ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
🍠 ကန်စွန်းဥ သာကူ ကျိုနည်း 🍠
********************************
အခုလို အချိန်ရာသီးလေး နဲ့ဆို အရမ်းမိုက်
ကန်စွန်းဥ သာကူကျိုနည်းလေးကို
မျှဝေ ပေးလိုက်ပါတယ်။
ဒီသာကူကျိုနည်းလေးက ကျမ ကျိုလေ့ရှိတဲ့
သာကူကျိုနည်းလေးပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများကိုလည်း မှတ်ရလွယ်စေပြီး
မိမိကိုယ်တိုင် ကျိုနိုင်အောင်လို့ ရေးပေးထားပါတယ်။
မှတ်ချက်
*********
🥣 သာကူကျိုတဲ့အခါ
သာကူစေ့ကို ရေမဆေးရပါဘူး။
♥️ သာကူ ၁ ပိဿာ ကျိုပြီး ဗူးလေးတွေနဲ့ ထည့်ဝေရင်
ဗူး ၁၀၀ နဲ့ လူ ၁၀၀ စာ ရပါတယ်။
♥️ တစ်ကယ်လို့ အဝကျွေးမယ်ဆိုရင်တော့
လူ ၅၀ စာသာ ရပါမယ်။
🍠 ကန်စွန်းဥ ကတော့
အတုံးတုံးပြီး ရေစိမ်ထားရပါတယ်။
ရေမစိမ်ထားရင် မဲသွားတတ်ပါတယ်။
ကန်စွန်းဥ မရှိရင်တော့ ကန်စွန်းဥအစား
🥔 အာလူး
🥕 မုန်လာဥနီ
🍥 ပိန်းဥ အစရှိသဖြင့် ထည့်လို့ရပါတယ်။
🥛 နို့စိမ်း ထည့်စားလို့လဲ ရသလို
🥥 အုန်းနို့ကြိုက်ရင်လည်း အုန်းနို့ ထည့်စားနိုင်ပါတယ်။
🍭 အချိုကတော့
စားပွဲတင် ထညက်ဖြစ်စေ
ကြံသကာ ဖြစ်စေ
မုန့်လုပ် ထန်းလျက်ဖြစ်စေ
မိမိနှစ်သက်ရာကို သုံးနိုင်ပါတယ်။
ကျမကတော့ မုန့်လုပ်ထညက်ရဲ့
အနံ့နဲ့ အရသာကိုသာ ပိုကြိုက်ပါတယ်။
🍬 သကြား နဲ့ ကျိုတာ ကြိုက်ရင်လည်း
သကြား နဲ့ ချည်းပဲ ကျိုလို့ ရပါတယ်။
သကြားဖြူ နဲ့ သကြားဝါဆိုရင်
သကြား အဝါရောင်က ပိုချိုတာကြောင့်
သကြားအဝါကို သုံးပေးပါ။
_______________ူအေးသွားတဲ့အခါ _____________
စုစုပေါင်း ရေ ၂၀ လီတာနဲ့ကျိုရင်
သာကူအေးသွားတဲ့အခါ
မပျစ် မကျဲ အနေအထား ရှိပါမယ်။
စုစုပေါင်း ရေ ၁၇ လီတာနဲ့ကျိုရင်
သာကူအေးသွားတဲ့အခါ
ခပ်ပျစ်ပျစ် အနေအထား ရှိပါမယ်။
သာကူရဲ့ သဘာဝကတော့
ပူနွေးတုန်းလေး စားတာဟာ အကောင်းဆုံးပါပဲ။
♥️ အားလုံးပဲ ချမ်းမြေ့ကြပါစေ။ ♥️
#crd
ရွှေဖရုံသီးပေါင်း
Stewed Pumpkin in Coconut Cream
ပါဝင်ပစ္စည်း
********
ရွှေဖရုံသီး - တစ်ကီလို
ဆွမ်းမွေးရွက် - ၂ရွက်
အုန္းနို့ - ၂၅၀ml
ရေ - ၅၀၀ml
သကြား - ၁၇၅ ဂရမ်
ဆား - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
သကြား*******
(၁)ရွှေဖရုံသီးကိုအခွံသင်ပြီးရေဆေးသန့်စင်ကာအတုံးကြီးကြီးတုံးထားပါ။ဆွမ်းမွေးရွက်ကိုထုံးထည့်ပာ။။အလှဆင်ရန်ဖရုံစေ့ကိုဖယ်ထုတ်ပြီးရေဆေးကာOvenတွင်အခြောက်ခံပြီးကင်ထားပါ။လှော်ပြီးသားလည်းသုံးနိုင်ပါ တယ်။
(၂)အိုးတခုဖြင့်ရေဆားနှင့်သကြားထည့်ပြီးကျိုပါ။
(၃)ဆူပွက်လာပါကအုန်းနို့နှင့်ရွှေဖရုံသီးထည့်ပြီးမီးအေးအေးဖြင့်ဆယ်မိနစ်ခန့်ဖရုံသီးနူးလာအောင်တည်ပေးပါ။ဝေမကျစေရန်ဂရုပြုပါ။
(၄)ရွှေဖရုံသီးနူးပါကပန်းကန်တွင်ထည့်ပြီးအုန်းနို့ဆမ်းကာဖရုံစေ့လှော်ဖြူးပြီးနှစ်သက်သလိုအလှဆင်၍တည်ခင်းသုံးဆောင်နိုင်ပါပြီ။
