42 ပတ် - ဘာသာပြန်ပါ။

ငါးငံပြာရည် ကြက်သား ပြုတ်နည်း...... ။
လုပ်ရတာ လွယ်ကူပြီး ကြက်ပြုတ်ရည်ထဲ ကွေ့တီယိုစင်းထည့်စားရင်တောင် အရသာအရမ်းရှိတယ်......။ 😋
လုပ်နည်းကတော့........
အိုးထဲမှာ ရေထည့်ပြီး ပဲငံပြာရည်အနောက် ထည့်ပါ။ ကြက်သွန်ဖြူ ၅-၆ မြွှာလောက် ထောင်းထည့်ပါ။
နံနံပင်အမြစ်ကို ထည့်ပါ။
ခရုဆီထည့်ပါ။
ငါးငံပြာရည်အစစ် ၃ ဇွန်းထည့်ပါ။
အရသာမှုန့် (အချိုမှုန့်) နည်းနည်းထည့်ပါ။
သကြား ၃ ဇွန်းထည့်ပါ။
ပြီးရင် ရေဆူလာတဲ့အထိ စောင့်ပြီး ဆေးထားတဲ့ ကြက်သားကို ထည့်ပြုတ်ပါ။ လိုသလို အရသာမြည်းကြည့်ပြီး ကြက်သားနူးတဲ့အထိ စောင့်ပါ။ ဒါဆို စားကောင်းတဲ့ ကြက်သား ငါးငံပြာရည်ပြုတ် ရပါပြီး........။
ကြက်ပြုတ်နှင့်တွဲစားရန် အချဥ်ရည်ကို သီးသန့်လုပ်ပြီး ပြင်ဆင်နိုင်ပါတယ်နော်.......။😍
အဆင်ပြေကြပါစေ.......။

image
42 ပတ် - ဘာသာပြန်ပါ။

ငါးသလောက်ပေါင်းအလွယ်ကူဆုံးနည်း

ငါးသလောက် တစ်ကောင်ကို အကြေးထိုး,
အူဖောက် သန့်စင်ပီး

ဆား,သကြား,အရသာမှုန့် နနွင်း,ရှောက်သီးတို့ဖြင့်နယ်၍ နာရီဝက်ခန့် နှပ်ထားပေးပါ။

ခရမ်းချဉ်သီး နှစ်ခြမ်းခြမ်းထားပါ။

ကြက်သွန်နီ နှစ်ခြမ်းခြမ်းထားပါ။

ကြက်သွန်ဖြူမွှာလေးများ မထူမပါး လှီးထားပါ။

ငါးသလောက် ပေါင်းပါတော့မယ်။

***

အိုးထဲဆီထည့်၍ ငရုတ်သီးအစိမ်းမှုန့် ထည့်မွှေပီးရင် အပူပေးပီး မီးခဏပိတ်ပါ။

နှစ်ခြမ်းခြမ်းထားတဲ့ ကြက်သွန်နီ ခရမ်းချဉ်သီးကို အောက်မှခံပြီး ခင်းပါမယ်။

ပီးရင် နှပ်ထားတဲ့ ငါးသလောက်များ တင်ပါမယ်။

ရေနွေးပူပူကို ငါးသလောက်မြုပ်အောင် ထည့်ပါမယ်။

မီးအားမပြင်းစေပဲ တည်ထားပါမယ်။ ရေခန်းရင် နောက်တစ်ရည် ထပ်ထည့်ရပါမယ်။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပါမယ်။

ရေခန်းခါနီး, အိုးချခါနီး ၁၅ မိနစ် အလိုမှာ ကြက်သွန်ဖြူခွဲခြမ်းလေးများ ထည့်ပေးပါ။

ဆီပျံလာရင် ငါးသလောက်ပေါင်းရပါပီ။

image
42 ပတ် - ဘာသာပြန်ပါ။

အကယ် ၍ သင်ဟာ SeVen နဲ့ Zodiac Killer တို့လို ဘာသာရေးဆိုင်ရာ လူသတ်မှုရုပ်ရှင် တွေကို ကြိုက်ရင် True Detective Season 1 ကိုကြည့်ကိုကြည့်သင့်ပါတယ်။


Season 1 တစ်ခုလုံးကို Matthew McConaughey ( Rustin Cohle ) ရဲ့ လေယူလေသိမ်း ၊ အတွေးအခေါ် ၊ ကိုယ်ဟန်လှုပ်ရှားမှု တွေကပဲ Carry သွားတာပါ။

