အောင်မြင်မယ် ကြီးပွားမယ်ဆိုတာကိုကျတော့ လူတိုင်းနီးပါး ဖြစ်ချင်ကြတယ် ။ ပျော်ရွှင်ချမ်းမြေ့အောင် ဘဝကို နေထိုင်မယ် ဆိုတာကိုကျတော့ မေ့လျော့နေတတ်ကြတယ် ။ သတိရတယ်ဆိုရင်တောင်မှ အောင်မြင်ကြီးပွားမှုကိုပဲ မက်မောကြတယ် ။ တကယ်တော့ အောင်မြင်ကြီးပွားတိုင်း စိတ်ချမ်းမြေ့ပျော်ရွှင်ရတာမှမဟုတ်ဘဲ ။ ဘဝမှာ တန်ဖိုးအကြီးဆုံးအရာက ပျော်ရွှင်ချမ်းမြေ့ဖို့ပါ ။ မတရားတဲ့နည်းနဲ့ရယူပြီး ဖက်တွယ်ထားသမျှ အောင်မြင်မှုတွေ ကြီးပွားချမ်းသာမှုတွေဟာ စိတ်ဆင်းရဲစရာချည်းပါ ။ ငွေကြေးဆင်းရဲပေမယ့် စိတ်ချမ်းသာအောင် နေထိုင်နိုင်ရင် ဘဝရဲ့အနှစ်သာရကို ရရှိခြင်းပါပဲ ။
#ကောင်းပြည့်သော်

image