11 w - Translate

သဲအင်းဂူရက် ၂၀ တရားစခန်းဝင်ဖို့ ခင်ပွန်းနဲ့ သမီးလေးတွေကို.ခွဲ.ခွာ.ပြီး တခြားမြို့ကိုသွားနေပြီဖြစ်တဲ့ သရုပ်ဆောင်ဇူဇူးမောင်
သရုပ်ဆောင်ဇူဇူးမောင်ဟာတရားထိုင်တရားရှုမှတ်တာကို အိမ်မှာလည်း အချိန်ရရင်ရသလို ရှုမှတ်လေ့ရှိသူဖြစ်ပြီး သမီးလေးတွေကိုလည်း သူမနဲ့အတူ တရားစခန်းမှာ လိုက်ပါ ပြုလုပ်ဖို့ လမ်းညွှန်ပေးနေသူလည်း ဖြစ်ပါတယ်. သူမဟာ မဟာပလ္လင်ကို နာရီပေါင်းများစွာ ဆက်တိုက်ထိုင်နိုင်သူတစ်ဦးလည်း ဖြစ်ပြီး သူမအခုလို တရားထိုင်နိုင်တာ သမီးလေးတွေကို ထိန်းပေး သူမကို ပါရမီဖြည့်ပေးတဲ့ခင်ပွန်းကြောင့်မို့ သူမကခင်ပွန်းကိုကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ. အခုလည်း သရုပ်ဆောင်ဇူဇူးမောင်က အောင်လံဆရာတော်ဘုရားကြီးရဲ့လမ်းညွှန်မှုနဲ့ ဖွင့်လှစ်တဲ့ သဲအင်းဂူ ရက် ၂၀ တရားစခန်းဝင်ဖို့ Stockton မြို့ကို ထွက်ခွာခဲ့ပါတယ်တဲ့. သမီးလေးတွေကိုတော့ မနက်အစောကြီးမို့ လေဆိပ်ကို မခေါ်ခဲ့တော့ပါဘူးလို့ ဆိုထားပါတယ်. ရက် ၂၀ တရားစခန်းက ဇွန် ၁၄ကနေ စမှာဖြစ်ပြီး ဖုန်းမကိုင်ရတာမို့ ချစ်ရသူတွေနဲ့ တရားစခန်းထွက်လာချိန်ကျမှ ဆုံပြီး တရားမျှဝေမှုတွေပြုလုပ်သွားမယ်လို့လည်း ဆိုထားပါတယ်.

image