9 w - Translate

ပိန္နဲ စိုက်ပျိုးပြုစုနည်း🪴🪴💛💛💛
မြေကျယ်ကျယ်ရှိသူများသီး ၁လုံးလျှင် ၇၀၀၀ကျပ်မှ ၃သောင်းကျော်ထိ စျေးရတာမို့ စိုက်ပျိုးသင့်ကြောင်း တိုက်တွန်းရင်း ဗဟုသုတ မျှဝေ လိုက်ပါသည်
ပိန္နဲပင်သည် အစေ့မှစိုက်လျှင် ခြောက်နှစ် မှ ရှစ်နှစ်ထိ ကြာမှ အသီးသီးသည်ဟု ဆိုပါသည်။
(ယခုအခါ ထိုင်းမှဝင်လာသောကိုင်းဆတ် ပိန္နဲ မျိုးများသည်။
တစ်နှစ်ခွဲဆိုစတင်သီးသော
ကြောင့် ကိုင်းဆတ်ပိန္နဲများလည်း
တော်တော်များ
စိုက်ပျိုးလာကြတာကိုတွေ့ရပါတယ်
ပျားရည်ဆမ်းပိန္နဲ
ငါးမွှာတစ်ကီလို
ပိန္နဲ ရွက်ကြီးလုံးကြီးမျိုး
သုံးရာသီပိန္နဲ
ပိန်နဲ အသားနီ
အစေ့လွတ်ပိန္နဲ
မေးမြန်းဝယ်ယူစိုက်ပျိုးနိုင်ပါသည်
ပိန္နဲသီးသည် ဆောင်းဝင်စ အောက်တိုဘာ၊ နိုဝင်ဘာလလောက်တွင် သီးကင်းစဝင်၍ အသီး မှည့်မမှည့်ကို အသီးပေါ်ရှိဆူးများ ကျဲသွားသည်ကို ကြည့်၍လည်းကောင်း၊
လက်ဖြင့် ပုပ်ကြည့်၍ လည်းကောင်း သိရှိနိုင်သည်။ မမှည့်သောအသီးများကို အမှည့်မြန်ရန် အညှာကိုသပ်ရိုက်၍ အုပ်ပေးခြင်းဖြင့် အမှည့်မြန်စေ ပါသည်။
💫ပိန္နဲတစ်ပင်သည် အများဆုံးတစ်နှစ်လျှင် အသီး ၅၀ လုံးထိ သီးနိုင်သည်။ ပျမ်းမျှတစ်ပင်လျှင် အသီး ၃၀ခန့် သီးနိုင်သည်။💫
🌱စိုက်ပျိုးနည်း🌱
ပိန္နဲပင်များကို မြေချစိုက်ရန်အကောင်းဆုံးအချိန်မှာ မိုးရွာချိန် မေလ၊ ဇွန်လများတွင်စိုက်ပျိုးခြင်းဖြစ်သည်။ ထိုအချိန်တွင် အစေ့မှပျိုးထောင်ခဲ့ သော ပျိုးပင်သည် အသက်တစ်နှစ်သားရှိပြီ ဖြစ်သည်။
ပိန္နဲပျိုးပင်များကို တစ်ပင်နှင့်တစ်ပင် ၃၀-၄၀ ပေအထိ ခြား၍ ကျင်းစနစ်ဖြင့်စိုက်ပျိုးကြပါသည်။ စိုက်ကျင်းကို သုံးပေပတ်လည် အရွယ်အစား တူး၍ နွားချေးဆွေး
သို့မဟုတ် သစ်ရွက်ဆွေးမြေသြဇာ နှင့် အပေါ်ယံမြေသားတို့ကို ဆတူရော၍ ကျင်းတွင်ထည့်ပေးလေ့၇ှိကြသည်။ ထိုနောက် ပျိုးပင်ကို မြေလုံးမပျက် ကျင်းတွင် ချစိုက်သည်။ စိုက်ရာတွင် ပျိုးပင်အခြေအနေတွင် ရှိစဉ်က မြေအနက်အတိုင်းရှိနေစေရန် လိုအပ်ပါသည်။
✅အပင်ပြုစုနည်း✅
⚠️ပိန္နဲပင်သည် ရေဝပ်ခြင်းကို မနှစ်သက်ပါ။ ⚠️ ထို့ကြောင့်ရေထုတ်မြောင်းများ လုပ်ပေးထားရပါမည်။ အပင်ငယ်စဉ်တွင် ခြောက်သွေ့သော ရာသီများ၌ အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် ရေလောင်းပေးရပါသည်။ စိုက်ခင်းကြီးများတွင် မိုးဦးတွင် တစ်ကြိမ်၊ မိုးနှောင်းတွင် တစ်ကြိမ် ပေါင်းလိုက်မြက်ရှင်းရန် လိုအပ်ပါသည်။
🤩 ပိန္နဲစိုက်ပျိုးရာတွင် အပင်ကိုအထူးဂရုစိုက်ပြုပြင်ရန်မလိုဘဲ အသီးရရှိနေကြသဖြင့် ပြုပြင်မှုမရှိကြပါ။ 🤩
❇️အသီးကင်းဝင်မည့်ချိန်တွင် ကိုင်းမကြီး နှင့်ပင်စည်တို့မှ ထွက်လာသောအကိုင်းတက်လေးများကို ဖြတ်တောက်ပေးခြင်းဖြင့် လေပိုမိုရရှိခြင်း၊ အစိုဓာတ်မအောင်းတော့ခြင်း၊ အလင်းရောင် ပိုမိုရရှိလာခြင်းတို့ကြောင့် သီးကင်းများ ပိုမိုတင်လာမည်ဖြစ်ပါသည်။❇️
