Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
A 24-year-old Venezuelan man was arrested after allegedly pretending to be a 16-year-old high school student, according to police in Perrysburg, Ohio.
Anthony Emmanuel Labrador Sierra allegedly began posing as a teenager in January 2024, police said.
Labrador pleaded not guilty to forgery charges on Tuesday, ABC affiliate WTVG reported.
Authorities said they have reached out to the U.S. Border Patrol for assistance in their investigation.
Read more: https://abcnews.visitlink.me/E5c6xD See less
George Wendt's "Cheers" co-stars are among those sharing heartfelt tributes following the actor's death at age 76.
John Ratzenberger shared a statement with ABC News expressing his heartbreak over the loss of his "Cheers" co-star, saying: "For eleven years on 'Cheers,' we shared a stage, a lot of laughs, and a front-row seat to one of television's most beloved friendships. George brought Norm to life with a subtle brilliance — the kind that made it look easy. That was his gift."
Read more: https://abcnews.visitlink.me/H23O0S
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားအပေါ် အရေးယူပိတ်ဆို့မှုသစ်တွေချမှတ်ပြီး ဥရောပသမဂ္ဂ ဖိအားပေး
ပါရီ၊ မေ-၂၁-၂၀၂၅
ရတီ(VOM)
ဥရောပသမဂ္ဂဟာ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ ဘရပ်ဆဲလ်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပေမယ့် ထူးခြားတဲ့ တိုးတက်မှု ထွက်ပေါ်လာခြင်းမရှိခဲ့ပါဘူး။
ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေထဲမှာ ပိတ်ဆို့မှုတွေကို ရှောင်ရှားပြီး ရေနံသယ်ယူရောင်းချနေတဲ့ သင်္ဘေြ ၁၈၉ စင်း၊ ရုရှားစစ်တပ်ကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့စည်းနဲ့ လုပ်ငန်း ၃၁ ခုရဲ့ ပို့ကုန်ထိန်းချုပ်မှုတွေကိုလည်း တင်းကြပ်မယ်လို့ ဆိုပါတယ်။
တချို့သော ကုမ္ပဏီတွေကတော့ တူရကီနဲ့ ဗီယက်နမ်တို့လို တတိယနိုင်ငံတွေမှာ ရှိပါတယ်။ ယူကရိန်းက ငြိမ်းချမ်းရေးလိုချင်ပေမယ့် ရုရှားက စစ်ကိုလိုချင်နေတာဖြစ်တဲ့အတွက် ဖိအားပိုမိုပေးဖို့လိုအပ်တယ်လို့ အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာကာလက်စ်က ပြောပါတယ်။
ဒီအတောအတွင်း ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် နားလည်မှုစာချွှန်လွှာ ရေးဆွဲရေးဟာ ရှုပ်ထွေးလိမ့်မယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားဟာ စစ်ပွဲဆက်လက်ဆင်နွှဲလိုတာကြောင့် အချိန်ဆွဲဖို့ ကြိုးစားနေတာလို့ စွပ်စွဲထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ရုရှားသမ္မတပူတင်၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နဲ့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုရလဒ်တွေ အပြုသဘောဆောင်ကြောင်းပြောဆိုထားပေမယ့် အပစ်အခတ်ရပ်စဲရေးအတွက် တိကျတဲ့ သဘောတူညီချက် နီးစပ်ခဲ့ပုံမရကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
