36 ပတ် - ဘာသာပြန်ပါ။

A California father allegedly fired at a vehicle occupied by several teenagers he says had been bullying his daughter, officials said. Now, the man faces multiple charges for what prosecutors said was an unreasonable and dangerous response.
Read more: https://abcnews.visitlink.me/tV2bmv

image
36 ပတ် - ဘာသာပြန်ပါ။

မော်လိုက်၌ အင်အား ၄ ဒသမ ၂ အဆင့်ရှိငလျင်လှုပ်ခတ်
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၌ ယနေ့(မေ ၂၉ ရက်)နံနက်ပိုင်းတွင် အင်အားရစ်ချ်တာစကေား ၄ ဒသမ ၂ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ယနေ့နံနက် ၆ နာရီ၊ ၃၂ မိနစ်၊၂ စက္ကန့်တွင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၅၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၈၇ ဒီဂရီ၊ အနက် ၈၅ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့(မေ ၂၈ ရက်)တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့၏ မြောက်အရှေ့မြောက် ဘက် ၂၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၆၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒသမ ၄၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိငလျင်လှုပ် ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်လှုပ်ခတ်ခဲ့သည့် အင်အားပြင်ငလျင်ကြောင့် ယမန်နေ့(မေ ၂၈ ရက်) အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၈ ဦးရှိကြောင်း နစက က ထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD

image
36 ပတ် - ဘာသာပြန်ပါ။

မုန်တိုင်းငယ်မှာ မြန်မာဘက်သို့ရွေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်သော်လည်း မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့်သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မေ ၂၉ ရက်) မွန်တည့် ၁၂ နာရီတွင်ထုတ်ပြန်သည်။
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်၌ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ မြောက်ဘက်သို့ရွေ့လျားကာ၊ ပိုမိုအားကောင်းလာနိုင်သောကြောင့် လာမည့် ၁၂ နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် လာမည့်ဇွန် ၂ ရက်အထိ တိုင်းနှင့်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး

imageimage
36 ပတ် - ဘာသာပြန်ပါ။

ကန်နိုင်ငံခြား​ရေးဝန်ကြီးက တရုတ်ကျောင်းသားများ၏ ဗီဇာများကို "ပြင်းပြင်းထန်ထန်" ရုပ်သိမ်းမည်ဟု ပြော

အမေရိကန်ပြည်ထောင်စုသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွယ်နေသည့် သိုမဟုတ် အထိခိုက်မခံနိုင်သောအ​ရေးကြီးပညာရပ် နယ်ပယ်များတွင် သင်ကြားနေသည့် တရုတ်ကျောင်းသားများ၏ ဗီဇာများကို "ပြင်းပြင်းထန်ထန်" ရုပ်သိမ်းသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်တွင် ရူဘီယိုက "ကျွန်ုပ်တိုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဟောင်ကောင်မှ လာရောက်သည့် ဗီဇာလျှောက်ထားမှုအားလုံးကို ပိုမိုတင်းကျပ်စွာ စိစစ်ရန် ဗီဇာစည်းမျဉ်းများကိုလည်း ပြန်လည်ပြင်ဆင်သွားမည်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံပြီးနောက် အမေရိကန်ရှိ နိုင်ငံခြားကျောင်းသားများ၏ ဒုတိယအများဆုံး မူလနိုင်ငံဖြစ်သည်။ အိန္ဒိယသည် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဦးဆောင်နေရာသို ရောက်ရှိခဲ့သည်။

