42 ပတ် - ဘာသာပြန်ပါ။

မိမိသည်သာ မိမိ၏ကယ်တင်ရှင်
🙏🙏🙏🙏🙏🙏🙏🙏
ဘဝဆိုး မကျရောက်မိရန်
မိမိ၏ စေတနာဆိုးဖြင့်
တစ်ဖက်၏အကျိုး
ထိခိုက်ပျက်ပြားစေမှု မပြုကျင့်မိရန်
မိမိစိတ် မိမိထိန်းသိမ်းခြင်းဖြင့်
မိမိကိုယ်မိမိ ကယ်တင်ခြင်းသည်လည်းကောင်း …
ဘဝကောင်း လက်ရမိရန်
မိမိရှိ စေတနာကောင်းဖြင့်
တစ်ဖက်၏ကောင်းကျိုး သယ်ပိုးပေးတတ်ရန်
မိမိစိတ် မိမိနိူးဆော်ခြင်းဖြင့်
မိမိကိုယ်မိမိ ကယ်တင်ခြင်းသည်လည်းကောင်း …
ကိုယ်ကိုယ်တိုင်သာ တတ်စွမ်းနိုင်ချေရာ
မိမိသည်သာ မိမိ၏ ကယ်တင်ရှင်ဖြစ်ကြောင်း
ကောင်းကောင်းကြီး သဘောပေါက်ပါလေ …
ထို့ကြောင့် ....
သူ့တစ်ကိုယ်ကောင်း
မဖျက်စီးမိရန် သီလဖြင့် ထိန်းသိမ်းပါ။
သူ့တစ်ကိုယ်ကောင်း
အားပေးရန် ဒါနဖြင့် တည်ဆောက်ပါ။
မိမိစိတ် သန့်ပြန့်စင်ကြယ်ရန်
သရဏဂုံဖြင့် ဆေးကြောပေးပါ။
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

image
42 ပတ် - ဘာသာပြန်ပါ။

လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ အရှင်ဘုရား 🙏🙏🙏

image
42 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼မဟာအောင်မြေ၌ ငလျင်ဒဏ်သင့်လေးထပ် အဆောက်အဦပြိုကျ
ငလျင်လှုပ်ခတ်မှုနှစ်လပြည့်သည့် ယနေ့(မေ ၂၈ ရက်) နံနက် ၁၀ နာရီတွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၌ ငလျင်ဒဏ်သင့်လေးထပ်အဆောက်အဦပြိုကျခဲ့ကြောင်း သီရိမာလာ(အရှေ့) အရန် မီးသတ်တပ်ဖွဲ့ထံမှသိရသည်။
အဆိုပါအဆောက်အဦမှာ မဟာအောင်မြေမြို့နယ် ၈၄ လမ်း၊ ၃၉ လမ်း x ၄၀ လမ်းကြားရှိ လေးထပ်အဆောက်အဦဖြစ်ပြီး ငလျင်ဒဏ်ကြောင့်ပြိုကျထားရာမှထပ်မံပြိုကျကာ အမျိုးသားတစ်ဦးခြေထောက်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်က မိုးသည်းထန်စွာရွာသွန်းပြီးချိန်တွင် ငလျင်ဒဏ်သင့်ဒေသများ၌ မြေပျော့ခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်သင့်ကြောင်း စံတော်ချိန်ဒစ်ဂျစ်တယ်နှင့်အင်တာဗျူးတွင်‌ အသိပေးနှိုးဆော်ထားသည်။
"ငလျင်ဒဏ်သင့်ဒေသတွေက သတိထားသင့်တယ်။ အဓိကမြေပျော့တာ။ မြေကျွံတာတွေဖြစ်တတ်တာကိုသတိထားရမယ်။ ကျွန်တော်တို့ ခြေထောက်အောက်မှာရှိနေတဲ့ မြေကြီးရဲ့လုံခြုံစိတ်ချရမှုက ငလျင်ဒဏ်ထိထားတဲ့ဒေသတွေမှာ မြေလွှာတွေဘယ်လောက်ပျက်တယ်ဆိုတာ အဲဒါလေးသတိထားဖို့လိုပါတယ်" ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်မတ် ၂၈ ရက်တွင် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိမြေငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်စုစုပေါင်း (၁၈၃) ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်သင့်တိုင်းနှင့်ပြည်နယ်ခြောက်ခုတွင် ယမန်နေ့(မေ ၂၇ ရက်) အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၈ ဦးရှိကြောင်း နစက ကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - East Thirimarlar Volunteer Fire Brigade

