Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သရက်သီးစိမ်းနဲ့တို့စားတဲ့ အမှုန့်နှစ်မျိုး
ဆားနဲ့လုပ်တဲ့ တို့စားတဲ့အမှုန့်အတွက်
သကြား 500 g
ကြက်သားမှုန့် ထမင်းစားဇွန်း ၃ဇွန်း
ဆား 65 g
အချိုမှုန့် ထမင်းစားဇွန်း၁ဇွန်း
ငရုတ်သီးအလှော်မှုန့် ထမင်းစားဇွန်း ၁၄ဇွန်း
ပါဝါသကြားအမှုန့် လက်ဖက်ရည် ၁ဇွန်း (မထည့်ချင်လဲရ) အားလုံးရောမွှေလိုက်ပြီး စက်နဲ့ ၃ချက်လောက်ကြိတ်လ်ိုက်ရင်ရပြီ။
ငါးပိပါတဲ့ တို့စားတဲ့အမှုန့်အတွက်
သကြား 500 g
ကြက်သားမှုန့် ထမင်းစားဇွန်း ၁ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပုစွန်ငါးပိမှုန့် 90 g (ငါးပိကိုမီးကင်ပြီး အမှုန့်လုပ်ထားတာ)
အချိုမှုန့် ထမင်းစားဇွန်း၁ဇွန်း
ငရုတ်သီးအလှော်မှုန့် ထမင်းစားဇွန်း ၁၄ဇွန်း
ပါဝါသကြားအမှုန့် လက်ဖက်ရည် ၁ဇွန်း (မထည့်ချင်လဲရ) အားလုံးရောမွှေလိုက်ပြီး စက်နဲ့ ၃ချက်လောက်ကြိတ်လ်ိုက်ရင်ရပြီ။
#credit
အိမ်မှာ မိသားစုနဲ့အတူ လုပ်စားဖို့ #မုန့်ချိုသွင်း #မုန့်ကြက်ဥ လုပ်နည်းလေးပါ Save😍😍
+++++++++++++++++++++++++++++
(အိမ်မှာ အလွယ် လုပ်စားကြမယ်)
ပါဝင်ပစ္စည်းများ
++++++++++++++
၁-မွှေးကောက်ညင်းမှုန့် -၁ထုတ်
၂-မွှေး ဆန်စိမ်းမှုန့် -၁ထုတ်
၃-ရွှေလိပ်ပြာ အကြော်မှုန့်-၁ထုတ်
၄-ရေ-၆၀၀ ml(မုန့်အနှစ်နယ်ရန်)
၅-ထန်းလျှက်-၅၀ ကျပ်သား
(ထန်းလျှက်ကြိုရန် ရေ ၅၀၀ ml)
၆-ဆီ/ဆား
ပြုလုပ်နည်း
၁-ကောက်ညှင်းမှုန့် ဆန်စိမ်းမှုန့် ရွှေလိပ်ပြာမှုန့်တို့ကို ဆားအနည်းငယ် ရေ ၆၀၀ ml ဖြင့် သမအောင်မွှေထားပေးပါ။
၂-ထန်းလျှက် ၅၀ ကျပ်သားကို ရေ ၅၀၀ml ဖြင့်ကြိုပြီး ဇကာဖြင့်အမှိုက်များ စစ်ထားပါ။
၃-ရေသန့်ဘူးခွံတစ်ခုထဲသို့ မုန့်အနှစ်များထည့်ပါ။ဘူးအဖုံးကို အပေါက်သေးတစ်ခုဖောက်ထားပါ။
၄-ဒယ်ပူလာလျှင်ဆီထည့်ပြီး ဆီပူလာလျှင် ရေသန့်ဘူး အပေါက်လေးမှ မုန့်အနှစ်များ ညှစ်ချပြီးကြော်ပါ။
