\ JURASSIC WORLD REBIRTH \ FINAL TRAILER (2025)

1 နှစ် - ဘာသာပြန်ပါ။

Ganapath ကြည့်ပြီး ပြောစရာ စကားလုံးဝ ပျောက်ဆုံးသွားပါတယ်။
CGI - 0
ဇာတ်လမ်း - 0
အတိုက်အခိုက် - 0
အက နဲ့ ဗလပြ - ၁၀၀၀၀၀၀%
ဘာအထာနဲ့ရိုက်ထားလည်း မပြောတက်ပေမယ့် ဇာတ်လမ်းတောင်အဆက်လာဦးမယ်ဆိုတော့ တော်တော်လေးကို မျက်နှာပြောင်တယ်လို့ မြင်မိပါတယ်။
ဇာတ်လမ်းကိုကြည့်ပြန်တော့လည်း ဘာမှရေရေရာရာမရှိဘူး။ တောင်ပိုင်းကား Kalki 2898 AD လိုလုပ်ချင်တာလား၊ martial art ကိုပဲ ဦးစားပေးချင်တာလား၊ လွတ်လပ်ရေးပဲယူပေးချင်တာလား၊ ခေတ်လွန် သိပ္ပံဇာတ်လမ်းပဲလုပ်ချင်တာလား ဘာမှန်းကိုမသိလိုက်တာပါ။
စစကြည့်နေထဲ တော်တော်လေး စိတ်ပျက်မိလို့ ကျော်ကျော်ကြည့်လိုက်တာ နောက်ဆုံးဇာတ်လမ်းအထိ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိလိုက်တာပါပဲ။
Amitabh Bachchan ကိုပါ ဆွဲထည့်ပြီး လုပ်စားမလို့ကြိုးစားပေမယ့် Bachchan လည်း မကယ်နိုင် ဘယ်သူမှလည်း မကယ်နိုင်ပဲ၊ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသလိုတွေ ဖန်တီးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်သွားပါတယ်။
ဒီကားအစား တောင်ပိုင်းက Vijay Sethupathi ရဲ့ Ace ကြည့်လိုက်ရတာမှ အချိန်ပေးရကျိုးနပ်တယ်လို့ခံစားခဲ့ရတာပါ။
အဲ့တော့ Bollywood ကားကြိုက်တဲ့သူတွေအနေနဲ့ ဒီလိုမျိုး Quality မရှိတဲ့ ဇာတ်လမ်းကို အချိန်ကုန်ခံပြီး မကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Brave New World လား Thunderbolts* လား
ဇွန် ၁၅၊ ၂၀၂၅။
Marvel Studios ဟာ Avengers: End Game အပြီးမှာလည်း ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေနဲ့ animated တွေကို အရှိန်မပျက်ထုတ်လုပ်နေခဲ့ပေမယ့် ပရိသတ်ရဲ့စိတ်ဝင်စားမှုကတော့ Avengers: End Game မတိုင်ခင်ကာလကလိုမျိုး အရှိန်မြင့်တက်နေတဲ့ပုံစံမျိုးကိုတော့ သိပ်မတွေ့ရပါဘူး။
အထူးသဖြင့် Captain America (Steve Rogers), Iron Man, Black Widow တို့ကို အပြီးအပိုင်ဖယ်ထုတ်ပြီးခဲ့ကတည်းက Marvel အပေါ် ရုပ်ပြစာအုပ်အခြေခံပရိသတ်တွေနဲ့ အမာခံ Marvel ပရိသတ်တွေကလွဲလို့ ကျန်တဲ့ပရိသတ်တွေကတော့ စိတ်ဝင်စားမှုအားနည်းခဲ့တာကိုတွေ့ရမှာပါ။ Post Avengers: End Game အလွန်မှာ Spider-Man: No Way Home, Black Panther: Wakanda Forever, Shang-Chi and the Legend of Ten Rings, Doctor Strange in the Multiverse of Madness, Deadpool and Wolverine နဲ့ ယခု Thunderbolts* (The New Avengers) ကလွဲလို့ ကျန်တဲ့ Marvel ရုံကြီးကားတွေက ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တယ်ဆိုပေမယ့် ကျန်တဲ့ MCU ရုပ်ရှင်တွေကတော့ သာမန်သာသာပဲလို့ပြောရမှာပါ။
ကျွန်တော်တစ်ဦးတည်းရဲ့အမြင်ကတော့ Marvel Studios ဟာ ပရိသတ်ကိုဖျော်ဖြေမှုပေးဖို့အပြင် ငွေကိုဘယ်လိုရှာမလဲ၊ ဒီ Cinematic Universe ကို ဘယ်လိုဆက်ပြီးတည်ဆောက်မလဲ၊ ကျန်နေတဲ့ Marvel ရုပ်ပြဇာတ်ကောင်တွေ၊ Marvel Studios က ပြန်လည် ထိန်းချုပ်ခွင့်ရလာတဲ့ X-Men နဲ့ အခြား Marvel ဇာတ်ကောင်တွေကို ဘယ်လိုအံဝင်ခွင်ကျအောင် ပြသမိတ်ဆက်မလဲ၊ အဲဒီဟာတွေအပြင် ကြီးသုံးကြီး (Captain America, Iron Man, Thor) မပါပဲ MCU ရဲ့ အရှိန်အဝါကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာကို စီစဥ်ရင်းနဲ့ MCU ဟာ အတက်အကျမငြိမ်ဖြစ်နေတယ်လို့ပဲ မြင်မိပါတယ်။
