25 w - Translate

Xiaomi Civi 5 Pro ရဲ့ ဒီဇိုင်းသိရပြီ
.
ဒီတစ်ခါ Civi 5 Pro ဖုန်းက 50MP Floating Telephoto Lens ကိုမှ OIS ပါလာပြီ (3x ဝန်းကျင်ဖြစ်လောက်မယ်)။​ Selfie Camera ကိုလည်း 50MP Camera ကို Upgrade ထားမယ်။
Snapdragon 8s Gen 4 Chipset နဲ့ဖြစ်မယ့်အပြင် Battery ကလည်း 6000mAh ဝန်းကျင်ပါလာမယ်ဆိုပဲ၊ ဒီဇိုင်းကို ဘယ်လိုမြင်ကြလဲ...? 👀

image
25 w - Translate

Xiaomi Civi 5 Pro ရဲ့ ဒီဇိုင်းသိရပြီ
.
ဒီတစ်ခါ Civi 5 Pro ဖုန်းက 50MP Floating Telephoto Lens ကိုမှ OIS ပါလာပြီ (3x ဝန်းကျင်ဖြစ်လောက်မယ်)။​ Selfie Camera ကိုလည်း 50MP Camera ကို Upgrade ထားမယ်။
Snapdragon 8s Gen 4 Chipset နဲ့ဖြစ်မယ့်အပြင် Battery ကလည်း 6000mAh ဝန်းကျင်ပါလာမယ်ဆိုပဲ၊ ဒီဇိုင်းကို ဘယ်လိုမြင်ကြလဲ...? 👀

image
25 w - Translate

Xiaomi Civi 5 Pro ရဲ့ ဒီဇိုင်းသိရပြီ
.
ဒီတစ်ခါ Civi 5 Pro ဖုန်းက 50MP Floating Telephoto Lens ကိုမှ OIS ပါလာပြီ (3x ဝန်းကျင်ဖြစ်လောက်မယ်)။​ Selfie Camera ကိုလည်း 50MP Camera ကို Upgrade ထားမယ်။
Snapdragon 8s Gen 4 Chipset နဲ့ဖြစ်မယ့်အပြင် Battery ကလည်း 6000mAh ဝန်းကျင်ပါလာမယ်ဆိုပဲ၊ ဒီဇိုင်းကို ဘယ်လိုမြင်ကြလဲ...? 👀

image
25 w - Translate

Xiaomi Civi 5 Pro ရဲ့ ဒီဇိုင်းသိရပြီ
.
ဒီတစ်ခါ Civi 5 Pro ဖုန်းက 50MP Floating Telephoto Lens ကိုမှ OIS ပါလာပြီ (3x ဝန်းကျင်ဖြစ်လောက်မယ်)။​ Selfie Camera ကိုလည်း 50MP Camera ကို Upgrade ထားမယ်။
Snapdragon 8s Gen 4 Chipset နဲ့ဖြစ်မယ့်အပြင် Battery ကလည်း 6000mAh ဝန်းကျင်ပါလာမယ်ဆိုပဲ၊ ဒီဇိုင်းကို ဘယ်လိုမြင်ကြလဲ...? 👀

