#နိုင်ငံတကာသတင်း
◼အီရန်စစ်ဆင်ရေးတွင်အရပ်သားများထိခိုက်သေဆုံးဒဏ်ရာရနိုင်ခြေကိုတွက်ဆထားသော်လည်း အခြားရွေးချယ်စရာမရှိဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးပြော
အီရန်အပေါ်ပြင်းထန်စွာ တိုက်ခိုက်မှုအပြီးတွင် အစ္စရေးအ ရပ် သားများထိ ခိုက်သေဆုံးနိုင်ခြေအပေါ် အစိုးရအနေဖြင့်တွက်ဆထားသော်လည်းအခြားရွေး ချယ်စရာမရှိကြောင်းအစ္စရေးနိုင်ငံခြားရေးဝန်ကြီးဂီဒီယွန်ဆားကယမန်နေ့တွင်ပြောကြားသည်။
"ဒီလိုသမိုင်းဝင် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ချမှတ်လိုက်တဲ့အခါ ခက်ခဲတဲ့အချိန်တွေရှိမယ်၊ အသေ အပျောက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ တခြားရွေးချယ်စရာမရှိဘူး။" ဟု CNN နှင့် သီးသန့်အင်တာဗျူးတစ်ခုတွင်ဆားကပြောသည်။
ဒုံးကျည်အစင်း ၂၀၀ ကျော်ဖြင့် အီရန်က ပစ်ခတ်တိုက်ခိုက်ခဲ့မှုတွင် အရွယ်မရောက်သေးသူ သုံးဦးအပါအဝင် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစ္စရေး အစိုးရကယမန်နေ့တွင်ပြောကြားသည်။
၏ထို့ပြင်လူ ၃၈၀ ထက်မနည်း ဒဏ်ရာရခဲ့ပြီး ကိုးဦးမှာ ပြင်း ထန်သည့်အခြေအနေရှိကာ နိုင်ငံအတွင်း ဒုံးကျည်ထိမှန်သည့်နေရာ ၂၂ ခုရှိကြောင်းလည်းအစ္စရေး အစိုးရကဆို သည်။
နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုအတွင်းအစ္စရေးအလယ်ပိုင်းဘတ်ယမ်မြို့၌ အဆောက် အအုံတစ်ခုကို တိုက်ရိုက်ထိမှန်ခဲ့ပြီး အနည်းဆုံး လူလေးဦးသေဆုံးကာ လူနေရပ်ကွက်အများအပြားပျက်စီးခဲ့ကြောင်းသိရသည်။
ထို့အတွက်အစ္စရေး နိုင်ငံသားများ၊အမျိုးသမီးများနှင့်က လေးများကို ရည် ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုအတွက် အလွန် ကြီး လေးသောတန်ဖိုးကို အီရန်က ပေး ဆပ်ရမည်ဖြစ် ကြောင်းအစ္စရေး ၀န်ကြီး ချုပ် ဘင်ဂျမင် နေတန်ယာဟုကယမန်နေ့တွင်ကြုံးဝါးခဲ့သည်။
၏အီရန်၏နျူကလီးယားအစီအစဉ်အပေါ် အကဲဖြတ်ချက်များအရ ခြောက်လအ တွင်း အဏုမြူဗုံးပြုလုပ်နိုင်သည် ကိုပြသနေပြီးအီရန်နျူကလီးယားဗုံး ကိုးလုံးအတွက် လုံ လောက်သော ယူရေနီယံပြည့်စုံနေပြီဖြစ်ကြောင်း အစ္စရေးနို င်ငံခြား ရေးဝန်ကြီးဂီဒီယွန်ဆားက ပြောကြားခဲ့သည်။
အဓိပတိခေါင်းဆောင်အယာတိုလာအလီခါမေနီဦးဆောင်သောအီရန်အစိုးရကို ဖြုတ်ချခြင်းမှာ ယခု နောက်ဆုံးဖြစ်ပေါ်လာသည့်ပဋိပက္ခတွင် အစ္စရေး၏ ရည်မှန်းချက်များထဲမှ တစ်ခုဟုတ်မဟုတ် CNN ကမေးမြန်းရာတွင် “ရည် မှန်း ချက်က အစိုးရအပြောင်းအလဲမဟုတ်ပါဘူး၊ ဒါက အီရန်ပြည်သူတွေ ဆုံးဖြတ်ဖို့ပါပဲ၊ အစ္စရေးက အီရန်ပြည်သူတွေကို ရန်သူလို့ မမြင်ပါဘူး။”ဟုဆားကဆိုသည်။
စစ်ရေးအကူအညီအတွက် အမေရိကန်အား ကျေးဇူးတင်ရှိသော်လည်း အီရန်၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ရှင်းလင်းရာတွင် အစ္စရေးကို တိုက်ရိုက်ကူညီခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် မှာအီရန်အပေါ်၌သာ မူတည်ကြောင်းလည်း၎င်းက ပြောကြားသည်။
“သူတို့မှာ တွက်ချက်မှုတွေ ရှိပြီးသားပါ၊ သူတို့ပဲ ဆုံးဖြတ်ပါလိမ့်မယ်။” ဟု ၎င်းက ဆိုသည်။
စနေနေ့က အီရန်နိုင်ငံတစ်ဝှမ်းရှိ ပစ်မှတ် ၈၀ ကျော်ကို တိုက်ခိုက်မှုအတွင်း အီရန်အစိုးရ၏နျူကလီးယား ကွပ်ကဲမှုဗဟိုဌာနကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ပြော ရေးဆိုခွင့်ရှိသူကယမန်နေ့တွင်ပြောကြားသည်။
သတင်း-လင်းခေတ်
ကိုးကား- CNN

image