35 w - Translate

The U.S. Army met its annual recruiting target of 61,000 in the first week of June, four months ahead of the scheduled Sept. 30 deadline, after putting in place new initiatives to boost recruitment.
https://abcnews.go.com/Politic....s/army-meets-recruit

image
35 w - Translate

Two grandchildren of notorious mob boss John Gotti have been charged with assault after allegedly beating up their brother-in-law in a family dispute in Queens.
https://abcnews.go.com/US/gott....i-grandsons-accused-

image

#SquidGame\s final season

first 6 minutes of #Wednesday Season 2

35 w - Translate

RECALL ALERT: The FDA is elevating an earlier tomato recall to its highest risk level over concerns of potential salmonella contamination.
The affected tomatoes were previously distributed between April 23 and 28 in Georgia, North Carolina, and South Carolina.
Read more: https://abcnews.visitlink.me/O_yx2T

image
35 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာကုန်တင်လှေတစ်စင်း ထိုင်းပင်လယ်ပြင်တွင် နစ်မြုပ်မှုဖြစ်ပွား
ထိုင်းနိုင်ငံ ဖန်ငါးခရိုင် စူရင်းကျွန်းအနီးပင်လယ်ပြင်တွင် ဇွန် ၁ ရက်က ကော့သောင်းမြို့မှ ထွက်လာသော မြန်မာကုန်တင်လှေတစ်စင်းနစ်မြုပ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ကုန်ပစ္စည်းများကို တင်ဆောင်လာသော ဧရာလင်းအမည်ရှိ မြန်မာကုန်တင်လှေတစ်စင်း နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး လှေပေါ်တွင် လှေဦးစီးအပါအဝင် မြန်မာနိုင်ငံသား ခုနစ်ဦးလိုက်ပါလာပြီး လောင်စာဆီနှင့် အခြားကုန်ပစ္စည်းများကို သယ်ဆောင်လာကြောင်း သိရသည်။
ယင်းကုန်တင်လှေသည် ပြီးခဲ့သော မေ ၂၃ ရက်က ကုန်ပစ္စည်းများကို တင်ဆောင်ရန် ရနောင်းဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီး မေ ၂၉ ရက်တွင် ရနောင်းဆိပ်ကမ်းမှထွက်ခွာလာခဲ့ကာ ကော့သောင်းမြို့သို့ ကုန်ပစ္စည်းပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် ဇွန် ၁ ရက်တွင် ကော့သောင်းမှတစ်ဆင့် မြိတ်မြို့သို့ ထွက်ခွာလာရာ ပင်လယ်ပြင်ထဲတွင် လှေကိုယ်ထည်မှတစ်ဆင့် ရေယိုစိမ့်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အန္တရာယ်မဖြစ်စေရန် အနီးစပ်ဆုံးကျွန်းတစ်ခုကို ကပ်နိုင်ရန်ကြိုးစားခဲ့ကြောင်း လှေပေါ် လိုက်ပါလာသူများက ထိုင်းရေတပ်ကို ဖြေကြားထားကြောင်း သိရသည်။
ယင်းမှတစ်ဆင့် လှေသည်ထိုင်းရေပိုင်နက်ဖြစ်သော စူရင်းကျွန်း အနီးထိမျောပါလာခဲ့ကြောင်း၊ ထိုင်းရေတပ်အဖွဲ့က လာရောက်ကူညီစဉ် ကုန်တင်လှေထဲသို့ရေစဝင်နေသည်ကို တွေ့ရှိခဲ့သဖြင့် လှေပေါ်လိုက်ပါလာသော မြန်မာနိုင်ငံသားခုနစ်ဦးကို ကူညီခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - bangkok post