image
image
image
image

လူတိုင်းမှာ နာကျင်စရာ ကောင်းတဲ့အတိတ်တွေ ၊ နာကျင်စရာ ကောင်းတဲ့အချိန်တွေ ရှိကောင်းရှိခဲ့နိုင်ပါတယ် ။ ဒါပေမဲ့ မကောင်းတဲ့ အတိတ် ၊ မကောင်းတဲ့ သူငယ်ချင်း မကောင်းတဲ့ Toxic ဆက်ဆံရေးတွေကို နှုတ်ဆက်လိုက်မယ်လို့ တွေးကြည့်ဖူးလား ။ တွေးကြည့်ဖူးမှာပါ ။ လူတစ်ယောက်ကိုမေ့ဖို့ အချိန်တွေ အရမ်းပေးရပါတယ် ။ ဟုတ်ပါတယ် ဒါဟာလည်း မလွယ်ကူပေမယ့် မေ့ပစ်ဖို့ ကြိုးစား နေကြတာပါ ။
အဲဒီလို မကောင်းတဲ့အတိတ်တွေ မကောင်းတဲ့ Ex မကောင်းတဲ့ Fake Friend တွေကို လွှတ်ချဖို့ အချိန် လိုအပ်ပါတယ် ။ အဲဒီမကောင်းတဲ့ အတိတ်ထဲက ရုန်းထွက်ဖို့ဆို အချိန် တစ်လ တစ်နှစ် ကြာကောင်း ကြာနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လို ရုန်းထွက်ရမလဲ ။ ဟုတ်ပြီ ။
ပထမအချက် ။ သူတို့နဲ့ မပတ်သက်မိပါစေနဲ့ ။ အတိတ်က အရာတွေကို ပြန်ပြန် မတွေးပါနဲ့တော့ ။ အဲဒီအတိတ်က မကောင်းတဲ့အရာဟာ Ex ဖြစ်စေ ၊ Fake Friend ဖြစ်စေ လုံးဝ ပြန်မတွေးပါနဲ့တော့ ။
ဒုတိယအချက်။ Memoryတွေကို ဖျက်ပစ်ပါ ။ ဒီအချက်က သိပ်တော့ မလွယ်ကူလှဘူး ။ ဒါပေမဲ့ လုပ်နိုင်သွားရင် လွယ်လွယ်လေးပါ ။ သူတို့နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ ၊ ဖုန်းနံပါတ်တွေ ၊ အကောင့်တွေ ဖျက်သင့်တာဖျက် ။ Block ထိ လုပ်နိုင်ရင်လုပ် ၊ မလုပ်နိုင်ရင် Un ပဲ Un ထားလိုက်ပါ ။
တတိယအချက် ။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ဖြစ်အောင်နေပါ ။ အဲဒီအတိတ်တွေကြောင့် နာကျင်ခဲ့ရပြီးပြီလေ ။ ကိုယ့်ကိုယ်ကိုယ် လှလှပပလေးနဲ့ ကျန်းမာရေးလေး သေချာဂရုစိုက်ပါ ။ အဲဒီအတိတ်နဲ့ မဆိုင်တော့ဘူးဆိုပြီး တာ့တာပြလိုက်ပါတော့ ။
မင်း အခု အကောင်းဆုံးတွေ လုပ်နေတာပဲ ။ အတိတ်က မကောင်းတာတွေကို လွှတ်ချနိုင်တဲ့သူက အနာဂတ်မှာ ပိုကောင်းတဲ့သူ ဖြစ်လာပါတယ် ။ ပိုကောင်းတာတွေ ပိုင်ဆိုင်ရပါတယ် ။ ကဲ အဲဒီ မကောင်းတဲ့အတိတ်ကို နှုတ်ဆက်လိုက်ပါတော့ ။ တာ့တာ ။

image

ဘယ်သူမဆို ဒီလိုပဲ တစ်လောကလုံး အမှောင်ကျသွားသလိုမျိုး ကိုယ့်ကမ္ဘာပျက်သွားသလိုမျိုး ခံစားရတဲ့အချိန်တော့ရှိမှာပဲ သမီးရဲ့ ။
အဲဒီအချိန်ကို ဘယ်တော့မှ မကျော်ဖြတ်နိုင်တော့ဘူး ။ တစ်သက်လုံး ခံစားသွားရတော့မှာပဲလို့လည်း ထင်ရင် ထင်ခဲ့ကြမှာပဲ ။
ဒါပေမယ့် အချိန်တန်လာတဲ့အခါ အချိန်တစ်ခုကို ရောက်တဲ့အခါကျတော့လည်း အားလုံး ပြီးသွားတာပဲ အဲဒီတုန်းက ကိုယ်ဟာကိုယ် မဟုတ်သလိုပဲ ။
အဲဒီအချိန်ဟာ ဘဝမှာ အလှဆုံးအချိန်ပဲ ။ အစမရှိသလို အဆုံးလည်းမရှိနိုင်တဲ့ အချိန်မျိုးပေါ့ ။ တော်ပြီလေ အဲဒီတစ်ချိန်ကို ပိုင်ဆိုင်ခဲ့ဖူးပြီလေ ။
တော်ပြီပေါ့လို့ပဲ တွေးတယ် ။ အဝေးမှာပဲ နေခဲ့တယ် ။
နေလည်း နေသင့်တယ် ဘယ်လိုပြောရမလဲဆိုတော့
အဲဒီအချစ်ဟာ ငှက်ကလေးတစ်ကောင်
ပန်းကလေးတစ်ပွင့်ကို ချစ်တဲ့ အချစ်နဲ့လည်း တူတယ် ငှက်ကလေး ကောင်းကင်မှာ ပျံနေတဲ့အခါ
ပန်းကလေး လှလှပပ ပွင့်တဲ့အခါ
အဝေးကနေ ကျေနပ်တယ် ဒါပါပဲ ဒီလောက်ပါပဲ .....
#ရှေးရှေးတုန်းကကံ့ကော်ပွင့်တွေ #စံပယ်ဖြူနု

image

Tom Yum ဟင်းသည် ထိုင်းဟင်းလျာတစ်မျိုးဖြစ်ပြီး ချဉ်ချိုအရသာနှင့် စပ်လျဉ်းနေတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။