☀️🌨️❄️ရာသီဥတု
ပိန္နဲသီးသည် အပူပိုင်းဒေသ သီးနှံဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုကိုကြိုက်နှစ်သက်သည်။ မိုးရေချိန် လက်မ ၄၀ မှ ၁၀၀ ကျော် အတွင်း ကောင်းစွာဖြစ်ထွန်းသည်။
မြန်မာပြည်အလယ်ပိုင်းမိုးနည်းသောဒေသများတွင် ရေသွင်း၍ ပိန္နဲစိုက်ပျိုးနိုင်သည်။ မြန်မာပြည်တွင် အမြင့်ပေ ၃၀၀၀ကျော်သောအရပ်၌ ပိန္နဲပင် ဖြစ်ထွန်းသည်ကိုတွေ့ရသော်လည်း အလွန်အေးသည့်ရာသီကို မနှစ်သက်ချေ။
🌏မြေအမျိုးအစား
ပိန္နဲသည် အမြစ်နက်နက်ဆင်းနိုင်ရန် မြေသားထူ၍ မြေသြဇာထက်သန်သော မြေသညိ အကောင်းဆုံးဖြစ်သည်။ ရေဝပ်ခြင်းကို မနှစ် သက်ပါ။
ရေဝပ်နေပြီး မြေတွင်းအစိုဓာတ်များလွန်းပါက အပင်ပေါက် ညံ့ဖျင်းသည့်ပြင် အပင်ကြီးထွားမှုလည်းမကောင်းချေ။ ယေဘုယျ အားဖြင့် ပိန္နဲသည် ရေဝပ်သောမြေမှလွဲ၍ မြေအမျိုးအစားမရွေး လွယ်ကူစွာ စိုက်ပျိုးနိုင်ပါသည်။
၅။ ပျိုးထောင်နည်း
များသောအားဖြင့် အစေ့မှ ပျိုးယူကြသည်။ ပိန္နဲသီးကို မေလနှင့် ဇွန်လများတွင် ဆွတ်ခူးလေ့ရှိသည်။ အသီးမှရရှိလာသော အစေ့များကို ပလတ်စတစ်အိတ်၊ ဝါးဆစ်၊ ပျိုးအိုးများတွင် ပျိုးလေ့ရှိကြသည်။ အစေ့မှ အသားများ ကုန်အောင် ရေဖြင့် ဆေးကြောရသည်။ ထို့နောက် ပလတ်စတစ်အိတ် သို့မဟုတ် ဝါးဆစ် သို့မဟုတ် ပျိုးအိုးတွင် မြေဆွေး၊ သဲနှင့် အပေါ်ယံမြေသားတို့ကို ဆတူရော၍ အစေ့ထည့်ပျိုးပါ။ ပျိုးသည့်မြေ၌ အစိုဓာတ်ရှိနေရန်လိုအပ်သော်လည်း ရေအလွန်စိုရွှဲမနေစေရပါ။ပျိုးပင်အမြင့် ၁၀လက်မမှ တစ်ပေခန့်မြင့်လာလျှင် မြေချ စိုက်ပျိုးနိုင်ပါသည်။
မျိုးသန့်ပိန္နဲပျိုးပင်များရရှိစေရန် မျိုးကောင်းမျိုးသန့်ပင်မှ ပျိုးကိုင်းကို အစေ့ပျိုးအောက်ခံပင်ပေါ်တွင် ပင်ထောက်ကိုင်းဆက်နည်းဖြင့် မျိုးပွားစိုက်ပျိုးလာကြပါသည်။
🐮မြေသြဇာကျွေးနည်း🐄
ပိနဲ္နပင်ငယ်များကို နွားချေးနှင့် ပုလဲဓာတ်မြေသြဇာ ကျွေးသင့်ပါသည်။ အပင်ငယ်များကျွေးရာတွင် မိုးဦးတွင် တစ်ကြိမ် မိုးနှောင်းတွင် တစ်ကြိမ်၊ အပင်သစ်တစ်ပင်တွင် နွားချေး ငါးပေါင်နှင့် ပုလဲဓာတ်မြေသြဇာ ဝ.၂၅ ပေါင်ခန့် ကျွေးသင့်သည်။ အပင်ကြီးလာသည်နှင့်အမျှ မြေသဇာနှုန်းတိုးသွားရပါသည်။
အသီးသီးနေသော အပင်ကြီးများတွင် မိုးအကုန် သီးကင်းဝင်စ နိုဝင်ဘာလ၊ ဒီဇင်ဘာလလောက်တွင် မြေသြဇာများကျွေးသင့်ပါသည်။ ကျွေးရာတွင် အပင်၏ အရိပ်အရိပ်အဝန်းအောက်ခြေတစ်ဝိုက်တွင် ကျင်းငယ်များတူး၍ တစ်ပင်လျှင် နွားချေး ၁၀ပေါင်နှင့် N:P:K ၉းရး၅ ဓာတ်စုံ ဓာတ်မြေသြဇာကို တစ်ပင်လျှင် သုံးပေါင်နှုန်းခန့်ကျွေးသင့်ပါသည်။

image