၅-မုန့်များကျက်လျှင် ထန်းလျှက်ရည်ထဲ ထည့်စိမ်ပြီး ပန်းကန်တစ်ခုထဲ ဆယ်ထည့်ပါ။
(မိမိအိမ်မှာပဲ မုန့်ချိုသွင်းလေး အလွယ်တကူကြော်စားနိုင်ပါပြီနော်)
“ငါသိချင်မိတယ်၊ ဘုရားက ငါတို့အချင်းချင်း လုပ်နေကြတဲ့ အရာတွေအပေါ် ခွင့်လွှတ်ရဲ့လား၊ ငါ့ဘေးနားတဝိုက်ကိုကြည့်ပြီး သိလိုက်ရတာက ဘုရားသခင်က ဒီနေရာကို စွန့်ပစ်ခဲ့တာ အတော်ကြာခဲ့ပြီဆိုတာပဲ”
ဒီဇာတ်ကားထဲက အကြိုက်ဆုံး စာသားလေးတစ်ခု၊Leonardo ရဲ့ ရုပ်ရှင်ကောင်းထဲက တစ်ခုလည်းဖြစ်တာမလို့မလွှတ်တမ်းကြည့်သင့်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ ဒန်ဒီ အဖြစ် Leonardo DiCaprio,ဆိုလိုမွန်အဖြစ် Djimon,မက်ဒီ အဖြစ် Jennifer Connelly တို့ဖြစ်တာမလို့ သရုပ်ဆောင်ပိုင်းကတော့ ပြောစရာလိုမထင်ပါဘူး။
ဇာတ်လမ်းကတော့ ဒီလို ပြည်တွင်းစစ်တွေကြားမှာ တရားမ၀င်လက်နက်ကုန်သည် ဇင်ဘာနိုင်ငံသားလေး အာဖရိကသားလူဖြူ ဒန်ဒီ အာချာ ရယ်၊ အာဖိရိကသား တံငါသည် ဆိုလိုမွန် ဗန်ဒါ နှင့် အာဖရိကကို စွန့်စားဖို့ရောက်ရှိလာတဲ့ သတင်းသမားမလေး မတ်ဒီ ဘိုဝင် တို့အကြောင်းဖြစ်ပါတယ်။တံငါသည် ဆိုလိုမွန် ဗန်ဒါက သူပုန်တွေ ဖမ်းတာ ခံလိုက်ရပြီး စိန်ရှာတဲ့အလုပ်သမားအဖြစ်ခိုင်းတော့ တကယ့်တန်ဖိုးအကြီးဆုံး ပန်းရောင် စိန်ကြီးကိုရှာတွေ့သွားပါတယ်။တွေ့တွေ့ချင်းပဲ အစိုးတပ်တွေ ဝင်စီးတော့ ဆိုလိုမွန်ဗန်ဒါက နေရာတစ်ခုမှာ မြှပ်ခဲ့ပြီး သူလည်း အစိုးရတပ်တွေ ဖမ်းတာထပ်ခံလိုက်ရပြန်ပါတယ်။ဆိုလိူမွန်ဗန်ဒါ ကတော့ သူ့မိသာစုနဲ့ ကွဲသွားတာမလို့ သူ့မိသားစုအတွက်ပဲ စိတ်ပူနေပါတယ်။ဒါပေမယ့် သူ့ ပန်းရောင်စိန်အကြောင်းကို အာဖရိက ကနေထွက်ပြေးဖို့ကြိုးစားနေတဲ့ လက်နက်ကုန်သည်လေး ဒန်ဒီ အာချာ ကသိသွားပါတယ်။သတင်းသမားမလေး မတ်ဒီဘို၀င် ကလည်း ဒီကစိန်တွေကို နိုင်ငံခြားကို ဘယ်လိုတင်သွင်းလည်းသိအောင်လုပ်ပြီး လူထုကို ချပြချင်တာမလို့ လက်နက်ကုန်သည် ဒန်ဒီ အာချာ ကိုမရမက လိုက်မေးပါတယ်။သူတို့သုံးယောက်ရဲ့ ရည်ရွယ်ချက်ကတော့ ဆိုလိုမွန်ဒီက သူ့မိသားစုနှင့် သူ့သာလေး ဒီရာ နောက်ကိုလိုက်ပါတယ်။ဒန်ဒီ အာချာ လည်း ပန်းရောင်စိန်နောက်ကိုလိုက်တယ်။မတ်ဒီဘို၀င် ကလည်း တရားမ၀င် စိန်သတင်းတွေနောက်လိုက်တယ်။ပန်းရောင်စိန်ကိုတော့ အစိုးရတပ်ကရော သူပုန်တပ်ကပါလိုချင်နေတော့ သူတို့ သုံးယောက် ကိုယ်လိုချင်တဲ့ အရာနောက်ကိုလိုက်ရင်း ပြည်တွင်းစစ်ကြီးကြားမှာ ဘယ်လိုများ ကြိုးစားရုန်းကန် ရှင်သန်သွားမလဲ။ဒါကိုတော့ ဇာတ်ကားထဲမှာ တ၀ကြီး ကြည့်ရှုရမှာဖြစ်ပါတယ်။
အချစ်ကားတွေလည်း တော်တော်များများလည်း တင်ပေးခဲ့ပြီးပြီဆိုတော့ ရှယ်ငိုရမယ့် ဇာတ်ကားလေးတစ်ခုကို ပြောပြချင်ပါတယ်။2009 ခုနှစ်က ထွက်ရှိထားတဲ့ ကိုရီးယားရုပ်ရှင်တစ်ခုဖြစ်တဲ့ More Than Blue ရဲ့ Remake လေးဖြစ်ပြီးတော့ ဒီ နာမည်နဲ့ပဲ တရုတ်ရုပ်ရှင်လေးအဖြစ် ထက်မံ ထွက်ရှိလာတာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ လူတစ်ယောက် ခပ်ဟောင်းဟောင်း သီချင်းလေးတစ်ပုဒ်ကို နားထောင်ရင်း သဘောကျမိတာမလို့ ဒီသီချင်းကို ဆိုဖို့ တေးရေးဆရာကိုလိုက်ရှာပါတယ်။ဒီလို လိုက်ရှာရင်း သီချင်းထက်ပိုစိတ်၀င်စားဖို့ကောင်းတဲ့ K နှင့် Cream ဆိုတဲ့ လူနှစ်ယောက်အကြောင်းရဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာဖြစ်ပါတယ်။K နှင့် Cream တို့ နှစ်ယောက်လုံးက 16 နှစ်အရွယ်မှာပဲ မိသားစုတွေကို ဆုံးရှုံးလိုက်ရတာမလို့ သူတို့နှစ်ယောက်က တစ်ယောက်ရှေ့မှာ တစ်ယောက်ရပ်တည်ပေးခဲ့ကြပါတယ်။ဒီလိုမိသားစုလို ဖြစ်နေတဲ့ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်ကို အရောင်စိုးထားတဲ့ နောက်ထပ် သံယောဇဉ်တွေ၀င်ရောက်လာတဲ့အခါမှာ ထုတ်မပြောကြပဲ မျိုသိပ်ထားကြတဲ့ သူတို့နှစ်ယောက် နောက်ဆုံးမှာ မိသားစုဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ တစ်သက်လုံး နေသွားကြမလား... ဒါမှမဟုတ် တစ်ယောက်ယောက်ကစပြီး သူရင်ဘတ်ထဲက အချစ်တွေကို ဖွင့်ဟလာမလား...