image
35 w - Translate

#ပြည်တွင်းသတင်း
◼ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦး ထပ်မံတွေ့
ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦး ထပ်မံတွေ့ရှိကြောင်း နစက၏ ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ (ဇွန် ၃ ရက်)ရက်စွဲဖြင့် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မေ ၂၅ ရက်၊ ည ၈ နာရီ မှ ဇွန် ၁ ရက်၊ည ၈ နာရီအထိ ဓာတ်ခွဲ နမူနာစုစုပေါင်း (၁၇၇၈) ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လက်ရှိအချိန်အထိ ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၉၆ ရာခိုင်နှုန်းဖြစ်ပြီး ကိုဗစ်ရောဂါဖြင့် သေဆုံးလူနာ မရှိသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊တရုတ် နှင့် စင်ကာပူနိုင်ငံတို့တွင် ကိုဗစ်ရောဂါကူးစက်မှုများမြင့်တက်လျက်ရှိကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိသော် လည်း ရောဂါများဖြစ်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရန်အတွက် လက်ကိုရေနှင့်ဆပ်ပြာ သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည် (Hand Sanitizer) ဖြင့် မကြာခဏ စနစ်တကျ ဆေးကြောခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ များဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်းချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့်လက္ခဏာ များရှိသူများအနေဖြင့် လူထူထပ်သောနေရာများ သို့ သွားခြင်းမှ ရှောင်ကြဉ်ခြင်း နှင့် မဖြစ်မနေ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (Mask) အား စနစ်တကျ ဝတ်ဆင်ခြင်းတို့ကို လိုက်နာဆောင်ရွက်ရန် နစက၏ ကျန်းမာရေးဝန်ကြီးဌာနမှအသိပေးထားသည်။
သတင်း-အင်ကြင်း

image

Daniel Craig stars in the official first look for #WakeUpDeadMan: A Knives Out Mystery.

#နိုင်ငံတကာသတင်း
◼နယ်မြေများ စွန့်လွှတ်ရန်နှင့်စစ်အင်အားချုံ့ရန်ယူကရိန်းအားရုရှားတောင်းဆို
ယူကရိန်းက ကြီးမားသောနယ်မြေအသစ်များကို စွန့်လွှတ်ပြီး စစ်တပ်အင်အားအ‌ပေါ် ကန့်သတ်ချက်များအား လက် ခံမှသာ စစ်ပွဲကို အဆုံးသတ်ရန် မော်စကိုက သဘောတူမည်ဟု အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ရုရှားက ယူကရိန်းအားပြောကြားခဲ့ကြောင်း ရုရှားမီဒီယာများက ဖော်ပြခဲ့ကြသည့် စာချွှန်လွှာအရ သိရသည်။
