Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#တမာရွက် ကို ချဥ်ချဉ်စပ်စပ်လေး သုပ်စားကြည့် ရှယ်ပဲ😋
မစားဘူးရင် သုပ်စားကြည့်ပါ 😍
တမာရွက်..................၃စည်း
ကြက်သွန်နီ................၁လုံး
ခရမ်းချဉ်သီး..............၁လုံး
ကြက်သွန်ဖြူ..............၃တက်
ငရုတ်သီးစိမ်း.. ...........၅တောင့်
နံနံပင်.......................အနည်းငယ်
ပုစွန်ခြောက်မှုန့်...........၁ဇွန်း
မြေပဲထောင်း..............၁ဇွန်း
တမာရွက်သုပ်မယ်ဆိုရင်စျေးတွေထဲကအချဉ်သပ်ပြီးသားတမာကိုရွေးပြီးဝယ်ရပါမယ်။အခုလိုအချိန်မှာတမာဖူး၊တမာညွှန့်တွေလှိုင်လှိုင်ပေါနေပါပြီ။
တမာချဉ်လေးတွေကိုရေစင်အောင်အထပ်ထပ်ဆေးပါ။
နုတဲ့အညွှန့်အဖူးလေးတွေကိုရွေးချယ်သန့်စင်ယူပြီးရေစစ်ထားကာခပ်နုပ်နုပ်လေးလှီးထားပါ။
ကြက်သွန်နီ၊ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း၊နံနံပင်တွေကိုပါးပါးလှီးပါ။
ဇလုံတစ်ခုအတွင်းမှာပါဝင်ပစ္စည်းအားလုံးကိုရောထည့့်ပါ။
မြေပဲထောင်း၊ပုစွန်ခြောက်မှုန့်၊ဆား၊ဟင်းခတ်မှုန့်၊သံပုရာရည်ညှစ်ပြီးခပ်ဖွဖွလေးနယ်ပါ။
တမာရွက်ရဲ့ခါးသက်တဲ့အရသာကိုမပျက်စေပဲချို၊ချဉ်၊စိမ့်တဲ့အရသာအသစ်လေးကိုမြည်းစမ်းကြည့်ပါ။
အိမ်သားတွေအကြိုက် #ငါးခေါင်းချဥ်ဟင်း လေး ချက်စား ရှယ်ပဲ 😋
===========
- ငါးခေါင်းချဉ်ရည်ကို စားသောက်ဆိုင်တွေက၀ယ်မစားပဲ
ကိုယ့်အိမ်မှာကိုယ် ချက်စားလို့ရပါတယ် ။
ငါးကြင်း ၊ ငါးမြင်း ၊ ငါးတန်ခေါင်းတွေနဲ့
ချက်စားလို့ရပါတယ် ။
ငါးမြင်း နဲ့ ငါးတန်ခေါင်းတွေက အသားနည်းလို့
စျေးလည်းသက်သာ ၊ စားလို့လည်းအရသာရှိတဲ့
ငါးကြင်းခေါင်းနဲ့ ချက်ပါမယ် ။
- ငါးကြင်းခေါင်းသေးရင်အလုံးလိုက် ၊
ကြီးရင် အလယ်ကထက်ခြမ်းခွဲပြီး
ပသိတွေထုတ်ပစ်ပါ ။
ပြီးရင် ရေစင်စင်ဆေးထားပါ ။
- အိုးထဲကို ဆီနည်းနည်းထည့်ပြီး
ပူလာရင် နနွင်းမှုန့်ထည့်ပါ ။
စပါးလင်အရင်းပိုင်း စွေစွေလေးလှီ၊းထားတာထည့်ပါ ။
ငရုတ်သီး ၊ ဂျင်း ၊ ကြက်သွန်ဖြူ + နီ ထောင်းထားတာထည့်ပါ ။
မွှေးလာတဲ့အထိဆီသတ်ပြီး ငါးခေါင်းတွေထည့်ပါ ။
ငံပြာရည် ၊ ဆား ၊ အရသာ သင့်ရုံထည့်ပြီး အသာအယာမွှေပါ ။
လက်ဆေးရည်နည်းနည်းထည့်တည်ပြီး
ငါးခေါင်းတွေကို ဆယ်ထားပါ ။