Ref:NHK
#ပြည်တွင်းသတင်း
◼ ထမ်ဆန်းဂူ–လွယ်ဝိုးတုတ်ကြားလမ်းပိုင်း၌မြေပြိုခြင်းများပြုပြင်ရန် ညပိုင်းဖြတ်သန်းခွင့်ယာယီပိတ်မည်ဟုဆို
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး-လွိုင်လင်ပြည်ထောင်စုလမ်းရှိ နောင်ခါးကျေးရွာ–ထမ်ဆန်းဂူ–လွယ်ဝိုးတုတ်ကြားလမ်းပိုင်း၌ မြေပြိုခြင်းများဖြစ်ပေါ်နေသောကြောင့်လမ်းပြုပြင်ရန် ယနေ့(မေ ၂၀ ရက်မှ ဇွန် ၃ ရက်) အထိ၊ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း လမ်းဖြတ်သန်းခွင့်ယာယီပိတ်ထားမည် ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် တောင်ကြီး−လွိုင်လင်လမ်းပိုင်း၊ ဟိုပုံးနှင့် မိုင်းပွန်ကြား ထမ်းဆမ်းဂူအကျော်တွင် တောင်ပြိုမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းတောင်ပြိုမြေများအားရှင်းလင်းရန် တောင်ကြီး-လွိုင်လင်လမ်းပိုင်းကို ညပိုင်းဖြတ်သန်းသွားလာခွင့်ပိတ်ထားမည် ဖြစ်ကြောင်းသိရသည်။
"လမ်းကအခုလည်းသွားလို့မရပါဘူး။ ညပိုင်းမှာအလုပ်တွင်ကျယ်အောင်လို့ နေ့လယ်ပိုင်းမှာသွားခွင့် ပြုထားပြီး ညပိုင်းကိုပိတ်ထားပါတယ်။ ဒီလမ်းကဘယ်ချိန်ပဲသွားသွား လမ်းပိတ်မှုတွေကများတယ်။ မိုးတွင်းဆိုတောင်ပြိုတာတွေဖြစ်တော့ပိုဆိုးတာပေါ့။ ဒါကြောင့်အခုကတည်းကပြင်တော့ ပိုကောင်းပါတယ်" ဟု ဒေသခံယာဉ်မောင်းတစ်ဦးကပြောသည်။
လွိုင်လင်−တောင်ကြီးလမ်းပိုင်း၌ ကားပိတ်မှုဖြစ်ပေါ်လျှင် အခြားမြို့ရှောင်ကွင်းလမ်းဖြစ်သည့် ကျောက်တန်း-ပင်လုံဖြတ်လမ်းမှ ယာဉ်ငယ်များအသုံးပြုသွားလာလျက်ရှိကြောင်း၊ ယာဉ်ကြီးများအနေဖြင့် ယင်းလမ်းအားအသုံးပြုမည်ဆိုပါက အတက်အဆင်းကြမ်းသောကြောင့် သတိပြုသွားလာသင့်ကြောင်း ဒေသခံများက အသိပေးပြောဆိုထားသည်။
သတင်း - ပိုင်လေး
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကိုဗစ်(၁၉) အတည်ပြုလူနာသစ်တစ်ဦး တွေ့ရှိ
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်(၁၉)ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မေ ၁၈ ရက်ကကိုဗစ် (၁၉) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တစ်ဦး တွေ့ရှိခဲ့ကြောင်း မေ ၂ဝ ရက်က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်(၁၉) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မေ ၁၁ ရက် ည ၈ နာရီမှ မေ ၁၈ ရက် ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၆၁ ခုအား စစ် ဆေးပြီးစီးခဲ့ရာကိုဗစ်(၁၉) ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ်တစ်ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ဝ၄ ရာခိုင် နှုန်းဖြစ်ပြီး အစီရင်ခံကာလအတွင်းကိုဗစ်(၁၉) ရောဂါဖြင့် သေဆုံးသူမရှိကြောင်း သိရသည်။
