The Greatest Film Ever In Korea History.

image

Keanu Reeves ရဲ့ ဘဝဟာ မြန်မာကားထဲကလိုဇာတ်နာပါတယ် ။ Keanu Reeves ရဲ့အဖေဟာ Keanu Reeves ကိုငယ်ငယ်ကတည်းကပစ်သွားခဲ့ပါတယ် ။ Keanu Reeves ကျောင်းသားဘဝမှာလဲ Dyslexia လို့ခေါ်တဲ့ စာ အရေး ၊ အပြော ၊ အဖတ် ခက်ခဲတဲ့ရောဂါကို‌ခံစားခဲ့ရကာ အသက် 17 နှစ်မှာကျောင်းထွက်ခဲ့ပြီး ရရာအလုပ်လုပ်ကာ အနုပညာဘဝကိုစတင်ခဲ့ပါတော့တယ် ။
Keanu Reeves အသက် 23 နှစ်မှာ Keanu Reeves ရဲ့ အချစ်ဆုံးသူငယ်ချင်းဆုံးသွားတယ် ။ နောက် 6 နှစ်အကြာမှာ Keanu Reeves ရဲ့ ကလေးဟာလဲ မွေးပြီးမကြာပဲဆုံးသွားပါတယ် ။ နောက် 2 နှစ်အကြာမှာပဲ Keanu Reeves ရဲ့ အမျိုးသမီးဟာလဲ ကားတိမ်းမှောက်ပြီးဆုံးသွားခဲ့ပြန်ပါတယ် ။
ဒါပေမဲ့ Keanu Reeves ဟာ ဘဝကိုအရှူံးမပေးပဲရှေ့ဆက်လျှောက်နေခဲ့တာအများအမြင်ပါပဲ ။ တစ်ခါက Keanu Reeves ဟာ လမ်းမဘေးမှာကားမှောက်ပြီးကားထဲမှာပိတ်မိနေတဲ့အမျိုးသမီးတစ်ယောက်ကိုကယ်ခဲ့ဖူးပါတယ်။ အဲ့အမျိုးသမီးက The Help ( 2011 ) ရုပ်ရှင်နဲ့အော်စကာဆုရခဲ့တဲ့ Octavia Spencer ပါပဲ ။ ( Horror fan တွေကတော့ Ma ( 2019 ) ရုပ်ရှင်နဲ့သိကြမှာပါ )
Keanu Reeves ဟာ နှစ်စဉ်နှစ်တိုင်း ဒေါ်လာ 1 Million လောက်ကိုကလေးသူငယ်စောင့်ရှောက်ရေး ၊ ကင်ဆာသုတေသနလုပ်ငန်းနဲ့ တစ်ခြားဖောင်ဒေးရှင်းတွေကို အမည်မဖော်ပဲလှူဒါန်းလေ့ရှိပါတယ် ။
တစ်ခါတုန်းကလဲ Los Angeles မြို့ရဲ့လမ်းမပေါ်မှာ အိမ်ခြေယာမဲ့လူတွေနဲ့ထိုင်ပြီးအစားအသောက်တွေမျှဝေကာနာရီနဲ့ချီပြီး ဘဝအကြောင်းတွေထိုင်ဆွေးနွေးခဲ့ဖူးပါတယ် ။
Keanu Reeves ဟာ ဘယ်တော့မှ တစ်ပါးသူနဲ့ အငြင်းအခုန်လုပ်မှာမဟုတ်ပါဘူး ။ ခင်ဗျားက Keanu Reeves ကို 1 နဲ့ 1 ပေါင်း 5 ရတယ်ပြောရင်တောင် ခင်ဗျားမှန်ပါတယ်လို့ပဲပြောပါမယ် ။ ဒါဟာ ခင်ဗျားကို လျစ်လျူရှုတာမဟုတ်ပါဘူး ။ Keanu Reeves ကိုကအငြင်းပွားချင်စိတ်မရှိတာပါ ။

image

ရောဂါရဲ့ မူရင်းနာမည်က Mal de debarquement syndrome ဆိုတဲ့ ပြင်သစ်ဝေါဟာရဖြစ်ပါတယ်။ အဂ်လိပ်လိုကတော့ Illness of disembarkment လို့ခေါပြီး လူအများစုနဲ့ သဘော်သားတွေသုံးတာကတော့ Land sick လို့ခေါ်ပါတယ်။ ဒီရောဂါကပင်လယ်ထဲမှာကာလကြာရှည်စွာနေရတဲ့ သဘော်သားတွေ ငါးဖမ်းသမားတွေ ဟာအမြဲလှုပ်ခတ်နေတဲ့ပင်လယ်ပြင်ပေါ်မှာနေတာများတဲ့အခါမှာတော့ မြေပြင်ပေါ်ပြန်ရောက်လဲဦး‌နောက်ထဲမှာတော့ ပင်လယ်ထဲရောက်နေသလိုထင်မှတ်ပြီးလှုံ့ဆော်နေတာကြောင့်ယိုင်တိုင်တိုင်ဖြစ်နေရခြင်းဖြစ်ပါတယ်။