- ကျန်တဲ့အိုးထဲကို မုန်လာဥနီ ၊ မျှစ် ၊ ငုံးဥပြုတ်တို့ထည့်မွှေပါ ။
ပြီးရင် ရေထည့်ပြီး အသီးအရွက်နူးအောင်တည်ပါ ။
အသီးအရွက် နူးခါနီးမှာ ပဲပြားကိုအတုံးလေးတွေလှီးထည့်ပါ ။
အချဉ်အတွက် မန်ကျည်းသီးမှည့်ဖြစ်စေ ၊ သံပုရာရည်ဖြစ်စေထည့်ပါ ။
မန်ကျည်းမှည့်က ဟင်းအရောင်မဲစေလို့
သံပုရာသီးကိုလည်းမသုံးချင်တာနဲ့
တုံယမ်းအခဲပဲ ထည့်ပါတယ် ။
- အရသာမြည်းလို့ အနေတော်ရင် ငါးခေါင်းတွေထည့်လိုက်ပါ ။
ငါးခေါင်းတွေကို ဆယ်မထားရင် ကြေကုန်တတ်ပါတယ် ။
ငါးခေါင်းအနေတော်ရင် ပင်စိမ်းရွက်လေးအုပ်ပြီး
စားဖို့အဆင်သင့်ပါပဲ ။
ငါးခြောက်ထောင်းအချိုကြော်
အသားများတဲ့ငါးခြောက်တွေနဲ့ကြော်လို့ရပါတယ်
ကျနော်ကတော့ ကခူရံခြောက်သုံးပါတယ်
ငါးခြောက်တွေကိုနာရီ၀က်လောက်ရေစိမ်ပြီးမှပြုတ်ပါ
ပြီးရင်ပြုတ်ရေတွေကိုသွန်ပြီးအရိုးနွှင်ကာထောင်းပါတယ်
ငါးခြောက်တွေညက်ရင်
ငန်ပြာရည် နနွင်းမှုန့် သကြား တို့နဲ့နယ်ထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူ တို့ကိုပါးပါးလှီးပြီး
ဆီများများနဲ့ကြော်ပါ
ကြက်သွန်တွေနွမ်းရင်
ငါးခြောက်တွေထည့်ကြော်ပါ
မီးနည်းနည်းနဲ့ကြာကြာလေးကြော်ရပါတယ်
ငါးခြောက်တွေမွလာတဲ့အထိကြော်ပေးပါ
ပိုစားကောင်းပါတယ်
#သီးစုံထောပတ်ထမင်း ကို ထမင်းပေါင်းအိုး နဲ့ အလွယ်တကူ ချက်နည်းလေးပါ😋😋
ဆန်ပေါင်းအိုးဆန်ချိန်ခွက်သုံးခွက်စာ
မုန်လာဥနီ ဥတဝက်လောက် လေးထောင့်သေးသေးလေးတွေလှီးထား
ပဲစိမ်းအနည်းငယ်
စပျစ်သီးခြောက် နှစ်ဇွန်းစာလောက်
သီဟိုစေ့ နှစ်ဇွန်း
ပြောင်းဖူးစေ့အနည်းငယ်
ဆီသတ်ဖို့ကြက်သွန်နီတလုံးလောက်ပါးပါလှီးထား
ထမင်းကိုအနံ့လေးမွှေးမှကြိုက်လို့ သစ်ဂျပိုးခေါက်တခုလောက်၊ ကရဝေးရွက်နှစ်ရွက်၊ နာနတ်ပွင့် နှစ်ခုလောက်သုံးပါမယ် ။
ဆန်ကိုရေးဆေးပြီးစစ်ထားပါ ။
အရင်ဆုံး ဒယ်အိုးနဲ့ပဲဆီသတ်ပါမယ် ။
ဆီထမင်းစားဇွန်းနစ်ဇွန်းလောက်ကို ပူအောင်တည်ပြီးကြက်သွန်နီကိုထည့်ဆီသတ်ပါ ။
ပြီးရင်ထောပတ်နှစ်ဇွန်းလောက်ထည့် ။
ဟင်းခတ်အမွေးအကြိုင်တွေထည့်ပြီးဆီသတ်ပါ ရေစစ်ထားတဲ့ဆန်တွေ ထည့်မွေပါ ။
အရသာအတွက် ပြီးရင်ချက်မဲ့ပေါင်းအိုးထဲပြောင်းထည့်ပါ ။
ရေကိုတော့ချက်နေကျအတိုင်းအတာအတိုင်းထည့်ပြီးချက်ပါ ။