ကြားထဲမှာ MCU ရဲ့ အကြီးဆုံးဇာတ်ကောင်တစ်ခုဖြစ်တဲ့ Black Panther သရုပ်ဆောင် Chadwick Boseman ဆုံးပါးသွားတာရယ်၊ Kang the Conqueror နဲ့ Kang variant သရုပ်ဆောင် Jonathan Majors ရဲ့ လူမှုရေးကိစ္စအရှုပ်တော်ပုံတွေကလဲ MCU ကို ထိုးနှက်မှုတွေဖြစ်စေခဲ့တာပါပဲ။
အခု ဒီနှစ်ထဲမှာပဲရုံတင်ခဲ့တဲ့ Captain America: Brave New World နဲ့ Thunderbolts* က MCU ဟာ Post End Game ကာလမှာ ဘယ်လိုမတည်မငြိမ်ဖြစ်နေလဲဆိုတာကို သေချာအထင်အရှားပြနေခဲ့တာပါ။ တကယ်တော့ Captain America Sam Wilson ဗားရှင်းက ရုပ်ပြမှာလဲရှိတဲ့ Captain America ပုံစံတစ်ခုဖြစ်ပေမယ့်လည်း သရုပ်ဆောင် Chris Evans ရဲ့ Steve Rogers ဇာတ်ကောင်ရဲ့ လွှမ်းမိုးမှု၊ Captain America: Brave New World မှာ The Incredible Hulk (Edward Norton) ရဲ့ နာမည်ကြီးဇာတ်ကောင်တွေနဲ့ Harrison Ford လို ဝါရင့်သရုပ်ဆောင်တစ်ယောက်က Red Hulk (Thaddeus Ross) အနေနဲ့ပါဝင်ထားပေမယ့်လည်း မနိုင်တဲ့ဇာတ်အိမ်၊ တိုလွန်းတဲ့ပြသချိန်နဲ့ များပြားလှတဲ့ဇာတ်ကောင်ဖောင်းပွမှုတွေကြောင့် Brave New World က ပက်လက်လန်ခဲ့ရတာပါပဲ။ (ဒါပေမယ့် The Eternals နဲ့ ပတ်သက်ပြီး ထုတ်ပြခဲ့တာတွေ၊ X-Men တွေမှာ အဓိကကျတဲ့ကိစ္စတစ်ခုကိုပြခဲ့တာနဲ့ Thaddeus Ross ဇာတ်ကောင်ကို recast လုပ်ပြခဲ့တာကတော့ ကောင်းခဲ့ပါတယ်။) တကယ်တော့ Brave New World ကို superhero ရုပ်ရှင်ထက် ရိုးရိုး political thriller ပုံစံနဲ့ပြခဲ့ရင်တောင် အနည်းဆုံး The Winter Soldier ကို မမှီခဲ့တောင်မှ Post End Game ကာလမှာ အမှတ်ရလောက်စရာ MCU ရုပ်ရှင်အနေနဲ့တော့ ဖြစ်သွားနိုင်တယ်။)
တကယ်တော့ Thunderbolts* က Post End Game အလွန်မှာ remarkable ဖြစ်လောက်စရာကောင်းတဲ့ MCU ရုပ်ရှင်အနေနဲ့ဖြစ်ခဲ့တယ်ဆိုတာ အဓိကက ဇာတ်လမ်းထက် ဇာတ်ကောင်တွေကို သေချာပြခဲ့နိုင်လို့လို့ပဲမြင်တယ်။ ဇာတ်သိမ်းကြီးရှုးတယ်ဆိုပေမယ့်လဲ ၂၀၁၂ Avengers ထွက်ခါစကလို အတည်လဲပါတယ်၊ အခွီလဲပါတယ်၊ ဗရုတ်ကျတဲ့ဇာတ်ကောင်စရိုက်တွေနဲ့ တကယ့်တကယ်ပြဿနာတက်ရင် ဘာလုပ်လို့လုပ်ရမလဲမသိဖြစ်သွားတာမျိုးတွေကို သေချာပြနိုင်တယ်။ (မှတ်မှတ်ရရ Bucky တစ်ယောက် ဆိုင်ကယ်နဲ့လိုက်လာပြီး Limo ကားကို လှမ်းပစ်တဲ့အချိန် John Walker ဖြစ်သွားတဲ့ reaction မျိုးက တချိန်က Avengers ကို ပြန်ပြီးသတိရသွားစေမိတာပေါ့)
တကယ်တော့ Brave New World နဲ့ Thunderbolts* ယှဉ်လာရင် Brave New World ရဲ့ ဇာတ်လမ်းသဘောကိုကြိုက်ပေမယ့် ဇာတ်အိမ်မခိုင်တော့ Thunderbolts* ကို ပိုအလေးသာသွားတယ်လို့ ပြောရမှာပဲ။ Giancarlo Esposito နဲ့ Harrison Ford အပြင် Liv Tyler တောင် cameo ဝင်ပါပေးတာတောင်မှ မကယ်နိုင်ခဲ့တဲ့ Brave New World ကိုတော့ တကယ်စိတ်ကုန်မိခဲ့တာပေါ့။ (တကယ်တော့ ကျွန်တော့်အထင် Thunderbolts* က ပရိသတ်သိပြီးသားဇာတ်ကောင်တွေကို ပရိသတ်ပိုသိအောင်ထပ်ပြနိုင်ခဲ့တာက Brave New Worlds ထက် ပိုသာသွားတယ်လို့ထင်မိတယ်။)
Thunderbolts* မှာက rush လွန်းပြီးတော့ Josstice League ဆန်တဲ့ပုံစံဖြစ်တာမျိုးရှိတယ်၊ Brave New World မှာ CGI တွေက မဆိုးတဲ့အနေအထားရှိတယ်၊ ဆိုတော့ ရွေးရခက်ပေမယ့် Thunderbolts* ကိုတော့ မဆိုးဘူးလို့ပြောချင်မိပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

