In the aftermath of his son's death, actor Gary Sinise said he finds comfort in being close to home and is unsure whether he'll return to acting.
https://www.goodmorningamerica.....com/culture/story/g
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
In the aftermath of his son's death, actor Gary Sinise said he finds comfort in being close to home and is unsure whether he'll return to acting.
https://www.goodmorningamerica.....com/culture/story/g
A 68-year-old woman has been arrested in the fatal stabbing of a man at a senior living facility in Jacksonville, Florida.
Carol Carroll was arrested on suspicion of murder after sheriff's deputies responded to Morris Manor Apartments and found 73-year-old Robert Tucker with multiple stab wounds to his torso in the lobby of the facility on Tuesday, according to the Jacksonville Sheriff's Office.
Jacksonville Fire and Rescue informed officers that Tucker had died at the scene, according to an arrest report.
Read more: https://abcnews.visitlink.me/Ft1AA1
တောင်ကြီးမြိုပေါ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
*********************
(ပြည်တွင်း) မေလ ၁၆
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်မှ ညနေပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ကာ ခြံစည်းရိုး အုတ်တံတိုင်းအချို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် ၂၂ ရပ်ကွက်တို့ရှိ မြေနိမ့်ပိုင်းနေရာများ၌ မိုးကြီး/ရေလျှံမှုများဖြစ်ပေါ်လျက်ရှိကာ ရေအမြင့်ပေ ၂ ပေခန့်အထိ မြင့်တက်ခဲ့ပြီး နေအိမ်အချို့ ခြံစည်းရိုးအုတ်တံတိုင်းများ ပြုကျပျက်ဆီးခဲ့ကြောင်း သိရသည်။
၎င်း နေအိမ်များသည် မြေနိမ့်ပိုင်းဖြစ်ပြီး မိုးကြီး/ရေလျှံမှုများဖြစ်ပေါ်လျက်ရှိကာ ရေအမြင့်ပေ ၂ ပေခန့်အထိ မြင့်တက်ခဲ့ခြင်းကြောင့် နေအိမ်ခြံဝင်းများအတွင်း ရေများဝင်ရောက်လျက်ရှိသော ကြောင့် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အဆိုပါနေအိမ်ပိုင်ရှင်များနှင့် မိသားစုဝင်များသည် ညောင်ဖြူစခန်းရပ်ကွက်ရှိ နီးစပ်ရာ ဆွေမျိုး/သားချင်းများ၏ နေအိမ်များသို့ ယာယီ ခေတ္တ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး၊ အဆိုပါရေကြီးရေလျှံမှုကြောင့် လူ/တိရစ္ဆာန်များ ထိခိုက်/သေဆုံးမှုမရှိကြောင်း သိရသည်။

မန္တလေးရောက် ဗန်းမော်စစ်ရှောင်အိမ်ထောင်စု ၁၂၀၀ ကျော်မှာအရေးပေါ် အကူအညီတွေလိုအပ်နေ
မေ - ၁၆၊၂၀၂၅
GG (VOM)
