HAPPY BIRTHDAY: "Modern Family" actor Aubrey Anderson-Emmons is 18 today. https://abcnews.link/czJzg7N
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
HAPPY BIRTHDAY: "Modern Family" actor Aubrey Anderson-Emmons is 18 today. https://abcnews.link/czJzg7N
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆို့ရန် ဆုံးဖြတ်
ရန်ကုန်၊ ဇွန် ၆
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က Article-33 လို့ ခေါ်ဝေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၃ အရ မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆို့အရေးယူဖို့ ဇွန်လ ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဒုတိယအကြိမ်မြောက် ILO ရဲ့ အရေးယူပိတ်ဆို့မှုခံရတာဖြစ်ပြီး အခုလို့ အရေးယူဖို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ILO အုပ်ချုပ်မှုကော်မတီအစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။
Article -33 အရ အရေးယူခံရတဲ့ နိုင်ငံဟာ ILO ရဲ့ ကန့်ကွက်မှုကြောင့် နိုင်ငံတကာနဲ့ ကုန်သွယ်ရေးကိစ္စတွေမှာ ရရှိထားတဲ့ အထူးအခွင့်အရေးတွေ ဆုံးရှုံးရနိုင်ပြီး အခွန်သက်သာခွင့်တွေလည်း ရုတ်သိမ်းခံနိုင်တာတွေပါ ရှိလာနိုင်ပါတယ်။
ဒီအချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်ကဏ္ဍဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းတွေအပေါ် မှီခိုနေရတဲ့ အလုပ်သမား သိန်းနဲ့ချီ အခက်တွေ့နိုင်တာကိုလည်း သုံးသပ်မှုတွေ ရှိနေတာပါ။
ILO အနေနဲ့ အလုပ်သမားတွေအပေါ် ဆက်လက်ဖိနှိပ်မှုတွေ မလုပ်ဆောင်နိုင်အောင် ကမ္ဘာတစ်ဝှမ်းက အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ သမဂ္ဂတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မြန်မာ့အထည်ချုပ်ကဏ္ဍမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၄၆ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ဒေါ်လာ ၇၅၀ သန်းခန့် ဝင်ငွေရရှိမှု လျော့သွားတာကို မှတ်တမ်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှ အထည်ချုပ်တွေကို အမေရိကန်၊ အီးယူ၊ ဂျပန်၊ ကိုရီးယား အပါအဝင် နိုင်ငံပေါင်း ၈၀ ကျော်ကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
သန်လျင်ရေနံချက်စက်ရုံမှ စီမံကိန်းအပိုင်း(၁)အဖြစ် တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၅ သိန်း ချက်လုပ်မည်
ရန်ကုန်၊ ဇွန် ၆
အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) ကနေ စီမံကိန်းအပိုင်း(၁)အဖြစ် တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၅ သိန်း ချက်လုပ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
နိုင်ငံတော်ရဲ့ စက်သုံးဆီလိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိ ဖြည့်ဆည်းပေးနိုင်ဖို့ သန်လျင်ရေနံချက်စက်ရုံကို အသွင်သစ်နဲ့ လည်ပတ်ထုတ်လုပ်သွားမှာဖြစ်ကြောင်း နစကဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
