1 y - Translate

အရမ်းကောင်းတဲ့ သရဲကားလေး 🔥🔥

Jessabelle (2014)

IMDb Rating (5.4) / Rotten Tomatoes (29%)

ကားမတော်တဆမှုဖြစ်ပြီးတော့ ဗိုက်ထဲက ကလေးရော ရည်းစားရောဆုံးရှုးလိုက်ရတဲ့ဂျစ်စဘယ်ဟာ မတော်မဆမှုကြောင့် လမ်းမလျှောက်နိုင်ပဲ ကုသမှုခံယူနေရသူဖြစ်ပါတယ်။ဒီလိုနဲ့ အမေလည်းမရှိတော့တာကြောင့် ဆေးရုံကဆင်းပြီး အဖေ့အိမ်မှာပဲ ပြန်လာနေဖြစ်ခဲ့ပါတယ်။ဂျစ်စဘယ်တစ်ယောက် အဖေ့အိမ်မှာပြန်လာနေပြီးနောက်ပိုင်း သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေကို ကြည့်မိသွားရာကနေ ခြောက်ခြားစရာကောင်းတဲ့အရာကိုရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။အသက်အန္တရာယ်ထိခြိမ်းခြောက်ခံရမှုတွေထိပါ ခြောက်ခြားစရာတွေကြုံလာရတဲ့အခါမှာ ဂျစ်စဘယ်တစ်ယောက်ဘာဆက်လုပ်မလဲ။သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေထဲမှာရှိနေတဲ့ လျှိဝှက်ချက်ကဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားစရာ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ သည်းထိတ်ရင်ဖိုကြည့်ရှုခံစားရမှာပါ။

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/943

image
1 y - Translate

ထရမ့်ထုတ်မယ့် ဒေါ်လာ ၅၀၀ တန် ရွှေရောင် T1 Phone
"အမေရိကန်တွင် လုပ်သည်" ဆိုတဲ့ နိုင်ငံတော်ဖုန်းကို အမေရိကန်သမ္မတက ထုတ်ပါတော့မယ်။
iPhone ကို အမေရိကန်မှာ ထုတ်ဖို့ ပြောမရတဲ့အဆုံး သမ္မတကိုယ်တိုင် ကိုယ့်ဘာသာ ဖုန်းကုမ္ပဏီထောင်ပြီး ထုတ်လိုက်တာလို့ ဆိုရမှာပါ။ Trump Organization က မိုဘိုင်းလ်ဖုန်း plan နဲ့ ၄၉၉ ဒေါ်လာတန် T1 Phone ဖုန်းအပါအဝင် ကြိုးမဲ့စီးပွားရေးလုပ်ငန်းလုပ်ဖို့ Trump Mobile ဆိုပြီး ထောင်လိုက်ပါတယ်။
Trump Mobile ရဲ့ ဈေးဦးပေါက်ဖုန်းက အမေရိကန်အလံနဲ့ ရွှေရောင် T1 Phone ပါ။ ဒီဖုန်းက iPhone 17 ထက်အရင်ထွက်ဖို့ ရှိပါတယ်။ အမေရိကန်မျိုးချစ်တွေအကြိုက် ဒီဇိုင်းပါပဲ။ ကြားရသလောက်ဆို T1 ဖုန်းက AI Face Unlock နဲ့ မှန်ပြင်အောက် လက်ဗွေပါမယ်။ display က ၆.၈ လက်မ AMOLED punch hole display ဖြစ်ပါမယ်။
အမေရိကန်ထုတ်ဖုန်းဆိုပေမယ့် အမေရိကန်မှာ AMOLED display ထုတ်တဲ့သူမရှိတော့ တခြားနိုင်ငံက မှာရမှာပါပဲ။ Face Unlock နည်းပညာအတွက်သုံးတဲ့ VCSEL ကလည်း ပြည်ပကပဲ ထုတ်တာပါ။ ကင်မရာတွေကိုတော့ နောက်ဘက် 50MP နဲ့ 2MP ၊ ရှေ့ 16MP သုံးမယ်လို့ ကြားပါတယ်။ ကင်မရာ modules တွေလည်း အပြင်ကပဲ သွင်းရဖို့ ရှိပါတယ်။
အမေရိကန်ဖြစ်စစ်တာတစ်ခုက Android 15 နဲ့ လာတာပါ။ chipset အကြောင်း မကြားရသေးလို့ မပြောနိုင်သေးပေမယ့် RAM 12GB ပါပြီး 256GB storage နဲ့ SD card ထပ်စိုက်နိုင်မယ်လို့ ပြောပါတယ်။ ဘက်ထရီ 5000 mAh သုံးတာက မဆိုးပေမယ့် 20W charging ကတော့ အားသွင်းရ စိတ်ရှည်မှ ဖြစ်ပါမယ်။
T1 ဖုန်းက pre-order အတွက် ဒေါ်လာ ၁၀၀ ငွေချေ down payment လုပ်ပြီး မှာထားလို့ ရပါတယ်။ ဖုန်းပြော အင်တာနက်သုံးအတွက် mobile plan ကိုတောင် ထရမ့်ရဲ့ သမ္မတသက်တမ်း ၄၅ ဆက်နဲ့ ၄၇ ဆက်ကို ရည်ရွယ်ပြီး လစဉ်ကြေး ၄၇.၄၅ ဒေါ်လာ ကောက်ထားပါတယ်။
အမေရိကန်မှာ ဖုန်းမထုတ်တဲ့ အမေရိကန်ဖုန်းကုမ္ပဏီတွေကို ၂၅% အခွန်ကောက်မယ်ဆိုတဲ့ ထရမ့်ရဲ့ဖုန်းကို ဈေးကွက်က ဘယ်လို တုန့်ပြန်မလဲ စောင့်ကြည့်ရမှာပါ။