' MOANA 3 ' လာအုံးမယ်တဲ့။ 😁

image
1 နှစ် - ဘာသာပြန်ပါ။

Vibrio cholerae ဘက်တီးရီးယားကြောင့်ဖြစ်ပွားတဲ့ ကာလဝမ်းရောဂါ ကူးစက်ခံရတယ်ဆိုရင် ခန္ဓာကိုယ်မှာ ဓာတ်ဆားနဲ့ ရေဓာတ်ဆုံးရှုံးမှုကို ခံစားရတတ်ပါတယ်။ မကုသနိုင်ရင် အရမ်းကို ဆိုးရွားတတ်တာကြောင့် ဂရုစိုက်သင့်ပါတယ်။
အခုအချိန်မှာ လွတ်ရာကို ရှောင်တိမ်းရတာကြောင့် လူဦးရေများများနဲ့ အတူတကွနေထိုင်ရတဲ့အချိန်မျိုး၊ အစားအစာကလည်း ရွေးချယ်လို့မရတာမျိုး၊ သန့်ရှင်းရေးကို အလေးမထားနိုင်တာကြောင့်သော်လည်းကောင်း ကူးစက်မှုများလာတာပါ။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
ယင်ကောင်ပေါက်ဖွားမှုတွေကလည်း ရေထဲက အညစ်အကြေးတွေကြောင့်မို့ ဒီလိုအချိန်မှာပိုများလာတတ်ပါတယ်။ ဒီလိုပေါက်ဖွားမှုများလာတဲ့ အတွက်ကြောင့်မို့ ဘက်တီးရီးယားသယ်ဆောင်မှုကလည်း နေရာတိုင်းကို ရောက်ရှိ ကူးစက်နိုင်ပါတယ်။
ရောဂါပိုး (ဘက်တီးရီးယား) ပါဝင်နေတဲ့ ရေကို သောက်သုံးမိတာကြောင့်လည်း ကာလဝမ်းရောဂါ ကူးစက်နိုင်ပါတယ်။ ရေကြီးမှုကြောင့် သောက်သုံးရေအဖြစ်ထားကြတဲ့ ရေအရင်းအမြစ်တွေက မသန့်ရှင်းတော့တာမျိုးဖြစ်ပြီးတော့ ရေထဲမှာလည်း ဘက်တီးရီးယားတွေ ဝင်ရောက်နေတတ်လို့ သောက်ရေ၊ သုံးရေအဖြစ်ဆိုရင် ရေကို ကျိုချက်ပြီးမှ သုံးတာကောင်းပါတယ်။
ကာလဝမ်းရောဂါ ကူးစက်ခံရရင် ဝမ်းပျက်တာ၊ အန်တာ၊ ဆိုးလာရင် ဆန်ဆေးရည် အရောင် ဝမ်းသွားတာ၊ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။
ကူးစက်ခံရတဲ့ လက္ခဏာတွေ သေချာရင် နီးစပ်ရာကျန်းမာရေးကုသပေးတဲ့ ဆေးရုံ ဆေးခန်းကို ပို့ပေးနိုင်တာ အကောင်းဆုံးပါပဲ။ ဒီလိုလုပ်ပေးတာက ပိုကောင်းမွန်နိုင်ပါတယ်။ တူတူနေသူတွေကိုလည်း သတိပေးပြီးသားဖြစ်သလို ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ဝန်ထမ်းတွေနဲ့ စေတနာ့ အားပေး ဆရာလေးတွေကို သတိပေးပြီးသားဖြစ်လို့ လုပ်သင့်လုပ်ထိုက်တဲ့ နေရာခွဲထားတာမျိုး၊ အကုန်လုံးကို စစ်ဆေးပေးတာမျိုး၊ ရေမှာ ကလိုရင်းခတ်ပေးတာလိုမျိုး စတဲ့ လိုအပ်တဲ့ ကုသမှုနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးလို့ရနိုင်တာမို့ပါ။ ဒီလိုလုပ်ပေးတာက အခြားသော ကူးစက်မှုတွေကိုလည်း ဟန့်တားပေးနိုင်ပါတယ်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
#လုပ်သင့်တဲ့အချက်
ဓာတ်ဆားရည်ကိုသေချာတိုက်ဖို့ သေချာသောက်ဖို့ လိုပါတယ်။ အငန်ဓာတ်ဆားရည်က အကောင်းဆုံးဖြစ်ပါတယ်။ အလွယ်ကတော့ BPI ထုတ် ဓာတ်ဆားလို့ ခေါ်ကြပါတယ်။
အကယ်၍ ဓာတ်ဆားရည် အလွယ်တကူ မရနိုင်ဘူးဆိုရင် ဆား၊ သကြားနဲ့ ရေ (ရေကျက်အေး (သို့) ရေသန့်)တို့ကို သုံးပြီးတော့ ကိုယ်တိုင်လုပ်လို့ရပါတယ်။ အချိုးကတော့ ရေတစ်လီတာ (ရေသန့်ဘူး တစ်ဘူးထဲကို သကြားညို ဒါမှမဟုတ် သကြားအဖြူ လက်ဖက်ရည်ဇွန်း (၆)ဇွန်း နဲ့ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး သေချာပျော်ဝင်အောင်မွှေပြီးတော့ ဓာတ်ဆားအတိုင်းသောက်နိုင်ပါတယ်။ သကြားတို့ ဆားတို့ကို ယခုအချိုးအဆ အတိုင်းပဲထည့်ပါခင်ဗျာ။ တိုးတာ လျော့တာတွေ လုပ်လို့မရပါဘူး။ ဓာတ်ဆားကို ခန္ဓာကိုယ်က ဆုံးရှုံးတဲ့ ပမာဏအတိုင်း များများဆုံးရှုံးရင် များများ သောက်ပေးဖို့ လိုအပ်ပါတယ်။
ကလေးနဲ့ သက်ကြီးရွယ်အိုတွေ သတိထားသင့်ပါတယ်။ သူတို့က ခံနိုင်ရည် အား နည်းနေတတ်လို့ပါ။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
#မလုပ်သင့်တဲ့ အချက်
ဝမ်းပိတ်ဆေးသောက်တာ၊ အန်လို့ အန်ပျောက်ဆေး သောက်တာမျိုး ကာလဝမ်းရောဂါမှာ မလုပ်သင့်ပါဘူး။
#မဖြစ်ပွားအောင် ဘယ်လို ကာကွယ်ထားနိုင်တဲ့အချက်များ
လက်ကိုသေချာစွာ ဆေးကြောဖို့ သန့်ရှင်းအောင်ထားဖို့ လိုပါတယ်။ လက်ဆေးကြာချိန်က စက္ကန့် ၂၀ လောက် အနည်းဆုံးကြာအောင် ဆပ်ပြာနဲ့ ဆေးဖို့လိုအပ်ပါမယ်။ လက်ဆေးတဲ့နေရာမှာ “ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ညိုး လက်မ မကျန်စေရ၊ ကုတ်ပါ ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ” ဆိုတဲ့အတိုင်း သေချာဆေးပေးရပါမယ်။
လက်ဆေးရမဲ့အချိန်အခါတွေကိုလည်း သိဖို့လိုအပ်ပါမယ်ခင်ဗျာ။ (နှာချေတုန်းမှာ လက်ကိုသုံးမိရင် လက်ကိုပြန်ဆေးဖို့ လိုပါမယ်။ အစားအစာ မပြင်ဆင်ခင်နဲ့ ချက်ပြုတ်ပြီးတိုင်း၊ အစားအစာမစားခင်နဲ့ စားပြီးတဲ့အချိန်တိုင်း၊ အိမ်သာအသုံးပြုပြီးတိုင်း၊ ကလေး အညစ်အကြေးသန့်စင်ပေးပြီးတိုင်း၊ အမှိုက်နဲ့ အညစ်အကြေးတွေကို ကိုင်တွယ်ပြီးတိုင်း မှာ လက်ဆေးဖို့ လိုအပ်ပါမယ်။)
ရေကို ကျိုချက်ပြီးတော့ သောက်သုံးဖို့ လိုပါမယ်။ အနည်းဆုံး (၃)မိနစ်ကနေ (၅)မိနစ်လောက် ပွက်ပွက်ဆူအောင် ကျိုချက်ထားတဲ့ ရေ ကိုသာ အသုံးပြုပါခင်ဗျာ။
