31 w - Translate

နေမကောင်းတဲ့ကြားက ဒူးရင်းသီး စားချင်လွန်းလို့ စားလိုက်သေးတဲ့ ထက်ထက်မိုးဦး .. 😁
ခြေ လက် မျက်နှာတွေ ယောင်လို့ စားပြီး ဆေးသောက်လိုက်တယ်တဲ့ ..
ကျန်းမာရေး ဂရုစိုက်ပါ မထက်ရေ..
#htethtetmoeoo

image

" Madden " ရုပ်ရှင်ထဲမှာ မြင်ရတဲ့မင်းသားကြီးတွေ Nicolas Cage နဲ့ Christian Bale.

image

DAREDEVIL: BORN AGAIN ’ ( Season 2 ) မှာ ပါဝင်လာမယ့် Jessica Jones.

image

DAREDEVIL: BORN AGAIN ’ ( Season 2 ) မှာ ပါဝင်လာမယ့် Jessica Jones.

image

DAREDEVIL: BORN AGAIN ’ ( Season 2 ) မှာ ပါဝင်လာမယ့် Jessica Jones.

imageimage

\ Murderbot \

Iron Man မဟုတ်တဲ့ \ Ironheart \ - Official Trailer.

Asia မှာဆို ဂျက်ကီချန်း၊ Hollywood မှာဆို တွမ်ခရု လို့ပြောရတော့မလား။ ဒီဘဲကြီး အခုအသက်အရွယ်နဲ့ စတန့်တွေကိုယ်တိုင်လုပ်နေတာ ချီးကျုးတယ်။

Ballerina Movie (New Trailer)