ယင်းသတ်မှတ်ချက်များအား အစ္စတန်ဘူလ်မြို့ ဆွေးနွေးပွဲများတွင် တရားဝင် တင်ပြခဲ့ခြင်းဖြစ်ကြောင်း နှင့် ယူကရိန်းမှ သွေးမြေကျမှုများကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ တောင်းဆိုမှုများ ရှိနေလင့်ကစား ရုရှားက စစ်ပွဲအပေါ်၎င်းတို့၏ ကာလရှည်ရည်မှန်းချက်များအား အလျှော့အတင်း လုပ်ရန် ငြင်းဆန်နေမှုကို မီးမောင်းထိုးပြကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ရုရှားတို့၏သတ်မှတ်ချက်များမှာ လက်နက်ချ အညံ့ခံခိုင်းသည့် သဘောဖြစ်ကြောင်း ပြောကြားပြီး ယူကရိန်းက အကြိမ်ကြိမ်ပယ်ချခဲ့သည်။
၂၀၂၂ ခုနှစ် မတ်လ နောက်ပိုင်းကတည်း က ဒုတိယအကြိမ်မြောက်သာဖြစ်သော နှစ်ဖက် တိုက်ရိုက်တွေ့ဆုံမှုအတွင်း ကိုယ်စားလှယ်များက တစ်နာရီခန့်သာ မျက်နှာချင်းဆိုင်ခဲ့ကြကာ အသက်အငယ်ဆုံးနှင့်ဒဏ်ရာအပြင်းထန်ဆုံးလူများကို အဓိကထား၍ အကျဉ်းသားလဲလှယ်ကြရန် နှင့် သေဆုံးခဲ့သောတပ်ဖွဲ့ဝင် ၁၂၀၀၀ ၏ အလောင်းများကို ပြန်ပေးကြရန် သဘောတူခဲ့ကြသည်။
ယင်းမှာ ကြီးကျယ်သော အစည်းအဝေးဖြစ်ကြောင်း နှင့် ရုရှားသမ္မတပူတင် ၊ ယူကရိန်းသမ္မတ ဇီလန်စကီး တို့အား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် တူရကီနိုင်ငံ၌ တွေ့ဆုံပေးရန် မျှော်လင့်ထားကြောင်း တူရကီသမ္မတ တေရစ်အာဒိုဂန် က ပြောကြားသည်။
သို့ရာတွင် ယူကရိန်း၊ ၎င်း၏ ဥရောပမဟာမိတ်များနှင့် အမေရိကန်တို့အားလုံးက ရုရှားအား လက်ခံရန် တိုက်တွန်းနေသော အဆိုပြုထားသည့်အပစ်အခတ်ရပ်စဲရေး နှင့် ပတ်သက်၍မူ လမ်းပွင့်သွားခြင်း မရှိခဲ့ပေ။
စစ်ပွဲ ခေတ္တရပ်တန့်ရေးမဟုတ်ဘဲ ရေရှည်ဖြေရှင်းချက်ကိုသာ အလိုရှိကြောင်း ရုရှားက ပြောကြားထားပြီး ပူတင်က ငြိမ်းချမ်းရေးလုပ်ဖို့ကို စိတ်မဝင်စားကြောင်း ကိဗ်က ဆိုသည်။ နှစ်ဖက်စလုံးက သဘောတူညီချက်ရရေးဆီသို့ တိုးတက်မှုမပြခဲ့ပါက ကြားဝင်စေ့စပ်ရန် ကြိုးပမ်းမှုများမှ အမေရိကန်နောက်ဆုတ်သွားနိုင်ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ရုရှားတို့တင်ပြခဲ့သော အစီအစဉ်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည့် ကာကွယ်‌ရေးဝန်ကြီး ရပ်စတမ်အူမီရော့ဗ် က ပြောကြားသည်။
ရုရှားတို့၏ အစီအစဉ်နှင့်ပတ်သက်၍ ၎င်းက ချက်ချင်းမှတ်ချက်မပေးခဲ့ဘဲ ပူတင်နှင့် ဇီလန်စကီး တို့ တွေ့ဆုံကြမှသာလျှင် အချေအတင်ဖြစ်နေသောပြဿနာများကို ဖြေရှင်းနိုင်မည်ထင်ကြောင်း အူမီရော့ဗ် က ၎င်း၏အမြင်ကို ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