စုံထောက်စီးရီးစစ်စစ် ဖြစ်တဲ့အတွက် အမှုအသွားအလာ ၊ သဲလွန်စရှာဖွေတာတွေကို အဓိကထားရိုက်ကူးပြထားတာကြောင့် တိုက်တာခိုက်တာ ၊ ကြမ်းမှရမ်းမှကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး ။

image
42 ပတ် - ဘာသာပြန်ပါ။

တစ်ကားလုံးရဲ့ အဓိကက Key ဟာ Murph ရဲ့နာရီဖြစ်ပါတယ် ။ Cooper ဟာ Quantum Data တွေကို Murphရဲ့လက်ပတ်နာရီဆီသို့ Morse ကုဒ်နဲ့ပို့ခဲ့တာပါ။
Quantum Data တွေကတော့ အလင်းရဲ့အချိန်နဲ့သွားရင် (သို့မဟုတ်) Black Hole အနားကဖြတ်သွားရင် ၊ Black Hole အနားမှာရှိနေရင် Time Dilation ဟာပြောင်းလဲသွားမှာပါ။

image
42 ပတ် - ဘာသာပြန်ပါ။

Man will be man.

image
42 ပတ် - ဘာသာပြန်ပါ။

Leonardo DiCaprio ရဲ့ပြောစကားအရသူ့ဘဝတစ်လျှောက်ရိုက်ကူးဖူးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ
The Revenant ရုပ်ရှင်ဟာအခက်ခဲဆုံးပါတဲ့ ။

image
42 ပတ် - ဘာသာပြန်ပါ။

Tommy Shelby ဟာ World War I မှာ Sergeant Major ရာထူးနဲ့ ရှေ့တန်းမှာ မြေအောက်တူးမြောင်းတူးဖော်ရေး Unit မှာ ထိပ်ဆုံးကနေဦးဆောင်ခဲ့ပါတယ် ။
တပ်တွင်းအလေ့အကျင့် ၊ မဲမှောင်ကျဥ်း‌‌မြောင်းပြီး
သေနတ်ပစ်ခွင့်မသာတဲ့ မြေအောက်တူးမြောင်းမှာ လက်နဲ့သာတိုက်ခိုက်ရခြင်းတို့ကြောင့် Tommy Shelby ဟာ သူတို့ညီအကိုတွေကြားမှာ Hand to Hand အကောင်းဆုံးဖြစ်နေတာပါ ။

image

\ ONE PIECE \ Season 2 Trailer Teaser (2025)