image
1 y - Translate

အရမ်းကောင်းတဲ့ လူသတ်ကားလေး 🔥🔥

The Texas Chainsaw Massacre (2003)

IMDb Rating (6.2)

မင်းသမီး Jessica Biel ရဲ့ နာမည်ကြီး Texas Chainsaw ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ဇာတ်လမ်းကတော့…
၁၉၇၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ကောင်လေးနဲ့ကောင်မလေးအတွဲ ၂တွဲနဲ့သူငယ်ချင်း၁ယောက်တို မက္ကဆီကိုနိုင်ငံမှာ ဆေးခြောက်ဝယ်ပြီး Dallasမြိုက ဂီတပွဲတစ်ခုသို သွားရောက်ကြပါတယ်
တက္ကဆက်ပြည်နယ်ကို ဖြတ်မောင်းနေတုန်း လမ်းလယ်မှာ ငူငူငိုင်ငိုင်နဲ့ တစ်ယောက်တည်းလျှောက်နေတဲ့ မိန်းကလေးတစ်ဦးကို လမ်းကြုံတင်ခဲ့ရာကနေ
သူမကို စကားပြောကြည့်ဖို ကြိုးစားကြပေမယ့် မိန်းကလေးက လူဆိုးတစ်ယောက်အကြောင်းကို မရေမရာပြောပြီး နင်တိုအားလုံး သေရလိမ့်မယ်ဆိုကာ ကိုယ့်ကိုယ်ကို သေနတ်နဲ့ အဆုံးစီရင်သွားလို အမှုကြီးကြီးတက်ပါတော့တယ်…ဒါနဲ့ ရဲကို အကြောင်းကြားဖို နီးစပ်ရာ ဓာတ်ဆီဆိုင်ဝင်ပြီး ဖုန်းဆက်ဖို ကြိုးစားပေမယ့် ဆိုင်ရှင် အဒေါ်ကြီးက ရဲမှူးက မလာနိုင်ကြောင်း ကြိတ်ခွဲစက်ရုံကို လာခဲ့ဖို ပြောပါတယ်
သူတို ၅ယောက်လည်း သေဆုံးသူကို လမ်းဘေးမှာ မထားခဲ့ချင်တာနဲ့ အရောက်သွားခဲ့ပေမယ့် ရဲမှူးကို မတွေ့ခဲ့ရဘဲ ကလေးငယ်တစ်ယောက်နဲ့သာ ဆုံခဲ့ပါတယ်
ရဲမှူးက အိမ်မှာ အရက်သောက်နေတယ်လို ကလေးကပြောတာကြောင့် အကြောင်းကြားဖို ရဲမှူးရှိရာအိမ်ဆီကို အယ်ရင်နဲ့ ကမ့်ပါတို ထွက်ခွာလာခဲ့ကြပါတော့တယ်…
နောက်ပိုင်း ဘာဆက်ဖြစ်မလဲ ရဲမှူးကရော ဘယ်ရောက်နေသလဲ သတ်သေသွားတဲ့ မိန်းကလေးရဲ့ ဇာတ်ကြောင်းကရော ဘယ်လိုလဲဆိုတဲ့မေးခွန်းတွေကိုတော့ ခြောက်ခြားဖွယ်ရာဆက်လက်ကြည့်ရှုရမှာပါ။ကြမ်းတမ်းတဲ့ပြကွက်တွေ ပါတာကြောင့် အသည်းငယ်တတ်သူများမကြည့်ဖို သတိပေးလိုပါတယ်။
👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/945