စီမံကိန်းအပိုင်း(၂)အဖြစ် တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်တဲ့ ရေနံချက်စက်ရုံကို ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ ရေတိုရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စီမံကိန်းတစ်ခုလုံး ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်ရဲ့ စက်သုံးဆီလိုအပ်ချက်ရဲ့ ထက်ဝက်ခန့်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရေနံစိမ်းနဲ့ ရေနံထွက်ပစ္စည်းတွေ သယ်ယူမယ့် ပိုက်လိုက်တည်ဆောက်ဖို့ လမ်းအူကြောင်းလျာထားနေရာတွေ၊ တောင်ဒဂုံ-သန်လျင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ ပဲခူးမြစ်ဖြတ်အပိုင်းမှာ Horizontal Directional Drilling စက်နဲ့ တူးဖော်ဆက်သွယ်မှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။
သန်လျင်ရေနံချက်စက်ရုံမှာ အရင်က ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်ဆီ၊ ဓာတ်ပျံဆီတွေ ထုတ်လုပ်ခဲ့ပေမယ့် နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒနဲ့အညီ သုံးသပ်ဆောင်ရွက်နိုင်ဖို့ ၂၀၁၇ ခုနှစ်ကစပြီး စက်ရုံလည်ပတ်မှုကို ရပ်နားခဲ့တာပါ။
နိုင်ငံပိုင်ရေနံချက်စက်ရုံတွေကနေ ရေနံထွက်ပစ္စည်းထုတ်လုပ်မှုက ပြည်တွင်းသုံးစွဲမှုရဲ့ ၃ ရာခိုင်နှုန်းပဲရှိလို့ နစကအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့တဲ့ ရေနံချက်စက်ရုံတွေ ပြန်လည်ပတ်နိုင်ရေး ပြင်ဆင်လျက်ရှိပါတယ်။
သတင်း - BETV Business
မြန်မာကို ဒဏ်ခတ်အရေးယူဖို့ ILO ဆုံးဖြတ်ချက် သန်းနဲ့ချီတဲ့ မြန်မာ့အလုပ်သမားထုအပေါ် သက်ရောက်လာနိုင်
ဇွန် ၆ - ၂ဝ၂၅
KKO(VOM)
မြန်မာကို Article 33 အရ ဒဏ်ခတ်အရေးယူဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) ညီလာခံက အတည်ပြုလိုက်ပြီး အဲဒီအကျိုးဆက်ဟာ သန်းနဲ့ ချီသောမြန်မာ့အလုပ်သမားထုအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်မယ်လို့ သိရပါတယ်။
ဒီအတည်ပြုချက်ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ (၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံကနေ ဆုံးဖြတ်ခဲ့ကြတာဖြစ်ါတယ်။
"ILO ရဲ့အခုဆုံးဖြတ်ချက် သတင်းစကားကမဖြစ်သင့်၊မဖြစ်ထိုက်တာကို ဆုံးဖြတ်ချက်ချလိုက်တယ်လို့ပဲထင်ပါတယ်။သူတို့ရဲ့သတင်း စကားအရ စစ်မှုထမ်းခါ်တယ်ဆိုတဲ့အ ကြောင်းပြချက်နဲ့ပါ၊ဒါက ဘယ်လိုမှ လက်ခံလို့မရဘူး။ ဒီဟာကိုဆုံးဖြတ်ချက်ချတော့ စက်ရုံ၊အလုပ်ရုံအလုပ်သမားထုတွေက ဒီဟာကို လက်မခံဘူးပေါ့ဗျာ။သူရဲ့အကျိုးဆက်တွေက အများကြီးရှိတယ်။သူတို့က အကန့် အသတ်နဲ့ လုပ်မယ်ပြောတယ်။ဒါပေမယ့် စက်ရုံ၊အလုပ်ရုံတွေမှာ မှီခိုပြီးလုပ်နေတဲ့သူတွေ သန်းနဲ့ချီတဲ့ အလုပ်သမား ထုအတွက်အငတ်ဘေးဆိုက်မယ်၊အလုပ် လက်မဲ့ဖြစ်မယ်။ဒါကတော့သေချာတယ်"လို့ အလုပ်သမားရေးရာကိစ္စတွေကို ဆောင်ရွက်သူနဲ့ အလုပ်ရှင်၊အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ဦးဇော်ဇော်အောင်က VOM ကိုပြောပါတယ်။
၂ဝ၂၁ ခုနှစ်နောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအချို့ကြောင့် ဆွီဒင်နိုင်ငံက H&M၊ စပိန်နိုင်ငံက Inditex၊ ဗြိတိန်နိုင်ငံက Primark တို့အပါအဝင် ကမ္ဘာကျော် အဝတ်အထည် ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၂၀ ကျော် ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်း အပ်နှံလုပ်ဆောင်နေတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့မှုတွေတော့ ရှိခဲ့တယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။
