#ဝက်သားပဲငပိချက်

***... ဝက်သား ပဲငပိချက် အတွက် လိုအပ်တာလေးတွေ

1. ဝက်သုံးထပ်သား ၁ ကီလို (၆၅ ကျပ်သား)
2. အတုံးကြီးကြီးလှီးထားသော ကြက်သွန်နီ 1 cup (250 ml) ခန့်
3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ အတက်ကြီး ၁၀ တက်
4. Brown sugar ထမင်းစားဇွန်း ၁ ဇွန်း (1 tbsp)
5. ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( 1 tsp)
6. Chicken powder လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( 1 tsp)
7. ပဲငံပြာရည်အပျစ် (dark soy sauce) 1/4 cup (60 ml)
8. ဆီ 1/4 cup (60 ml)
9. Broad beans paste(ပဲငပိ) ထမင်းစားဇွန်း ၅ ဇွန်း (5 tbsp)

ပဲငပိမှလွဲ၍ ပါဝင်ပစ္စည်းအားလုံးကို နယ်ကာ ၁၅ မိနစ်ခန့် နှပ်ထားပါ။ (ပဲငပိတွင် အရသာပါပြီးသားဖြစ်၍ ဆား နှင့် chicken powder ကို လိုအပ်မှ ပိုထည့်ပေးပါ။)

ပြီးလျှင် ကြက်သွန်များနွမ်းပြီး၊ အသားထဲမှ အရည်များခြောက်သွားအောင် High Heat ဖြင့် မွှေကြော် (လုံး) ပေးပါ။

အရည်များခြောက်သွားလျှင် ရေနွေး 750 ml ခန့် ထည့်ကာ အဖုံး ဖုံးပြီး medium heat ဖြင့် တည်ထားပါ။

အရည်အတော်လေးခမ်းကာ အသားနူးခါနီးလျှင် ပဲငပိ ကို ထည့်၍ အဖုံး ထပ်ဖုံးပြီး low heat ဖြင့် တည်ထားပါ။

အသားများနူးအိကာ ဆီပြန်လာလျှင် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

image