image

image

image
43 ပတ် - ဘာသာပြန်ပါ။

နောက်ကျောမှာဒဏ်ရာတွေ
ဘယ်လောက်များများ
အရှေ့မှာတော့$ကျော
တင်းတင်းပဲနေတယ်
ရင်ထဲကဒဏ်ရာတွေအပူ
သောကတွေကထုပ်ပြဖို့မှမဟုတ်တာ
ဖေးမကူညီမဲ့သူထက်ငါ့ ကိုဆွဲချမဲ့
သူတေက ပိုများတယ်
ရှေ့လျှောက်
အကြောတင်းတင်းပဲနေပါမယ်🤓
Don"t Care

43 ပတ် - ဘာသာပြန်ပါ။

Ukrainian President Volodymyr Zelenskyy will meet with new German Chancellor Friedrich Merz in Berlin on Wednesday as Ukraine seeks further military support amid a recent escalation in Russia's bombing campaign, despite U.S.-led efforts to end the war.

https://abcnews.go.com/Busines....s/wireStory/zelensky

43 ပတ် - ဘာသာပြန်ပါ။

တဖြည်းဖြည်းသိလာပြီ
အလေးအနက်ထားလွန်းတဲ့အခါ
တန်ဖိုးမဲ့လာတယ်ဆိုတာ
တဖြည်းဖြည်းသိလာပြီ
တချို့သောအရာတွေက တစ်သက်မှာ
တစ်ကြိမ်သာ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာ
တဖြည်းဖြည်းသိလာပြီ
လူဆိုတာ အတွင်းကျကျပေါင်းကြည့်မှ
ဖုံးကွယ်ထားတဲ့ စိတ်ရင်းကိုသိရတယ်ဆိုတာ
တဖြည်းဖြည်းသိလာပြီ
စိတ်ရင်းနဲ့ပြောဆို ဆက်ဆံသမျှ အရာတွေဟာ
တူညီသော တုန့်ပြန်မှုမရှိဘူးဆိုတာ
တဖြည်းဖြည်းသိလာပြီ
အသက်အရွယ်ရလာသည်နှင့်အမျှ
စစ်မှန်တဲ့မိတ်ဆွေတွေ ရှားလာပြီဆိုတာ
တဖြည်းဖြည်းသိလာပြီ
တစ်ယောက်တည်း အချိန်ဖြုန်းရတာဟာ
ပျင်းစရာကောင်းတဲ့ အလုပ်မဟုတ်ဘူးဆိုတာ
တဖြည်းဖြည်းသိလာပြီ
လူတွေရဲ့ အတောမသတ်နိုင်တဲ့
လောဘတွေအကြောင်း ပိုသိလာတယ်ဆိုတာ
တဖြည်းဖြည်းသိလာပြီ
စိတ်ချမ်းသာဖို့နဲ့ ကိုယ်ကျန်းမာနေဖို့က
ပထမဦးစားပေးရမယ့် အရာတွေဆိုတာ
တဖြည်းဖြည်းသိလာပြီ
ဘဝအတွက် နောက်ထပ်သင်ယူစရာတွေ
အများကြီးရှိသေးတယ်ဆိုတာ.................
#လွှမ်းရစ်ဖူး..Hlwan Yit Phoo