ဒါအပြင် နိုင်ငံတွင်း အထည်ချုပ်လုပ်ငန်းတွေက ချုပ်လုပ်ထားတဲ့ CMP စနစ်နဲ့ချုပ်တဲ့အထည် တွေကိုနိုင်ငံပေါင်း(၈၀)ကျော်ကို အဓိကထားပြီး တင်ပို့လျက်ရှိနေတယ်လို့ ဖော်ပြထားသလို ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဒိန်းမတ်နဲ့ ဘယ်လ်ဂျီယံ အစရှိတဲ့ အနောက်နိုင်ငံတွေဟာ မြန်မာအထည်ချုပ်တွေကို အဓိကတင်ပို့တဲ့ ဈေးကွက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO)က ချမှတ်တဲ Article 33 ဆိုတာက အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေကို ဆန္ဒပြမှု အကြမ်းဖက် နှိမ်နှင်းတဲ့ နိုင်ငံတွေအဓမ္မစစ်မှုထမ်းခိုင်းတဲ့နိုင်ငံတွေကို ကို ချမှတ်ဖို့ သတ်မှတ်ထားတဲ့ အရေးယူမှု လို့ နားလည်လို့ရကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
ဒါအပြင် ဇင်ဘာဘွေနိုင်ငံ၊ ဘီလာရုစ် ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတွေကိုILO က Article 33 သုံးဖို့ သတိပေးခံရတဲ့ နိုင်ငံတွေဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
"မြန်မာအလုပ်သမားထုအနေနဲ့ရော အလုပ်သမားသမဂ္ဂအနေနဲ့ ရော ဒါကို ဆက်လက် ကန့်ကွက်သွားဖို့ရှိပါတယ်။ILO ဘက်က အရေးယူဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ဘယ်လိုပုံစံနဲ့ အရးယူခံရမလဲဆိုတာ သူတို့ ရဲ့ ဥပဒေ၊နည်းဥအဒေက ဘယ်လိုလာအုံးမလဲ၊ဒါကိုလည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်"လို့ သူက ဆက်ပြီး ပြောပြပါတယ်။
ILO ကချမှတ်လိုက်တဲ့ Article 33 ကြောင့် မြန်မာနိုင်ငံအနေနဲ့ ပိုမိုဆင်းရဲကြပ်တည်းလာမှာဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ပြီး ထွက်ခွာသွားနိုင်ဖွယ်ရာရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆို့အရေးယူဖို့ဆိုပြီး ပြီးခဲ့တဲ့နှစ်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)မှာ Article 33 ကို တင်သွင်းခဲ့တာဖြစ်ပြီး Article 33 အသက်ဝင်လာပါက အဲဒီအကျိုးဆက်က မြန်မာ့အထည်ချုပ်လုပ်ငန်းတွေနဲ့ အခြေခံအထည်ချုပ်လုပ်သားတွေအပေါ်မှာအကျိုး သက်ရောက်မှုများစွာရှိနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒီကိစ္စပတ်သက်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ILO ရုံးကို အထည်ချုပ်လုပ်ငန်းရှင်တွေ မြန်မာလုပ်သားတွေကလက်မှတ်ရေးထိုးပြီးကန့်ကွက်စာပေးပို့ထားတဲ့ကြားက ILO က Article 33 အရ အရေးယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အမေရိကန်နိုင်ငံသား အားလုံးကို ပြည်ဝင်ခွင့်ပိတ်ပင်ပြီး ဒေါ်နယ်ထရန့်ရဲ့အမိန့်ကို ချဒ်နိုင်ငံ တုံ့ပြန်
အန်ဂျမင်း၊ ဇွန်-၆-၂၀၂၅
ရတီ(VOM)
ဗဟိုအာဖရိကနိုင်ငံဖြစ်တဲ့ ချဒ်သမ္မတနိုင်ငံဟာ အမေရိကန်ရဲ့ ဗီဇာပိတ်ပင်မှုစာရင်းမှာပါဝင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားအားလုံးကို ဗီဇာပိတ်ပင်လိုက်ပြီး ထရန့်ရဲ့ အစီအစဉ်ကို လက်တုံ့ပြန်လိုက်ပါတယ်။