image
1 y - Translate

အားလုံးသိကြတဲ့ စင်ဒရဲလား ဇာတ်လမ်းကို
သွေးထွက်သံယိုတွေနဲ့ ကြောက်စရာကောင်း
အောင် ရိုက်ပြထားတဲ့ ကား 🔥🔥

The Ugly Stepsister (2025)

IMDb Rating (7.3) / Rotten Tomatoes (95%)

ဒီဇာတ်ကားလေးကတော့ စင်ဒရဲလားကို ရှုထောင့်တစ်မျိုးကနေ ပြန်လည်ဆန်းသစ် ရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ်စင်ဒရဲလားကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းစင်ဒရဲလားရဲ့အဖေဟာ စီးပွားပျက်နေတာကို ဖုံးကွယ်ပြီး ကျနော်တိုသိထားတဲ့ ချမ်းသာတဲ့ သမီးနှစ်ယောက်အမေ မိထွေးကို လက်ထပ်ယူလိုက်ပါတယ်။နှစ်အိမ်ထောင်စီးပွားပေါင်းတယ်လို ထင်ထားခဲ့ပေမဲ့ လက်ထပ်လိုက်ပြီးတဲ့အခါမှ စင်ဒရဲလားရဲ့အဖေက အထည်ကြီးပျက်မှန်း သိလိုက်ရပြီး၊မကြာပါဘူး စင်ဒရဲလားရဲ့အဖေလည်း ဆုံးသွားတဲ့အခါမှာ မိထွေးရဲ့ ပိုင်ဆိုင်မှုတွေအကုန်လုံးက အိမ်ထောင်ဦးစီးယောက်ျားမရှိတော့တဲ့အတွက် ပြည်ပိုင်သိမ်းခံလိုက်ရပါတော့တယ်။အဲဒီအချိန်မှာ မိထွေးဖြစ်သူဟာ သူမရဲ့သမီးကို မင်းသားနဲ့ အတင်းလက်ထပ်နိုင်အောင် စင်ဒရဲလားနဲ့အပြိုင် အမျိုးမျိုး ကြိုးစားခိုင်းပါတော့တယ်။ဒီတော့ ဒီဇာတ်ကားလေးမှာဆိုရင် ပုံမှန်သမားရိုးကျ စင်ဒရဲလား ဇာတ်အိမ်ကို ဘယ်လိုဆန်းသစ်ထားလဲ၊ စင်ဒရဲလားနှင့် မိထွေးသမီးမှာ တကယ်တမ်း ဘယ်သူက ဆိုးတာလဲ၊ဘယ်လိုအဆုံးသတ်မှာလဲဆိုတာကို ခန့်မှန်းလိုမရပဲ ကြည့်လိုကောင်းမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/950

image
1 y - Translate

Kultus Iblis (2023)

ရာကာ နဲ့နေယာဆိုတဲ့ အမွှာမောင်နှမ တစ်နေ့ သူတိုအိမ်ကိုပြန်လာတော့ သူတိုရဲ့ ဖခင်ဖြစ်သူက သွေးတွေနဲ့ပေပွပြီး ရုပ်ပျက်ဆင်းပျက် သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။

