နေပြည်တော်စည်ပင်၊ စက်ရုံနှင့်
မော်တော်ယာဉ်ဌာနမှ ရေဆိုး(မိလ္လာ)
သန့်စင်ခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့်
ဝန်ဆောင်ခ နှုန်းထားများ
#givjob


ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နေပြည်တော်စည်ပင်၊ စက်ရုံနှင့်
မော်တော်ယာဉ်ဌာနမှ ရေဆိုး(မိလ္လာ)
သန့်စင်ခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့်
ဝန်ဆောင်ခ နှုန်းထားများ
#givjob
ချဲလ်ဆီးအသင်းနည်းပြအန်ဇိုမာရက်စကာက အသင်းဆီကစားသမားတယောက်တလေမျှဝင်ရောက်လာခြင်းမရှိပေမဲ့လည်း ဒီဇန်နဝါရီစျေးကွက်ကာလမှာအသင်းရဲ့ပုံစံအနေအထားကိုကျေနပ်နေတာဖြစ်ပါတယ်။
ခြင်္သေ့ပြာအသင်းဟာဆောင်းရာသီကာလစျေးကွက်မှာ အသင်းဆီကစားသမားတဦးတယောက်မျှခေါ်ယူခြင်းမရှိခဲ့တာဖြစ်ပါတယ်။အသင်းဆီကနေလက်လွှတ်ခဲ့တဲ့ကစားသမားအများအပြားရှိကာ ရေနာတိုဗီကာ၊အန်ဆေလ်ဒီဆာဆီနဲ့ဘန်ချီဝဲလ်တို့ဟာ အငှား သို့မဟုင်္တအပြီးသတ်နဲ့ထွက်ခွာခဲ့ကြပီး မူဒရစ်ဟာလည်းလက်လွှတ်ခံရမဲ့အထဲပါနေပါသေးတယ်။
ဒါပေမဲ့လည်းမာရက်စကာက သူ့အနေနဲ့ဒီအပြောင်းအရွှေ့စျေးကွက်ကာလမှာအရာအားလုံးဟာစကားပြောဆိုပြီးခဲ့ပြီးအကုန်စီစဉ်ပြီးသားဖြစ်တာကြောင့်အသင်းရဲ့ပုံစံကိုကျေနပ်ကြောင်းအတည်ပြုပြောဆိုလာခဲ့ပါတယ်။
အရာအားလုံးဟာ စီစဉ်ထားတဲ့အတိုင်းအကုန်ဖြစ်လာခဲ့ပြီးပါပြီ။ကျနော့်အတွက်ရောကလပ်အသင်းအတွက်ရောပါ။ငါတို့မှာတိုရက်ခ်ဂျော်အနေနဲ့စွမ်းဆောင်ရည်ကောင်းတွေလုပ်ဆောင်နေပြီးတခါတလေမှာလည်းငါတို့အနေနဲ့ မတူကွဲပြားတဲ့လမ်းကြောင်းရှာဖွေနိုင်ဖွယ်ရှိပါတယ်။ကျနော့်မှာပျော်ရွှင်မှုရှိပြီးစျေးကွက်ကာလလည်းပိတ်သိမ်းသွားပြီဖြစ်ပါတယ်။
တချို့သူတွေကတော့ငါတို့နဲ့ရာသီကုန်အထိအတူရှိသွားမှာဖြစ်ပါတယ်။တချို့တွေကတော့အသင်းကနေထွက်ခွာသွားမှာပါ။သူတို့တွေဟာ ပြောင်းရွှေ့ထွက်ခွာနိုင်တယ်ဆိုတာငါတို့အားလုံးမြင်တွေ့ရမှာပါလို့ မာရက်စကာကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
ဗန်းမော်တိုက်ပွဲ နှစ်လကြာမြင့်လာပေမယ့် ဆက်လက်ပြင်းထန်နေ
ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးနဲ့ ခြေလျင်တပ်ရင်း (ခလရ - ၂၃၆) ဘက်မှာ စစ်ရေးပြင်းထန်နေကာ နစကတပ်က လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်လို့ သိရပါတယ်။
