Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
"Myanmar Broadband Telecom Company Limited" မှ လတ်တလောလစ်လပ်နေသော Position များကို ခုပဲလျှောက်ထားနိုင်ပါပြီ။
ဘယ်လိုလျှောက်ရမလဲ❓
အောက်ပါ Link များမှ တဆင့် Apply now နေရာတွင် လျှောက်ထားရန် E-mail, Viber Contact တို့ကိုကြည့်ရှုနိုင်ပါသည်။
◾️Maintain Admin - Yangon
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23825
◾️Project Survey & Designer - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23966
"Qbicle Myanmar" မှ လတ်တလောလစ်လပ်နေသော Position များကို ခုပဲလျှောက်ထားနိုင်ပါပြီ။
ဘယ်လိုလျှောက်ရမလဲ❓
အောက်ပါ Link များမှ တဆင့် Apply now နေရာတွင် လျှောက်ထားရန် E-mail, Viber Contact တို့ကိုကြည့်ရှုနိုင်ပါသည်။
◾️Sales Manager - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23899
◾️Sale Executive (B2 - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23896
◾️Sale Executive (B2 - Mandalay
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23895
ကြက်သား ဆီချင်ခေါက်ဆွဲ ပြုလုပ်နည်း... 🤩
***********
မနက်စာ လုပ်ပေးဖြစ်တာလေး လုပ်ရတာလည်းလွယ်ပြီး စားရတာလည်းကြိုက်တော့ ခဏခဏလုပ်ပေးဖြစ်တယ်....။😋
ပြုလုပ်နည်း....
----------
ခေါက်ဆွဲတစည်း မပျော့မမာလေး ပြုတ်ထားပါ။
ကြက်သားရင်အုံသား သို့မဟုတ် ပေါင်သား 500g (သုံးဆယ်သားကျော်) ကို အရေခွံလေးဖယ်ထားပြီး ကြက်သားမှုန့် ထမင်းစားဇွန်း တဝက်လောက်ထည့်ပြီး ရေကိုကြက်သားမြုတ်အောင်ထည့်ပြီး နာရီဝက်လောက်ပြုတ်၊ ပြုတ်ပြီးရင်ပြန်ဆယ်ပြီး အတုံးလေးတွေ တုံးထားပါ။
ကြက်သွန်ဖြူ နုတ်နုတ်စင်းထားတာကို ဆီချက်ချက်ပါ။
နနွင်းမှုန့် မထည့်ရပါ။
ဆီချက်ချက်တဲ့အခါ ဖယ်ထားတဲ့ကြက်အရေခွံကို ကျွတ်အောင်ကြော်ပြီး ထွက်လာတဲ့ဆီနဲ့ချက်လည်း ရပါတယ်။ မစားရင်ရိုးရိုးဆီနဲ့ပဲချက်လို့ရပါတယ်နော်။
ပြီးရင် ကြက်သွန်မြိတ်ပါးပါးလှီးထားပါ။
သကြား ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း မရှိတရှိ
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၃ ဇွန်း
ဆီချက် ၃ ဇွန်း တို့ကိုထည့် ပြီးရင်အားလုံးရောသုပ်ပါ။
အရသာအပေါ့အငံကိုယ့်စိတ်ကြိုက်ထပ်မြည်းပြီး ငရုတ်ကောင်းမှုန့်လေးကြိုက်ရင် အပေါ်ကဖြူးစားပါ။
ဟင်းရည်အတွက် စောစောကပြုတ်ထားတဲ့ ကြက်ပြုတ်ရည်ကို ရေလေးနည်းနည်းထပ်ထည့် ကြက်သားမှုန့်လေးနဲ့ ပဲငံပြာရည်အကြည်လေး လိုသလောက်ထည့်ပြီး ဆူအောင်ပြန်တည်။
ငရုပ်ကောင်းမှုန့်လေးဖြူး၊ ကြက်သွန်မြိတ်လေးလှီးထည့်ပြီးဆို ဟင်းရည်လေး ရပါပြီး။
ခေါက်ဆွဲတစည်းဆို မိသားစုလေးယောက်လောက် မနက်စာအဝစားလို့ရတယ်။ အပြင်မှာဝယ်စားရတာထက် အကုန်အကျသက်သာပြီး ပိုပြီးစိတ်ချစွာ စားလို့ရပါတယ်ရှင့်.......။
လွယ်ကူစွာအိမ်မှာပဲ ကွေ့တီယို လုပ်စားကြမယ်😋😋
+++++++++
ကွတ်တီယို အရည်ကို ကြက်သား (သို့) ဝက်သားအဖြစ် မိမိစိတ်ကြိုက် ချက်ပြုတ်နိုင်ပါတယ်...