ထမင်းမကျက်ခင် ငါးမိနစ်အလိုလောက်မှာအသီးအနှံလေးတွေထည့်ပါ ။
ဒါဆို သီးစုံ ထောပတ်ထမင်း စားလို့ရပါပြီး ။
ဟင်းကတော့ကြက်သားဆီပြန် ချက်နေကျအတိုင်းလေးပဲချက်လိုက်ပါတယ် ။
ကိုယ်အဆင်ပြေတဲ့ဟင်း နဲ့ ချက်စားလို့ရပါတယ်
#ကြက်သား ကို ဒီလို ချဥ်ချဥ်စပ်စပ်လေး နဲ့ စားကောင်းအောင် ချက်နည်း😋😋
ကြက်သားချဥ်စပ်ချက်ဖို့လိုတာလေးတွေက
ကြက်အသားချည်းသေးသေးတုံးရန်
ကြက်သွန်နီ
ဖြူ
ဂျင်း
ငရုတ်အရောင်တင်မှုန့်
ငရုတ်လေးစိပ်ကွဲ
ခရမ်းချဥ်သီး
ဆား
အချိုမှုန့်
ပဲငံပြာရည်အနောက်
ပဲငံပြာရည်အကြည်
ငံပြာရည်
သကြား
ဗင်နီကာ
ရှမိးနံနံ
တို့ လိုပါမယ်
#ပြုလုပ်နည်း
ကြက်ရင်ပုံကို အသားလွှာပြီး သေးသေးတုံးပါ
ဆား၊ အချိုမှုန့် ပဲငံပြာရည်အနောက် အကြည်
ငံပြာရည်တို့နဲနယ်ထားပါ
ဂျင်း ကြက်သွန်နီဖြူကို ထောင်းထားပါ
ဆီအိုးတည် ဆီဆူရင် ထောင်းထားတဲ့ကြက်သွန်ထညိ့ပါ
ကြက်သွန်နွမ်းရင် ငရုတ်သီးအရောင်တင်မှုန်နဲ့ ငရုတ်သီးလေးစိပ်ကွဲထည့်ပြီး ဆီသတ်ပါ
ပြီးရင် ကြက်သားထည့်လုံးပါ
ကြက်သားလုံးရေခမ်းရင် ဗင်နီကာနဲ့သကြားနဲနဲထည့်ပါ ရေထည့်ပြီး အသားနူးအောင်တည်ပါ
အသားနူးရင် ခရမ်းချဥ်သီး အစိပ်လေးတွေတုံးပြီးထည့်ပါ
ဆီပြန်ရင် ရှမ်းနံနံအူပ်ပါ
ဒါဆို ကြက်သားချဥ်စပ်လေးရပါပြီ
ကြက်သားချဥ်စပ်က ချဥ်ရမယ် စပ်ရပါမယ်
ဒါကြောင့် အဲ့နှစ်ခု အရသာပေါ်အောင်ချက်မှ စားကောင်းပါမယ်နော်
.မှတ်ချက် ကြက်သားအစား ဝက်သားကိုလည်း ဒီနည်းအတိုင်း ချက်စားနိုင်ပါတယ်
#အီကြာကွေး လုပ်နည်းလေးပါ လိုအပ်ရင် Save ထားပါ😋😋
တရုတ်အစားအစာတမျိုးဖြစ်တဲ့အီကြာကွေးကိုစင်္ကာပူမလေးရှားမှာလည်းနေရာတိုင်းမှာရောင်းချထားတာတွေ့နိုင်ပါတယ်။ပဲနို့နဲ့လိုက်ဖက်တဲ့မနက်ခင်းစာလည်ြး ဖစ်ပါတယ်။
အီကြာကွေးလုပ်နည်းကတေ ယာက်နဲ့တယောက်မတူတဲ့လုပ်နည်းတွေရှိပါတယ်။အိမ်ရှင်မများမိမိအိမ်သားတွေကိုသန့်ရှင်းလတ်ဆတ်စွာလုပ်ကျွေးနိုင်ဖို့မိရိုးဖလာလုပ်လာတဲ့နည်းကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (ပုံပါ၁၅ချောင်းစာ)
********
ဂျုံ - ၅၀၀ ဂရမ်
ရေ သို့ နွားနို့ - ၃၅၀ ml
ဆား - လ္ဘက်ဇွန်း တစ်ဇွန်း
သကြား - ၃ ဇွန်း စားပွဲဇွန်း
ဆီ - ၂ဇွန်း စားပွဲဇွန်း
Yeast - လ္ဘက်ဇွန်းတဝက်
