#ကိုရီးယားထမင်းလိပ် (ဂင်ဘော့) လုပ်စားရအောင် .
----------------------------------------
ကိုရီးယားတွင် လူကြိုက်များပြီ ရေပန်းစားဆုံး ဟင်းလျာတစ်မျိုးနှင့် မိတ်ဆက်ပေးပါရစေ။ ကိုရီးယားထမင်းလိပ်ဟာ ဂျပန်ဆူရှီနှင့် ပုံစံ အတော်တူပါတယ်။ ဒါပေမယ့် ကိုရီးယား ထမင်းလိပ်မှာ ငါးစိမ်းတွေ မပါဝင်ပဲ အသီးအရွက်၊ ဟမ်တို့နှင့်သာ လိပ်ထားတာမို့ ကုန်ကျစရိတ် ပိုသက်သာပြီ ပါဝင်ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူ နိုင်မှာပါ။ ဝတ်ရည်ကတော့ ဂျပန် ဆူရှီရော၊ ကိုရီးယား ထမင်းလိပ်ရော နှစ်မျိုးလုံး နှစ်သက်ပါတယ်။ သို့သော် ကိုရီးယား ထမင်းလိပ်မှာ ဆူရှီတွင် မပါဝင်တဲ့ ချိုစိမ့်အရသာရယ်၊ နှမ်းဆီကြောင့် ရတဲ့ မွှေးရနံ့ကိုပါ ရရှိမှာပါ။ လုပ်ရလည်း လွယ်တာမို့ တူတူ လုပ်စားကြည့်ရအောင်
---------------------------------------
ထမင်းအတွက် ပါဝင်ပစ္စည်းများ
ချက်ပြီသား ရှမ်းဆန် ဆန်ချိန်ခွက် ၂လုံး
မှတ်ချက် ။ ။ ရှမ်းဆန် မရှိပါက ရိုးရိုးဆန် ၁ချိုး ၊ ကောက်ညှင်းဆန် ၁ချိုးကို ရော၍ ချက်နိုင်သည်။
နှမ်းဆီ [seasame oil] စားပွဲတင်ဇွန်း ၁ဇွန်း
ဆား [salt] လက်ဖက်ရည်ဇွန်း ၁ဇွန်း
နှမ်း [seasame seed] စားပွဲတင်ဇွန်း ၂ဇွန်း
ရေညှိရွက် [sea weed] ၄ရွက်
အစာသွပ်ရန် ပါဝင်ပစ္စည်းများ
မုန်လာဥနီ [carrot] ၁ဥ (အရှည်ပါးပါးလှီးပါ)
ဟင်းနုနွယ် [spinach] လက်တဆုပ်စာ
Ham (or) ဝက်အူချောင်း(အစို) ၄ချောင်း (အရှည်ပါးပါးလှီးပါ)
ကြက်ဥ [egg] ၁လုံး (ခလောက်ထားပါ)
သခွာသီး [cucumber] တဝက် (အခွံနွာပြီ အစေ့ထုတ် အရှည်ပါးပါးလှီးပါ)
နှမ်းဆီ
သကြား
ဆား
ပျားရည်
ပဲငံပြာရည်အနောက်(အချို)
-----------------------------------------------
ပြင်ဆင်နည်း [Preparation Method]
၁။ အရင်ဆုံး မုန်လာဥနီကို (နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ သကြား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ))တို့ ထည့်ပြီ ဆီနည်းနည်းဖြင့် ၁မိနစ်ခန့် ကြော်ပေးပါ။
၂။ ဟင်းနုနွယ်ရွက်များကို ပွက်ပွက်ဆူသော အိုးထဲ ဆားအနည်းငယ် ထည့်၍ ပြုတ်ပြီ ရေစစ်ထားပါ။ ပြီမှ နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် ရောနုယ်ထားလိုက်ပါ။
၃။ ဝက်အူချောင်းကိုအရင် ဆီနဲ့ကြော်ပြီမှ ပျားရည်(စားပွဲတင်ဇွန်း တဝက်)၊ ပဲငံပြာရည်(စားပွဲတင်ဇွန်း တဝက်)တို့ဖြင့် ရောနုယ်ထားပါ။
၄။ ကြက်ဥကို ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ သကြား)အနည်းငယ်ဖြင့် ရောခလောက်၍ ဆီဖြင့် အဝိုင်းပြားကြော်ကာ အရှည်လေးများ ဖြစ်အောင် ဓား(သို့)ကတ်ကြေးဖြင့် လှီးထားပေးပါ။
၅။ သခွာသီးကို (ဗီနီကာ(စားပွဲတင်ဇွန်း၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း))တို့ဖြင့် ရောနယ်ပြီ နုပ်ထားပါ။
၆။ ထို့နောက် အစားသွပ်ရန် ပစ္စည်းများဖြစ်သော (မုန်လာဥနီ၊ ဟင်းနုနွယ်၊ ဝက်အူချောင်း၊ ကြက်ဥ၊ သခွာသီး)တို့ကို ပန်းကန်တစ်ခုပေါ်သို့ ပုံတွင် ပါသည့်အတိုင်း ထည့်ထားလိုက်ပါ။
ရ။ ထမင်းကျက်ပြီဆိုလျှင် (နှမ်းဆီ၊ နှမ်း၊ ဆား) တို့ဖြင့် အသာအယာ ရောမွှေထားလိုက်ပါ။
-----------------------------------------------
ကိုရီးယား ထမင်းလိပ်လိပ်နည်း [Rice Roll Recipe]
၁။ အရင်ဆုံး ဝါးယင်းလိပ်ကို ခင်းပြီ အပေါ်မှ ရေညှိရွက် တစ်ရွက်ကို ခင်းလိုက်ပါ။
၂။ ပြီးလျှင် နုယ်ထားသော ထမင်း(စားပွဲတင်ဇွန်း ၄ဇွန်း)ကို ပုံတွင် ပါသည့်အတိုင်း ရေညှိရွက်ပေါ်တွင် ထမင်းထည့်လိုက်ပါ။
၃။ ပြီနောက် မုန်လာဥနီ၊ သခွာသီး၊ ကြက်ဥ၊ ဝက်အူချောင်း၊ ဟင်းနုနွယ် တို့ကို ထမင်းပေါ်တွင် တင်လိုက်ပါ။
၄။ ခုထမင်းလိပ် စလိပ်ပါတော့မည်။ ပုံတွင် ပါသည့်အတိုင်း အဆင့်ဆင့် ကျစ်ကျစ်လေး လိပ်ပေးပါ။
၅။ ထမင်းလိပ်ရပြီဆိုလျှင် ထက်သော ဓားကို ဆီအနည်းငယ်သုတ်ပြီ ၁၀ပိုင်းလောက်ထိ ရအောင် ပိုင်းပေးပါ။
၆။ အရသာရှိသော ကိုရီးယားထမင်းလိပ်ကို သုံးဆောင်နိုင်ပါပြီရှင်။ 😊😊