ပါဝင်သည့် ပစ္စည်းများ
၁။ ကြက်ရိုး (သို့) ဝက်ရိုး (၂၀) သားခန့်
၂။ ကြက်သွန်ဖြူ (၄) မွှာ
၃။ နံနံပင်အမြစ် အနည်းငယ်
၄။ ငရုတ်ကောင်းစေ့ အနည်းငယ်
၅။ သကြား စားပွဲတင်ဇွန်း (၁) ဇွန်း
၆။ ဆားအနည်းငယ်
၇။ ဂျင်းလက်တစ်ဆစ်စာခန့် (ဂျင်းနံ့ မကြိုက်လျှင် မထည့်ပါနှင့်)
- မုန်လာဥ ပန်ကန်လုံး တစ်လုံးစာ (ကျောက်ဖယုံသီး လဲ ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်)
- ဆန်ပြားခေါက်ဆွဲ (အမျဉ် သေး အကြီး မိမိနှစ်သက်ရာ )
- ကန်စွန်းရွက် အနည်းငယ်
- ပဲပင်ပေါက် အနည်းငယ်
- CP အသားလုံး (ဝက်၊ကြက် ၊ ငါး မိမိနှစ်သက်ရာ)
ချက်ပြုတ်နည်း အဆင့်ဆင့်
- ပဲငံပြာရည် အပစ်/ အကြည်
# အရည်အိုးမတည်ခင် သကြားအား မီးအေးအေးဖြင့် လှော်ပေးပါက ပိုကောင်းပါသည်။ သကြား ပျော်ပြီးမှ နှစ်သက်ရာ အရိုးပြုတ်ပေးရပါမည်။
၁။ အမှတ်စဉ် (၁) မှ (၇) ထိကို အရိုးများ နူးအိသည်အထိ အချိန်အတော်ကြာပြုတ်ထားပေးရပါမည်။
ဝက်ရိုး(သို့) ကြက်ရိုးများ နူးအိလာပါက အရည်ကို စစ်၍ ယူပြီးနောက် မုန်လာဥ ကို ထည့်၍ နောက်ထပ် နာရီဝက်ခန့် ထပ်၍ ပြုတ်ထားပေးလိုက်ပါ။
၂။ ဟင်းရည်အိုး အဆင်သင့် ဖြစ်ပြီး ဆိုပါက
ဆန်ပြားခေါက်ဆွဲကို ရေနွေးဆူဆူဖြစ် ခေတ္တပြုတ်ပေးပြီး ရေပြန်စစ်ယူလိုက်ပါ။
၃။ အသင့် ပြင်ဆင်ထားသော ကန်ဇွန်းရွက်နှင့် ပဲပင်ပေါက်ကိုလဲ အစိမ်းရောင်မပျက်ယုံလေး ရေနွေးဖျောပေးလိုက်ပါ။
၄။ ဟင်းရည်အိုးကို အချိန်အတော်ကြာသည်အထိ ထားမည်ဆိုလျှင် CP အသားလုံးများကို သီးသန့်ပြုတ်၍ တစ်ခါထဲ စားမည်ဆိုလျှင် ဟင်းရည်အိုးထဲ
ထည့်၍ ချက်ထားနိုင်ပါသည်။
၅။ ကွတ်တီယိုနှင့် တွဲဖက်စားသုံးရန် အစပ်အဟတ်အဖြစ် ငရုတ်သီးမှုန့်၊ မြေပဲလှော်မှုန့်၊ ဆလကာရည်နှင့် စိမ်ထားသော ငရုတ်သီးစိမ်း၊ သကြားတို့ကိုလဲ အသင့်ပြင်ဆင်ထားနိုင်ပါသည်။
ထို့နောက် မိမိစိတ်ကြိုက် ရသာကို ပြင်ဆင်စားသုံးရန်ဖြစ်သည်။
၆။ ထို့နောက် ပန်ကန်လုံးတစ်လုံးတွင် ပါဝင်ပစ္စည်းများကို အသင့်ပြင်ဆင်ထည့်နိုင်ပါပြီ။