ယင်နားစာတွေ မစားဖို့နဲ့ ယင်မနားအောင် ဖုံးအုပ်ထားဖို့လည်း ဂရုပြုရပါမယ်။
တတ်နိုင်သလောက် အစားအစာကို သန့်သန့်ရှင်းရှင်း ပူပူနွေးနွေးလေး စားဖို့ လိုအပ်ပါတယ်။
လတ်တလော လက်လုပ်ချဉ်နဲ့ အချဉ်ရည်တွေကို စားသုံးတာ ရှောင်ရှားထားဖို့ လိုပါမယ်။
ကလိုရင်းခတ်ဆေး ရနိုင်ရင် ကလိုရင်းခတ်ဆေးကို ညွှန်ကြားတဲ့ပမာဏအတိုင်း သောက်သုံးရေတွေမှာ အသုံးပြုနိုင်ပါတယ်။
တုံကင်တွင်း၊ ရေတွင်း၊ လက်ယက်တွင်း စတဲ့ ရေအရင်းအမြစ်တွေကို ကလိုရင်းခတ် ပိုးသတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနဖြစ်ဖြစ်၊ NGO၊ INGO တွေနဲ့ဖြစ်ဖြစ် ဆက်သွယ် ဆောင်ရွက်လို့ ရနိုင်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ပလာတူးငါးအပါအဝင် ငါးစားခြင်းသည် လေဖြတ်နိုင်ခြေကို ကျဆင်းစေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်ပါသည်။
🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟
ပင်လယ်ငါး ပလာတူး၊ ပလာလန်း (Indian Mackerel) များသည် ရေပေါ်ငါး (Pelagic Fish) များဖြစ်ကြပြီး မျှောပိုက်၊ ဝိုင်းချုပ်ပိုက်ဖြင့် ဖမ်းဆီးကြပါသည်။ ‘ပလာတူး’ ဆိုသည့် ငါးအမည်မှာ ထိုင်းဘာသာစကားမှ ဆင်းသက်လာသည်ဟု သိရပြီး ‘ပလာ’ ဆိုသည်မှာ ‘ငါး’ ကိုဆိုလိုပြီး ပလာတူးစန်း၊ ပလာလန်း၊ ပလာကထိန်ဆိုပြီး အမျိုးအစားအမျိုးမျိုးရှိကြပါသည်။ ပလာတူးငါးကို ဒေသအခေါ်အရ မျက်ကျဥ်း၊ မျက်ကျယ်ဟူ၍ (၂)မျိုးရှိပြီး ပလာတူးမျက်ကျဥ်းငါးကို ပို၍ လူကြိုက်များကြသည်။
🐟ပလာတူးငါး၏ ခန္ဓာဗေဒအချက်အလက်များ
ပလာတူးငါးများ၏ ခန္ဓာကိုယ်သည် ရှည်လျားကြပြီး အလွန်သေးငယ်သော အကြေးခွံများဖြင့်ဖုံးအုပ်ထားပါသည်။ သွားများမှာချွန်ထက်နေသည်။ မျိုးစိတ်ပေါင်း (၂၁) ခုရှိပြီး အမမှာ ဥပေါင်း (၂၀၀၀၀-၅၀၀၀၀) ခန့် ဥ ဥနိုင်ကြပါသည်။ ပလာတူးငါးမှာ အသက်(၄)နှစ်ခန့် အသက်ရှည်နေထိုင်နိုင်ကြပြီး အပင်မျှော၊ ငါးသားပေါက်၊ ပုစွန်ပေါက်လေးများကို ၄င်းတို့၏အစာအဖြစ် စားသုံးကြပါသည်။ အမြင့်ဆုံးခန္ဓာကိုယ်အလျား (၃၅) စင်တီမီတာရှိပြီး အများအားဖြင့် (၂၀-၂၅) စင်တီမီတာရှိကြပါသည်။
ပလာတူးငါးမှာ အရသာနှင့် အရည်အသွေးကောင်းမွန်သဖြင့် ဈေးကွက်တွင် ဈေးကောင်းရသည့် ငါးတစ်မျိုးလည်းဖြစ်သည်။
အောက်တိုဘာလမှ မေလထိ ကမ်းရိုးတန်းတစ်လျှောက် ဖမ်းဆီးရမိကြပြီး မြိတ်ကျွန်းစုဖြစ်သော ကော့သောင်း၊ မြိတ်ဘက်တွင်လည်း ပို၍ဖမ်းဆီးရမိတတ်ကြသည်။ ပလာတူးငါးကို အိန္ဒိယသမုဒ္ဒရာ၊ အနောက်ပစိဖိတ်သမုဒ္ဒရာနှင့် ယင်းတို့နှင့် ဆက်စပ်နေသည့် ပင်လယ်ကမ်းခြေဒေသများတွင်လည်း အများဆုံးတွေ့ရသည်။
🐟ပလာတူးစားဖွယ်စုံများ
ပလာတူးကို ခေါက်ဆင့်ပါထူး(ခေါ်)ပလာတူးငါးမုန့်တီ ပြုလုပ်စားသုံးမှုများပြီး နာမည်ကြီးစားဖွယ်တစ်မျိုးဖြစ်သည်။ ပလာတူးကို ဟင်းချက်စားခြင်း၊ ပေါင်းစားခြင်း၊ ကြော်စားခြင်း၊ ပလာတူး တုံယမ်းဟင်း ချက်စားကြသည့်အပြင် ခရမ်းချဥ်သီး၊ ဂွေးသီးတို့ဖြင့်လည်း ရောနှောချက်စားကြပါသည်။ ထိုသာမကပလာတူးကို ငါးခြောက်လည်း ပြုလုပ်ကြပါသည်။ ပလာတူးငါးပိထောင်း၊ ပလာတူးငါးထောင်း၊ ပလာတူးငါးပိဖျော်ရည်စသဖြင့်လည်း ပြုလုပ်စားကြပါသည်။
🐟ပလာတူးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှာ အရသာရှိလှသော ငါးတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက်လည်း အလွန်အထောက်အကူဖြစ်ပါသည်။ ပလာတူးငါးတွင် လူ့အကျိုးပြု Omega-3 fatty acids၊ Vitamin B-12၊ Selenium၊ Copper၊ Phosphorous၊ Magnesium ဓာတ်တို့အများဆုံး ပါဝင်ပြီး Vitamin-A၊ Potassium၊ Zinc နှင့် Sodium တို့လည်း အနည်းငယ်ပါဝင်ပါသည်။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပြီး လေဖြတ်၊ လေဖြန်း ရောဂါကိုလည်း ကာကွယ်ပေးပါသည်။ထို့ကြောင့် ပလာတူးငါးမှာ စားသင့်သော ငါးဖြည့်စွက်စာ တစ်မျိုးလည်းဖြစ်ပါသည်။
ပလာတူးငါးသည် ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများသောကြောင့် ဦးနှောက်အတွက် အကျိုးပြုပါသည်။ ပလာတူးငါးတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါသော omega-3 fatty acid လည်း ပါဝင်ပါသည်။ လူ၏ခန္ဓာကိုယ်မှ omega-3 fatty acid ကိုမထုတ်လုပ်နိုင်ပေ။ လေ့လာမှုများအရ omega-3 fatty acid သည် နှလုံးကိုကျန်းမာစေနိုင်သလို ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အရေးပါပါသည်။ ငါးကိုမကြိုက်ဘူးဆိုလျှင်တောင်မှ ခန္ဓာကိုယ်ကျန်းမာစေရန်အတွက် တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်ခန့်မျှ ငါးစားပေးသင့်ပါသည်။