### ပါဝင်ပစ္စည်းများ:
1. ပင်လယ်စာ (ပုဇွန်၊ ကဏန်း၊ ငါး) - 200 ဂရမ်
2. မှို (ထိုင်းမှို သို့မဟုတ် စံပယ်မှို) - 100 ဂရမ်
3. ခရမ်းချဉ်သီး - 2 လုံး
4. ကြက်သွန်ဖြူ - 4 မွှာ
5. ကြက်သွန်နီ - 1 လုံး
6. သံပုရာရွက် (Kaffir Lime Leaves) - 5 ရွက်
7. လီမွန်ဂရပ်စ် (Lemongrass) ဆပလင်- 2 ချောင်း
8. ငရုတ်သီးစိမ်း - 2 လုံး
9. ငါးငံပြာရည် - 2 ဇွန်း
10. သံပုရာရည် - 2 ဇွန်း
11. သကြား - 1 ဇွန်း
12. ဆား - လိုသလောက်
13. နံနံပင် - အနည်းငယ်
14. ငရုတ်ကောင်းမှုန့် - အနည်းငယ်
15. ရေ - 4 ခွက်

### ချက်နည်း:
1. **ပြင်ဆင်ခြင်း**: ပုဇွန်ကို သန့်စင်ပြီး ခေါင်းနှင့် အခွံခွာထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို လှီးထားပါ။ လီမွန်ဂရပ်စ်ကို အရွယ်တော်လေးတုံးပြီး ထောင်းထားပါ။ ငရုတ်သီးစိမ်းကို လှီးထားပါ။

2. **ဟင်းရည်ပြုလုပ်ခြင်း**: အိုးထဲတွင် ရေ 4 ခွက်ထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာပါက ဆပလင်၊ သံပုရာရွက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ထည့်ပါ။ 5 မိနစ်ခန့် ဆူပွက်အောင်တည်ပါ။

3. **ပင်လယ်စာထည့်ခြင်း**: ပုဇွန်နှင့် မှိုကို ထည့်ပြီး 5 မိနစ်ခန့် ဆူပွက်အောင်တည်ပါ။

4. **အရသာချိန်ခြင်း**: ငါးငံပြာရည်၊ သံပုရာရည်၊ သကြား၊ ဆားတို့ကို ထည့်ပြီး အရသာချိန်ပါ။

5. **အဆင်သင့်ဖြစ်ခြင်း**: နံနံပင်နှင့် ငရုတ်ကောင်းမှုန့်ကို ဖြူးပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

Tom Yum ဟင်းကို ထမင်းနှင့် တွဲဖက်စားသုံးနိုင်ပါတယ်။ ချဉ်ချိုအရသာနှင့် စပ်လျဉ်းနေတဲ့ ဟင်းတစ်ခွက်ဖြစ်ပြီး ထိုင်းဟင်းလျာကို နှစ်သက်သူများ အတွက် အထူးသင့်တော်ပါတယ်