“ဗန်းမော်တိုက်ပွဲက ရပ်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ ဖြစ်နေတာ အခုဆို နှစ်လပြည့်သွားပြီပေါ့။ ဒီတိုက်ပွဲကာလမှာ လူထိခိုက်၊ သေဆုံးမှုတွေလည်း များတယ်။ နောက် ဖေဖော်ဝါရီ ၂ ရက်နေ့ကတော့ KIA ဘက်က အမြောက်တပ် (အမတ - ၃၆၆) ကို သိမ်းလိုက်တာရှိတယ်။ အဲဒီနောက်ပိုင်း တိုက်ပွဲက အရင်ကထက်ပိုပြီး ပြင်းထန်လာတာ။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကတော့ အဆက်မပြတ်ကို ရှိနေတာပေါ့။ မြို့ထဲမှာဆို အိမ်တွေ၊ အဆောက်အအုံတွေက ကုန်သလောက် ဖြစ်နေပြီ။ ဗန်းမော်တိုက်ပွဲ ပြင်းထန်လေလေ၊ ဗန်းမော်မြို့က ထိခိုက်ပျက်စီးမှု များလေလေပါပဲ” လို့ ဗန်းမော်မြို့၊ ပင်စင်ကုန်းရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က KIA ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ အမြောက်တပ် (အမတ - ၃၆၆) ဟာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ - ၂၁) အနီးမှာရှိတဲ့ တပ်ဖြစ်တာကြောင့် စကခ - ၂၁ ကို သိမ်းနိုင်ဖို့အတွက် အရေးပါတဲ့ တပ်စခန်းတခု ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ တိုက်ပွဲကာလအတွင်း KIA ပူးပေါင်းတပ်က သံချပ်ကာတပ်ရင်း၊ အမြောက်တပ်နဲ့ ဗန်းမော်လေဆိပ်တို့ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဗန်းမော်ဒေသခံ တသိန်းဝန်းကျင်ဟာ မန္တလေး၊ ဒေါ့ဖုန်းယန်၊ မိုးမောက်၊ မံစီ စတဲ့ မြို့နယ်တွေမှာ တိမ်းရှောင်နေရပြီး
နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ အခက်အခဲတွေ ရှိနေတယ်လို့ အဲဒီ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။
“တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့သူတွေအတွက် အကူအညီတွေ လိုအပ်နေသလို၊ လက်ရှိအချိန်အထိ ဗန်းမော်မြို့ထဲ ပိတ်မိနေတဲ့ ဒေသခံတွေလည်း ရှိနေသေးတော့ သူတို့တွေအတွက်လည်း စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်။ လုံခြုံရေးအခြေအနေက လုံးဝကို စိတ်ချလို့မရတဲ့ အနေအထားလို့ ပြောလို့ရတယ်။ ဒီအချိန်မှာ ဗန်းမော်အတွက်က အကူအညီတွေကတော့ အဘက်ဘက်က လိုအပ်နေတာပါပဲ” လို့ သူက ပြောပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ဟာ နစကရဲ့ အမှတ် (၂၁) စစ်ဆင်ကွပ်ကဲမှုဌာနချုပ် အခြေစိုက်ရာမြို့ဖြစ်ပြီး ခလရ (၂၃၆ ၊ ၄၇) ၊ အမြောက်တပ်တွေဖြစ်တဲ့ အမတ (၃၃၆ ၊ ၃၀၄) နဲ့ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ (၅၀၁၄) တင့်ကားတပ်တို့အပြင် လက်ရုံးတပ်ရင်း