Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဓာတ်သတ္တု(ရွှေ) ရည်ညွန်းဈေး ကျပ် ၅၅ သိန်းကျော် သတ်မှတ်
သိပ်သည်းဆ ၁၉ ဒသမ ၂၅ နှင့် အထက်ရှိသော စံချိန်မီရွှေတစ်ကျပ်သား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်၏ ဈေးနှုန်း ကျပ် ၅၅ဝဝဝဝဝ ဖြစ်ကြောင်း ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထားကြောင်းသိရသည်။
စံချိန်မီရွှေတစ်ကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်)၏ ဈေးနှုန်းမှာ ဖေဖော်ဝါရီ ၁၈ ရက်က ကျပ် ၅၄၉ဝဝဝဝ မှ အနည်းငယ် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် န်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ) အရ ပြည်ထောင်စုအစိုးရအဖွဲ့က အပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံး၍ ဓာတ်သတ္တု (ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ပြီးနောက် နေ့စဉ် ရွှေရည်ညွှန်းဈေးနှုန်းအား သတ်မှတ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စံချိန်မီရွှေရည်ညွှန်းဈေးအတိုင်း ရောင်းဝယ်ခြင်းမရှိသူများနှင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားမှု မရှိသူများ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။
New legislation being introduced to Parliament next week is set to see child exploitation and cuckooing become specific criminal offences.
၁=အသီးအရွက်များကိုပုံပါအတိုင်းလှီးထားပါ။
ကြက်သွန်ဖြူဓါးပြားရိုက်ထားပါ။
၂=ကြက်ဥတစ်လုံးခေါက်ထားပြီးကြော်ထားပါ(ကိုယ့်ကြက်ဥကတော့တစ်လုံးထဲမှာအနှစ် ၂လုံးပါလို့များသွားတာပါ)
၃=ကြာဇံကိုရေနွေးစိမ်ထားပါ၊ရေနွေးအေးသွားရင်ဆယ်ပြီးဇကာဖြင့်စစ်ထားပါ။ ရေစစ်သွားလျှင်ပဲငံပြာရည်၊ဆား၊ငရုပ်ကောင်းမှုန့်၊အရသာမှုန့်၊ကြက်ဥကြော်ထားသောဆီ
ထမင်းစားဇွန်း၁ ဇွန်းခန့်ထည့်၍နယ်ထားပါ။
၄=ဒယ်အိုးထဲဆီထည့်ပြီးဆီပူလာလျှင်ကြက်သွန်ဖြူထည့်ပါ ။အနံ့မွှေးလာလျှင်
ကြက်သား(သို့)ဝက်သားကြိတ်သားထည့်မွှေပါ။
ကြက်သားအရောင်ပြောင်းလာလျှင်မှိုထည့်ပါ၊ဥနီထည့်ပါ။အရသာမှုန့်၊ဆားသကြား၊ပဲငံပြာရည်အကြည်တို့ထည့်ပါ။ကြက်ဥကြော်၊
ငရုပ်ပွနှင့်ကြက်သွန်မိတ်ထည့်ပါ။အသီးအနှံများနူးလျှင်ကြာဇံထည့်ပါ။မကပ်အောင်မွှေပြီး ၊ကပ်လျှင်ရေအနည်းငယ်ထည့်ပေးပါ။
(မကပ်တည့်အိုးကပိုအဆင်ပြေပါတယ်)
ကြာဇံမကြေအောင်အသာမွှေပေးပါ။အရသာမြည်းပြီးအဆင်ပြေရင်ရပါပြီ။
#မူရင်းပိုင်ရှင်ကိုcreditပေးပါတယ်ရှင်။
၆ ။ ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်စေခြင်း ။ ရုံးပတီသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကfree radicalတွေကို တိုက်ထုတ်ရာမှာတော်တော့်ကို အထောက်အကူပြုပါတယ်။ ရုံးပတီသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းကိုတိုးတက်စေနိုင်ပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကိုသွေးဖြူဥဆဲလ်တွေကို ထုတ်လွှတ်ပေးဖို့ လှုံ့ဆော်ပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။