NOM

36 ပတ် - ဘာသာပြန်ပါ။

ထန်းတပင်၌ သုံးနှစ်အရွယ်ကလေးတစ်ဦးအား ရေနှစ်သတ်၍ ရွှေနားကွင်းလုယူမှုဖြစ်
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၌ အသက်(၃)နှစ်အရွယ်ကလေးတစ်ဦးအား ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုသူမှရေနှစ်သတ်၍ ‌ရွှေနားကွင်းလုယူမှုဖြစ်ပွားခဲ့ကြောင်း ကလေးရုပ်အလောင်းအားကူညီရှာဖွေပေးခဲ့သည့် ယာဉ်မောင်းမိသားစုလူငယ်ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
သေဆုံးသူကလေးမှာ အသက်(၃) နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးဖြစ်ပြီး ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးလေးကျေးရွာ၊ အောင်သပြေ (၄) လမ်းတွင် မိဘများနှင့်အတူနေထိုင်ကာ မွေးချင်းသုံးဦးအနက် အငယ်ဆုံးဖြစ်ကြောင်းသိရသည်။
၎င်းမှာ မေလ ၂၇ ရက်၊ ညနေပိုင်းတွင်နေအိမ်၌ ဆော့ကစားနေစဉ် အမည်မသိကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးခေါ်ဆောင်၍ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့(မေ ၂၈ ရက်) နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်ရှိ၊ ငွေပင်လယ်စက်မှုဇုန်အတွင်း၌ ရေနှစ်သေဆုံးနေသည့် အနေအထားဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဖြစ်စဉ်က အဲဒီအမျိုးသမီးကကိုယ်ဝန်ဆောင်သည်ဗျ။ သူတို့အိမ်ရဲ့တံစက်မြိတ်မှာမိုးခဏလာခိုတာ။ ကိုယ်ဝန်ဆောင်သည်မိုးခိုတာဆိုတော့ သူတို့ကလည်း မပြောတော့ဘူးပေါ့။ ကလေးကလည်း အဲဒီမှာဆော့နေတာ။ မိုးလည်းတိတ်ရော ကိုယ်ဝန်ဆောင်သည်ရော၊ ကလေးကိုပါမတွေ့တော့တာ။ ချက်ချင်းလိုက်ရှာတယ်။ ရပ်ကျေးကိုလည်းသတင်းပေးတိုင်တန်းတယ်‌။ လိုက်ရှာတာရှာမတွေ့ခဲ့ဘူး။ မနေ့ကမနက်ပိုင်း ၇ နာရီခွဲဝန်းကျင်လောက်မှာ လှိုင်သာယာ၊ ငွေပင်လယ်စက်မှုဇုန်ထဲမှာ ကလေးတစ်ယောက် ရေနှစ်ထားတဲ့ပုံစံတွေ့တယ်ဆိုပြီး သတင်းပေးလို့ ကျွန်တော်တို့ရောက်သွားတယ်။ ရောက်တဲ့အချိန်မှာ ကလေးအနေအထားက မနေ့ကတိုင်ထားတဲ့ကလေးဖြစ်ကြောင်း မိဘတွေကိုပုံပြပြီး အတည်ပြုလိုက်တော့ သူတို့သမီးမှန်ကန်တယ်ပေါ့။ ကလေးမှာက နားကွင်းတစ်ရံပါတယ်။ နားကွင်းကို ချွတ်ယူတဲ့ပုံစံမဟုတ်ဘူး။ ဆောင့်ဆွဲပြီးဖြတ်သွားတာ။ နားနှစ်ဖက်မှာ သွေးတွေတောင်မတိတ်သေးဘူး။ အဓိက နားကပ်လိုချင်လို့ လုပ်သွားတာ။ အမှုကတော့ လှိုင်သာယာစခန်းမှာပဲ သေမှုသေခင်းဖွင့်ထားတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီးအား ဖမ်းဆီးနိုင်ခြင်းမရှိသေကြောင်း သိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - ယာဉ်မောင်းမိသားစု လူငယ်ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်း

image
36 ပတ် - ဘာသာပြန်ပါ။

"အကောင်းမှီရင်_အမှီကောင်းပါတယ်"
လောကမှာ ချမ်းသာပြည့်စုံနေကြတဲ့
သူတွေအားလုံး
အမှီကောင်းရကြလို့
ချမ်းသာပြည့်စုံနေကြတာပါ...။
အမှီကောင်းရချင်ရင်
အကောင်းကိုမှီရပါမယ်၊
အကောင်းမှီမှ
အမှီကောင်းနိုင်ပါတယ်...။
အကောင်းတွေအားလုံးထဲမှာ
အဆင့်အမြင့်ဆုံးအကောင်းကတော့
မြတ်စွာဘုရားပါပဲ...။
ဂုဏ်တော်ပွားများသောအားဖြင့်
မြတ်စွာဘုရားတည်းဟူသော
အကောင်းကိုမှီရင်
ကံပွင့်လာဘ်ပွင့်
ကုသိုလ်ဘုန်းကံဆိုတဲ့
အမှီကောင်းရနိုင်ပါတယ်...။
ကုသိုလ်ဘုန်းကံဆိုတဲ့အမှီကောင်းကို
အဆင့်မြင့်မြင့်ရထားမှတော့
လာဘ်မပေါမှာ စီးပွားမတက်မှာ
ဘာမှပူစရာ မလိုတော့ပါဘူး...။
လိုတရစွမ်းရည်ပိုင်ရှင်မြတ်စွာဘုရားကို
အမြဲမပြတ်သတိရနေမှတော့
ကိုယ့်နှလုံးသားမှာလည်း
လိုတရစွမ်းရည်တွေ
ကိန်းဝပ်နေပြီပေါ့...။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

image
36 ပတ် - ဘာသာပြန်ပါ။

စိတ်ကောင်း စေတနာကောင်း
🙏🙏🙏🙏🙏🙏🙏🙏
စိတ်ကောင်း စေတနာကောင်း ဆိုတာ
တကူး တက စိုက်ရ ပျိုးရ
ပြု စု ပျိုးထောင်ရတယ်။
လုံ့လ ဝီရိယ ကြောင့်ကြ
စိုက်ပေးနိုင်ပါမှ သီးပင်စားပင်တွေ
ရှင်သန်နိုင်တယ်။
စိတ်ဆိုး စေတနာဆိုး ဆိုတာတွေက
တကူးတက စိုက်ပျိုးစရာ မလိုပါဘူး။
သူ့အလိုလို ပေါက်လာတဲ့
ပေါင်းမြက်တွေလိုပဲ
အပြိုင်းအရိုင်း တောထနေတာ။
ပေါင်းမြက်တွေကို မနိုင်ရင်
စားကောင်းတဲ့ သီးနှံတွေကို
ဖုံးလွှမ်း ဖျက်ဆီးပစ်မှာပဲ။
လယ်ထဲမှာ ...
ပေါင်းနုတ် ပေါင်းလိုက်ရသလို
တို့စိတ်ထဲမှာလည်း
အယုတ်အညံ့ အဖျင်းတွေကို
သုတ်သင် ရှင်းလင်းပစ်ရမယ်။
ဒါမှသာ .....
စိတ်ကောင်း စေတနာကောင်းတွေ
ရှင်သန်ခွင့်ရမယ်။
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။?

image
36 ပတ် - ဘာသာပြန်ပါ။

မင်္ဂလာရှိသော နံနက် ခင်းလေးပါ

image