ငါးခုလောက် အခြေစိုက်ထားတဲ့ မြို့တမြို့ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဗန်းမော်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော KIA ဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒါအပြင် ဒီရက်ပိုင်းတွေမှာ မြစ်ကြီးနားမြို့ (အထက်ပိုင်း) ရှိ မြစ်ဆုံနဲ့ ပူတာအိုလမ်းမှာ နစကဘက်က အင်အားတိုးမြှင့်လာတာတွေရှိသလို မြစ်ကြီးနား၊ ဝိုင်းမော်ဘက်မှာလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo:CJ
#centralnewsnaypyitaw
ယူကရိန်း၏ နိုင်ငံရေးအသိုင်းအဝိုင်း ပြန်လည်အသက်ဝင်လာ
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၅
၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်း၏ နိုင်ငံရေးသမား များသည် စစ်အုပ်ချုပ်ရေး အမိန့်အောက်တွင် ငြိမ်သက်ခဲ့ရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
သို့သော် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်း၏ လက်ထက်တွင် ယူကရိန်-ရုရှား စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ပေးမည်ဟု ပြောကြားခဲ့သဖြင့် ယူကရိန်းနိုင်ငံရေးလောကသည် အနည်းငယ် ပြန်လည် အသက်ဝင်လာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံရေးသမားများက သမ္မတဇာလန်းစကီး (Volodymyr Zelenskiy) သည် စစ်ပွဲထက် ရွေးကောက်ပွဲများကို အာရုံပိုစိုက်နေကြောင်း စွပ်စွဲခဲ့သည်။
“ထရမ့်နဲ့ လုပ်စရာရှိတာကတော့ ဆွေးနွေးညှိနှိုင်းမှုတွေပါပဲ။ ဒီလုပ်ဆောင်မှုတွေဟာ ပြည်တွင်း နိုင်ငံရေးလောက ပြန်လည်လှုပ်ရှား အသက်ဝင်လာတယ်ဆိုတာကို ပြသနေပါတယ်”ဟု ကိယက်ဗ်အခြေစိုက် နိုင်ငံရေးလေ့လာ သုံးသပ်သူ ဗိုလိုဒီမာ ဖက်ဆန်ကို (Volodymyr Fesenko) က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်၏ အစိုးရအဖွဲ့က ယူကရိန်းကို ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူပြီး နှစ်ကုန်ပိုင်း၌ သမ္မတရွေးကောက်ပွဲ ကျင်းပစေလိုကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းသမ္မတဟောင်းဖြစ်ပြီး အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သည့် ပက်ထရို ပိုရိုရှန်ကို (Petro Poroshenko) ကလည်း မကြာသေးမီ သီတင်းပတ်များအတွင်း ပြည်ပခေါင်းဆောင်များနှင့် လက်ဆွဲနှုတ်ဆက် နေပုံများ ထွက်ပေါ်လာခဲ့သည်။