image

အမျိုးသမီးတွေ သွေးဆုံးကိုင်တဲ့အခါ မီးယပ်နာမကျအောင် တရုတ်ပြည်မှာ ဒါမျိုးစားကြတယ်။
ဒီမုန့်လေးရဲ့ အာဟာရဓာတ်တွေက မိန်းကလေးတွေနဲ့ အထူးသင့်တော်ပြီး တစ်လမှာတစ်ခါလောက်တော့ မဖြစ်မနေလုပ်စားသင့်ပါတယ်။
အရင်ဆုံး ကူးချိုင်တစ်စည်းကို ဆေးကြောသန့်စင်ပြီး ဓားလေးနဲ့ နုတ်နုတ်စင်းထားလိုက်ပါ။
လှီးထားတဲ့ကူးချိုင်တွေထဲကို ဂျုံမှုန့်အနည်းငယ်ရောထည့်ပြီး ပရိုတင်းဓာတ်အပြည့်ပါတဲ့ ကြက်ဥကို အားရှိသွားအောင် သုံးလုံးခန့်ဖောက်ထည့်ပေးလိုက်ပါမယ်။
အရသာအတွက် သကြားအနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့်လည်း ထည့်ဖို့မမေ့ပါနဲ့။ အဲဒီနောက် ကြက်ဥနဲ့ကူးချိုင်တွေကို သမသွားတဲ့အထိ စိတ်ရှည်ရှည်နဲ့ မွှေပေးပြီး ဆီပူအိုးပေါ်မှာ ရွှေဝါရောင်သမ်းလာတဲ့အထိ ကြော်ပေးရပါမယ်။
ဒီလိုနဲ့ အပြင်သားက နီရဲပြီး အတွင်းဘက်အထိ ခဲသွားပြီဆိုရင်တော့ ပန်းကန်ထဲကိုအသာထည့်ပြီး နှစ်သက်ရာအချဉ်ရည်နဲ့ တွဲဖက်ပြီးစားသုံးလို့ရပါပြီ။
ကူးချိုင်ရဲ့အထူးအာနိသင်က ဓမ္မတာထိန်ချန်ခြင်းကြောင့် ဖြစ်ပွားတဲ့ရောဂါတွေကို သက်သာစေတဲ့အပြင် အသားအရေလှစေတာမို့ လူကြီးမင်းတို့လည်း အိမ်မှာ ချစ်ရတဲ့ဇနီးနဲ့သမီးလေးတွေရှိတယ်ဆိုရင် ဒါမျိုးလေးကို မကြာခဏ ချက်စားကြဖို့ အခုပဲ တိုက်တွန်းလိုက်ပါတော့ ခင်ဗျ။

image

ရေသည်မိန်းက ၁မှတ် ရေသည်ယောက်ျား ၀

image

#ဒူးရင်းသီးစားခြင်း၏ကောင်းကျိုးခြင်းနှင့်သတိထားဆင်ခြင်ဖွယ်ရာများ
🌿ဝမ်းပုံမှန်သွားစေခြင်း – ဒူးရင်းသီးမှာ အမျှင်ဓာတ်များတဲ့ အတွက် ဝမ်းပုံမှန်သွားစေပါတယ်။
🌿အရိုးသန်မာစေခြင်း – ကယ်လ်ဆီယမ်(ထုံးဓာတ်) နှင့် မဂ္ဂနီဆီယမ်ဓာတ်တို့ပါဝင်တဲ့အတွက် အရိုးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။
🌿သွေးအားနည်းရောဂါကာကွယ်ပေးခြင်းသံဓာတ်နှင့် ဖောလစ်အက်ဆစ်ပါတဲ့အတွက် သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။