image

#ကိုရီးယားထမင်းလိပ် (ဂင်ဘော့) လုပ်စားရအောင် .
----------------------------------------
ကိုရီးယားတွင် လူကြိုက်များပြီ ရေပန်းစားဆုံး ဟင်းလျာတစ်မျိုးနှင့် မိတ်ဆက်ပေးပါရစေ။ ကိုရီးယားထမင်းလိပ်ဟာ ဂျပန်ဆူရှီနှင့် ပုံစံ အတော်တူပါတယ်။ ဒါပေမယ့် ကိုရီးယား ထမင်းလိပ်မှာ ငါးစိမ်းတွေ မပါဝင်ပဲ အသီးအရွက်၊ ဟမ်တို့နှင့်သာ လိပ်ထားတာမို့ ကုန်ကျစရိတ် ပိုသက်သာပြီ ပါဝင်ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူ နိုင်မှာပါ။ ဝတ်ရည်ကတော့ ဂျပန် ဆူရှီရော၊ ကိုရီးယား ထမင်းလိပ်ရော နှစ်မျိုးလုံး နှစ်သက်ပါတယ်။ သို့သော် ကိုရီးယား ထမင်းလိပ်မှာ ဆူရှီတွင် မပါဝင်တဲ့ ချိုစိမ့်အရသာရယ်၊ နှမ်းဆီကြောင့် ရတဲ့ မွှေးရနံ့ကိုပါ ရရှိမှာပါ။ လုပ်ရလည်း လွယ်တာမို့ တူတူ လုပ်စားကြည့်ရအောင်
---------------------------------------
ထမင်းအတွက် ပါဝင်ပစ္စည်းများ
ချက်ပြီသား ရှမ်းဆန် ဆန်ချိန်ခွက် ၂လုံး
မှတ်ချက် ။ ။ ရှမ်းဆန် မရှိပါက ရိုးရိုးဆန် ၁ချိုး ၊ ကောက်ညှင်းဆန် ၁ချိုးကို ရော၍ ချက်နိုင်သည်။
နှမ်းဆီ [seasame oil] စားပွဲတင်ဇွန်း ၁ဇွန်း
ဆား [salt] လက်ဖက်ရည်ဇွန်း ၁ဇွန်း
နှမ်း [seasame seed] စားပွဲတင်ဇွန်း ၂ဇွန်း
ရေညှိရွက် [sea weed] ၄ရွက်
အစာသွပ်ရန် ပါဝင်ပစ္စည်းများ
မုန်လာဥနီ [carrot] ၁ဥ (အရှည်ပါးပါးလှီးပါ)
ဟင်းနုနွယ် [spinach] လက်တဆုပ်စာ
Ham (or) ဝက်အူချောင်း(အစို) ၄ချောင်း (အရှည်ပါးပါးလှီးပါ)
ကြက်ဥ [egg] ၁လုံး (ခလောက်ထားပါ)
သခွာသီး [cucumber] တဝက် (အခွံနွာပြီ အစေ့ထုတ် အရှည်ပါးပါးလှီးပါ)
နှမ်းဆီ
သကြား
ဆား
ပျားရည်
ပဲငံပြာရည်အနောက်(အချို)
-----------------------------------------------
ပြင်ဆင်နည်း [Preparation Method]
၁။ အရင်ဆုံး မုန်လာဥနီကို (နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ သကြား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ))တို့ ထည့်ပြီ ဆီနည်းနည်းဖြင့် ၁မိနစ်ခန့် ကြော်ပေးပါ။
၂။ ဟင်းနုနွယ်ရွက်များကို ပွက်ပွက်ဆူသော အိုးထဲ ဆားအနည်းငယ် ထည့်၍ ပြုတ်ပြီ ရေစစ်ထားပါ။ ပြီမှ နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် ရောနုယ်ထားလိုက်ပါ။
၃။ ဝက်အူချောင်းကိုအရင် ဆီနဲ့ကြော်ပြီမှ ပျားရည်(စားပွဲတင်ဇွန်း တဝက်)၊ ပဲငံပြာရည်(စားပွဲတင်ဇွန်း တဝက်)တို့ဖြင့် ရောနုယ်ထားပါ။
၄။ ကြက်ဥကို ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ သကြား)အနည်းငယ်ဖြင့် ရောခလောက်၍ ဆီဖြင့် အဝိုင်းပြားကြော်ကာ အရှည်လေးများ ဖြစ်အောင် ဓား(သို့)ကတ်ကြေးဖြင့် လှီးထားပေးပါ။
၅။ သခွာသီးကို (ဗီနီကာ(စားပွဲတင်ဇွန်း၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း))တို့ဖြင့် ရောနယ်ပြီ နုပ်ထားပါ။
၆။ ထို့နောက် အစားသွပ်ရန် ပစ္စည်းများဖြစ်သော (မုန်လာဥနီ၊ ဟင်းနုနွယ်၊ ဝက်အူချောင်း၊ ကြက်ဥ၊ သခွာသီး)တို့ကို ပန်းကန်တစ်ခုပေါ်သို့ ပုံတွင် ပါသည့်အတိုင်း ထည့်ထားလိုက်ပါ။
ရ။ ထမင်းကျက်ပြီဆိုလျှင် (နှမ်းဆီ၊ နှမ်း၊ ဆား) တို့ဖြင့် အသာအယာ ရောမွှေထားလိုက်ပါ။
-----------------------------------------------
ကိုရီးယား ထမင်းလိပ်လိပ်နည်း [Rice Roll Recipe]
၁။ အရင်ဆုံး ဝါးယင်းလိပ်ကို ခင်းပြီ အပေါ်မှ ရေညှိရွက် တစ်ရွက်ကို ခင်းလိုက်ပါ။
၂။ ပြီးလျှင် နုယ်ထားသော ထမင်း(စားပွဲတင်ဇွန်း ၄ဇွန်း)ကို ပုံတွင် ပါသည့်အတိုင်း ရေညှိရွက်ပေါ်တွင် ထမင်းထည့်လိုက်ပါ။
၃။ ပြီနောက် မုန်လာဥနီ၊ သခွာသီး၊ ကြက်ဥ၊ ဝက်အူချောင်း၊ ဟင်းနုနွယ် တို့ကို ထမင်းပေါ်တွင် တင်လိုက်ပါ။
၄။ ခုထမင်းလိပ် စလိပ်ပါတော့မည်။ ပုံတွင် ပါသည့်အတိုင်း အဆင့်ဆင့် ကျစ်ကျစ်လေး လိပ်ပေးပါ။
၅။ ထမင်းလိပ်ရပြီဆိုလျှင် ထက်သော ဓားကို ဆီအနည်းငယ်သုတ်ပြီ ၁၀ပိုင်းလောက်ထိ ရအောင် ပိုင်းပေးပါ။
၆။ အရသာရှိသော ကိုရီးယားထမင်းလိပ်ကို သုံးဆောင်နိုင်ပါပြီရှင်။ 😊😊