ပိုရိုရှန်ကိုကမူ ရွေးကောက်ပွဲထက် စစ်ပွဲကို အနိုင်ရရှိရေးက ပိုပြီးအရေးကြီးကြောင်း ပြောဆိုခဲ့ပြီး ၎င်း၏ အတိုက်အခံပါတီဖြစ်သည့် ဥရောပစည်းလုံးညီညွတ်ရေးပါတီကမူ ဇာလန်းစကီးသည် ပိုရိုရှန်ကိုကို လွှတ်တော်မှ တားဆီးရန် ကြိုးပမ်းနေပြီး စစ်ပွဲကို အနိုင်ရရှိရေးထက် ရွေးကောက်ပွဲ ပြုလုပ်ရန်သာ တွန်းအားပေး လုပ်ဆောင် နေကြောင်း စွပ်စွဲခဲ့သည်။
ယူကရိန်းဝန်ကြီးချုပ်ဟောင်းဖြစ်သည့် ယူလီယာ တီမိုရှန်ကို (Yulia Tymoshenko) ကလည်း ပြီးခဲ့သည့်နှစ် မေလက ယူကရိန်း၏ ခံစစ်ပိုင်း အားနည်းမှုအတွက် စစ်ဗိုလ်ချုပ်ကြီး တစ်ဦးအား ဖမ်းဆီးခဲ့သည့် ဇာလန်းစကီး၏ အစိုးရအဖွဲ့ကို ဝေဖန်ခဲ့သည်။
သမ္မရွေးကောက်ပွဲတွင် အဓိကစိန်ခေါ်သူ တစ်ဦးဖြစ်လာနိုင်သည့် ကိယက်ဗ် (Kyiv) မြို့တော်ဝန် ဗစ်တလီ ကလက်စရှ်ကို (Vitali Klitschko) ကလည်း ဇာလန်းစကီး ခန့်ထားသည့် ကိယက်ဗ်မြို့ စစ်အုပ်ချုပ်ရေးမှူးသည် မိမိတို့ အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များကို လမ်းလွဲအောင်လုပ်နေကြောင်း စွပ်စွဲခဲ့သည်။
Source: ရိုက်တာ
ပုံ - ယူကရိန်းသမ္မတဇာလန်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကို တွေ့ရစဉ်
#သတင်းဟင်းလေးအိုးကြီး
ဆောင်းမြေပဲများ စတင်ရိတ် သိမ်းရာ အထွက်နှုန်းကောင်း၊ ဈေးကောင်းရနေ
ဆောင်းမြေပဲများ စတင်ရိတ် သိမ်းရာ အထွက်နှုန်းကောင်း၊ ဈေးကောင်းရသဖြင့် တောင်သူ များအဆင်ပြေကြောင်း မြေပဲစိုက် တောင်သူများထံက သိရသည်။
ဧရာ၀တီမြစ်အတွင်း မြေနု ကျွန်းကျေးရွာများတွင် အဓိက စိုက်ပျိုးသည့် ဆောင်းမြေပဲများကို စက်တင်ဘာလကုန်ပိုင်းက စတင် စိုက်ပျိုးရာ ဇန်နဝါရီလကုန်ပိုင်း တွင်စတင် ရိတ်သိမ်းနေပြီဖြစ် ကြောင်း၊ ယခုနှစ် ဆောင်းစိုက် မြေပဲမှာ တစ်ဧကအထွက်နှုန်း မြေပဲတင်း ၅၅-၆၀ ခန့်ထွက်ရှိ ကြောင်း၊ လက်ရှိ မြေပဲဆန်တစ် ပိဿာ ငွေကျပ် ၈၆၀၀ခန့် ပေါက် ဈေးရှိသောကြောင့် တစ်ဧကငွေ ကျပ် ၁၀သိန်းခန့် အကျိုးအမြတ် ရရှိကြောင်း ပုသိမ်ကြီးမြို့နယ် သံဘိုကျွန်းကျေးရွာမှ မြေပဲစိုက် တောင်သူ ဦးခင်မောင်ရင်က ပြောသည်။
`` ဆောင်းမြေပဲများစတင် ရိတ်သိမ်းနေပါပြီ တစ်ဧကမြေပဲ တင်း ၅၅-၆၀ လောက်တော့ ထွက်ရှိပါတယ်။ အစေ့အဆန် လည်းအောင်ကြပါတယ်။ မကွေး အထွက်တိုးနီမျိုးကို စိုက်ပျိုးပါ တယ်။ တစ်ဧကစိုက်ပျိုးစရိတ် ငွေကျပ်လေးသိန်းလောက် ကုန် ပါတယ်။ လက်ရှိ ပေါက်ဈေးက မြေပဲဆန် တစ်ပိဿာ ငွေကျပ် ၈၆၀၀ ပေါက်ဈေးနဲ့ တွက်ရင်ငွေ ကျပ် ၁၀ သိန်းလောက်တော့ အမြတ် ကျန်ပါတယ်။ ဒီနှစ်က ကန်စွန်းဥက ဈေးအကောင်းဆုံးဖြစ် တော့ တောင်သူတွေ အဆင်ပြေ သလို မြေပဲဆန်ကလည်းအထွက် နှုန်းကောင်းတော့ တောင်သူတွေ အဆင်ပြေပါတယ်´´ ဟု ၎င်းက ပြောသည်။