#နိုင်ငံတကာသတင်း
◼စစ်အုပ်ချုပ်ရေးအရှုပ်တော်ပုံ အပြီး သမ္မတရွေးကောက်ပွဲတွင် ‌တောင်ကိုရီးယားနိုင်ငံသားများ မဲ‌ပေး
သမ္မတဟောင်း ယွန်းဆွတ်ယိုး၏ စစ်အုပ်ချုပ်ရေးပြဌာန်းရန်ကြိုးစားမှုအတွက် တာဝန်ရှိသူများအား ဒဏ်ခတ်ရန် စိတ်အားထက်သန်နေသော လစ်ဘရယ်ကိုယ်စားလှယ် နှင့် ပြိုင်ဘက်၏ ဆင်ခြင်တုံတရားမဲ့မှုကို ရပ်တန့်ရန်ကြိုးစားနေသော ကွန်ဆာဗေးတစ် တို့ အကြား ယှဉ်ပြိုင်မှုတွင် တောင်ကိုရီးယားနိုင်ငံသားများက သမ္မတသစ်တစ်ဦး ရွေးချယ်ရန် မဲပေးနေကြသည်။
သမ္မတဟောင်း ယွန်းဆွတ်ယိုးက မထင်မှတ်ဘဲ စစ်အုပ်ချုပ်ရေးကြေညာကာ နိုင်ငံအား ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး နိုင်ငံ‌ရေး နှင့် စီးပွားရေးအကျပ်အတည်းအတွင်း ကျဆင်းသွားစေခဲ့ပြီးနောက် ခြောက်လတိတိ ကြာမြင့်ချိန်တွင် ရွေးကောက်ပွဲ ထွက်ပေါ်လာခြင်းဖြစ်သည်။
မဲပေးမှုစတင်ပြီးနောက် ခုနှစ်နာရီအကြာ မွန်းလွဲ ၁ နာရီတွင် နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း ၁၄၂၉၅ တွင် မဲပေးပိုင်ခွင့်ရှိသူ ၄၄ ဒသမ ၃၉ သန်းအနက် လူပေါင်း ၂၇ ဒသမ ၅၆ သန်း မဲပေးခဲ့ကြပြီးဖြစ်ကြောင်း အမျိုးသားရွေးကောက်ပွဲကော်မရှင်(NEC) က ပြောကြားသည်။
ရှောင်တစ်ခင်ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှုမြင့်တက်မှုနှင့်အတူ မှတ်ပုံတင်ထားသော မဲဆန္ဒရှင်များ၏ ၃၄ ဒသမ ၇၄ ရာခိုင်နှုန်း က ပြီးခဲ့သည့်ကြာသပတေးနှင့် သေကြာနေ့က ပြုလုပ်ခဲ့သည့် ကြိုတင်မဲစနစ်တွင် မဲပေးခဲ့ကြပြီးဖြစ်ကြောင်း သိရပြီး ၂၀၁၄ ခုနှစ်က ကြိုတင်မဲစနစ် စတင်ခဲ့ပြီးနောက်ပိုင်း ဒုတိယအများဆုံး ပမာဏဖြစ်သည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် လီဂျေးမြောင် က ယွန်းဆွတ်ယိုးဦး‌ဆောင်သော ပုန်ကန်မှုအင်အားစုများကို ကျော်လွှားသွားမည်ဟူသော ကတိဖြင့်မဲဆွယ်စည်းရုံးခဲ့သည်။
ကွန်ဆာဗေးတစ်ပြည်သူ့အင်အားပါတီ ကိုယ်စားလှယ် ကင်မွန်ဆူး က လီဂျေမြောင် လက်ရှိရင်ဆိုင်နေရသောအမှုများနှင့် တွန်းတွန်းတိုက်တိုက်ခေါင်းဆောင်မှု ပုံစံကို ပစ်မှတ်ထားပြီး အာဏာရှင်များ ကင်းလွတ်သည့် အနာဂတ်အတွက် ကတိပြုမဲဆွယ်ခဲ့သည်။
သမ္မတရွေးကောက်ပွဲ အဓိကယှဉ်ပြိုင်သူ နှစ်ဦး က ကြိုတင်မဲပေးရက်များတွင် မဲပေးခဲ့ကြသော်လည်း အခြားနိုင်ငံရေးသမားများက ရွေးကောက်ပွဲနေ့တွင် မဲပေးခဲ့ပြီး သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်က ဆိုးလ်မြို့တောင်ပိုင်းမဲရုံတစ်ခုတွင် မဲပေးခဲ့သည်။
ည ၈ နာရီတွင် မဲပေးခြင်းပြီးဆုံးပြီးနောက် မကြာမီ မဲရေတွက်မှု စတင်မည်ဖြစ်ကာ သန်းခေါင်းယံတွင် အနိုင်ရသူထွက်ပေါ်လာမည်ဟု မျှော်လင့်ရကာ နောက်တစ်နေ့ နံနက် ၆ နာရီခန့်တွင် မဲရေတွက်မှု ပြီးဆုံးမည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
ယင်းနောက် နံနက် ၇ နာရီ နှင့် ၉ နာရီကြားတွင် ရွေးကောက်ပွဲရလဒ်အားတရားဝင် အတည်ပြုရန် ကော်မရှင်က အစည်းအဝေးခေါ်ယူမည်ဖြစ်သည်။
သမ္မတသစ်သည် ရွေးကောက်ပွဲ အနိုင်ရပြီး နာရီပိုင်းအတွင်းမှာပင် လွှတ်တော်၌ သမ္မတအဖြစ် က ကျမ်းသစ္စာကျိန်ဆိုကာ ကြားကာလမရှိဘဲ တစ်ခါတည်း တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Yonhap

image