image

The Boys ထဲမှာ စိတ္တဇ ဆိုက်ကို ၊ လူမျိုးရေးခွဲခြား ၊ ကျားမခွဲခြား လူစိတ်တစ်စက်မှမမရှိတဲ့ Homelander
ရဲ့ Character ကို ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ Anthony Starr ဟာ The Boys ပြီးရင် နောက်ထပ် Super Hero Character တွေကို လက်ခံဖို့မစဉ်းစားတော့ပါဘူးတဲ့ ။
အကြောင်းကတော့ Anthony Starr က သူဟာအသက်အရွယ်ကြီးလာပြီဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်က အက်ရှင် ခန်းတွေရိုက်ကူးဖို့ မလိုက်နိုင်တော့လိုဖြေဆိုခဲ့ပါတယ် ။
The Boys ထဲမှာ ကမ်းကုန်ဆိုးဝါးအောင် သရုပ်ဆောင်တတ်ပေမဲ့ Anthony Starr ဟာ အပြင်မှာတော့ မဆိုးလှတဲ့ လူတစ်ယောက်ပါ ။ လူတစ်ယောက်ကို စပိန်မှာ စောက်ခွပ်ထရိုက်ဖူးပြီး ဒဏ်ငွေဆောင်ခဲ့ရတာကလွဲရင် ကျန်တာတော့သိပ်ပြောစရာမရှိပါဘူး။
Anthony Starr ဟာ Superhero ထပ်မလုပ်တော့ပေမဲ့ ပရိတ်သတ်တွေကတော့ Reverse Flash အနေနဲ့မြင်ချင်နေကြပါတယ် ။

image

Happ Sad Confused Podcast နဲ့ အင်တာဗျူးမှာ Emily Blunt မှ သူ့အနေနဲ့ Edge of Tomorrow 2 ရဲ့ Script ကိုတောင်ဖတ်သွားပြီးပြီဆိုတဲ့ အကြောင်းနဲ့
သူ့ အနေနဲ့ ဘာအထစ်အငေါ့အခက်အခဲ မှမရှိဘဲ သရုပ်ဆောင်သွားမှာဖြစ်တဲ့ အကြောင်းကို‌ ပြောကြားခဲ့ပါတယ် ။
Emily Blunt - " ကျမ အရမ်း အဆင်သင့်ဖြစ်နေပါပြီ ။ ကျမ အနေနဲ့ Edge of Tomorrow Sequel ရဲ့ ဇာတ်ညွှန်းကိုတောင်ဖတ်ပြီးသွားပါပြီ ။ ကျမအနေနဲ့ ဒီရုပ်ရှင်ကို Sequel ထွက်ဖို့ အမြဲမျှော်လင့်ခဲ့တာပါ ။ Script မဖတ်ရသေးခင်အထိ Sequel ထွက်မယ်ဆိုတာ မယုံခဲ့ပါဘူး Tom Cruise ကိုလဲ Mission Impossible ဇာတ်ကားတွေ ဘယ်လောက်ထိရိုက်ဦးမှာလဲ Edge of Tomorrow sequel ကိုလဲ ရိုက်ဦး " ဆိုပြီး ပြောကြားခဲ့ပါတယ် ။
Tom Cruise အနေနဲ့ Edge of Tomorrow 2 မှာပြန်ပါမလား ဆိုတာကိုတော့ မသိရသေးပေမဲ့ Emily Blunt နဲ့ production team တွေက Tom Cruise ပြန်ပါဖို့မျှော်လင့်နေပါတယ် ။
Edge of Tomorrow ထွက်တာ 8 နှစ်ကြာပြီးမှ Sequel ထွက်ဖို့ သတင်းကြားရတာဖြစ်ပါတယ် ။
( Fact - Edge of Tomorrow ဟာ 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ All You Need Is Kill ဆိုတဲ့ Japanese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် ။ )

image

F&F : Tokyo Drift ရဲ့ Production Team ဟာ Tokyo အစိုးရထံ Shibuya City မှာရိုက်ကူးရေးလုပ်ဖို့ ခွင့်တောင်းခဲ့ပေမဲ့ ခွင့်ပြုခြင်းမပြုခဲ့ပါဘူး ။ ဒါကြောင့် Director Justin Lin ဟာ အရဲစွန့်ပီး ရိုက်ကူးခဲ့ပါတယ် ။
ရိုက်ကူးမှုအပြီးမှာတော့ Director Justin Lin ဟာ ရဲတပ်ဖွဲ့ရဲ့စံုစမ်းစစ်‌‌ေဆးမှုကို ခံခဲ့ရပါတယ် ။
[ ဒါပေမဲ့ Production ဖက် က နေပြီးတော့ Director Justin Lin နေရာအစား လူတစ်ယောက်ကို ကိုယ်စား အဖမ်းခံခိုင်း ခဲ့ပါတယ် ။ ]