ဧရာ၀တီမြစ်အတွင်းရှိ မြေနုကျွန်းကျေးရွာများတွင် ယခု နှစ် ကန်စွန်းဥနှင့် ဆောင်းမြေပဲကို အဓိကစိုက်ပျိုးကြပြီး ကန်စွန်းဥ မှာ ယခုနှစ်ဈေးကောင်းရရှိကြရာ တစ်ဧက ငွေကျပ် သိန်း ၄၀-၅၀ ခန့် အကျိုးအမြတ်ရရှိသလို ဒုတိယသီးနှံဆောင်းမြေပဲမှာလည်း အထွက်နှုန်းနှင့် ဈေးကောင်းရရှိ သောကြောင့် မြေပဲတစ်ဧကလျှင် ငွေကျပ် ၁၀သိန်းခန့် အကျိုး အမြတ်ရရှိကြကြောင်း သိရသည်။
ရွှေမန်း
မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။
၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်စဉ်က မီးခိုးတွေဟာ အမြင့် မီတာ ၅၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လေတိုက်ရာဘက်ကို လွင့်ပါကာ ရန်ကုန်မြို့နယ်အချို့မှာ လေထုညစ်ညမ်းမှု ကြီးကြီးမားမားဖြစ်ခဲ့ပါတယ်။
လယ်ယာတွေ မီးရှို့တဲ့အခါမှာလဲ ဧရိယာကျယ်ပြန့်ရင် ကျယ်ပြန့်သလို မီးခိုးထွက်လာတာများပြီး နီးစပ်ရာ တိုင်းဒေသ/မြို့/ရွာတွေအထိ မီးခိုးတွေရောက်တယ်၊ လေထုညစ်ညမ်းမှုကိုမြင့်မားစေပါတယ်။
#crd
#topicnews
၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်စဉ်က မီးခိုးတွေဟာ အမြင့် မီတာ ၅၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လေတိုက်ရာဘက်ကို လွင့်ပါကာ ရန်ကုန်မြို့နယ်အချို့မှာ လေထုညစ်ညမ်းမှု ကြီးကြီးမားမားဖြစ်ခဲ့ပါတယ်။
လယ်ယာတွေ မီးရှို့တဲ့အခါမှာလဲ ဧရိယာကျယ်ပြန့်ရင် ကျယ်ပြန့်သလို မီးခိုးထွက်လာတာများပြီး နီးစပ်ရာ တိုင်းဒေသ/မြို့/ရွာတွေအထိ မီးခိုးတွေရောက်တယ်၊ လေထုညစ်ညမ်းမှုကိုမြင့်မားစေပါတယ်။
#crd
#topicnews
၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်စဉ်က မီးခိုးတွေဟာ အမြင့် မီတာ ၅၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လေတိုက်ရာဘက်ကို လွင့်ပါကာ ရန်ကုန်မြို့နယ်အချို့မှာ လေထုညစ်ညမ်းမှု ကြီးကြီးမားမားဖြစ်ခဲ့ပါတယ်။
လယ်ယာတွေ မီးရှို့တဲ့အခါမှာလဲ ဧရိယာကျယ်ပြန့်ရင် ကျယ်ပြန့်သလို မီးခိုးထွက်လာတာများပြီး နီးစပ်ရာ တိုင်းဒေသ/မြို့/ရွာတွေအထိ မီးခိုးတွေရောက်တယ်၊ လေထုညစ်ညမ်းမှုကိုမြင့်မားစေပါတယ်။
#crd
#topicnews