27 ပတ် - ဘာသာပြန်ပါ။

ဘာကိုမှမယုံချင်တော့တာ
ရာသီဥတုကအစ ပန်းတွေပွင့်တာအဆုံး
တစ်စုံတစ်ယောက်ဆီကရရှိမဲ့ ချစ်ခြင်းမေတ္တာတွေ
တစ်နေ့နေ့ဆိုတာတွေကို မယုံချင်တော့ဘူး
ကိုယ့်ကိုကိုယ်လည်းမယုံကြည်ဘူး
အချိန်အကြာကြီးအထိ
ပိုင်ဆိုင်ခဲ့ဖူးတာလည်း မရှိပါဘူး ။

#ခက်နှောင် 🌻🤍

image
27 ပတ် - ဘာသာပြန်ပါ။

မောင် မှ မောင် ပဲ

image
27 ပတ် - ဘာသာပြန်ပါ။

အိပ်မက်မရှိတဲ့ လူငယ်ရယ်လို့တော့
ဘယ်ရှိမှာလဲ ငါ့ကောင်ရာ...။
ဖြစ်ခွင့်မရှိတဲ့ အိပ်မက်တွေကို ဆက်မမက်ချင်တော့တဲ့ လူငယ်နဲ့အိပ်မက်တွေကြောင့်
အိပ်မရတော့တဲ့ လူငယ်ရယ်လို့ပဲ ရှိပါတယ် ။

image
27 ပတ် - ဘာသာပြန်ပါ။

ပတ်ဝန်းကျင်
___________

လျစ်လျူလည်း မရှုထားဘူး
သူများပါးစပ်ဖျားနဲ့လည်း လမ်းအဆုံးမခံဘူး
သင့်ရာလူ့စည်းကမ်းကို အလေးအနက်ပြုပြီး
မလိုဘူးထင်ရင် ဘာကိုမှ ရင်ထဲမထည့်တတ်ဘူး

ရာတန် ထောင်တန်ထက်
အကြွေစေ့တွေက အသံပိုမြည်တာပဲ

အပိုတွေကို အကျင့်မလုပ်ခြင်းအားဖြင့်
ကိုယ့်ဘဝလေးနဲ့ကိုယ် ပေါ့ပါးလန်းဆန်းအောင် နေပါတယ်

#အေးရိပ်
#note_pages

image
27 ပတ် - ဘာသာပြန်ပါ။

နီးချင်စိတ်ကလေးနဲ့မို့
မရှည်တဲ့စိတ်ကလေးကို ဆွဲဆန့်ထားမိမှာ
ကိုယ် အစောင့်နိုင်ဆုံး
ကိုယ် သည်းအခံနိုင်ဆုံး
ကိုယ် အတူရှိနေဖို့ စိတ်အားအထက်သန်ဆုံး
သက်ရှိဟာ မင်းဖြစ်တဲ့ အကြောင်းပေါ့ ။

#lionel Sn 🌻🤍

image
27 ပတ် - ဘာသာပြန်ပါ။

မောင်က မ"ရဲ့ရှင်ဘုရင်လေးပါ ‌🫅🏻

image
27 ပတ် - ဘာသာပြန်ပါ။

မှားနေရင်တောင်
ဖိနှိမ် မပြောရက်တဲ့..
နှလုံးသားမျိုးကမှ..နွေးထွေးမှုရှိတာပါ။

လွဲနေရင်တောင်
မသိမသာလေး တည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ .. ကြင်နာတတ်တာပါ..။

ချို့ယွင်းနေရင်တောင်
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမပေးတတ်တဲ့
နှလုံးသားမျိုးကမှ .. တကယ်မွန်မြတ်တာပါ...။

အဆိုးတွေရှိရင်တောင်
အကောင်းလေးတွေနဲ့ ... ထေပြီး
မြင်တတ်နားလည်တတ်တဲ့ နှလုံးသားမျိုးကမှ
တကယ့်ကို ... ရင့်ကျက်တာပါ..။

လိုအပ်နေရင်တောင်
လိုလို့ဖြည့်ပေးတယ်ဆိုတဲ့ သဘော မသက်ရောက်အောင်
စေတနာသီးသန့်နဲ့ ဖြည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ
တကယ့်ကို .. လေးစားထိုက်တာပါ ..။

#credit

image
27 ပတ် - ဘာသာပြန်ပါ။

သူငယ်ချင်း ပြသနာဖြစ်ရင် နင်ဘယ်လိုကူညီမလဲ 👇🏻🙂‍↔️

zarnikoreanwave

image
27 ပတ် - ဘာသာပြန်ပါ။

ဆိုပါတော့
ညိုရင်လည်း တပြည်လုံးညို ပြိုရင်လည်း တပြည်လုံးပြို
ကိုယ့်ရှိတဲ့အရပ်လေးမှာပဲ ငိုနေတာမျိုးတော့ မဖြစ်စေနဲ့ပေါ့
မိုးရာ

ဆိုတော့
ခါး
ရတယ် သစ္စာရှိရှိသာ ခါး
ငါလည်း ဘယ်သကြားနဲ့မှ မမှားအောင်နေမယ်
ကိုယ့်ဆီမှာ ခါးပြီး
တဖက်မှာတော့ အချိုသတ်နေတာမျိုး မဖြစ်စေနဲ့ပေါ့ ကော်ဖီရာ

စိမ်းမယ်ဆို တပင်လုံးစိမ်း ကိုယ့်ဆီမှာ စိမ်းပြီး
တဖက်မှာ အပွင့်တွေ ဝေနေတာမျိုးတော့
မဖြစ်စေနဲ့ပေါ့ သစ်ပင်ရာ။

ဆိုလိုရင်းကတော့ သစ္စာရှိရှိသာ ဆိုရင်ပေါ့

image
27 ပတ် - ဘာသာပြန်ပါ။

စားတာတော့စားတယ် မမြှောက်ပဲလဲမနေနိုင် 😁

image