ဒါနဲ့ပဲ သူတိုအဖေရဲ့ အသုဘကို လုပ်တဲ့အချိန်မှာဗလီဆရာက အောက်လမ်းပညာကြောင့် သေတာလို ပြောပါတယ်။ခေတ်ပညာတတ်တွေဆိုတော့ ဒါမျိုးကိုအယုံကြည်မရှိကြပါဘူး။အဲ့ညမှာပဲ သူတိုအဖေရဲ့ အလောင်းဟာ ပျောက်သွားပါတယ်။သူတိုလဲ ကြံရာမရပဲ သူတိုအဖေအခန်းထဲ ဝင်ရှာကြည့်ရာကနေအရင်က သူတိုအဖေရဲ့ နောက်ဆုံးအမှာစကားကိုတွေ့သွားပြီးသူ့ငယ်ဘဝကို ဘာလိုဖုံးကွယ်ထားတာလဲ။အောက်လမ်းပညာကို ဘာလိုလေ့လာရတာလဲ ဆိုတာသိရဖိုအတွက်သူတိုအဖေရဲ့ ဇာတိရွာကို သွားကြည့်ခဲ့တဲ့အခါမှာ။

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/960

image
1 y - Translate

J e m p u t a n K e N e r a k a 2 0 2 3

CM ပရိသတ်ကြီးအတွက် IMDb 7.7/10 ရထားတဲ့ မလေးရှား Crime, thriller ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းဟောင်း‌တစ်ယောက်ရဲ့မင်္ဂလာပွဲဖိတ်လို ပွဲသွားတက်ကြရင်း တစ်ကျောင်းထဲသားသူငယ်ချင်းတစ်စုကလွဲ
ဘယ်ဧည့်သည်မှရှိမနေတဲ့အပြင် လိုင်းမမိ ဆက်သွယ်မရတဲ့နေရာဖြစ်နေတာပါပဲ။

ဒီလိုနဲ့ ရှာရင်းဖွေရင်း တည်ခင်းပေးထားတဲ့ စားသောက်ပွဲထဲကလက်တစ်ချောင်း၊ အပေါ်ထပ်က သတိုသမီးအလောင်း နောက်ပြီး ဓာတ်ပုံဘောင်တစ်ခုနဲ့ သူတို... ။

ဘာတွေဆက်စပ်နေလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်ကြီးပဲဆက်လက်ကြည့်ရှုပြီး အသည်းတယားယားနဲ့ အဖြေထုတ်လိုက်ကြပါဦးနော်။

(ဒီဇာတ်ကားရဲ့ အညွှန်းကိုတော့ Aditi မှရေးသားပေးပြီး
Aditi, Cherry, Alex, ToMo တိုမှ ဘာသာပြန်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။)