မန္တလေးမှာရောက်ရှိနေတဲ့ ဗန်းမော်စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော်မှာ စားနပ်ရိက္ခာ အပါအဝင် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ မြေပြင်ကူညီရေးလုပ်ဆောင်ပေးနေသူတွေဆီကသိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်လာစဥ် ပစ္စည်းတွေသယ်ယူနိုင်ခြင်းမရှိဘဲ စစ်ရှောင်လာကြရတဲ့အတွက် အစားအစာ၊ အဝတ်အထည်၊ တကိုယ်ရေသုံးပစ္စည်း ၊ ဆေးဝါး စတဲ့အကူအညီတွေကို လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
" စစ်ရှောင်တွေက ထပ်တိုးလာတယ်။ စစ်ရှောင်တွေအတွက် အကူအညီတွေအကုန်လိုနေပါတယ်။ဘာလိုအပ်လဲဆိုရင် ဘာမှကိုမပါလာတာများတယ်။ အိုးခွက်ပန်းကန်တွေ၊ခြင်ထောင်စောင်တွေလည်းမပါဘူး။တကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေလည်းမပါဘူး။အဝတ်တထည်ကိုယ်တခုပဲများတယ်။ထပ်တိုးစစ်ရှောင်တွေပေါ့။စစ်ရှောင်တွေက ဧည့်သည်လိုဖြစ်နေတော့ အကူအညီတော်တော်များများမရကြဘူး။စာရင်းမရှိတော့ ရပ်ကွက်အများစုကစစ်ရှောင်တွေက ချန်လှပ်ထားခြင်းခံရတယ်။" လို့ ကူညီပေးနေသူကပြောပါတယ်။
လက်ရှိမှာ ဗန်းမော်စစ်ရှောင်ပြည်သူတွေက မန္တလေး ၊ စစ်ကိုင်းနဲ့ ပြင်ဦးလွင် မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးမိတ်ဆွေတွေရဲ့နေအိမ်တွေ ၊ အိမ်ခန်းငှားရမ်းနေထိုင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။
အဓိက အရေးပေါ်အကူအညီတွေနဲ့ စားနပ်ရိက္ခာ တွေလိုအပ်နေတာက မန္တလေးက ဘုန်းတော်ကြီးကျောင်းတွေမှာမှီခိုနေထိုင်နေကြရတဲ့ စစ်ဘေးရှောင်မိသားစုတွေဖြစ်တယ်လို့သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေမှာ အရေးပေါ်အကူအညီတွေလိုအပ်နေသလို စစ်ရှောင်တွေရဲ့ဆေးဝါးကုသမှုအပိုင်း မှာလည်း အကူအညီတွေရရှိမှုနည်းတာကြောင့် စစ်ရှောင်တွေအဆင်မပြေဖြစ်နေရတယ်လို့သိရပါတယ်။
" အများစုက ဆေးရုံမှာဆေးသွားမကုနိုင်ဘူး။စစ်ရှောင်နေရတော့ငွေကြေးကမရှိဘူးဆိုတော့ တိုင်းရင်းဆေးနဲ့ပဲ လုပ်နေကြတာတွေ့ရတယ်။" လို့ သူကထပ်မံပြောပါတယ်။
အရေးပေါ်အကူအညီတွေလိုအပ်နေတဲ့ မန္တလေးက ဗန်းမော်စစ်ဘေးရှောင်ပြည်သူတွေကတော့ ဗန်းမော်မှာ တိုက်ပွဲတွေဖြစ်ပွားတဲ့ ၂၀၂၄ ဒီဇင်ဘာကနေ လက်ရှိ ၂၀၂၅ ခုနှစ် မေလအထိ ကာလအတွင်းမှာရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူတွေဖြစ်တယ်လို့သိရပါတယ်။
လက်ရှိအထိ ဗန်းမော်မြို့မှာ နစကတပ်တွေနဲ့ KIA တေပူးပေါင်းတပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ကလည်း ဗန်းမော်မြို့ကိုသိမ်းပိုက်နိုင်ဖို့ အပြင်းအထန်တိုက်ခိုက်နေသလို နစက ကလည်းမြို့မကျရေး ခုခံကာကွယ်တိုက်ခိုက်နေပါတယ်။
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အရူနာချယ်လ်ပရာဒေ့ရှ်ပြည်နယ်အတွင်းရှိနေရာအချို့ကို အမည်များ တရုတ်သတ်မှတ်
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အရူနာချယ်လ် ပြည်နယ်တွင်းရှိ နေရာ အချို့အား တရုတ်နိုင်ငံက အမည်များပြောင်းလဲထားမှုကို အိန္ဒိယနိုင်ငံက ပယ်ချလိုက်ကြောင်း မေ ၁၄ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အိန္ဒိယနိုင်ငံ၏ ဟိမဝန္တာဒေသပြည်နယ်တစ်ခုဖြစ်သော အရူနာချယ်လ် ပရာဒေ့ရှ်ပြည်နယ်သည် တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်လျက်ရှိသော ပြည်နယ်ဖြစ်သည်။