အမေရိကန်ထောက်ခံသော အဖွဲ့၏ ဂါဇာ အကူအညီပေးဝေမှုနေရာကို ပါလက်စတိုင်းလူအုပ်ကြီးဝင်စီးခဲ့
အငြင်းပွားဖွယ်ရာဖြစ်သော်လည်း အမေရိကန် နှင့် အစ္စရေးကထောက်ခံသော အဖွဲ့တစ်ဖွဲ့ က ဂါဇာတွင် လုပ်ငန်းများ စတင်ပြီး နောက်တစ်ရက်မှာပင် ၎င်းတို့ အဖွဲ့ က စားသောက်စရာအကူအညီပေးနေသော နေရာအား ထောင်ပေါင်းများစွာသော ပါလက်စတိုင်းလူမျိုးများက ဝင်စီးခဲ့ကြကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
ဂါဇာတောင်ပိုင်း ရာဖာမြို့ မှ ဂါဇာလူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်း (GHF) ခြံဝင်း မှ ဖြိုချထားသော စည်းရိုးများနှင့် မြေကတုတ်အတားအဆီးများအား လူအုပ်ကြီးက ကျော်လွှားသွားသည်ကို ဗီဒီယိုများတွင် မြင်တွေ့ရသည်။
အကူအညီတောင်းခံသူများ များပြားလွန်းသောကြောင့် အကူအညီပေးခြင်းကို နောက်ဆုတ်ခဲ့ရကြောင်း ယင်းဖောင်ဒေးရှင်းက ပြောကြားသည်။
အနီးအနားတွင် လုံခြုံရေးယူထားသော အစ္စရေးစစ်ဘက်ကလည်း သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မကြာသေးခင်တွင် အနည်းငယ်ဖြေလျော့ပေးခြင်းမတိုင်မီ အစ္စရေးက သီတင်း ၁၁ ပတ်ကြာ တားဆီးပိတ်ဆို့မှုများ လုပ်ဆောင်ထားခဲ့ပြီး အငတ်ဘေးဆိုက်တော့မည်ဟု ကျွမ်းကျင်သူများက သတိပေးထားသော ဂါဇာ၌ ကုလသမဂ္ဂအား ဖြတ်ကျော်၍ အဓိကအကူအညီပေးသူ ဖြစ်ရန် GHF ဖောင်ဒေးရှင်းက ရည်မှန်းထားကာ ၎င်းတို့လုံခြုံရေးအတွက် အမေရိကန်လုံခြုံရေးကန်ထရိုက်များအား အသုံးပြုနေသည်။
ရာဖာမြို့မှ ထွက်ပေါ်လာသော ဗီဒီယိုများကကြေကွဲလောက်စရာ ဖြစ်ကြောင်း နှင့် ဂါဇာဒေသမှ အသည်းအသန်အကူအညီလိုအပ်နေသော လူဦးရေ ၂ ဒသမ ၁ သန်းအား လုံလောက်သော အကူအညီပေးရန် ၎င်းတို့တွင် အသေးစိတ်စီမံကိန်းတစ်ခု ရှိနေကြောင်း ကုလသမဂ္ဂက ပြောကြားသည်။
လူသားချင်းစာနာထောက်ထားမှု အခြေခံမူများနှင့် ဆန့်ကျင်ပြီး အကူအညီအား လက်နက်သဖွယ် အသုံးချနေပုံရသောကြောင့် GHF အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ကုလသမဂ္ဂနှင့် အခြား အကူအညီ‌ပေးရေး အဖွဲ့များက ငြင်းဆိုထားသည်။
GHF က အကောင်အထည်ဖော်နေသော စနစ်သည် သွားလာလှုပ်ရှားမှုမလုပ်နိုင်သူများကို ချန်လှပ်ထားသလို ထပ်မံ၍ရွှေ့ပြောင်းနေထိုင်ရမှုများဖြစ်စေနိုင်ကြောင်း ၊ လူထောင်ပေါင်းများစွာအား အန္တရာယ်ဖြစ်စေနိုင်ကြောင်းနှင့် အကူအညီပေးမှုအား နိုင်ငံရေးနှင့်စစ်ရေး ရည်မှန်းချက်များနှင့် ချိတ်ဆက်ထားပြီး ကမ္ဘာတစ်ဝန်း အကူအညီပေးမှုလုပ်ငန်းများ အတွက် လက်ခံနိုင်ဖွယ်ရာမရှိသည့် ရှေ့ပြေးနမူနာတစ်ခု ဖြစ်စေကြောင်း ၎င်းတို့က သတိပေးကြသည်။
ဟားမားစ်အဖွဲ့ က အကူအညီများ ခိုးယူနေခြင်းကို တားဆီးရန် ဂါဇာမှ လက်ရှိ အကူအညီပေးနေသော ကုလသမဂ္ဂစနစ်ထက် အခြားစနစ်တစ်ခုလိုအပ်နေကြောင်း အစ္စရေးက ပြောကြားခဲ့သည်။