42 ပတ် - ဘာသာပြန်ပါ။

အခွေဆိုင်မှာ အခွေရွေးခဲ့ကြတဲ့ အချိန်များ
အခုခေတ်ကလေးတွေမသိတော့တဲ့ အရာတွေထဲမှာ အခွေရွေးဝယ်ရတာလဲ အမှတ်တရတစ်ခုလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။
အခွေရွေးဝယ်ကြတဲ့ ခေတ် အားကောင်းခဲ့တာက အခုထိလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ တလောက India မှာ လူတစ်ယောက်ဆို တစ်ဆိုင်လုံးကို အခွေတွေနဲ့ အလှဆင်ထားတာမျိုးတစ်ခုတော့ တွေ့လိုက်တယ်။ အခွေတွေကတော့ Original တွေရော ခိုးကူးတွေရောကြိုက်တဲ့ ဇာတ်ကားမေးအကုန်ရှိတာဆိုမျိုးတွေက ရုပ်ရှင်ရူးတဲ့သူတွေအတွက်ကတော့ ရွှေဆိုင်လို့မြင်မှာအမှန်ပါပဲ။ မြန်မာမှာကတော့ အခွေဆိုင်တွေရှိတော့ရှိပါတယ်။ ဒါပေမယ့် Online Platform တွေပေါ်လာတော့ DVD စက်နဲ့ TV တွေလည်း ဖုန်တက်နေရောပေါ့။
ကျွန်တော်ကတော့ အခွေနဲ့ကြည့်ရတာ အခုထိကြိုက်တုန်းလားဆို ကြိုက်တုန်းပဲလို့ဖြေရမယ်။ ဖုန်းတို့ Laptop တို့နဲ့ကြည့်ရင်တောင် စိတ်က မထင်ရင် မထင်သလို Social ပေါ်ရောက်ရောက်သွားတက်တော့ ဇာတ်ကားတစ်ကားရဲ့ ရသတွေ တစ်ခါတစ်လေ မခံစားတက်ရတာတွေရှိလာပါတယ်။ ဒါပေမယ့် TV နဲ့ကြည့်ပြန်တော့ Social သုံးဖို့ မေ့နေတာမျိုးတွေရှိပြန်ပါတယ်။ TV နဲ့ရုပ်ရှင်ကြည့်နေရင် TV ကကြီးတော့ ဇာတ်လမ်းလည်း ပိုမှတ်မိလွယ်သလို တစ်ခုခုနဲ့တွဲပြီး မှတ်ထားလို့ရတော့ တစ်ခါတစ်လေဆို TVနဲ့ရုပ်ရှင်ကြည့်လိုက်တာပိုများပါတယ်။ ဥပမာ မိုးရွာနေတုန်းဆိုရင် Disney ကာတွန်းလေးတွေ ကြည့်ဖြစ်တာမျိုးတို့၊ နွေရာသီပူပူမျိုးဆိုရင် Action ကားမျိုးတွေ စသဖြင့် တွဲပြီးမှတ်ထားလို့ရတဲ့ ရသတစ်မျိူးတော့ TV နဲ့ကြည့်ရင်တော့ ကျွန်တော့ခံစားရတယ်ဗျ။ ဒါကလည်း ကျွန်တော့် တစ်ဦးတည်းအမြင်ပါ။
ပြန်ဆက်ရရင် အခွေဆိုင်နဲ့ ရင်းနှီးသွားခဲ့တာက Power Rangers ကားတွေကနေစတာပဲ။ ငယ်ငယ်တုန်းက Power Rangers ကားတွေကတော့ အသေရူးခဲ့ဖူးတဲ့ အချိန်ပေါ့။ ဇာတ်ကားတွေကြည့်ပြီး ကျောင်းသွားရင် သူငယ်ချင်းတွေကြားထဲမှာ လေဖုတ်စရာ အကြောင်းအရာတစ်ခုရတာပေါ့ဗျာ။ တစ်ခါတစ်လေကျရင်လည်း တစ်တန်းလုံးကလူတွေ အကုန်လုံး အနီကောင်လုပ်ချင်တာမျိုးတွေ၊ Superman က ဘယ်လောက်ကြမ်းတာမျိူးတွေ စတာတွေပြောရင်းနဲ့ ပျော်ခဲ့ရွှင်ခဲ့ကြတာပေါ့ဗျာ။
နောက်ပြီး အခွေတွေပေါ်က နာမည်တွေက အဲ့ခေတ်အနေနဲ့ ပြန်တွေးကြည့်ရင် ရယ်ချင်စရာကြီးဗျ။ ဥပမာ- မိန်းမထောင်ကားစုစည်းမှုတို့ သမန်းဝံပုလွေညီနောင်တို့ လေဆန်တိုးမယ့် မညိုးပန်းတို့ အချစ်စံအိမ်တို့ F4 ချစ်သူတို့ ကော်ဖီချစ်သူ၊ ရာဇဝင်ထဲက ဂျူမုံ ၊ မြို့ပြမုဆိုး နောက်ပြီး Supernatural ပေါ်တုန်းက နာမည်မခေါ်တက်လို့ ဝိဇ္ဇာညီအကို စသဖြင့် အများကြီးခေါ်ခဲ့ကြတယ်ပေါ့ဗျာ။ ပြီးတော့ ရွာဘက်တွေမှာ အလှူတွေရှိရင်လည်း Sound Box လာငှားရင်းနဲ့ အခွေတွေပါ တွဲဝယ်ကြတာဆိုတော့ ပြန်တွေးကြည့်ရင် လွမ်းစရာတွေကြီးပါပဲ။
မိတ်ဆွေတို့ရော ဘယ်လို နာမည်တွေနဲ့ အခွေမျိုးတွေ ဝယ်ခဲ့ဖူးလည်း ကျွန်တော်ကတော့ အိမ်က ကိုရီးယားကြိုက်လို့ ခဏခဏသွားဝယ်ရဖူးပါတယ်။

image
42 ပတ် - ဘာသာပြန်ပါ။

ဒီနေ့မှာ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်တစ်ချို့နဲ့ ကြည့်ပြီးရင်လည်း တစ်ယောက်နဲ့ တစ်ယောက် မခေါ်နိုင် မပြောနိုင်လောက်တဲ့ အထိ ဖြစ်စေမယ့် ရုပ်ရှင်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အတွဲမရှိတဲ့သူတွေကတော့ 500 Days of Summer, Past Live တို့လို ကားမျိုးတွေကို အထူး Recommend ပေးပါတယ်။

image