သူမွေးထားတဲ့ လိပ်ကို စကိတ်တပ်ပေးပြီး စီးခိုင်းတဲ့ ပိုင်တံခွန် 😌
သူချစ်လို့ မွေးထားတဲ့ တိရိစ္ဆာန်တွေထဲက တစ်ကောင်အပါအဝင်ပါ။ ပိုင်တံခွန်ဟာ အရင်တည်းက တိရိစ္ဆာန်လေးတွေကို ချစ်ခင်ကြင်နာတတ်တဲ့ အနုပညာရှင်ဖြစ်တယ်လို့ ပရိသတ်တွေက သိထားပြီးသားပါ။ နောက်ပိုင်းမှာတော့ မွေးနေကျ အိမ်မွေးတိရိစ္ဆာန်တွေအပြင် ထူးထူးဆန်းဆန်း တိရိစ္ဆာန်လေးတွေကိုပါ မွေးမြူထားလာတာပါ။ အဆိုပါ တိရိစ္ဆာန်တွေထဲက လိပ်ကို စကိတ်တပ်ပေးပြီး စီးခိုင်းကာ သူက လိပ်ကိုလျှော့တွက်လို့မရကြောင်း စကိတ်တပ်ပေးထားကြောင်း ပြောပါတယ်။ လိပ်တို့၏ သဘောသဘာဝဟာ လှုပ်ရှားမှု နှေးကွေးလေ့ရှိတာပါ။
#celenews
မြေနန်းပြာသာဒ်ဆောင်ကြီးနှင့် အမြောက်များ(1907-1913)
Source - Archeological Survey of India, Burma Circle. Photo crd - Wayk KNut(fb) #cannons #royal_audience_hall #mandalay_palace #burma #colorized
တစ်ခါတစ်လေဘဝက ငါတို့ဖြစ်ချင်တာတွေ
ဖြစ်ဖို့ အခွင့်ရေးမရခဲ့ပါဘူး
ရွေးချယ်ခွင့်လည်းမရှိခဲ့ဘူး
ဘယ်သူမှအပြစ် မရှိသလို ဘယ်သူ့ကိုမှလည်း
အပြစ်တင်ဖို့ ကြိုးစားမှာ မဟုတ်ဘူး
တစ်ခါတစ်လေ ဘဝကတိုက်တိုက်ဆိုင်ဆိုင်ပဲ
အခက်ခဲပေါင်းများစွာ စုပုံပြီးတွေ့ရလေ့ရှိတယ်
မဖြစ်နိုင်တာကိုမှ ရွေးပြီးဖြစ်ချင်တဲ့စိတ်ရယ်
မရနိုင်ပါဘူးဆိုတဲ့ အရာတွေကိုမှ
လိုချင်လေ့ရှိတဲ့ ဆန္ဒကိုတော့
အကောင်းဆုံးထိန်း ချူပ်သွားမယ်။
နောက်ဆုံးအချိန်ထိတော့ အကောင်းဆုံး
ကျော်ဖြတ်မှာပါ ဆိုတဲ့စိတ်နဲ့ပဲနေလိုက်တယ်။
#စာရယ်ကဗျာရယ်
အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ
Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။
အပူချိန် 35C - 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1
37C ကနေ upper 40C ထိတိုးလာရင် Level 2 danger ပါ ။
ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။
ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။
အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။
အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြနော် ။
ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ
Card
Transform Myanmar Yangon
#crd
ခေါင်း ပါသော်လည်း
ဦးနှောက် မပါသူတွေ
အများကြီး တွေ့နေရတယ်။
ရင်ဘတ် ပါသော်လည်း
နှလုံးသား မပါသူတွေ
အများကြီး တွေ့နေရတယ်။
အလင်းရောင်ထဲ နေပြီး
အမှောင်ကျ နေသူတွေ
အများကြီး တွေ့နေရတယ်။
မျက်လုံး ပါသော်လည်း
အမှန်ကို မမြင်တဲ့သူတွေ
အများကြီး တွေ့နေရတယ်။
တရားတွေ ကျင့်နေ ပါသော်လည်း
တရားမျှတမှုကို ကျောပေး နေသူတွေ
အများကြီး တွေ့နေရတယ်။
မေးတော့ မေးရမယ် ...
