ကိုယ့်ကိုယ်ကိုယ်
အရင်လင်းသန့်စေပါ ညီမလေး
ကိုယ့်ရဲ့မွန်မြတ်မှုကို မတည်ဆောက်နိုင်သေးသရွေ့
အများကို အလင်းမပေးပါနဲ့ဦး
ကိုယ်က ကြီးမြတ်မှုတွေဆီ ရုန်းကြွနိုင်လေလေ
ကိုယ့်ရဲ့အရည်အသွေးက ပွင့်လန်းလေလေပေါ့ ။
ညီမလေးရေ ကိုယ်က သူတစ်ပါးကို
အလင်းဆီ တွန်းပို့ချင်ရင်
ကိုယ်တိုင်အလင်းရှိရာဆီ အရင်နှင်ပါ ။ ။
တက္ကသိုလ်ရင်သွေးငယ်

image