🌿ကင်ဆာကာကွယ်ပေးခြင်း– အခြားသော ဗီတာမင်နှင့် သတ္တုဓာတ်တွေ ပါဝင်တဲ့အတွက် ကင်ဆာဓာတ်တိုးဆန့်ကျင်သတ္တိရှိပြီး ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
🌿အိပ်မပျော်တဲ့ရောဂါ (insomnia) ကို သက်သာစေခြင်း – ဒူးရင်းသီးမှာ ပါတဲ့ Tryptophan က ခန္ဓာကိုယ်ထဲမှာ serotonin အဖြစ် ပြောင်းလဲသွားပြီး သွေးထဲသို့ melatonin ထွက်စေပြီး အိပ်ပျော်စေပါတယ်။
#ဒူးရင်းသီးစားရင်သွေးတိုးတယ်ဆိုတာ မှန်ပါသလား
တကယ်တော့ ဒူးရင်းသီးစားရင် သွေးမတိုးပါဘူး။ သူက ပိုတက်ဆီယမ် များတဲ့ အတွက်ကြောင့် သွေးပေါင်ချိန်တောင် ကျစေပါတယ်။ ဒါပေမယ့် သူ့ကို သွေးကျတယ် ဆိုပြီး အများကြီးမစားသင့်ပါ။ ဒူးရင်းသီး ၅၀၀ ဂရမ် ၁၅ မွှာခန့် စားမိပါက ပိုတက်ဆီယမ်ဓာတ်တွေ အရမ်းများသွားပြီး နှလုံးခုန်နှုန်းတွေ အရမ်း မြန်လာတတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါ ရှိတဲ့သူတွေ အနေနဲ့ကတော့ သုံး၊ လေးမွှာ ထက်ပို မစားသင့်ပါ။ ဒီအပြင် ဆီးချိုသမားတွေမှာလည်း သကြားဓာတ်ပါဝင်မှုများတဲ့ အတွက် မစားသင့်တဲ့အသီးထဲ မှာပါပါတယ်။
ဒါဆို သူ့စားပြီးရင် ဘာလို့ အိပ်ငိုက်လာလဲ၊ ခေါင်းမူးလာလဲ
ဒါကတော့ ဒူးရင်းသီးမှာ အဆီဓာတ် အရမ်းများလို့ပါ။ စားပြီးတာနဲ့ အဆီဓာတ်တွေ ခန္ဓာကိုယ်ထဲ ရောက်လာပြီး အိပ်ငိုက်စေပါတယ်။
ဒူးရင်းသီးကို ဘာနဲ့တွဲမစားသင့်ဘူးလဲ
👉ကော်ဖီ နဲ့ တွဲမစားသင့်ပါ။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်က ရင်တုန်စေသလို၊ ဒူးရင်းသီး မှာပါတဲ့ ပိုတက်ဆီယမ်ကလည်း ရင်တုန်စေတဲ့အတွက် တွဲဖက် မစားသုံးသင့်ပါ။
👉ထို့အတူ ကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည်၊ ကိုလာတို့နဲ့လည်း တွဲသောက်ရင် ရင်တုန်စေနိုင်ပါတယ်။
👉အရက်၊ ဘီယာနဲ့ တွဲဖက် မစားသင့်ပါ။ ဒူးရင်းသီးမှာ ပါဝင်တဲ့ sulphur နဲ့ အရက်တို့ ဓာတ်ပြုကာ ဒုက္ခပေးနိုင်ပါတယ်။
Crd