၇ ။ သွေးပေါင်ချိန်ကိုကျဆင်းစေနိုင်ခြင်း ။ ရုံးပတီသီးမှာ လူ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်ဆီယမ် အပါအဝင် ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်ဆီယမ်က ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးတာကြောင့်ကိုယ်တွင်းအရည် ဓါတ်ကို ဟန်ချက်ညီအောင်ထိန်းညှိပေးရာမှာ အရေးပါလှပါတယ်။ ပိုတက်ဆီယမ်ကသွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေကိုပြေလျော့စေနိုင်တာကြောင့်သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးသွေး ကြောစနစ်ကို တင်းအားလျော့ကျစေနိုင်ပါတယ်။သွေးကြောတွေထဲမှာသွေးခဲပိတ်ဆို့နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
၈ ။ အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း ။ အသည်းက ခန္ဓာကိုယ်တွင်းက အဆိပ် အတောက်ကိုပြေစေနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ရုံးပတီသီးက အသည်းကိုရောဂါတွေ မဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။လေ့လာမှုတစ်ရပ်မှာ ရုံးပတီသီးက ဓါတုပစ္စည်းတွေကြောင့် အသည်းအဆိပ်သင့်တာတွေကိုလျော့ပါးသက် သာစေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် free radicals တွေကြောင့် သည်းရောဂါဖြစ်ပေါ်ခ့စားရမှုကိုလျှော့ချပေးမှာဖြစ်ပါတယ်။ ရုံးပတီသီးက free radicals တွေကို တိုက်ထုတ်ပေးပြီး အသည်းရဲ့ ဆဲလ်အမြှေးပါးတွေကိုလည်း ကျန်းမာအောင် ထိန်းညှိပေးပါတယ်။
၉ ။ အာရုံကြောထိခိုက်ပျက်စီးမှု ဖြစ်နိုင်ခြေတွေကို လျော့ပါးသက်သာစေနိုင်ခြင်း ။ ရုံးပတီသီးက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေတွေကိုလျှော့ချပေးနိုင်ပါတယ်။ oxidative stressတွေကြောင့်ဖြစ်တဲ့ အာရုံ ကြောဆိုင်ရာရောဂါတွေမဖြစ်ပေါ်အောင်လည်းကာကွယ်ပေးပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် အာရုံကြောဆိုင်ရာရောဂါတွေဖြစ်ပေါ်ခံစားရမှုကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
၁၀။ ရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ခြင်း ။ ရုံးပတီသီးမှာပါတဲ့ lectin isolated ကရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ လို့လေ့လာမှုတစ်ရပ်အရသိရပါတယ်။ ရင်သားကင်ဆာအကျိတ်ဆဲလ်တွေရဲ့ကြီးထွားမှုကို ၆၃ ရာခိုင် နှုန်းအထိလျော့ချပေးနိုင် ပါတယ်။
အမျိုးသမီး ၈ ဦးမှာ ၁ ဦးက ရင်သားကင်ဆာရောဂါကို ခံစားကြရပါတယ်။နေ့စဉ်စားသုံးမယ့် အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့် သွင်းစားသုံးပေးမယ်ဆိုရင် ရင်သားကင်ဆာ ခံစားရနိုင်ခြေကို သိသိသာသာလျော့ကျစေ နိုင်မှာဖြစ်ပါတယ်။
၁၁။ ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်ခြင်း ။ ရုံးပတီသီးက ပန်းနာရင်ကျပ်ဝေဒနာသည်တွေအတွက်လည်း အကျိုးပြုပါတယ်။ ဘာကြောင့်လဲဆိုတာကို တိတိကျကျ မသိရသေးပေမယ့် ရုံးပတီသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်မှုက အသက်ရှုလမ်း ကြောင်းအတွက် အထောက် အကူပြုတာဖြစ်တယ်၊လို့သိရပါတယ်။
သတိပြုရမယ့်အချက်များ
ရုံးပတီသီးစားမယ်ဆိုရင် သတိထားရမယ့်အချက်တစ်ချက်က ရုံးပတီးသီးမှာ oxalate ပမာဏများစွာပါဝင်တယ်ဆိုတာပဲဖြစ်ပါတယ်။ oxalate က သည်းခြေကျောက်တည်တာနဲ့ကျောက်ကပ်ကျောက် တည်တဲ့ ဝေဒနာခံစားနေရသူတွေမှာ ကျောက်တွေကို ကြီးလာစေပြီးရောဂါအခြေအနေကိုတိုးစေနိုင်ပါတယ်။ ရုံးပတီသီးကို ကြော်စားတာက ကိုလက်စထရော ပမာဏကိုတိုးစေနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုလက်စထရောပမာဏကို ထိန်းညှိချင်တယ်ဆိုရင် ရုံးပတီသီးကို မကြော်စားမိဖို့တော့ သတိထားရမှာ ဖြစ်ပါတယ်။