ်သံဟာ အကြမ်းဖျင်း ၁၄၅-၁၅၅ ဒက်ဆီဘယ်လ် ရှိပါတယ်။
၇။ Dragsters ပြိုင်ပွဲတွေ
ပြိုင်ပွဲတွေထဲ အမြင့်ဆုံး မှတ်တမ်းတင်ထားနိုင်တဲ့ အသံကတော့ ၁၆၀ ဒက်ဆီဘယ်လ် ဖြစ်ပါတယ်။ လူတယောက်ကို ယိမ်းခါစေနိုင်တဲ့ အသံပါ။
၆။ အာကာသယာဉ် လွှတ်တင်ခြင်း
ကမ္ဘာကနေ ထွက်ခွါမယ့် အာကာသယာဉ်ကို လွှတ်တင်သံဟာ ၁၇၀ ဒက်ဆီဘယ်လ် ရှိပါတယ်။
၅။ ဝေလငါးပြာ အော်သံ
သူတို့အော်သံဟာ တိရစ္ဆာန်လောကမှာ အကျယ်ဆုံးပါတဲ့။ ဝေလငါး အထီးတကောင် သွေးသားဆန္ဒအရ မိတ်လိုက်ချင်လွန်းလို့ အော်တဲ့ အသံဟာ ၁၈၈ ဒက်ဆီဘယ်လ် ဖြစ်ပြီး ရေအောက်ကမ္ဘာ မိုင်ပေါင်းများစွာက ကြားရတယ်လို့ ဆိုပါတယ်။
၄။ ခရာကတိုအ မီးတောင်ပေါက်ကွဲမှု
၁၈၈၃ ခုနှစ် ဒီမီးတောင် ပေါက်ကွဲမှုဟာ ၁၈၀ ဒက်ဆီဘယ်လ် ထိ အမြင့်ဆုံး ရှိတယ်လို့ဆိုပြီး မိုင်ပေါင်း ၁၃၀၀ ကျော် (တချို့ မှတ်တမ်းအရတော့ မိုင်ပေါင်း ၃၀၀၀ ထိ ကြားရတယ်လို့ ဆို) ကနေ ကြားရပါတယ်။
၃။ TNT ဗုံး
Trinitrotoluene ဗုံး တတန် ပေါက်ကွဲခြင်းဟာ ၂၁၀ ဒက်ဆီဘယ်လ် ရှိတဲ့ အသံ ထွက်လာမှာ ဖြစ်ပါတယ်။
၂။ ငလျင်ကြီးလှုပ်တဲ့အခါ
ပြင်းအား ၅ အထက် ရှိတဲ့ ငလျင်လှုပ်တဲ့အခါ မြေအောက်က ရင်းမြစ်မှာ ထွက်နေတဲ့ အသံဟာ ၂၃၅ ဒက်ဆီဘယ်လ် ရှိပါတယ်။
၁။ Tunguska ပေါက်ကွဲမှု
မှတ်တမ်းများအရ ၁၉၀၈ ခုနှစ်မှာ အာကာသထဲက မီတာ ၅၀ခန့်ရှိတဲ့ ဥက္ကာခဲ ကမ္ဘာကို ဝင်လာပြီး လေထုထဲ ပွတ်တိုက်မှုကြောင့် ပေါက်ကွဲခဲ့တဲ့ အသံကနေ ၃၁၅ ဒက်ဆီဘယ်လ် ကျယ်တာကြောင့် အရှေ့ဆိုက်ဘေးရီးယား သစ်တောထဲမှာ ရှိတဲ့ အပင်ပေါင်း သန်း၈၀ ဝန်းကျင် လဲကျခဲ့ပါတယ်။ ( အဲ့ဒီဖြစ်ရပ်ဟာ မီဂါတန် ၁၀၀၀ ဗုံးကျဲချ လိုက်သလိုပါပဲတဲ့။ )
ကမ္ဘာ့ ပထမဆုံး အာကာသ ဟိုတယ် "Voyager Station" ကို ၂၀၂၇ ခုနှစ်အတွင်း ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီဟိုတယ်ဟာ ဧည့်သည် ၄၀၀ ကို လက်ခံနိုင်မှာဖြစ်ကာ ဝန်ထမ်းပေါင်း ၁၁၀ ကျော် ထားရှိ လည်ပတ်သွားမယ်လို့ ဆိုပါတယ်။
အဆင့်မြင့် ဇိမ်ခံ ဟိုတယ်တွေမှာ ပါဝင်နေကျ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ဘား၊ Gym နဲ့ တန်ဖိုးမြင့် ပစ္စည်းတွေ ပါဝင်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်း စတင်နိုင်ဖို့ စီစဉ်ထားလျက်ရှိပါတယ်။ အာကာသခရီးသွား ဝန်ဆောင်မှုရဲ့ ရှေ့ပြေးဖြစ်လာမယ်လို့ ဆိုပေမဲ့ ကနဦး လက်မှတ်ခတွေကတော့ ဈေးနှုန်းကြီးမြင့်နေဦးမှာပါ။ ကြိုတင်စာရင်းပေးထားကြမယ့် ဧည့်သည်တော်တွေကို စတင် လက်ခံနေပြီဖြစ်ပြီး ၃ရက် တည်းခိုခ အမေရိကန်ဒေါ်လာ ၅သန်း ကုန်ကျမယ်လို့ ဆိုပါတယ်။
◾️Driver - Yangon
Company: Diamond Knowledge International School
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23821
◾️Junior Accountant - Yangon
Company: Diamond Knowledge International School
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23820
◾️HR Recruitment Executive - Yangon
Company: Spring Of Success
Salary Range: Negotiation
https://joimyanmar.com/job/detail/23732
◾️Preschool Center Supervisors - Yangon
Company: Spring Of Success
Salary Range: Negotiation
https://joimyanmar.com/job/detail/23662
◾️Videographer & Video Editor - Yangon
Company: Spring Of Success
Salary Range: MMK 500,000 - 600,000
https://joimyanmar.com/job/detail/23586
◾️Sales Staff - Yangon
Company: EYE CARE CENTRE
Salary Range: MMK 300,000 - 400,000
https://joimyanmar.com/job/detail/23555