ဇာတ်လမ်းလေးကတော့ အငိုတစ်လိုင်းမလို့ ကြည့်တဲ့သူတွေကို စိတ်ကျေနပ်မှုပေးနိုင်မယ်လို့ထင်ပါတယ်။ဒါကြောင့် crush လေးကပြန်မကြိုက်လို့ ငိုချင်လို့ပဲဖြစ်ဖြစ် ပျင်းလို့ငိုချင်လို့ပဲဖြစ်ဖြစ် "More Than Blue(2018)" ဆိုတဲ့ ရုပ်ရှင်ကောင်းလေးကို ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
Author : JinX
ကဗျာတွေရဲ့ ကြီးကျယ်ခမ်းနားမှု ၊ လူသားတွေ အသက်ရှင်နေရတဲ့အကြောင်းအရင်း ၊ ဆယ်ကျော်သက် လူငယ်တစ်ယောက်မှာ ခံစားရတဲ့ အကြောင်းအရာတွေ ဒါတွေ အားလုံးကို ရုပ်ရှင်တစ်ခုတည်းမှာ ခံစားရမယ့် ဇာတ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကို မပြောပြခင်မှာဇာတ်ညွှန်းလေးကိုအရင်ပြောပြပါမယ်။
ဇာတ်ညွှန်းမဖတ်ဘဲ ကြည့်ချင်ရင်တော့ ဒီစာရဲ့အောက်ဆုံးမှာ ဇာတ်ကားနာမည် နှင့် လင့် ထည့်ပေးထားပါတယ်။
ဇာတ်လမ်းရဲ့ပုံစံက ရိုးရိုးရှင်းရှင်းလေးမလို့ အသေးစိပ်ကျကျ ရေးပြဖို့ထက် သူတို့ပြချင်တဲ့ ပုံစံလေးကို အဓိကပြောပြသွားပါမယ်။
ဇာတ်လမ်းလေးကတော့ ဓလေ့ထုံးတန်း၊ ဂုဏ်သက္ခာ ၊ စည်းကမ်း နှင့် ထူးချွန်ခြင်း ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ထားတဲ့ ဝယ်တန် အကယ်ဒမီပညာရေးကျောင်း ရဲ့ ကြိုဆိုပွဲ အခမ်းအနားတစ်ခုနဲ့ အစပြုထားပါတယ်။အောင်ချက်ကောင်းတာမလို့ ကျောင်းသားမိဘတွေရဲ့ မျက်စိကျတဲ့ ကျောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမယ့် လည်း အောင်ချက်ကောင်းတဲ့ကျောင်းဆိုတဲ့အတိုင်း စည်းကမ်းကြီးတာကတော့ ထိပ်ဆုံးကပေါ့။အဲ့လိုကျောင်းမှာမှ သင်ရိုးအတိုင်းသင်တာထက် ကျောင်းသားတွေ ကိုယ်တိုင် တွေးတတ်အောင်သင်ပေးတဲ့ ဆရာ အကြောင်းကို ရိုက်ပြထားပါတာဖြစ်ပါတယ်။
“ ဆေး၊ဥပဒေ၊စီးပွားရေး၊ဆောက်လုပ်ရေး တွေက အရေးပါတဲ့ အလုပ်တွေပဲ၊အသက်ရှင်ဖို့အတွက် အရေးကြီးတယ်”
“ဒါပေမယ့် ကဗျာ၊အလှတရား၊စိတ်ကူးယဉ်မှု၊အချစ်ဆိုတာတွေက ဆရာတို့ ဘာလို့ အသက်ရှင်နေလဲဆိုတဲ့ အကြောင်းပြချက်ပဲ”တဲ့
ဆရာတစ်ယောက်က သူရဲ့ ကျောင်းသားတွေကို လွတ်လွတ်လပ်လပ် အတွေးနယ်ချဲ့တတ်အောင် သင်ပေးတဲ့ပုံစံလေးပါ။အဲ့လိုသင်တော့ အခြားဆရာတွေတင်မက ကျောင်းသားမိဘတွေကပါ သိပ်သဘောမတွေ့ကြပါဘူး။တကယ်တော့ ဒီလိုဆရာမျိုးတွေနဲ့မှ ကျောင်းသားတွေရဲ့ ကြောက်ရွံ့မှုတွေကို ဖြေဖျောက်ပေးနိုင်တာဖြစ်ပါတယ်။
ပြီးတော့ ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဘာဝါသနာပါလဲ မမေးတဲ့အပြင် ကိုယ်ဝါသနာပါတဲ့ အရာကို လုပ်ခွင့်မပေးဘဲ ကိုယ့်သားသမီးကို တစ်သက်လုံး သူတို့ဖြစ်ချင်တဲ့ ပုံစံအတိုင်း အတင်းလုပ်ခိုင်းတဲ့ မိဘတွေရဲ့ ပုံစံကိုလည်း ဒီဇာတ်ကားထဲမှာ ရိုက်ပြထားပါသေးတယ်။
ဇာတ်ကားလေးက တကယ်ရိုးရိုးရှင်းရှင်းလေးနဲ့ တစ်ကယ်ကြည့်ကောင်းအောင် ရိုက်ပြထားတာမလို့ မကြည့်မိရင် နောင်တရမိမယ် ထင်ပါတယ်။ဒါကြောင့်မလို့ "Dead Poet Society" ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ကျွန်ဝောာ်တို့ MSP က ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။
Author : JinX