image

အမျိုးသမီးတွေ သွေးဆုံးကိုင်တဲ့အခါ မီးယပ်နာမကျအောင် တရုတ်ပြည်မှာ ဒါမျိုးစားကြတယ်။
ဒီမုန့်လေးရဲ့ အာဟာရဓာတ်တွေက မိန်းကလေးတွေနဲ့ အထူးသင့်တော်ပြီး တစ်လမှာတစ်ခါလောက်တော့ မဖြစ်မနေလုပ်စားသင့်ပါတယ်။
အရင်ဆုံး ကူးချိုင်တစ်စည်းကို ဆေးကြောသန့်စင်ပြီး ဓားလေးနဲ့ နုတ်နုတ်စင်းထားလိုက်ပါ။
လှီးထားတဲ့ကူးချိုင်တွေထဲကို ဂျုံမှုန့်အနည်းငယ်ရောထည့်ပြီး ပရိုတင်းဓာတ်အပြည့်ပါတဲ့ ကြက်ဥကို အားရှိသွားအောင် သုံးလုံးခန့်ဖောက်ထည့်ပေးလိုက်ပါမယ်။
အရသာအတွက် သကြားအနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့်လည်း ထည့်ဖို့မမေ့ပါနဲ့။ အဲဒီနောက် ကြက်ဥနဲ့ကူးချိုင်တွေကို သမသွားတဲ့အထိ စိတ်ရှည်ရှည်နဲ့ မွှေပေးပြီး ဆီပူအိုးပေါ်မှာ ရွှေဝါရောင်သမ်းလာတဲ့အထိ ကြော်ပေးရပါမယ်။
ဒီလိုနဲ့ အပြင်သားက နီရဲပြီး အတွင်းဘက်အထိ ခဲသွားပြီဆိုရင်တော့ ပန်းကန်ထဲကိုအသာထည့်ပြီး နှစ်သက်ရာအချဉ်ရည်နဲ့ တွဲဖက်ပြီးစားသုံးလို့ရပါပြီ။
ကူးချိုင်ရဲ့အထူးအာနိသင်က ဓမ္မတာထိန်ချန်ခြင်းကြောင့် ဖြစ်ပွားတဲ့ရောဂါတွေကို သက်သာစေတဲ့အပြင် အသားအရေလှစေတာမို့ လူကြီးမင်းတို့လည်း အိမ်မှာ ချစ်ရတဲ့ဇနီးနဲ့သမီးလေးတွေရှိတယ်ဆိုရင် ဒါမျိုးလေးကို မကြာခဏ ချက်စားကြဖို့ အခုပဲ တိုက်တွန်းလိုက်ပါတော့ ခင်ဗျ။

image

ရေသည်မိန်းက ၁မှတ် ရေသည်ယောက်ျား ၀

image