အရူနာချယ်လ်ပရာဒေ့ရှ်ပြည်နယ်ကို တရုတ်နိုင်ငံ တိဗက်တောင်ပိုင်း၏ အစိတ်အပိုင်းအဖြစ် တရုတ်အစိုးရတာဝန်ရှိသူများက ပြောကြားထားရာ အိန္ဒိယနိုင်ငံကလည်း အထက်ပါရပ်တည်ချက်ကို အကြိမ်ကြိမ်ပယ်ချခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အရူနာချယ်လ်ပရာဒေ့ရှ်ပြည်နယ်တွင်းရှိ နေရာအချို့ကိုအမည်နာမများ သတ်မှတ်ပြင်ဆင်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၁၄ ရက်တွင် ပြောကြားထားသည်။
သို့ရာတွင် အမည်များဖန်တီးသတ်မှတ်မှုကြောင့် လက်တွေ့အရှိတရားပြောင်းလဲသွားလိမ့်မည် မဟုတ်ကြောင်း၊ အရူနာချယ်လ်ပရာဒေ့ရှ်ပြည်နယ်သည် အိန္ဒိယနိုင်ငံမှခွဲမရနိုင်သည့် နယ်မြေဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ်ဧပြီလကလည်း တရုတ်နိုင်ငံသည် အရူနာချယ်လ်ပရာဒေ့ရှ် ပြည်နယ်အတွင်းရှိနေရာပေါင်း ၃ဝ ကို အမည်များ သတ်မှတ်ခဲ့သည်။
ရိုက်တာ
#နိုင်ငံတကာသတင်း
◼ထရန့်နှင့်ပူတင်တွေ့ဆုံပြီးမှသာ ယူကရိန်းငြိမ်းချမ်းရေး လမ်းစပွင့်မည်ဟုအမေရိကန်ပြော
တူရကီနိုင်ငံတွင် ကျင်းပမည့် ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် ၎င်းအနေဖြင့် မျှော် လင့် ချက်ကြီးကြီးမားမား မထားကြောင်း နှင့် တိုးတက်မှုရရှိရန် ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ တွေ့ ဆုံမှုလိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားသည်။
“ ဒီခေါင်းစဉ်အောက်မှာ သမ္မတထရန့် နဲ့ သမ္မတပူတင်တို့ တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့ အချိန်အထိ လမ်းစ တစ်ခုရသွားမယ်လို့ ကျွန်တော်မထင်ပါဘူး။” ဟု တူရကီတောင်ပိုင်းမှ နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်း အ ဝေးကို တက်ရောက်ပြီးနောက် ရူဘီယိုက ပြောသည်။
ယင်းဆွေးနွေးပွဲသို့ အဆင့်နိမ့်ကိုယ်စားလှယ်အဖွဲ့သာ စေလွှတ်ခဲ့ခြင်းအတွက် ယူကရိန်းသမ္မတ ဇီလန်စကီး က ဝေဖန်ပြောကြားခဲ့သော်လည်း ကရင်မလင်၏ အဖွဲ့မှာ အရည်အချင်းအပြည့်အဝရှိသူများဖြစ်ကြောင်း ပူတင်က ပြောကြားသည်။
အစောပိုင်းတွင် အမေရိကန်သမ္မတထရန့်ကလည်း ၎င်းနှင့်မစ္စတာပူတင်တို့မျက်နှာချင်းဆိုင်တွေ့ဆုံသည့်အချိန်အထိ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကြီးမားသောတိုးတက်မှုများ မရနိုင်သည့် သဘောပြောသည်။
ရုရှားကိုယ်စားလှယ်အဖွဲ့၏ အဆင့်နှင့်ပတ်သက်၍ စိတ်ပျက်မိသလားဟု သမ္မတလေယာဉ် Air Force One ပေါ်တွင် ဘီဘီစီက မေးမြန်းခဲ့ရာ၌ “ ဒီမှာ ကျွန်တော်နဲ့ပူတင်နဲ့ အတူတွေ့ဆုံချိန်အထိ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု ထရန့် က ပြောသည်။
“ ကျွန်တော် အဲဒီမှာရှိမနေရင် သူလည်း သွားမှာ မဟုတ်ဘူး။ သူ နဲ့ ကျွန်တော် အတူတွေ့ဆုံချိန်အထိ ဘာမှဖြစ်လာမယ်မထင်ဘူးလို့ ခင်ဗျားကြိုက်ချင်ကြိုက် ၊ မကြိုက်ချင်နေ ကျွန်တော်ပြောရမှာပဲ။” ဟု ထရန့်ကပြောသည်။