ချဒ်နိုင်ငံမှာ လေယာဉ်ပျံတွေ ၊ ဒေါ်လာ ဘီလီယံများစွာမရှိပေမယ့် ချဒ်နိုင်ငံမှာ ဂုဏ်သိက္ခာနဲ့ မာနရှိတယ်လို့ ချဒ်သမ္မတ မဟာမက်အိုင်ဒရစ်ဒီဘီက ပြောပါတယ်။ အာဖရိကဟာ ဒေါ်နယ်ထရန့် ဗီဇာပိတ်ပင်မှုကို အဆိုးဆုံးခံရတဲ့ တိုက်ကြီးဖြစ်ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။
ဒီပိတ်ပင်မှုကို တုံ့ပြန်မှုအဖြစ် အမေရိကန်နိုင်ငံသားအားလုံးကို ဗီဇာပိတ်ပင်မယ့် အစီအစဉ်ဟာ လာမယ့် တနင်္လာနေ့မှာ စတင်သက်ဝင်မယ်လို့ ချဒ်သမ္မတက ပြောပါတယ်။
ဒေါ်နယ်ထရန့် ဗီဇာအလုံးစုံ ပိတ်ပင်တဲ့ နိုင်ငံတွေကတော့ ချဒ်၊ ကွန်ဂို-ဘရာဇာဗီးလ်၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်တို့အပြင် အာဖဂန်နစ္စတန်၊ မြန်မာ၊ ဟေတီ၊ အီရန်နဲ့ ယီမင်နိုင်ငံသားတွေကို အမေရိကန်ကို လာရောက်ခွင့် တားမြစ်ခဲ့ပါတယ်။
ဒါအပြင် ဘူရွန်ဒီ၊ ဆီရာလီယွန်၊ တိုဂို၊ ကျူးဘား၊ လာအို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလားနိုင်ငံသားများကို ခရီးသွားလာခွင့် တစိတ်တပိုင်းကန့်သတ်မှာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ "ကျွန်ုပ်တို့ကို အန္တရာယ်ပြုလိုသော လူများကို ့နိုင်ငံအတွင်းသို့ ဝင်ခွင့်မပြုပါ" လို့ လူမှုကွန်ရက်မှာတင်ထားတဲ့ ပို့စ်တခုမှာ ဒေါ်နယ်ထရန့်ကပြောပါတယ်။
Ref:BBC
Photo:Getty Images
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ထရီလီယံကျော်ရှိလာနိုင်
သန့်ရှင်းသောစွမ်းအင်ထုတ်လုပ်မှု နယ်ပယ်ရင်းနှီးမြှုပ်နှံမှု မြင့် တက်လာနိုင်ခြင်းကြောင့် ၂ဝ၂၅ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ ထရီလီယံအထိရှိလာနိုင်ကြောင်း နိုင်ငံတကာစွမ်းအင် အေဂျင်စီ (အိုင်အီးအေ)က ဇွန် ၅ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
၂ဝ၂၅ ခုနှစ်အတွင်း စီးပွားရေးအရ မရေရာမှုများနှင့်ပထဝီနိုင်ငံရေး တင်းမာမှုများရှိနေလင့်ကစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်အပါအဝင် သန့်ရှင်းသောစွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ထရီလီယံအထိ ရှိလာနိုင်ကြောင်း အိုင်အီးအေအစီရင်ခံစာတွင် ဖော်ပြထားသည်။
၂ဝ၂၅ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ အများဆုံးရင်းနှီးမြှုပ်နှံလာနိုင်သည့် သန့်ရှင်းသောစွမ်းအင်နယ်ပယ်မှာ နေစွမ်းအင်ထုတ်လုပ်ရေးနယ်ပယ်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၅ဝ အထိရှိလာနိုင်ကြောင်းသိရသည်။
အလားတူ ၂ဝ၂၅ ခုနှစ် အတွင်းဓာတ်အားသိုလှောင်မှု နည်းပညာနယ်ပယ် ရင်းနှီးမြှုပ်နှံမှုမှာလည်း အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံ အထိရှိလာနိုင်ကြောင်း အိုင်အီးအေက ခန့်မှန်းထားသည်။
သို့ရာတွင်ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကဏ္ဍ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ ၂၀၂၅ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကျဆင်းသွားနိုင်ပြီး ရေနံထုတ်လုပ်မှုကဏ္ဍတွင် ၆ ရာခိုင်နှုန်းအထိရင်းနှီးမြှုပ်နှံမှုကျဆင်းသွားနိုင်ကြောင်း သိရသည်။
ရိုက်တာ
#နိုင်ငံတကာသတင်း
◼ထရန့်၏ဥပဒေကြမ်းကိုမာ့စ်ကအပြင်းအထန်ဝေဖန်ပြီးနောက်ပိုင်းနှစ်ဦးကြားစကားမပြောကြတော့ဟုဆို