𝗘𝗧𝗘𝗥𝗡𝗔𝗟𝗦 (𝟮𝟬𝟮𝟭)
ဒီရုပ်ရှင်မထွက်မီမှာ ပါဝင်တဲ့သရုပ်ဆောင်စာရင်းကြောင့် လူတိုင်းနီးပါးHypeခဲ့ပေမဲ့ တကယ်တမ်းထွက်လာခဲ့တော့ လူတွေစိတ်ဝင်တစားပြောတာ သိပ်မခံခဲ့ရဘူး။တချို့တွေဆို မကောင်းဘူးပြောတာတောင် ရှိပါသေးတယ်။adminကတော့ ဒါဟာတခြားMCUရုပ်ရှင်တွေနဲ့ ဆက်စပ်နေကြောင်း အများကြီးမပါတာကြောင့်ပဲ ထင်ပါတယ်။ Kit Harington ၊Angelina Jolie ၊Ma Dong-seok ၊Salma Hayekစတဲ့နာမည်ကြီးတွေအပြင် နာမည်ရစပြုနေတဲ့ Barry Keoghan ၊Bill Skarsgård(ITထဲက ပင်နီဝှိုက်သရုပ်ဆောင်) ၊Zain Al Rafeea(မိဘကို တရားပြန်ဆွဲတဲ့ရုပ်ရှင်ထဲက ကလေး)တို့ပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ စူပါဟီးရိုးရုပ်ရှင်ထုံးစံအတိုင်း ကမ္ဘာမြေကြီးကိုကာကွယ်ကြလေသတည်းပေါ့။
ရုပ်ရှင်အစမှာ ပါဝင်မဲ့ဇာတ်ကောင်တွေကို စာတန်းထိုးပြီး မိတ်ဆက်ပေးတဲ့အပြင် ဇာတ်လမ်းအညွှန်းပါပေးသွားပါတယ်။ ဆယ်လက်စတီရယ်ကြီး အာရစ်ရှမ်ဟာ စကြာဝဠာကို ဖန်တီးပြီးနောက်မှာ အာကာသထဲက ဒီဗီးယန့်ဆိုတဲ့ အကောင်တွေပေါ်လာပြီးတော့ စကြာဝဠာထဲက အသိဉာဏ်ရှိတဲ့ သတ္တဝါတွေကို လိုက်လံစားသောက်တာကြောင့် ဟန်ချက်ပျက်စီးလာတယ်။ဒါကြောင့်ပဲ ဒီဗီးယန့်တွေကို ဖျက်စီးဖို့ အီတာနယ်သူရဲကောင်းအဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ အေဂျက်ဦးဆောင်တဲ့ အီတာနယ်သူရဲကောင်းတွေဟာ ကမ္ဘာပေါ်က တာဝန်ယူပြီးနောက်မှာ အာရစ်ရှမ်အပေါ်သစ္စာရှိမှုကို ဖောက်ဖျက်ဖို့ဖြစ်လာပါတော့တယ်။
ဒီနောက်လာတဲ့ဇာတ်ဝင်ခန်းမှာ အီတာနယ်တွေသူတို့ရဲ့ယာဉ်ပျံကြီးနဲ့ ကမ္ဘာကို လာတဲ့အချိန် နေကိုနောက်ခံထားပြီး ရိုက်ပြထားပါတယ်။အတော်ကိုလှတဲ့ ဇာတ်ဝင်ခန်းလို့ဆိုနိုင်ပြီးတော့ ဒီလိုဇာတ်ဝင်ခန်းတွေကြောင့်ပဲ adminအနေနဲ့ ဒီရုပ်ရှင်ကို သဘောကျတာပါ။ဒီလိုနဲ့ အီတာနယ်တွေ ကမ္ဘာပေါ်ကိုရောက်ရှိပြီး လူသားတွေကို တိုက်ခိုက်နေတဲ့ဒီဗီးယန့်တွေကို တိုက်ခိုက်ချေမှုန်းပါတော့တယ်။ ဒါနဲ့ပဲ အီတာနယ်တွေဟာ လူသားတွေရဲ့ ကာကွယ်သူတွေအဖြစ် ဘေဘီလုံမှာနေထိုင်နေကြပါတယ်။ အီတာနယ်တွေ ကမ္ဘာပေါ်ကို ရောက်နေရတာဟာ လူသားနဲ့သက်ရှိတွေကို ကာကွယ်ဖို့အပြင် တခြားသောရည်ရွယ်ချက်ရှိနေသေးတယ်ဆိုတာ ခေါင်းဆောင်သူအေဂျက်ကလွဲပြီး တခြားသူတွေမသိသေးပါဘူး။ အစ်ကရစ်နဲ့ဆာဆီတို့ဟာလဲ မေတ္တာမျှခဲ့ကြပြီး ခေတ်အဆက်ဆက် အတူနေထိုင်ခဲ့ကြပါတော့တယ်။ကြာလာတာနဲ့အမျှ လူသားတွေဟာ အချင်းချင်းတိုက်ခိုက်သတ်ဖြတ်လာကြပြီး ဒါတွေကို ရပ်တန့်ဖို့ထက် စစ်ပွဲတွေမှာ ကိုယ့်ဖက်က အားသာအောင် လက်နက်တွေဖန်တီးလာပါတယ်။ဒါကို မကြိုက်တဲ့ရူးဒရစ်ကတော့ ရပ်တန့်ပစ်ချင်ပြီး အေဂျက်ရဲ့ဦးအောင်မှုနဲ့ အာရစ်ရှမ်ရဲ့တာဝန်အပေါ်မှာလဲ သံသယဝင်လာပြီး ကိုယ်ပိုင်ဘဝနဲ့နေထိုင်ဖို့ ထွက်သွားခဲ့ပါတယ်။အမြင်အာရုံတွေမှားယွင်းပြီး စိတ်နဲ့ကိုယ်မကပ်တဲ့ သီနာကိုလဲ ဂေဂါမက်ရှ်က သူစောင့်ရှောက်မယ်ဆိုပြီး ခေါ်သွားပါတယ်။ဒါနဲ့ပဲ အေဂျက်ဟာ ကျန်တဲ့အီတာနယ်တွေကိုလဲ ကိုယ်ပိုင်ဘဝနဲ့ရှင်သန်ခွင့်ပြုလိုက်ပါတယ်။ လူသားတွေရဲ့ တိုးတက်မှုနဲ့အတူ ပျက်စီးကြောင်းတွေအမြဲကပ်ပါနေကြောင်းကို ဒီရုပ်ရှင်မှာ သေချာကိုပြသသွားပါတယ်။
မျက်မှောက်ကာလမှာတော့ ဆာဆီဟာ လန်ဒန်ကကျောင်းတစ်ခုမှာ ဆရာမလုပ်နေပြီး ကိုဂျွန်စနိုးနဲ့ ချစ်ကြိုးသွယ်နေပါတယ်။ကလေးခန္ဓာကိုယ်ရထားတဲ့ စပရိုက်ကတော့ ဆာဆီနဲ့အတူနေပါတယ်။ တစ်ရက်မှာတော့ ပြင်းထန်တဲ့ငလျင်လှုပ်တာနဲ့အတူ ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ ဒီဗီးယန့်တစ်ကောင်ပြန်ပေါ်လာပါတော့တယ်။ ဒီဗီးယန့်ဟာ ဆာဆီတို့ကို လိုက်လံတိုက်ခိုက်ချိန်မှာ အစ်ကရစ်ရောက်လာပြီး ကူညီတိုက်ခိုက်တာကြောင့် အင်အားမမျှမှန်းသိသွားတဲ့ ဒီဗီးယန့်လဲ ထွက်ပြေးသွားပါတော့တယ်။ဒီလိုနဲ့ စွမ်းအားတွေပိုမိုအဆင်မြှင့်လာတဲ့ ဒီဗီးယန့်ကြောင့် အီတာနယ်တွေပြန်လည်စုစည်းဖို့လိုအပ်လာပြီး ခေါင်းဆောင်ဖြစ်တဲ့အေးဂျက်ထံသွားချိန်မှာ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။စာအရမ်းရှည်သွားမှာ စိုးတာကြောင့် ရုပ်ရှင်အပြီးထိတော့ မရေးပေးတော့ပါဘူး။မကြည့်ရသေးသူတွေနဲ့ အင်မတန်လှတဲ့ ဇာတ်ဝင်ခန်းတွေကြိုက်တတ်ရင် သေချာပေါက်ကို ကြည့်သင့်ပါတယ်။
MCUရုပ်ရှင်တွေနဲ့ ချိတ်ဆက်မှုအားနည်းတာကလွဲပြီး Stand Aloneရုပ်ရှင်အနေနဲ့ဆိုရင် တကယ်ကိုကောင်းတဲ့ရုပ်ရှင်ဖြစ်မှာပါ။MCUဖန်မဟုတ်တဲ့ရုပ်ရှင်ကြည့်ပရိတ်သတ်တွေကတော့ အေးအေးဆေးဆေးကြည့်ရှုနိုင်ပါတယ်။ဆာဆီ ၊သီနာ တို့ရဲ့ကျက်သရေရှိမှုတွေ မက်ကာရီရဲ့ အရမ်းမိုက်တဲ့Speedsters sceneတွေ ထပ်ပြီးတော့ ရှယ်လှတဲ့ ရှုခင်းတွေနဲ့ ကြည့်ရတာတကယ်ကို တန်ပါတယ်။ကြည့်ရှုခံစားကြည့်ပါအုံး။နောက်နေ့မှ ပြန်တွေ့ကြပါမယ်။

image