image
1 နှစ် - ဘာသာပြန်ပါ။

အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း



🍇အသီးအရွက်နဲ့ သစ်သီးဝလံတွေကို ဘာကြောင့်ဆေးကြောဖို့လိုအပ်တာလဲ?

ဆိုတော့ ဘယ်လိုဟင်းမျိုးချက်ချက်၊ ဘယ်လိုမျိုး ပြင်ဆင်ဆင်၊ အစိမ်းစားစရာပဲဖြစ်ဖြစ် ရေဆေးတဲ့အဆင့်က လုံးဝကို အခြေခံအဆင့်ဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အဆင့်ပါ။

ရေဆေးလိုက်ခြင်းအားဖြင့် အသီးအရွက်နဲ့ သစ်သီးဝလံတွေမှာ ပေနေတတ်တဲ့ အညစ်အကြေးတွေကို ဆေးချပေးရာလည်းရောက်သလို ရောဂါဖြစ်စေတဲ့ သက်ရှိအချို့တွေကိုလည်း ဖယ်ရှားပြီးသားဖြစ်သွားစေပါတယ်။ အီကိုလိုင်းလို အစားနဲ့ပတ်သတ်ပြီး ဖျားတာနာတာဖြစ်တတ်တဲ့ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေလိုမျိုးဆို တစ်ခါတည်း ပါသွားပါတယ်။

ဒါပေမဲ့လို့ အပူနဲ့ မထိတွေ့ရဘူး။ အစိမ်းစားမယ်ဆိုရင် ဒီလိုဆေးကြောခြင်းက အန္တရာယ်ဖြစ်စေနိုင်တဲ့ သက်ရှိတို့ကိုဖယ်ရှားဖို့အတွက် အရမ်းအရေးပါတဲ့အဆင့်ဖြစ်ပါလိမ့်မယ်။

🫐ဒါဆိုရင် ဘယ်လိုဆေးကြောကြမလဲ?