ကိုယ်ချင်းစာတရား ဆိုတာ ဘယ်မှာလဲပေါ့
#စာပေ
#ပြည်တွင်းသတင်း
◼ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့၌ နေ့အပူချိန်များမြင့်တက်နိုင်ဟုဆို
ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့၌ နေ့အပူချိန်များမြင့်တက်လာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်က ယနေ့(မတ် ၄ ရက်) တွင်ခန့်မှန်းပြောဆိုထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ မတ်လအတွင်း အားအနည်းငယ်ရှိသော လာနီညာအခြေအနေမှ ပုံမှန်နှစ်တစ်နှစ်သို့ပြန်လည်ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
“လာနီညာကြောင့်အပူချိန်မြင့်တက်မှုတွေ ၂၀၂၄ ခုနှစ်(အယ်လိနီညိုနှစ်)ထက် လျော့နည်းသော်လည်း၊ မတ်လအတွင်း စိုထိုင်းဆမြင့်တက်နေတဲ့ဒေသတွေမှာ ခံစားရတဲ့အပူချိန် (Temperature Felt) ၄၀°C အထက်အထိ မြင့်တက်နေနိုင်ပါမယ်” ဟု ဦးဝင်းနိုင်ကဆိုသည်။
ရန်ကုန်အပါအဝင် မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေ့အပူချိန်များ ၄၀°C အထက်အထိ မြင့်တက်လာနိုင်ကြောင်းလည်း ၎င်းကဆက်လက်ခန့်မှန်းထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မတ်လအတွက် ခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာ၀တီတိုင်းတို့တွင် မတ်လပျမ်းမျှ အပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့် အထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မတ်လပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်းသိရသည်။
အပူချိန်မြင့်မားမှုဒဏ်ကိုခံစားရလျှင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများ ထိခိုက်ပျက်စီးစေနိုင်ပြီး အချိန်မီကုသရန်နှောင့်နှေးပါက အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်နိုင်ကြောင်း၊ အပူချိန်မြင့်မားသည့် နေ့လယ်နေ့ခင်းအချိန်များတွင် အကာအကွယ်မပါဘဲ ပြင်ပသို့ ထွက်ခြင်းကို ရှောင်ရှားပြီး အရိပ်အာဝါသအောက်တွင်သာ နေထိုင်ကြရန် ကျန်းမာရေးပညာရှင်များက အကြံပြုတိုက်တွန်းထားသည်။
သတင်း-အင်ကြင်း
🇲🇲မြန်မာပြည်မြောက်ဖျားက
ဆန်းကြယ်လွန်းလှတဲ့
သဘာဝအလှတရား☘️
🇲🇲မြန်မာပြည် မြောက်ဖျားဒေသ
(ပူတာအို )ရေခဲတောင်၏ လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ပုံရိပ်☘️
🏔️ရေခဲတောင်တန်း များသည် ဥတု အလိုက် ပုံသဏ္ဍန်ပြောင်းလဲ ၍ တောင်တန်း၏လမ်းခရီးလည်းကြမ်းတမ်းပါသည်🍀
💧ပင်လယ်ရေ မျက်နှာပြင် တစ်သောင်းကျော်အောက်၊နှင်းတောင် များသည်မိုးအခါ ၌နှင်းများ အရည်ပျော် ပြီးနောက် ရေခဲတောင်ပေါ် ပေါက်သည့်ဆေးဘက်ဝင်ဆေးမြစ်များ ၊ပန်းများ အရောင်စုံလျင်စွာပေါက် ပါသည်။
ရေခဲတောင်ပေါ် မှာတာ ပေါက်ပါ သည်။အချို့မှို အမျိုးအစာ၊း များသည် စာ၊းလို့ရပါသည် စားလို့ရ သည့် မှိုများကို ပုံ၏ အောက်မှာ စာများဖော်ပြပေးထားပါမည်🍀
#popular Paoh Stars
Exotic Land(ဓာတ်ပုံ)
#crd