အသုပ်ကြိုက်သူများအတွက် ကွတ်တီယိုအရည်ကို မဆမ်းဘဲ ပါဝင်ပစ္စည်းအားလုံးကို ကြက်သွန်ဖြူကို ထောင်းပြီး ပြန်ကြော်ထားသော ဆီချက်နှင့် သုပ်စားနိုင်ပါသည်။
ဘန်မီ ဟု ခေါ် သော ခေါက်ဆွဲ ဝါ များ ကိုလည်း နှစ်သက် ပါ က ဆန်ပြား အစား ထိုး ကာ သုံးဆောင် နိုင်ပါတယ်နော် 😋
#ကျောက်ဆိုကြောက်ကိုမကြောက်တော့တာ
သူရှိနေလို့ ခါးနာခါးအောင့်ဖြစ်နေတာ
အခုတော့ သူထွက်ကျလာခဲ့ပါပြီ
အချိန်ကယနေ့ ည ၁၁နာရီ၁၀မိနစ်ခန့်ကဖြစ်သည်
ဘယ်ဘက်က ခါးတစ်ခြမ်းကိုက်နေတာ နှစ်လသုံးလ
လောက်ရှိနေပါပြီ
ဆီကျောက်တည်ရောဂါနဲ့ရင်ပါးနေပြီဖြစ်သောကြောင့်
မကြောက်ရွန့်တော့ပေ
ဒီကျောက်ကြီးရှိနေမှန်းသိနေတာတော့သုံးလေးလခန့်
ရှိနေပါပြီ ဒီတစ်ခါကျောက်က အသက်ရှုရင်တောင်
အောင့်အောင့်လာတယ်
ခါးအောင့်အောင့်နေလို့ ဘယ်ဘက်ကိုစောင်းအိပ်လို့
မရဖြစ်နေပါတယ်
သူရှိနေရင်ခါးကတင်ပြီးနာနေတယ်
ဘယ်ဘက်ခြမ်းဆီးခုံကို လက်နဲ့အဖိမခံနိုင်ဘူး
တော်တော်နာပါတယ်
ဆေးရုံသွားဓာတ်မှန်ရိုက်ကြည့်တော့ သေချာပေါက်
သူ့ကို တွေ့သည် ဆရာဝန်က ချေဖို့ သို့မဟုတ် ခွဲထုတ်ဖို့
ပြောပါသည် ကြီးလွန်းလို့သူ့ဘာလို မထွက်ကျနိုင်ကြောင်း
ပြောပြပါသည်
နေလို့ရရင် နေနေလိုက်သည်
နေလို့မရအောင်နာလာရင်တော့ လက်သုံးဆေးကို
အသုံးပြုရတော့သည်
ထိုဆေးက လွယ်လွယ်လေးပါ
ကျောက်ဖရုံသီးကို သခွါးခြစ်နဲ့ခြစ်ပြီး
ရှာလကာရည်အနည်းငယ်ထည့်၍
အလယ်တည်ပန်းကန်နဲ့
တစ်ဝက်လောက်ကို တစ်ရက် နှစ်ရက်နဲ့
အကုန်စားပေးလိုက်ရုံပါပဲ
အဲဒီလို သုံးခါလောက်လုပ်စားလိုက်တာနဲ့
အခုမြင်တွေ့ရတဲ့ကြောက်ကြီးလည်း
မနေနိုင်တော့ပဲ ဆီးလမ်းကြောင်းကနေ
ဒလိမ့်ခေါက်ခွေး ထွက်ကျခဲ့ရတော့တာပါပဲ
ရံဖန်ရံခါ အုန်းရေလဲ အဝသောက်ပေးဖို့လိုပါသည်
ကျောက်တည်တတ်တဲ့ဝေဒနာရှင်များအတွက်
ူသတင်းကောင်းပေးလိုက်ပါတယ်
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ကျောက်ထွက်ကျလာလို့
ပုံနှင့်တကွ ရေးတင်ခဲ့ဘူးတာရှိပါတယ်
ကျောက်ဖရုံသီးနဲ့ ရှာလကာရေနဲ့ ရောစပ်ထားတာပါ
ဟင်းစားဇွန်းနဲ့ မောက်မောက်ခပ်၍ တစ်နေ့သုံးကြိမ်လောက်စားပေးပါ စားလို့ကောင်းပါတယ်