ဂါဇာတွင် အကူအညီပေးရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့၏ ဖြန့်ချိရေးစင်တာများတွင် ပါလက်စတိုင်းများအတွက် အထောက်အပံ့များ စတင်ဝေငှနေပြီ ဖြစ်ကြောင်း GHF က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
GHF အဖွဲ့၏ ရဲရင့်ပြီး တစ်မူထူးခြားသောကြိုးပမ်းမှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့က ထောက်ခံကြကြောင်း အမေရိကန်အရာရှိကြီးတစ်ဦးက ပြောကြားသည်။
ရာဖာမြို့၌ အကူအညီ ဖြန့်ဖြူး‌‌‌ပေးသော နေရာနှစ်ခုတွင် အကူအညီပေးမှု စတင်ပြီးနောက် တစ်နာရီအတွင်းမှာပင် ယင်းနေရာတွင် ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။
လူအများအပြားက စားနပ်ရိက္ခာပုံးများ နှင့် အခြားပစ္စည်းများကို အတင်းဝင်ရောက် ရယူခဲ့ကြပြီး အနီးအနားတွင် ချထားသော အစ္စ‌‌ရေးတပ်ဖွဲ့များကလည်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားကြသည်။
“ အခြေအနေ အလွန်ခက်ခဲပါတယ်။ သူတို့က တစ်ကြိမ်ကို လူ ၅၀ ပဲ ပေးဝင်တယ်။ နောက်ဆုံးတော့ ထိန်းမနိုင် သိမ်းမနိုင်ဖြစ်ပြီး လူတွေက ခြံစည်းရိုးတွေ ကျော်တက် ၊ အခြားလူတွေကို တိုက်ခိုက်ပြီး ပစ္စည်းတွေကို ဝင်ယူကြတော့တာပဲ” ဟု အမျိုးသားတစ်ဦး က ဘီဘီစီအာရပ်သတင်းဌာနကို ပြောကြားခဲ့သည်။
ငတ်မွတ်မှုနှင့် ဆင်းရဲမွဲတေမှုက လူတိုင်းကို ထိခိုက်နေကြောင်း အစားအစာရှာဖွေပြီး ကလေးများကို ‌ကျွေးမွေးနိုင်ရန် လူများက အသက်ကိုရင်းရန်ပင် ပြင်ဆင်ထားကြကြောင်း အမျိုးသမီးတစ်ဦး က ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-BBC

image
43 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼လေဖိအားနည်းရပ်ဝန်း ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည်လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မေ ၂၈ ရက်) နံနက် ၁၁ နာရီကထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ လာမည့် ၂၄ နာရီအတွင်းမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်‌ကြောင်း ခန့်မှန်းထားသည်။
မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်ကလည်း "၄၈ နာရီအတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ကချင်ပြည်နယ်တို့တွင် မိုးရေချိန် ၁၆၀ မီလီမီတာအထက်(၆ ဒသမ ၃၄ လက်မ)အထိရွာသွန်းနိုင်သည်" ဟု ခန့်မှန်းထားသည်။
လာမည့်ဇွန်လတွင်လည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၂၂ ရက်မှ ၂၇ ရက်ခန့်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် ၁၆ ရက်မှ ၂၁ ရက်ခန့်၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် ၁၀ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- CJ

image