ပုံမှန်ဆိုရင်တော့ ရေနဲ့ဆေးကြတယ်။ ဒါပေမဲ့ ပိုအေးတဲ့ရေ၊ ပုံမှန်အပူချိန်မဟုတ်ပဲနဲ့ (၄၅-၅၅) ဒီဂရီဖာရင်ဟိုက်လောက်နဲ့ ဆေးတယ်ဆိုရင် အသီးအရွက်တွေမှာပါတဲ့ အနာတွေ အပေါက်လေးတွေကနေ တစ်ဆင့် ဝင်နိုင်တဲ့ ရောဂါပိုးမွှားတွေကို ဟန့်တားပြီးသားဖြစ်သွားစေပါတယ်။ ပြီးတော့ ရေစိမ်တာနဲ့စာရင် ရေစီးနေတဲ့ ရေပိုက်ခေါင်းဖွင့်ဆေးတာလိုမျိုးက အသီးအရွက်တွေရဲ့ မျက်နှာပြင်ပေါ်က အညစ်အကြေးနဲ့ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကို ဆေးချပြီးသားဖြစ်သွားစေပါတယ်။ အဲ့လိုဆေးချပြီးသွားရင်တော့ ရေမစိမ်ထားသင့်တော့ပါဘူး။ ရေထဲကျသွားတဲ့ အညစ်အကြေးတွေနဲ့ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေနဲ့ ထပ်ပြီးတော့ တွေ့ဆုံနိုင်တာကို လျှော့ချချင်တာကြောင့်ပါ။

ဆပ်ပြာတို့၊ ရှာလကာရည်တို့ ဒါမှမဟုတ် ဆေးကြောဖို့အတွက် ထုတ်ထားတဲ့ ထုတ်ကုန်တွေနဲ့ ဆေးကြောဖို့လည်း မလိုအပ်ပါဘူး။ ဘာလို့လဲဆိုတော့ ဆပ်ပြာက အစားအသောက်အတွက် ထုတ်ထားတာမဟုတ်တာရယ်၊ ရှာလကာရည်က အသီးအရွက်တွေရဲ့ အရသာကိုပြောင်းလဲစေတတ်တာရယ်၊ နောက်ပြီး ထုတ်ထားတဲ့ ဆေးကြောလို့ရတဲ့ ကုန်ပစ္စည်းတွေဆိုတာကလည်း ရေစီးရေကြောင်းနဲ့ ဆေးတာလောက် ပြောင်စင်တယ်ဆိုတာကို သက်သေမပြသေးနိုင်ဘူးလို့ Kimberly Baker, Ph.D., RD, LD, director of the Clemson Extension Food Systems and Safety Program Team က ပြောထားပါတယ်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

ဒါဆိုရင် ဘယ်လိုဆေးကြမလဲ?

🥬အရွက်စားတဲ့ ဟင်းသီးဟင်းရွက်တွေအတွက်ဆိုရင်

စစချင်းဆေးဖို့ဆိုရင် သူတို့ အခက်အလက်တွေနဲ့ ပြန်မရှုပ်သွားအောင်လို့ သေသေချာချာလေး ဖြတ်လိုက်မယ်။ ပြီးတော့ ရေထဲကို ညင်ညင်သာသာ နှစ်မယ်။ ဇကာနဲ့ဆိုလည်း ဇကာလိုက် နှစ်လိုက်ပြိးတော့ နည်းနည်းလေး လှုပ်ပေးတာ ဖြည်းဖြည်းချင်း ပွတ်ဆေးပေးတာမျိုးက ကပ်တွယ်နေတဲ့ အညစ်အကြေးတွေ ကွာကျပြီးတော့ အောက်မှာ အနယ်ထိုင်သွားစေပါတယ်။ ဒီလိုနည်းနဲ့ အရွက်တွေက ပြောင်စင်လာပြီး အစိမ်းရောင်တောက်လာတဲ့အထိ ဆေးပေးပြီးတော့မှ စားသုံးတာက အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်။

🥦ပန်းဂေါ်ဖီလို၊ ပန်းပွင့်စိမ်းလိုမျိုးသီးနှံ အုပ်စု

သူတို့ရဲ့ သဘာဝအရ အမှိုက်သရိုက်နဲ့ အညစ်အကြေးတွေက အရမ်းကြီး မကပ်ကြတဲ့ အနေအထားရှိပါတယ်။ အဲ့တော့ မဖြတ်ခင် ဆေးတာ ဒါမှမဟုတ် ဖြတ်တောက်ပြီးမှ ဆေးတာ တစ်ကြိမ် ဆေးရင် လုံလောက်ပါတယ်။ ခြောက်သွေ့နေတုန်းမှာ ဖြတ်တောက်ကိုင်တွယ်ရတာ ပိုလွယ်တာမို့ နောက်မှ ဆေးတာကတော့ ပိုအဆင်ပြေပါတယ်။ ရေအေးနဲ့ပဲ ညင်ညင်သာသာ ဆေးရင်ရပါတယ်။ သူတို့ကို လက်နဲ့ပွတ်တိုက်စရာမလိုပါဘူး။ အဲ့လို လုပ်ရင် ပန်းပွင့်သေးသေးလေးတွေ ကြွေကုန်မှာပါ။

🍀နံနံပင်လို ဟင်းခတ်ရွက်တွေ

သူတို့ကတော့ မလှီးမဖြတ်ခင်လေးမှာရေ မြန်မြန်လေး သေချာဆေးကြောပေးဖို့လိုပါလိမ့်မယ်။ သူတို့က ရေနဲ့ ဆေးတာလည်း ခံနိုင်ရည်ရှိလို့ မြန်မြန်ဆေးလို့ရပါတယ်။ ဒါပေမဲ့ ဖိတာ ပွတ်တာ မျိုး ကြမ်းကြမ်းတော့ လုပ်လို့မရပါဘူး။