image

အဲ့တာကြောင့် အိုင်းရစ် ဗန်ပိုင်းယားကြီးကပျံနိုင်တာပါ ။

image

Sinners 2 ထွက်ဖို့ရှိလာနိုင်တယ်လို့ သိရ
Warner Bros. က ဒီရုပ်ရှင်ကို ပထမဆုံး ဝယ်ယူချိန်မှာ THR က “franchise ပုံစံနဲ့ သွားမယ့် အလားအလာ” ရှိတယ်လို့ တင်သွင်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
“Sinners” က အခုဆိုရင် အမေရိကမှာ ဒေါ်လာ ၂၇၀ သန်းနီးပါး ရရှိထားပြီးပါပြီ။ ဒီလို အောင်မြင်မှုကြောင့် နောက်ဆက်တွဲတွေလည်း ထုတ်ဖို့ အလားအလာက တကယ်ဖြစ်လာနေပြီလို့ မြင်မိပါတယ်။
Production Weekly ရဲ့ နောက်ဆုံးစာရင်းမှာ “Sinners 2” က “ဖွံ့ဖြိုးဆဲ” အဆင့်မှာ ရှိနေပြီး၊ Ryan Coogle က ဒါရိုက်တာအဖြစ် ပြန်လာဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒုတိယရုပ်ရှင်က လာတော့လာမယ့် ဒါပေမယ့် ကြာနိုင်ပါတယ် အကြောင်းကတော့ Ryan Coogle က သူ့ရဲ့ လာမယ့် “X-Files” ရိုက်ကူးမှုကို အပြီးမသတ်ရသေးသလို “Black Panther 3” ကိုလည်း ရိုက်ပြီးမှ Sinners 2 အလှည့်လာနိုင်တယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိကတော့ Rumors အဆင့်ပဲရှိသေးတာဖြစ်လို့ သတင်းအနေနဲ့ အတိအကျတော့ အတည်ယူလို့မရနိုင်သေးပါဘူး။
Ref - World of Reel

image

"ငါ့ကိုချစ်တယ်လို့လည်း နေ့တိုင်းပြောတယ်
လွမ်းတယ်လို့လည်း ညတိုင်းပြောတယ်
ဒါပေမယ့် သူငါ့ကိုမရွေးခဲ့ဘူး"
Friendzone (2019)

image

Jaden Smith တစ်ယောက် အနာဂတ်မှာ ရိုက်ကူးမယ့် Karate Kid ရုပ်ရှင်မှာ ပြန်လည်ပါဝင်လာနိုင်ချေ ရှိတယ်လို့ သိရပါတယ်။

ဒီအကြောင်းကို Karate Kid: Legends ရုပ်ရှင်ရဲ့ ဒါရိုက်တာ Jonathan Entwistle က သတင်းစကားပါးခဲ့တာ ဖြစ်ပါတယ်။

2010 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Karate Kid ရုပ်ရှင်မှာ Jaden Smith က မိခင်ဖြစ်သူနဲ့အတူ တရုတ်ပြည်ကို ပြောင်းလာတဲ့ Dre Parker ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တာပါ။ တရုတ်ပြည်မှာ Jackie Chan ရဲ့ ဇာတ်ကောင် Mr. Han က ဆရာအဖြစ်နဲ့ Dre Parker ကို သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ အကြောင်းကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Karate Kid: Legends ရုပ်ရှင်မှာ Jackie Chan က Mr. Han အဖြစ် ပြန်ပါလာပြီးတော့ Li Fong ရဲ့ ဆရာအဖြစ် နဲ့ ထပ်မံ လေ့ကျင်ပေးခဲ့တာပါ။ ဒီလို Jackie Chan ရဲ့ ပြန်လည်ပါဝင်မှုကြောင့် ဒါရိုက်တာဖြစ်သူ Jonathan Entwistle ကို ပရိသတ်တွေက Jaden Smith အကြောင်းကို မေးမြန်းခဲ့ပါတယ်။

ဒီအခါမှာ Dre Parker က Mr. Han ရဲ့ ဘဝတစ်ကွေ့မှာ ကြုံခဲ့ရတဲ့ တပည့်တစ်ယောက်ဖြစ်ပြီးတော့ Li Fong ကလည်း နောက်ထပ်ကြုံခဲ့ရတဲ့ တပည့်ဖြစ်တယ်လို့ ဒါရိုက်တာ Entwistle က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ဒါရိုက်တာ Entwistle က Dre Parker က Canon ဖြစ်တယ်ဆိုတာကိုပါ အတည်ပြု ပြောကြားခဲ့ပါသေးတယ်။

ဒီအတွက် အနာဂတ်မှာ ရိုက်ကူးမယ့် Karate Kid ရုပ်ရှင်မှာ Jackie Chan နဲ့ Jaden Smith တို့ ပြန်လည်တွေ့ဆုံနိုင်ချေရှိပြီးတော့ သူတို့နှစ်ယောက်ကိုသာ အတူတွဲလျက် ပိတ်ကားထက်မှာ မြင်ရရင် ပရိသတ်တွေရဲ့ ငယ်ဘဝရုပ်ရှင်အမှတ်တရတွေကို တစ်ဖန် ပြန်လည် ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။

image