木姐

image

木姐

image

木姐

image

木姐

image

木姐

image

木姐

image

木姐

image

木姐

imageimage
+6
30 w - Translate

စေတနာထားလိုက်တဲ့ အရာတွေက
တစ်ခါတလေ
ကိုယ့်ကိုပြန်စော်ကားဖို့
အခွင့်အရေးပေးလိုက်သလိုဖြစ်သွားတတ်တယ်
ယုံကြည်လို့ရင်ဖွင့်လိုက်တဲ့ စကားတွေက
တစ်ခါတလေ
ကိုယ့်အကြောင်းအတင်းပြောဖို့
စကားလုံးတွေရသွားတတ်တယ်
အားနာလို့ကူညီလိုက်တဲ့ ကိစ္စတွေက
တစ်ခါတလေ
ကိုယ့်ကိုအခွင့်ရေးယူပြီး
အသုံးချခံရသလိုဖြစ်သွားတတ်တယ်
နားလည်ပေးလိုက်တဲ့ အကြောင်းအရာတွေက
တစ်ခါတလေ
ကိုယ့်ဆီနာကျင်မှုတွေရောက်လာဖို့
လက်ကမ်းကြိုသလိုဖြစ်သွားတတ်တယ်
ဘယ်သူ့ ဘယ်သူ့ကိုမှ
လိုအပ်တာထက်မပိုမိပါစေနဲ့
တစ်ခါတလေကိုယ့်ကိုယ်ကိုတောင်
ယုံလို့မရတာ
သူစိမ်းဆိုရင်ပိုဆိုးသွားမှာပေါ့

image
30 w - Translate

မိဘကိုလုပ်ကျွေးတဲ့သားသမီးက
ရှာရဖွေရတာပိုလွယ်တယ်။
မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက
ပိုပြည့်စုံလာတတ်တယ်။
မိဘကိုပြန်ကြည့်တတ်တဲ့သားသမီးက
ပိုအဆင်ပြေလာလိမ့်မယ်။
မိဘစကားနားထောင်တဲ့သူက
အမြဲစိတ်ချမ်းသာရတယ်။
မိဘနှစ်ပါးလုံး ရှိနေတုန်းမှာ သိတတ်ပါ ဂရုစိုက်ပါ
အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့
ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်
သူတို့ရှိချင်မှရှိတော့မှာပါ။
မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့
ဆင်ခြေတွေအစား ကိုယ်တတ်နိုင်သလောက်လေး
အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတA lolစ်ထုတ်၊
အနွေးထည်လေးတထည်၊
ဖိနပ်လေးတရံလောက်နဲ့တင် ကန်တော့တာမျိုးက
သူ့တို့ကို စိတ်ချမ်းသာစေတယ်
သူတို့ရဲ့စိတ်ထဲမှာ ပြီးပြည့်စုံစေတယ်။
စကားတခွန်းရှိတယ် မိတ်ဆွေ
မိဘအတွက်ကုန်သွားတဲ့ငွေက
အမြဲဆယ်ဆပြန်လာပါတယ်တဲ့
ကိုယ့်ဆီက နဲနဲရပီး များများ
ပြန်ပေးချင်သူက မိဘတွေအပြင် အခြားမရှိပါဘူး
လက်ရှိ အောင်မြင်နေတဲ့သူတွေကို
ကြည့်ရင် မိဘကို သိတတ်သူတွေ
ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်
မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ
မယုံမရှိနဲ့ ... သူတို့ကြောင့်
မိဘအဆင်ပြေတာမဟုတ်ပဲ
မိဘကြောင့် သူတို့အဆင်ပြေနေတာပါမိတ်ဆွေ
လေးစားစွားဖြင့်မျှဝေပါသည်။