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏အစိုးရဘတ်ဂျတ်ဥပဒေပြုရေးအပေါ်နည်းပညာဘီလျံနာအီလွန်မာ့စ်ကအပြင်းအထန် ပြစ်တင်ပြောဆိုခဲ့ပြီးနောက်ပိုင်းကတည်းက၎င်းတို့နှစ်ဦးအကြားပြောဆိုဆက်ဆံခြင်းမရှိတော့ကြောင်း အဆိုပါအပြောင်းအလဲနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက CNN ကိုပြောကြားသည်။
မကြာသေးမီရက်များအတွင်း သမ္မတ၏ဥပဒေကြမ်းကိုမာ့စ်က ထပ်ခါတလဲလဲ ဝေဖန်ခဲ့ပြီးနောက် ၎င်းအပေါ်အလွန်စိတ်ပျက်မိကြောင်း အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ထရန့်ကပြောကြားသည်။
“အီလွန် နဲ့ ကျွန်တော်တို့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိခဲ့ပါတယ်။ ဆက်ရှိဦးမလားတော့ မသိပါဘူး။" ဟုထရန့်ကသတင်းထောက်များအားပြောကြားသည်။
မကြာသေးမီက အောက်လွှတ်တော်ကို ကျော်ဖြတ်ပြီး အထက်လွှတ်တော်တွင်အတည်ပြုရန် မသေချာသေးသည့် လမ်းကြောင်းပေါ်ရောက်နေသည့် “ ကြီး ကျယ် လှပသော ဥပဒေကြမ်း” ဟုထရန့်ကခေါ်သည့်ကိစ္စကိုမာ့စ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ထို့နောက်အမေရိကန်သမ္မတ နှင့် ၎င်း၏ တစ်ချိန်က မဟာမိတ်ဖြစ်သူနည်းပညာဘီလျံနာ တို့အကြား ယမန်နေ့တွင် လူသိရှင်ကြားအပြန်အလှန်ဝေဖန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
အခွန်များ၊ အသုံးစရိတ်ဖြတ်တောက်မှု၊ စွမ်းအင်နှင့် နယ်စပ်ရေးရာများပါဝင်သောရီပတ်ဘလီကန် ၏ကြီးမားသော ဥပဒေကြမ်းမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းမာ့စ်ကပြီးခဲ့သည့် အင်္ဂါနေ့တွင် ပြောဆိုခဲ့ပြီးအဆိုပါဥပ ဒေကြမ်းအရ ဘတ်ဂျတ်လိုငွေပြမှုမှာ အလွန်များပြားလာမည်ဟု ခန့်မှန်းထားသည်။
ထို့ပြင်ထရန့်၏၏အကောက်ခွန်များကြောင့်ယခုနှစ်ဒုတိယနှစ်ဝက်အတွင်းစီးပွားရေးကျဆင်းမှုဖြစ်ပေါ်စေလိမ့်မည် ဟုလည်း၎င်းကခန့်မှန်းခဲ့သည်။
“ဒီဥပဒေမူကြမ်းရဲ့ ကဏ္ဍအားလုံးကိုမာ့စ်က သိပါတယ်။ သူက လူတိုင်းနီးပါးထက်ကောင်းကောင်း ပိုသိပါတယ်၊ သူထွက်သွားပြီးပြီးချင်းအထိ ဘာပြဿနာမှ မရှိခဲ့ဘူး။” ဟု ထရန့်က ပြောကြားသည်။
၎င်းအပေါ်မာ့စ်ကပုဂ္ဂိုလ်ရေးအရ မတိုက်ခိုက်သေးသော်လည်း မကြာခင်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်ဟုလည်း သမ္မတထရန့်ကခန့်မှန်းထားသည်။
ယင်းနှင့်အတူမာ့စ် ကုမ္ပဏီများနှင့် အစိုးရကြား စာချုပ်များကို ရပ်စဲမည့် ထရန့်၏စိတ်ကူးကိုလည်း ပေါ်လွင်လာစေခဲ့သည်။
ထို့နောက်ထရန့်နှင့် ရီပတ်ဘလစ်ကန်ကွန်ဂရက်အမတ်များမှာ ၎င်း၏ အကူ အညီသာမပါလျှင် ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်လိမ့်မည်ဖြစ်ကြောင်း မာ့စ်က၎င်း၏ဆိုရှယ်မီဒီယာ X တွင်တိုက်ခိုက်ခဲ့သည်။
ထို့ပြင်ထရန့်အား စွပ်စွဲပြစ်တင်ရန်နှင့်၎င်း၏နေရာတွင် ဒုတိယသမ္မတဂျေဒီဗန့်စ်နှင့်အစားထိုးရန် ဆိုရှယ်မီဒီယာ X တွင်တောင်းဆိုသည့် ပို့စ်ကိုလည်း သဘောတူကြောင်း“Yes” ဟု မာ့စ်ကဖော်ပြခဲ့သည်။
အလားတူမာ့စ်နှင့်ချုပ်ဆိုထားသောဖက်ဒရယ်စာချုပ်များအားဖျက်သိမ်းမည်ဖြစ်ကြောင်းနှင့်အစိုးရအမတော်ကြေးထောက်ပံ့မှုများအားရုပ်သိမ်းမည်ဖြစ် ကြောင်းထရန့်ကလည်းက ၎င်းပိုင် Truth ဆိုရှယ် မီဒီယာ တွင်ပြန်လည်ခြိမ်းခြောက်ခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား-CNN