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/962

image
1 y - Translate

𝗪𝗮𝗸𝘁𝘂 𝗠𝗮𝗴𝗵𝗿𝗶𝗯 𝟮𝟬𝟮𝟯

အသစ်ထွက်အင်ဒိုသရဲကား Waktu Maghrib (နေဝင်ရီတရောချိန်) ပါ။
သရဲကားတွေအများစုမှာ သရဲခြောက်ရင် သေချာပေါက်ညဘက်အများဆုံးပဲမဟုတ်လား။
ညဆိုတာကလဲ သူ့ရဲ့ဆိတ်ငြိမ်မှုကကို တော်ရုံစိတ်မခိုင်သူအတွက် ကြောက်မက်ဖွယ်ရာဖြစ်စေတယ်မလား။
ဒါပေမဲ့ တကယ်တမ်းကျတော့ ညထက် ပိုကြောက်စရာကောင်းတာကတော့ နေဝင်ချိန်ပါ။ မြန်မာတွေကြားမှာလဲ ပြောလေ့ရှိကြတယ်။
နေဝင်ချိန် နေဝင်ရီတရောအချိန် ညီကိုမသိတသိအချိန် အပုပ်ချိန် စသဖြင့်ခေါ်ကြတဲ့ဒီအချိန်။
အထူးသဖြင့်ကလေးတွေကို အိမ်ထဲမှာပဲနေစေပါတယ်။
အဲ့ဒီအချိန်က မကောင်းဆိုးဝါးတွေ မိစ္ဆာတွေထွက်ချိန်ဖြစ်လိုပါ။
ဒီဇာတ်လမ်းထဲမှာ ကစားလွန်ပြီး နေဝင်ချိန်အပြင်မှာရှိနေခဲ့တဲ့ ကလေးသုံးယောက်ကြမ္မာဆိုးနဲ့ကြုံခဲ့ရပါတယ်။
ဆိုးရွားမှုတစ်ခုခုဆိုတာ သေချာပေမယ့် ဘာဆိုတာသေချာမဖော်ပြခဲ့ပါဘူး။
နောက် အနှစ်၃၀ ကြာပြီးမှ နောက်ထပ်ကလေးတွေသတ်ခံရတာတွေဖြစ်လာတော့ ပထမကလေးသုံးယောက်ကရော သတ်ခံခဲ့ရတာလား ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုအနှောင့်အယှက်တွေများရွာမှာရှိနေခဲ့လဲ အနှစ်၃၀ကြာပြီးမှ တစ်စခန်းပြန်ထလာတဲ့ဖြစ်ရပ်တွေနဲ့ နေဝင်ချိန်နဲ့ဘယ်လိုများဆက်စပ်နေလဲဆိုတာ..

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/971

image
1 y - Translate

K a j i m a n: Iblis Terkejam Penagih Janji [ 2 0 2 3]

IMDb _7.4/10

သရဲကားစစ်စစ် အောက်လမ်းနဲ့ အဆောင်တွေအကြောင်းကြည့်ရှုချင်သူတွေအတွက်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်

Home Careအဖြစ်အလုပ်လုပ်နေတဲ့ဆန်တီတစ်ယောက်ကောက်ခါငင်ခါအလုပ်ထွက်သွားတယ်
သူအလုပ်လုပ်တဲ့အိမ်ကသရဲခြောက်တယ်လိုလည်းပြောစမှတ်တွေရှိနေတယ်ပေါ့

သူအလုပ်ထွက်ပြီးနောက်မှာ အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်ချင်းမလှပျောက်သွားလေရဲ့
ဒါကြောင့် သူ့နေရာကို အာရှာဆိုတဲ့ နာ့စ်လေးတစ်ယောက်ကို အစားထိုးထည့်လိုက်တယ်
အာရှာကြည့်ရတဲ့လူနာက အဘိုးကြီးပါ ရုတ်တရက်စကားမပြောတော့ဘဲ
အိပ်ရာထဲဘုန်းဘုန်းလဲသွားတဲ့လူမမာအဘိုးကြီးကို ပြုစုရင်းနဲ့
အဘိုးကြီးရဲ့ကုတင်အောက်မှာအဆောင်လေးတစ်ခုတွေ့ခဲ့တယ်

ဒီအဆောင်အကြောင်း ပတ်မေးကြည့်တော့ ဒီအဆောင်ကအောက်လမ်းရန်ကိုကာကွယ်နိုင်ပေမဲ့
ဆောင်ထားတဲ့လူကတော့ဖျားနာပြီးကပ်ဘေးတောင်သင့်စေတဲ့အထိကြမ်းပါတယ်
ဒီအကြောင်းလိုက်စုံစမ်းရင်းနဲ့ အရင်ကအလုပ်ထွက်သွားတဲ့ ဆန်တီတစ်ယောက်က သေသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့....။
လက်ခံပြီးသားအလုပ်ဖြစ်တာရယ် ဒီလူနာကိုကယ်တင်ဖိုရယ်နဲ့ သူဘယ်လိုတွေလုပ်ဆောင်သွားမလဲ
မမြင်ရတဲ့ရန်သူကိုတိုက်ခိုက်ဖိုကိုတော့........?