Baking powder - လ္ဘက်ဇွန်းတဇွန်း
ကြက်ဥ - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ခွက်တခုတွင်နွားနို့ကိုခပ်နွေးနွေးအပူပေးပြီးyeastထည့်ကာဖျော်ထားပါ။
ဇလုံတခုတွင်ပါဝင်ဂျုံဆားသကြားကြက်ဥဆီbakingpowderတို့ကိုထည့်ပြီးသမအောင်မွေပေးပါ။နို့နွေးနွေးနှင့်yeastရောစပ်ထားသည်ကိုထည့်ပြီးသမအောင်မွေပေးပါ။
ဂျုံသားများဟာအလွန်ပျော့နေရပါ့မယ်
❀ ဤအဆင့်တွင်ပလပ်စတစ်ဖြင့်အုပ်ပြီးရေခဲသေတ္တာတွင်တညနှပ်ထားပြီးကျန်အဆင့်များကိုမနက်ကြော်ခါနည်းအချိန်မှသာဆက်လုပ်နိုင်သည်။2.ပြီးလျှင်ဂျုံသားအားလုံးကိုစားပွဲပေါ်တင်ကာလက်ဖြင့်ဖိချေပြီးရေခြောက်လာသည်ထိ၁၅မိနစ်ခန့်နှယ်ပေးပါ။
❀ ❀ အီကြာကွေးပြုလုပ်ရာမှာအရေးကြီးဆုံးအချက်ကဂျုံနှယ်တဲ့အချိန်ဖြစ်ပါတယ်။3.ရေခြောက်ပြီးလက်တွင်မကပ်စားပွဲတွင်မကပ်တော့သောအနေထားရပါကဂျုံဖြူးပြီးလေးထောင့်အနေခေါက်ကာရေစိုဖန့်ဖန့်အဝတ်သို့မဟုတ်ပလပ်စတစ်ဖြင့်အုပ်ပြီးမိနစ် ၃၀ မှ ၄၅ မိနစ်ထိအပွခံထားပါ။4.လိုအပ်သောအပွအနေထားရပါကစားပွဲတွင်ဂျုံမှုန့်ဖြူးကာခေါက်ထားသောလေးထောင့်အနေထားအတိုင်းအောက်ဘက်မှလက်လျိုပြီးလိုအပ်သောအထူအနေထားထိဆွဲဖြန့်ပေးပါ။အထူးအပါးညီအောင်ဖြန့်ပါ။လိုအပ်ပါက၁၀မိနစ်ခန့်ပြန်ပွအောင်ထားပါ၊ 5.အပေါ်ယံမျက်နှာပြင်မခြောက်အောင်အဝတ်ပါးအုပ်ထားပါ။ကြော်ရန်ဆီအိုးအဆင်သင့်တည်ထားပါ။6.ဆီပူပါကဖြန့်ထားသောဂျုံကိုတစ်လက္မအကျယ်ခန့်ဖြတ်ပေးပါ။ဖြတ်ပြီးသားဂျုံကိုအလယ်မှထပ်ပိုင်းပိုင်းကာတစ်ပိုင်းကိုရေစွတ်ပေးပြီးကျန်တပိုင်းကိုအပေါ်မှထပ်တင်ပေးပါ။အရှည်ပြုလုပ်လိုပါကနှစ်ချောင်းထပ်ပါ။ပြီးလျှင်ခေါက်ဆွဲစားသောတူဖြင့်ထပ်ထားသောဂျုံသားကိုအပေါ်မှဖိပေးပါ။ပြီးလျှင်လက်ဖြင့်ကိုင်ပြီးမိမိလိုချင်သောအရှည်အနေထားထိသာသာဆွဲပြီးဆီပူထည့်ချကြော်ပါ။7.ဆီပူထည်းချကြော်စဉ်တူဖြင့်မုန့်ကိုပွလာစေရန်လှုပ်ခပ်ထိုးဆွပေးရပါမယ်။ရွှေဝါရောင်ရသည်ထိကြော်ပြီဆယ်ယူဆီစစ်ကာပူပူနွေနွေးသုံးဆောင်နိုင်ပါပြီ။
❀ ရာသီဥတုအရမ်းမပူပြင်းပါကညတွင်နယ်ထားပြီးအပွခံထားကာမနက်မှပြန်နယ်အပွခံကာပြုလုပ်နိုင်ပါတယ်။
❀ ရေခဲသေတ္တာအလွန်မအေးသောအထပ်တွင်လည်းထားနိုင်ပြီးကျန်လုပ်နည်းအဆင့်များအားလုံးတူတူပင်ဖြစ်ပါတယ်။