image

စားကြပါအုံး

image

🥹

image

#လိပ်ခေါင်း #နှလုံးသွေးကြောကျဉ်း နှင့် ဆီးချိုအတွက် အစွမ်းထက်
#တဇောင်းခါး
အဝလွန်သူများတွက်အဆီကျအသားကျစ်စေသောပိန်ဆေးအဖြစ်စားသုံးလျင်အကျိုးများပါသည်။
ဆီးချိုရောဂါသည်များဆီးချိုကျစေသောစားစရာဖြစ်ပါသည်။
တဇောင်းခါးကိုစားသုံးခြင်းဖြင့်cholesterolသွေးတွင်းအဆီကိုကျစေသဖြင့်နှလုံးသွေးကြောကျဉ်းရောဂါကာကွယ်နိုင်ပါသည်။
လိပ်ခေါင်းရောဂါခံစားနေရသူများလိပ်ခေါင်းရောင်ခြင်းကိုကာကွယ်နိုင်ပါသည်။
fiber အမျှင်ဓာတ် ပေါကြွယ်သဖြင့်အသက်အရွယ်ကြီးရင့်လို့သွေးကြောများမာကြောပြီးကိုယ်အင်္ဂါကိုက်ခဲနာကျင်သောရောဂါကိုလည်းကာကွယ်ကုသနိုင်သည်။
တဇောင်းခါးစားသုံးခြင်းဖြင့်ဆာလောင်ခြင်း ရေငတ်ခြင်းတို့ကိုတာရှည်ထိန်ထားနိုင်သဖြင့်ရှေးကခရီးလမ်းအကြားစားစရာအဖြစ်စားသုံးကြပါသည်။
အညာဒေသတွေမှာတော့ ပေါပေါမျာများတွေ့ရပြီး တချို့နိုင်ငံတွေမှာ တဇောင်းခါးကို ဆေးတောင့်အဖြစ် ပြုလုပ် သုံးစွဲ ကြပါတယ် ။

