27 ပတ် - ဘာသာပြန်ပါ။

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း အမေရိကန်မေဂျာလိဂ်ဆီပြောင်းရွှေ့ရန် ဆွေးနွေး

မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ အမေရိကန်မေဂျာလိဂ်ဆီပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Give me Sport သတင်းမှာ ဖော်ပြချက်အရ ဒီဘရိုင်းဟာ မေဂျာလိဂ်ကလပ် ဆန်ဒီယေဂိုအသင်းဆီပြောင်းရွှေ့ဖို့ ဆွေးနွေးနေတာလို့ ဆိုပါတယ်။

ဒီဘရိုင်းကို ဆော်ဒီကလပ်တွေကလည်း ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေရှိသည့်တိုင် အမေရိကန်ဘောလုံးလိဂ်ဆီ ပြောင်းရွှေ့ဖို့ အခွင့်အလမ်းများနေတယ်လို့ဆိုပါတယ်။

ဒီဘရိုင်းအနေနဲ့ ဆန်ဒီယေဂိုအသင်းဆီ ပြောင်းရွှေ့မယ်ဆိုရင် တနှစ်လုပ်ခ ကန်ဒေါ်လာသန် း ၂၀ အထိ ရရှိနိုင်တယ်လို့သိရပါတယ်။

ဒီဘရိုင်းနဲ့ မန်စီးတီးတို့ရဲ့စာချုပ်သက်တမ်းက အခုနှစ်ရာသီအကုန်မှာ ပြီးဆုံးမှာဖြစ်ပြီး သက်တမ်းတိုးမယ့် အရိပ်အယောင်မရှိသေးဘူးလို့ သတင်းတွေမှာဖော်ပြကြပါတယ်။
DVB

image

27 ပတ် - ဘာသာပြန်ပါ။

ပန်ထရော် ဘုရော်မော်
မထော်တွေပါဟယ် 😁

27 ပတ် - ဘာသာပြန်ပါ။

26 Oct 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,530
USD Sell - MMK 4,630
EUR Buy - MMK 4,810
EUR Sell - MMK 4,940
SGD Buy - MMK 3,370
SGD Sell - MMK 3,460
THB Buy - MMK 132.45
THB Sell - MMK 136.05
JPY Buy - MMK 29.27
JPY Sell - MMK 30.48
MYR Buy - MMK 1,025
MYR Sell - MMK 1,055
CNY Buy - MMK 626
CNY Sell - MMK 645

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,150,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,550,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
27 ပတ် - ဘာသာပြန်ပါ။

စမူဆာတရားတော်
မောင်ငယ်ရင်သွေး နာဘိသေးလော့ 🤣

27 ပတ် - ဘာသာပြန်ပါ။

Dave is BACK! First rule of business!!!!
Be like Dave 😁

27 ပတ် - ဘာသာပြန်ပါ။

နည်းပြတန်ဟတ်ဂ်နေရာကို အစားထိုးရန် မန်ယူအသင်း လျှို့ဝှက်ဆွေးနွေး

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြတန်ဟတ်ဂ်နေရာမှာ အစားထိုးဖို့အတွက် တခြားနည်းပြအများအပြားနဲ့ လျှို့ဝှက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့တပတ်ကပဲ ဘာစီလိုနာ နည်းပြဇာဗီကို စပိန်နိုင်ငံအထိသွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထွက်ပေါ် လာခဲ့ပါသေးတယ်။

ဒါ့အပြင် ဒေါ့မွန်နည်းပြဟောင်းတာဇစ်၊ စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်၊ ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ်တို့အပါအဝင် တခြားနည်းပြတွေကိုလည်း ကြိုတင်ချိတ်ဆက် ထားတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။

မန်ယူအသင်းဟာ နည်းပြတန်ဟတ်ဂ်နဲ့ သက်တမ်းမတိုးခင်ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း သောမက်စ်တူဟယ်၊ ကီရန်မက်ကမ်နာ၊ မာကိုဆေးလ်ဗား အစရှိတဲ့နည်းပြတွေနဲ့ စကားပြောဆို ခဲ့ပါတယ်။
DVB

image
27 ပတ် - ဘာသာပြန်ပါ။

“ညနေ ၅ နာရီအချိန်အထိ တစ်နေ့တာ ထူးခြားသတင်းများ”

အောက်တိုဘာ ၂၆

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia တို့သည် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ အောက်တိုဘာ ၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု နစက ၏ ထုတ်ပြန်ချက်အရသိရသည်။

နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ် အကြား နည်းပညာ၊ သတင်းအချက်အလက်အပါအဝင် နယ်ပယ်အလိုက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရသိရသည်။

၂။ မြန်မာ့နိုင်ငံရေးပါတီသုံးခုမှ တာဝန်ရှိသူများ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။ ယင်းပါတီ သုံးခုမှာ ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ၊ နစကအကြံပေးအဖွဲ့ခေါင်းဆောင်ဦးစောထွန်းအောင်မြင့်၏ ကရင်ပြည်သူ့ပါတီနှင့် ဦးခင်မောင်ဆွေ၏ အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့ ဖြစ်ကြသည်။

၃။ မြန်မာ့ရေဘေးသင့် ပြည်သူများအတွက် အမေရိကန်ဒေါ်လာသုံးသန်းထပ်မံထောက်ပံ့ကူညီမည်ဟု အမေရိကန်သံရုံးက ထုတ် ပြန်ခဲ့သည်။

၄။ စင်္ကာပူနိုင်ငံမှာ အလည်ပတ် ပတ်စ်ပို့ (PV) အမျိုးအစားနဲ့ အလုပ်လုပ်ကိုင်ပြီး နေထိုင်ခွင့် ကတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေကို အလုပ် ပတ်စ်ပို့ (PJ) ပြောင်းလဲ လျှောက်ထားနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာသံရုံး (စင်္ကာပူမြို့) က ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image