အများပြည်သူများအနေဖြင့် ကိုဗစ်(၁၉) ရောဂါဆိုင်ရာ သတင်း အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပါကစ္စတန်အတွက် သူလျှိုလုပ်သည့်သံသယဖြင့် အိန္ဒိယယူကျူဘာတစ်ဦး အဖမ်းခံရ
ပါကစ္စတန်အတွက် သူလျှိုလုပ်သည့်သံသယဖြင့် အိန္ဒိယယူကျုဘာတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က မေ ၁၉ ရက်တွင်ပြောသည်။
အိန္ဒိယမြောက်ပိုင်း ဟာယာနာပြည်နယ်၏ ခရီးသွားဒေသများကြောင့် လူသိများသော ယူကျုသမားတစ်ဦးဖြစ်သူ ဂျေယိုတီမယ်ဟိုထရာသည် ပါကစ္စတန်သို့အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပြီး နောက်ဆုံးအကြိမ်မှာ ၂ဝ၂၅ ခုနှစ်မတ်လတွင် နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည်။
၎င်းသည် အိန္ဒိယမှနှင်ထုတ်ခံခဲ့ရသော ပါကစ္စတန်ထိပ်တန်းတာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်ခဲ့သည်ဟုရဲတပ်ဖွဲ့က စွပ်စွဲထားသည်။ စွပ်စွဲချက်များကို၎င်း၏ဖခင်က ငြင်းဆိုထားပြီး လိုအပ်သောခွင့်ပြုချက်များ ရယူပြီးမှသာပါကစ္စတန်သို့ သွားရောက်ခဲ့သည်ဟုဆို၏။
သို့သော်ရဲတပ်ဖွဲ့ကမူ မစ္စမယ်ဟိုထရာသည် ပါကစ္စတန်ထောက်လှမ်းရေးအရာရှိများနှင့် အဆက်အသွယ်ရှိပြီး ပါကစ္စတန်နိုင်ငံသားတစ်ဦးနှင့်လည်း စဉ်ဆက်မပြတ် အဆက်အဆံရှိခဲ့သည်ဟုပြောသည်။ မကြာသေးမီကဖြစ်ပွားခဲ့သော ပါဟယ်ဂမ်တိုက်ခိုက်မှုနှင့် မယ်ဟိုထရာတို့အကြား ဆက်နွှယ်မှုရှိ၊ မရှိ စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းသည် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ယူအေအီးနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက် ရိုက်ကူးတင်ဆက်မှုများမှုများ ပြုလုပ်ခဲ့ပြီး ယင်းခရီးစဉ်များအတွက် ငွေကြေးမည်သို့ရရှိခဲ့သည်ကိုလည်း တာဝန်ရှိသူများက မေးခွန်းထုတ်ခဲ့ကြသည်။ ထောက်ပံ့မှုများနှင့်အတူ ပါကစ္စတန်ကိုလည်း သွားရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။
ဘီဘီစီ
🎡(တရား)▪︎▪︎▪︎လဲ မထိုင်နဲ့
(ရိပ်သာ)▪︎▪︎▪︎လဲ မသွားနဲ့၊
စျေးရောင်းတဲ့သူ က
စျေးရောင်းရင်း
မှတ်နေပါ၊
《မှတ်》▪︎▪︎▪︎ရင်
အတွေး မဝင်ပါဘူး
အဲဒါ 《သတိ》ပဲ
《သတိ》▪︎▪︎▪︎ရှိနေရင်
(အတွေး)မဝင်တာမို့
ကိလေသာ▪︎▪︎▪︎တွေ
ငြိမ်းနေပါလိမ့်မယ်၊
အဲဒါ▪︎▪︎▪︎ကြောင့်
《သတိ》▪︎▪︎▪︎ဟာ
(သမထ)▪︎▪︎▪︎ပါပဲ
《သတိ》က▪︎▪︎▪︎ နေပဲ
(ဝိပဿနာ)▪︎▪︎▪︎ဆီကို
ပို့ဆောင်
ပေးပါလိမ့်မယ်၊
ဖြစ်/ပျက်▪︎▪︎▪︎တွေ
နားမလည်ရင်
မစဉ်းစားပါနဲ့
သူ့▪︎▪︎▪︎ အလိုလို
သိလာလိမ့်မယ်
မသိချင်တောင်
မရပါဘူး
အဲ▪︎▪︎▪︎တော့
ဘုရား▪︎▪︎▪︎ဟောတဲ့
《ဒုက္ခ》
ဟုတ်/မဟုတ်
မြင်ပါလိမ့်မယ်၊
🏮ဒီတော့
ဖြစ်/ပျက် ▪︎▪︎▪︎မြင်
ဖြစ်/ပျက်▪︎▪︎▪︎ မုန်း
ဖြစ်/ပျက်▪︎▪︎▪︎ ဆုံးလို့
《နိဗ္ဗာန်》
မြင်ပါလိမ့်မယ်၊
《အဓိက》▪︎▪︎▪︎က
အတွင်း(လမ်း)က
သွားဖို့▪︎▪︎▪︎ပဲ၊
《သတိ》▪︎▪︎▪︎က
အမြဲ ကပ်ထားတော့
အတွေး ကလေးက
《သတိ》▪︎▪︎▪︎မရှိရင်
ခံစားလို့
မကောင်းတာမို့
《သတိ》▪︎▪︎▪︎နား
ကပ်လာပါလိမ့်မယ်
《ကာမ》▪︎▪︎▪︎အရသာ
မခံစားတော့ပဲ
《ဓမ္မ》အရသာ▪︎▪︎▪︎ကိုပဲ
《သူ》▪︎▪︎▪︎က
ဖော်စားတော့မှာပါ၊
🙏ကျေးဇူးတော်ရှင်
🛎《မဟာဗောဓိမြိုင်》
ဆရာတော်▪︎▪︎▪︎ဘုရားကြီး၊