#crd_to_original_uploader #crd

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/968?single

image
1 y - Translate

My Best Friend’s Exorcism (2022)

Prime က ရိုက်ကူးထားတဲ့ လူငယ်ဆယ်ကျော်သက် သရဲကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
၁၉၇၀ , ၈၀ ကာလမှ ဇာတ်အိမ်တည်ထားတဲ့အတွက် Stranger Things ဆန်ဆန်အငွေ့အသက်တွေနဲ့ ရစေမှာပါ…
အက်ဘီနဲ့ဂရက်ချန်လန့်ဆိုတဲ့ သူငယ်ချင်းကောင်မလေး ၂ ယောက်ရှိပြီး
တစ်ယောက်နဲ့တစ်ယောက် အတိုင်အဖောက်ညီပြီး အရမ်းခင်ကြပါတယ်…
တစ်နေ့ ကျောင်းက သူငယ်ချင်းတစ်စုနဲ့ မြိုအစွန်က ရေကန်အိမ်မှာ ပျော်ပွဲစားထွက်ကြရင်း
ညဘက် သရဲခေါ် ဘုတ်ပြားဂိမ်းအတူတူဆော့တာကနေ ဇာတ်လမ်းစပါတော့တယ်။
ဂရက်ချန်ကို အမည်မသိ မကောင်းဆိုးတစ်ကောင်ဝင်ပူးသွားပြီး….ဘယ်သူမှမသိလိုက်ပါဘူး
ကျန်တဲ့ သူငယ်ချင်းတွေလည်း ဘာမှမဖြစ်သလိုပုံမှန်ပဲနေခဲ့ကြပြီး….နေ့စဉ်ဘဝကို ဆက်လက်ဖြတ်သန်းနေပါတယ်
ဒါပေမယ့် ဝင်ပူးခံရတဲ့ ဂရက်ချန်ရဲ့ အပြုအမူတွေကဟာ တစ်နေ့တစ်နေ့ပိုပိုဆိုးလာပြီး အက်ဘီက
ရိပ်မိသွားပါတော့တယ်….အက်ဘီတစ်ယောက် သူ့အချစ်ဆုံး သူငယ်ချင်းကို ဘယ်လို သရဲနှင်မလဲဆိုတာကိုတော့
ဒီကားလေးမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/975

image
1 y - Translate

T e m b a n g L i n g s i r [2019]

ဒီဇာတ်ကားကို အသည်းငယ်သူများ သက်ကြီးရွယ်အိုများ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါ

January 31, 2019 ကထွက်ရှိထားတဲ့ အင်ဒိုသရဲကားကောင်းလေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Rating 5.2 ရရှိထားပြီး မင်းသမီးချော Marsha Aruan က မာလာအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

မာလာရဲ့အမေက အိမ်မီးလောင်လိုဆုံးပါးသွားပြီး အဲဒီမတော်တဆမှုကြောင့် မာလာဟာ အသံအိုးပိုးဝင်တဲ့ရောဂါနဲ့ စကားမပြောနိုင်ဖြစ်နေပါတယ်။

မိသားစုမရှိတော့တဲ့မာလာကို ဦးလေးလင်မယားက သူတိုအိမ်ခေါ်သွားတဲ့အခါမှာတော့ ထိတ်လန့်ချောက်ချားစရာတွေ ကြုံလာရပါတော့တယ်။ မာလာရဲ့ ညီမဝမ်းကွဲကလည်း သူ့သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး မွေးနေ့ပွဲလုပ်တဲ့အခါ မထင်မှတ်တာတွေကြုံရတယ်။ မာလာရဲ့ဦးလေး လူထူးဆန်းကြီးကလည်း သူ့မိသားစုကိုဖုံးကွယ်ထားတာရှိနေတယ်။

ကံဆိုးတဲ့မာလာတစ်ယောက် နောက်ထပ်ဘယ်လိုအဖြစ်အပျက်တွေ ကြုံရဦးမလဲ? ဦးလေးဖြစ်သူက နောက်ကွယ်မှာဘာတွေလုပ်ထားသလဲ? ဆိုတာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရှုရမယ့် မိသားစုသရဲကားလေးဖြစ်ပါတယ်။

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/977

image