image

ကလေးငယ်ရဲ့အမှောင်ကြောက်ရွံ့မှုကို ဘယ်လိုကျော်လွှားစေမလဲ
ကလေးငယ်အတော်များများဟာ အမှောင်ကိုကြောက်ရွံ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ ဘီဒိုထဲမှာ၊ အိပ်ရာအောက်မှာ သရဲရှိနေတယ်လို့ ထင်တတ်ကြပါတယ်။ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးငယ်ကို ဒီကိုကြောက်ရွံ့မှုတွေကို ကျော်လွှားနိုင်အောင် ကူညီပေးသင့်ပါတယ်။
– ကလေးငယ်တွေရဲ့ အမှောင်ကိုကြောက်ရတဲ့အကြောင်းရင်း
မိဘအတော်များများဟာ ကလေးငယ်တွေက ဘာလို့အမှောင်ကိုကြောက်လဲဆိုတာ မသိရှိကြပါဘူး။ ဒါပေမဲ့ မိဘက အခန်းမီးမှိတ်လိုက်တဲ့အချိန်မျိုးမှာ ကလေးငယ်က ကြောက်ရွံ့ခြင်းကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်ဟာ ရုတ်တရက် အမှောင်ကိုကြောက်ရွံ့နေပြီဆိုရင် အကြောင်းရင်းအချို့ရှိနိုင်ပါတယ်။
ကလေးငယ်သန်းပေါင်းများစွာဟာ အမှောင်ထဲမှာ သူတို့ကိုအစိမ်းလိုက်ကိုက်စားနိုင်တဲ့ ထူးထူးဆန်းဆန်းအရာတစ်ခု ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။ ကြောက်ရွံ့ခြင်းဟာ လူတိုင်းရဲ့ ဘဝအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကလေးငယ်တွေမှာတော့ ပိုဆိုးကြပါတယ်။ ဒါ့အပြင် ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ အပြည့်အစုံဖွံ့ဖြိုးခြင်း မရှိသေးတာကြောင့် သူတို့ဟာ TV programs တွေ၊ စာအုပ်တွေမှာပါဝင်တဲ့ ကြောက်စရာကောင်းတဲ့အရာတွေရဲ့ လွှမ်းမိုးမှုကိုခံရနိုင်ပါတယ်။
– သင့်ကလေးငယ်ရဲ့ အမှောင်ကြောက်ရွံ့မှုကို ဘယ်လိုထိန်းချုပ်မလဲ
မိဘတွေ အရင်ဆုံးလုပ်သင့်တဲ့အရာကတော့ ကလေးငယ်နဲ့ ပိုပြီးဆက်သွယ်မှုပြုဖို့ဖြစ်ကာ ကလေးငယ်ကိုလေးစားပြီး ကလေးဘာတွေ ကြုံတွေ့နေရလဲဆိုတာ နားလည်တယ်ဆိုတာကို ပြသပေးဖို့ပဲ ဖြစ်ပါတယ်။
သူတို့ပြောတဲ့အချက်တွေကို သေချာနားထောင်ပြီး သူတို့ကြောက်ရွံ့အောင် ပုံပြင်တွေကို ပုံကြီးချဲ့မပြောမိဖို့လည်း အရေးကြီးပါတယ်။ ဒီအစား ကလေးငယ်အတွက် အမှောင်ကအန္တရာယ်မရှိဘူးဆိုတာသေချာဖို့ ကလေးအိပ်တဲ့နေရာကို သင်ကသွားကြည့်ပေးမယ်လို့ ကတိပေးသင့်ပါတယ်။
သင်အနားမှာရှိနေတာဟာ အလုံခြုံဆုံးဖြစ်ပြီး သင်ရှိနေစဉ်မှာ ကြောက်စရာမလိုဘူးဆိုတဲ့ခံစားချက်မျိုး ကလေးငယ်ကို ပေးသင့်ပါတယ်။ ဒါအပြင် ကြောက်စရာဆိုတာတကယ်မရှိနေဘဲ အမှောင်ကြောက်တတ်တာက ပုံမှန်သဘောသာဖြစ်ကြောင်း ရှင်းပြပေးသင့်ပါတယ်။ လိုအပ်ရင် ကလေးငယ်အတွက် အမှောင်ထဲမှာကာကွယ်မှုနဲ့ ပံ့ပိုးမှုကိုလည်း ပေးသင့်ပါတယ်။
သူတို့အနေနဲ့ သက်တောင့်သက်သာရှိပြီး လုံခြုံမှုကိုခံစားရအောင် ကိုင်တွယ်စရာတစ်ခုခု ပေးထားသင့်ပါတယ်။ အရုပ်၊ အလင်းရောင်အဖျော့ အစရှိတာတွေက သူတို့ အမှောင်ထဲမှာ ကြောက်ရွံ့နေတတ်ခြင်းကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်ပါတယ်။
တကယ်လို့ သင်ဟာ သင့်ကလေးငယ်ကို အပြည့်အဝကူညီဖေးမပေးနေပေမဲ့ သူတို့က ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အထိ ကြောက်ရွံ့မှုကိုပြသနေဆဲဆိုရင်တော့ ကလေးငယ်ကို ကလေးဆရာဝန်တစ်ဦးဆီမှာ အထူးကုသမှုကို ခံယူစေသင့်ပါတယ်။