🌰ဖရုံသီး လိုမျိုး

ဒီတိုင်းဝယ်လာရင် အခွံနဲ့တကွ ရေဆေးဖို့ လိုအပ်ပါမယ်။ ဒီမှာက အသီးကို လှီးပြီး ရောင်းကြတာဆိုတော့ ရေဆေးသင့်ပါတယ်။ အခွံမှာနေကြတဲ့ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေက အသားမှာလည်း လာရောက်ကပ်တွယ်နေထိုင်တာမို့ပါ။

🥕အမြစ်တွေကိုစားတဲ့ရတဲ့ ဟင်းသီးဟင်းရွက်တွေ

မုန်လာဥတို့ အာလူးတို့လို့မျိုးတွေကို ဆေးကြောသန့်ရှင်းတဲ့အချိန်မှာ အခွံခွာတဲ့အချိန် အခွံခြစ်တဲ့အချိန်မှာ စီးနေတဲ့ရေနဲ့ ဆေးကြောပေးဖို့လိုပါတယ်။ ဘရက်ရှ် သီးသန့်လေးထားပြီးတော့ ပြောင်စင်အောင်ပွတ်တိုက်ပေးတာကလည်း မှန်ကန်တဲ့ ဆေးနည်းတစ်မျိုးပါပဲ။

🍄‍🟫မှိုတွေ

ဒါတွေက စားခါနီးမှဆေးကြောတာ အကောင်းဆုံးပါပဲ၊ မဟုတ်ရင် ချွဲသွားတတ်ပါတယ်။ အမြစ်တွေကိုဖြတ်၊ မှိုကို ရေဇလုံထဲထည့်ပြီး သာသာလေး လှုပ်ပေးရင် မှိုတွေမှာ ကပ်တွယ်နေတဲ့ အညစ်အကြေးတွေက အောက်မှာကျပြီး အနည်ထိုင်သွားမှာပါ။ အဲ့လိုနည်းနဲ့ ဆေးပြီးရင် ရေပြန်စစ် ရေပြန်သုပ်ပေးပြီး လိုအပ်သလို ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။

🫛ပဲအမျိုးမျိုး

သူတို့ကိုတော့ ရေမစိမ်ပဲနဲ့ ဘေစင်မှာ ဇကာနဲ့ ရေလောင်းချပြီးဆေးပေးသင့်ပါတယ်။ ဆေးပြီးသားရေတွေနဲ့ စိမ်မထားသင့်ပါဘူး။ အပေါ်ယံတွေပြောင်အောင်လို့ မွှေပြီးဆေးပြီးတော့ ရေပြန်စစ်ထားပေးလို့ရပါတယ်

🧅ကြက်သွန်ဖြူ၊ ကြက်သွန်နီ

သူတို့မှာက အလွှာအထပ်ထပ်နဲ့ အခွံကလည်း ကာကွယ်ပေးထားတာရှိတဲ့အတွက်ကြောင့်မို့ အရမ်းကြီးဆေးစရာမလိုပေမဲ့လို့ မလှီးမချွတ်ခင်မှာ ရေနဲ့ပြောင်စင်အောင် ဆေးကြောဖို့လိုပါတယ်။ မဆေးဘူးဆိုရင် အခွံမှာရှိနေတဲ့ ရောဂါပိုးမွှားတွေက အထဲက အလွှာတွေကို ကူးစက်လာနိုင်လို့ ဆေးပေးသင့်ပါတယ်။ လိုအပ်ရင်တော့ ဘရက်ရှ်သုံးပြီး ဆေးလို့ရပါသေးတယ်။

🥒ဒီတိုင်းစားတဲ့ အသီးတွေ

ခရမ်းချဉ်သီး၊ သခွား စတဲ့ အသီးတွေဆို မဖြတ်မတောက်ခင်မှာ ရေသေချာဆေးပေးဖို့ လိုပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

" ခရမ်းသီးထောင်း "..... နည်း " 🍚🍆🌶😋

- ပါဝင်ပစ္စည်းများ -👇👇👇

ခရမ်းသီး ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊
ငရုတ်သီးစိမ်းလေးတွေကို မီးကင် ပါ ။
မီးကင် ဖို့ မလွယ်သူက ပြုတ်ယူပါ ။
ပြီးရင် ငရုတ်ဆုံထဲမှာ ထည့်ထောင်းပါ ။
အရသာ အတွက် ငပိရည် ၊ ငါးငံပြာရည်
အချိုမူန့် ( စားရင်ထည့် )ပြီး
ကြက်သွန်မြိတ် နဲ့ နံနံပင် ကို နူတ်နူတ်စင်းထည့်ပါ ။

ဒါဆို အရသာရှိတဲ့ ခရမ်းသီးထောင်း စားလို့ရပါပြီး 🤤🤤

image
1 နှစ် - ဘာသာပြန်ပါ။

#မရမ်းသီးစိမ်းငါးသလောက်ပေါင်း

အခုလို မရမ်းသီး ပေါတဲ့အချိန်မှာ ငါးသလောက်ကို မရမ်းသီး လေးနဲ့ ပေါင်းတဲ့အခါ မရမ်းသီးကြောင့် အအီပြေတဲ့အပြင် ငါးသလောက်ပေါင်းကို အခြားဟင်းနဲ့တွဲဖက်စရာမလိုအောင် လိုက်ဖက်လှပါတယ်ရှင်။