ထို့နောက်လူအများအပြား သေဆုံးနေခြင်းကြောင့် ၎င်းတို့ က ပြဿနာကို ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။
သင့်တော်ပါက ၎င်းအနေဖြင့် ယနေ့တွင် တူရကီမှ ဆွေးနွေးပွဲကို တက်ရောက်သွားမည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သော်လည်း ဝါရှင်တန်သို့သာ ပြန်သွားဖွယ်ရှိကြောင်း နောက်ပိုင်းတွင် ပြောသည်။
တူရကီ ၊ အမေရိကန် ၊ ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် အစ္စတန်ဘူလ်မြို့တွင် ယမန်နေ့က တွေ့ဆုံကြရန် ဖြစ်သော်လည်း ယင်းနေ့ ညနေပိုင်းအထိ တွေ့ဆုံမည့် အချိန်ကို သတ်မှတ်ခဲ့ခြင်းမရှိဘဲဆွေးနွေးပွဲကို ယနေ့ ကျင်းပကြလိမ့်မည်ဟု သတင်း တချို့က ဆိုသည်။
သတ်မှတ်ချက် မထားသော ရက် ၃၀ အပစ်အခတ် ရပ်စဲရေးအတွက် ဥရောပခေါင်းဆောင်များနှင့် ယူကရိန်းက တောင်းဆိုခဲ့ပြီးနောက် မေ ၁၅ ရက်၌ အစ္စတန်ဘူလ်မြို့၌ တိုက်ရိုက်ဆွေးနွေးကြရန် ဗလာဒီမာပူတင်က တနင်္ဂနွေနေ့က အဆိုပြုခဲ့သည်။
ယင်းနောက် ပူတင်အနေဖြင့် ၎င်းအား လူကိုယ်တိုင်တွေ့ဆုံရန် ဇီလန်စကီး က စိန်ခေါ်ခဲ့သည်။
ထို့နောက် ကြာသပတေးနေ့တွင် ကရင်မလင်က ကြေညာသည့် ရုရှားကိုယ်စားလှယ်အဖွဲ့တွင် ရုရှားသမ္မတ ပါဝင် လာခြင်းမရှိပေ။
ရှရှားကိုယ်စားလှယ်အဖွဲ့တွင် ရားထူးကြီးသူများမပါဝင်သောကြောင့် မော်စကို က ထရန့် နှင့် အာဒိုဂန်တို့အား မလေးမစားလုပ်နေကြောင်း တူရကီနိုင်ငံတွင် သမ္မတ အာဒိုဂန်နှင့် တွေ့ဆုံပြီးနောက်တွင် ဇီလန်စကီး က စွပ်စွဲပြောကြားသည်။
“ အစည်းအဝေးအချိန်ကိုလည်း မပြောဘူး၊ အစီအစဉ်ကိုလည်း မပြောဘူး၊ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လည်း မဟုတ်ဘူး၊ ဒါဟာ အာဒိုဂန် နဲ့ ထရန့် ကို ပုဂ္ဂိုလ်ရေး မလေးစားမှုဖြစ်ပါတယ်။” ဟု ဇီလန်စကီးက ပြောကြားပြီး ၎င်းအား ကိုယ်တိုင်တွေ့ရန် ပူတင်အား ထပ်မံစိန်ခေါ်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#အတွေးမတူရင်ပြေးတာမတူတော့ဘူး
တောအုပ်တစ်ခုမှာ ဝမ်းစာအတွက်အစာရှာနေကြတဲ့ မြွေတစ်ကောင်နဲ့ရှဉ့်တစ်ကောင်ဟာ ထိပ်တိုက်တိုးမိကြလေရဲ့။ မြွေအတွက်တော့ သူ့ဝမ်းစာပြည့်ဖို့အတွက်အစာရှာတွေ့ပေမဲ့ ရှဉ့်လေးအတွက်တော့ သက်တမ်းစေ့ပြီထင်မိတယ်။ အကောင်ကြီးကတနပ်စာအတွက် လောဘ ဒေါသ မောဟ နှင့်လိုက်နေတာ ၊အငယ်လေးက တဘဝ အသက်ရှင်နေထိုင်ရဖို့အရေး လုံးလနှင့်ေပြးနေရရှာ။
ဒီချိန်မှာမြွေအတွက်တော့ တစ်နပ်စာအတွက်သာကောင်းကို မိအောင်ဖမ်းဖို့ပြေးနေရပေမဲ့ ရှဉ့်အတွက်ကြတော့ တစ်ဘဝစာအတွက်ပြေးနေရတယ်။ ဒီလိုပါဘဲ ကျွန်တော်တို့လူသားတွေမှာလဲ မတူညီတဲ့ဘဝဖြတ်သန်းပုံအမျိုးမျိုးနဲ့ ရှင်သန်မှုလမ်းကြောင်းပေါ်ရပ်တည်နေရပေမဲ့ တစ်ခါတစ်ရံမှာ မြွေနဲ့ရှဉ့်လိုမျိုးကြုံတွေ့လာနိုင်တာမျိုးရှိကောင်းရှိလာနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဘဝရှင်သန်ရာလမ်းကြောင်းမှာ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ကြုံတွေရတဲ့အခက်ခဲတွေ၊ ဘဝဖြတ်သန်းပုံတွေ၊ အတွေးတွေမတူကြတော့ ပြေးပုံပြေးနည်းတွေမတူဘူးပေါ့။