#မဆလာဝက်အာလူး
***... မဆလာ ဝက်အာလူး ချက်ရန် လိုအပ်တာလေးတွေ
1. သုံးထပ်သား (သို့) အဆီ အသား မျှသော ဝက် ၁ ကီလို (၆၅ ကျပ်သား) ခန့်
2. ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
3. chicken powder လက်ဖက်ရည်ဇွန်း ၂ ဇွန်း
4. ဆီ 3/4 cup (180 ml)
5. ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ 3 cups (750 ml) ခန့်
6. ပါးပါးသေးသေး လှီးထားသော (သို့) ထောင်းထားသာ ကြက်သွန်ဖြူ ထမင်းစားဇွန်း ၁ ဇွန်းခန့်
7. ပါးပါးသေးသေး လှီးထားသော (သို့) ထောင်းထားသော ဂျင်း ထမင်းစားဇွန်း တစ်ဝက်ခန့်
8. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
9. အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
10. ရေဆေး အခွံခွါပြီးနောက် အသားနူးချိန် အရမ်းမပျော်သွားစေရန် အတုံး ကြီးကြီးလှီးထားသော အာလူး 2 cups (500 ml) ခန့်
11. မဆလာ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
12. ရေနွေး 3 cups (750 ml) ခန့်
13. ပျဉ်းတော်သိမ်ရွက် (curry leave) ၁၅ ရွက်ခန့်
ဝက်သားကို ဆား၊ chicken powder တို့ဖြင့် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ဂျင်းကို high heat ဖြင့် ဆီသတ် (မွှေကြော်) ပေးပါ။
ကြက်သွန်များ ရွှေဝါညိုနုရောင်ပြောင်းလျှင် medium heat သို့လျှော့ပြီး နနွင်းမှုန့် နှင့် အရောင်တင်မှုန့်ထည့်ကာ ၃-၄ ချက်မွှေကြော်ပေးပါ။
ပြီးနောက် အားလူးထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။
နှပ်ထားသော ဝက်သားနှင့် မဆလာထည့်ကာ အသားထဲမှ အရည်များကုန်အောင် မွှေကြော်ပေးပါ။
ရေနွေး ၃ ပုံ ၂ ပုံခန့် ထည့်ကာ အိုးအဖုံး ဖုံး၍ medium heat ဖြင့် ၂၅ မိနစ်ခန့် တည်ပါ။ (ထိုအချိန်အတောအတွင်း အိုးမကပ်စေရန် အပေါ်အောက်လှန်ပြီးမွှေပေးပါ။)
အသား နှင့် အာလူး မနူးသေးပါက ကျန်သည့် ရေနွေး ထပ်ထည့်၍ ဆက်ပြီးတည်ထားပါ။
အသား နှင့် အရည်အနေအထား မိမိစိတ်ကြိုက်ဖြစ်လျှင် ပျဉ်းတော်သိမ်ရွက်ထည့်ကာ ၃-၄ ချက်ခန့်မွှေပြီးနောက် မွှေးကြိုင် နူးအိစားကောင်းလှသော မဆလာ ဝက်အာလူးလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