image
31 w - Translate

#knowledge #ဗဟုသုတ

image
31 w - Translate

Wendell & Wild (2022)
=================
IMDb Rating – 6.5/10
ဒီ အန်နီမေးရှင်းဇာတ်ကားလေးကတော့ The Nightmare Before
Christmas တို၊ Coraline တိုလို ဘယ်လောက်ပြန်ကြည့်ကြည့်မရိုး
ရအောင် ဇာတ်အိမ်ကောင်းကောင်းနှင့် အမိုက်စား stop-motion
animation တွေနဲ့ ဖန်တီးပုံဖော်ခဲ့တဲ့ Henry Selick ရဲ့ လက်ရာအသစ်‌
စက်စက်လေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
မိဘတွေ ကိုယ့်မျက်စိရှေ့တင်ဆုံးပါးသွားတာကို မြင်ခဲ့ရတဲ့ ကတ် ဆိုတဲ့
ကလေးမလေးကို ကက်သလစ်‌ကျောင်းအုပ် ဖာသာတစ်ယောက်က
သူ့ကျောင်းမှာခေါ်ထားလိုက်ပါတယ်။ ကတ်မှာ အနာဂတ်ကိုကြိုမြင်ရသလိုမျိုး
စွမ်းအားတစ်ခုရှိကြောင်းကိုလည်း သူကျောင်းရောက်ရောက်ချင်းမှပဲ
သတိထားမိသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနေတဲ့
မြေအောက်ကမ္ဘာမှာ ဝန်ဒဲလ် နဲ့ ဝိုင်းလ် ဆိုတဲ့ မကောင်းဆိုးဝါးနှစ်ကောင်ရှိ
တာပေါ့။ သူတိုက ငရဲအပျိုစင်ဆိုတဲ့အရာကိုလိုချင်နေကြတာ၊ အဲဒါကိုရရင်
သူတိုဆန္ဒပြည့်ဝမှာဖြစ်တဲ့အတွက် အရမ်းလိုချင်နေကြတာ။
အဲဒါနဲ့ သူတိုနှစ်ယောက်က ကတ်အကြောင်းကိုသိသွားပြီး သူတိုကို ငရဲအပျိုစင်
ရအောင်လုပ်ပေးရင် ကတ်ရဲ့မိဘတွေကိုပြန်ရှင်အောင်လုပ်ပေးမယ်ဆိုပြီး
ကတ်ကို အိပ်မက်သွားပေးသွားပြီး ကတ်ကိုစည်းရုံးတာပေါ့၊ ဒီလောက်ဆို
ဘာဆက်ဖြစ်မလဲသိချင်သွားလောက်ပြီဆိုတော့ ကိုယ်တိုင်ပဲဆက်လက်
ကြည့်ရှုပေးလိုက်ကြပါဦး။

ဇာတ်ကားလင့်
https://t.me/c/2186686827/342

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image