လှလိုက်တာအဝုမရယ်

ကိုယ့်အတွက်ဆိုပြီး ကြိုးစားနေတဲ့
လူတစ်ယောက်ကို စောင့်နေရတာဟာ
မပင်ပန်းဘူး။

ထိုနည်းအတူ ကိုယ့်ကိုစောင့်နေတဲ့
လူတစ်ယောက်အတွက် ကြိုးစားရတာလည်း
မပင်ပန်းပါဘူး။

ဘာ့အတွက်ကြောင့်လဲမေးရင်
တစ်ယောက်က တစ်ယောက်အတွက်ဆိုပြီး
သေချာနေတာမျိုးကြောင့်ပေါ့

ဒီအတွေးလေးနဲ့တင် ကြည်နူးရတယ်ဆိုတာလည်း
ကိုယ်တိုင်ကြုံဖူးတဲ့သူတွေဆိုရင် သိပါတယ်နော်

image
31 w - Translate

တစ်ချို့လူ.....
သူပဲမှန်တယ် သူပဲကောင်းတယ်
လူတစ်ဖက်သားရဲ့ ထင်မြင်ယူဆချက်ကို
လက်မခံတတ်ဘူး။
တစ်ချို့လူ.....
သူ့ကိုယ်သူ ပညာဂုဏ်မောက်လွန်းတယ်
လူတစ်ဖက်သားဟာ
သူ့လောက်ပညာမတတ်ဘူးလို့ ယူဆထားတယ်။
တစ်ချို့လူ......
သူလုပ်တာအမှန် သူလုပ်မှအကောင်း
လူတစ်ဖက်သား ဘာလုပ်လုပ်
အမြင်အမှားနဲ့ပဲ အမြဲကြည့်တတ်တယ်။
တစ်ချို့လူ.....
သူ့ကိုယ်သူအထက်တန်းစားဆိုတဲ့
အဆင့်အတန်းကို လက်ကိုင်ထားတယ်
လူတစ်ဖက်သားဟာ
သူ့လောက် အဆင့်မရှိဘူးလို့ သူတွေးထင်တယ်။
တစ်ချို့လူ.....
ဖေ့ဘုတ်ပေါ် စာလေး
ကမျောက်ကခြောက် ရေးနေတာကို
သူ့ကိုယ်သူစာရေးဆရာမှတ်ပြီး
ကျန်တဲ့တစ်ခြားလူတွေကို လူမထင်တော့ဘူး☺
တစ်ချို့လူ.....
သူနေတဲ့ ရေအိုင်လေးတစ်ခုကို ကမ္ဘာထင်ပြီး
သူ့လောက်သိ သူ့လောက်တတ်တဲ့သူ
မရှိဘူးလို့ပဲ
နွားခြေရာခွက်လောက်သာသာ
ရေအိုင်ငယ်မှာ စိတ်ကြီးဝင်နေတယ်။
တစ်ချို့လူ.....
သူ့ကိုယ်သူကလွဲပြီး
လူတိုင်းကို အထင်သေးတဲ့
မျက်လုံးမျိုးနဲ့ပဲကြည့်တတ်တယ်။
တစ်ချို့လူ......
လူတွေရဲ့အရေးပေးမှု
နည်းနည်းလောက်ရရုံနဲ့
သူ့ကိုယ်သူ ဘဝင်လေဟပ်ပြီး
မာနတွေခေါင်ခိုက်သွားတယ်။
လောကသဘာဝမို့......
ပြုံးပြုံးလေးနဲ့ပဲနားလည်ပေးလိုက်တယ်။

image

仰光

image

仰光

image

仰光

image

仰光

image

仰光

image

仰光

image

仰光

image