ပါဝင်ပစ္စည်း
၁။ ငါးသလောက် ၃၀သားအရွယ် တစ်ကောင်
၂။မရမ်းသီး အရွယ်တော် ၆လုံး
၃။ဆား လက်ဖက်စားဇွန်း၁ဇွန်း
၄။စိမ်းစားငပိ လက်ဖက်စားဇွန်း တစ်ဇွန်း
၅။ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း
၆။နေကြာဆီ ထမင်းစားဇွန်း ၅ဇွန်း
၇။သကြား လက်ဖက်စားဇွန်း တစ်ဇွန်း
၈။ကြက်သွန်နီ ဥသေး ၁၀လုံး
၉။ကြက်သွန်ဖြူ တစ်လုံး
၁၀။ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
၁၁။နနွင်း လက်ဖက်စားဇွန်း တစ်ဝက်

ပြင်ဆင်ပုံ

၁။ငါးသလောက်ကို ဗိုက်ဖောက်အူထုတ် အကြေးထိုး ဆေးကြောသန့်စင်ပြီး တက်ကြောထုတ်ထား၍ အနေတေါ်တုံးထားပါ။ ( ခေါင်းနဲ့ကိုယ် ဆက်တဲ့နေရာက လှီးချပြီး ဘေးနှစ်ဖက် အရေပြားနဲ့အောက်ကပ်လျက်မှာ အကြောဖြူဖြူလေး တစ်ဖက်ကို တစ်ချောင်းစီရှိပါတယ်။ စိတ်ရှည်ရှည်နဲ့ အသာလေးဆွဲထုတ်ရင် တစ်ချောင်းလုံးအရှည်ကြီးထွက်လာပါတယ်။ တက်ကြောထုတ်ပုံကို first comment မှာ ပုံပြထားပေးပါ့မယ်။)

၂။မရမ်းသီး ကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ထားပါ။
၃။ကြက်သွန်နီ ၃လုံးနှင့် ကြက်သွန်ဖြူ ၁လုံးကို ရောထောင်းပါ။
၄။ငါးသလောက်ကို ဆား၊ ငါးငံပြာရည်၊ သကြား၊ နနွင်း တို့နဲ့ အရသာဝင်အောင် နယ်ထားပါ။

ချက်ပြုတ်ပုံ

Pressure cooker ထဲ နေကြာဆီ ထမင်းစားဇွန်း ၅ဇွန်းထည့် ဆီဆူရင် ကြက်သွန်ဖြူနီထောင်းထားတာထည့် ငရုတ်သီး အရောင်တင်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ဆီသတ်ပါ။ ဆီသတ်တာမွှေးလာပြီဆို ငါးသလောက် ထည့် မရမ်းသီး တစ်ဝက် ( ၃လုံး ခြမ်းထားတာ)ထည့် ရေကို ငါးမြုပ်ရုံထည့်ပြီး ၁နာရီ တည်ပါ။ ၁နာရီ ပြည့်ရင် အရသာမြည်းကြည့် မရမ်းသီးကျန် ၃လုံးခြမ်းထားတာထည့်၊ကြက်သွန်နီ ဥသေးကျန်တာထည့်၊ ရေခမ်းပြီးဆီပြန်အောင် အဖုံးဖွင့် ပြီး ၅မိနစ်ထပ်တည်ပါ။

အချိန်ပြည့်ရင်တော့ အရိုးလဲနူး မရမ်းသီး အရသာလေးနဲ့ မအီတဲ့ မရမ်းသီးစိမ်းငါးသလောက်ပေါင်း ရပါပြီရှင်။

image
1 နှစ် - ဘာသာပြန်ပါ။

Odela 2 (2025) ဇာတ်ကားသစ်
“မိစ္ဆာဝိညာဉ်”

အသစ်ထွက်ရှိထားတဲ့ တေလဂူးဟော်ရာဇာတ်လမ်းကို
ပရိသတ်တိုအတွက် တင်ဆက်ပေးလိုက်ပါတယ်

သရုပ်ဆောင်တွေအနေနဲ့ ဈေးအကြီးဆုံး တောင်ပိုင်းမင်းသမီးတွေထဲက
တစ်ယောက်ဖြစ်တဲ့ Tamanna Bhatia နဲ့အတူ KGF နဲ့
နာမည်ရလာတဲ့ ဗီလိန်မင်းသား Vasishta Niranjan Simha တို ပါဝင်ထားပါတယ်

အိုဒယ်လာ အမည်ရ ရွာကလေးမှာ မင်္ဂလာဦးညမတိုင်ခင် သတိုသမီးပျိုတွေကို
အဓမ္မကျင့်သတ်ဖြတ်တဲ့ တီရူပါတီဆိုတဲ့ လူယုတ်မာတစ်ယောက်ဟာ
သူ့ရဲ့မိန်းမလက်ချက်နဲ့ ခေါင်းပြတ်ခဲ့ရပြီး ရွာသားတွေက
စံပြအနေနဲ့ သေလူကို ကြီးလေးတဲ့ အပြစ်ဒဏ်ပေးဖို ဆုံးဖြတ်လိုက်ကြတယ်

အဲဒါကတော့ တီရူပါတီရဲ့ အလောင်းကို မကျွတ်မလွတ်စေဖို
တစ်ရွာလုံးက အစီအရင်နဲ့မြေမြှုပ်လိုက်တာပါပဲ

အယုတ်ညံ့ဆုံးနည်းလမ်းနဲ့ မြေမြှုပ်အပြစ်ပေးခံခဲ့ရတဲ့
တီရူပါတီ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ
တစ်ရွာလုံးကို လက်စားချေပါတော့တယ်

ဒါကို ရွာသားတွေ ဘယ်လိုအစီအရင်တွေနဲ့ အဖြေရှာကြမလဲ
စိတ်ဝင်တစား ကြည့်ရှုရမယ့် ဟော်ရာရုပ်ရှင်လေးပဲ ဖြစ်ပါတယ်

Movie Link ⬇️⬇️⬇️
https://t.me/movieworld20217/90

image