Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Final Destination Facts'
ပထမ Facts ကတော့ ရုပ်ရှင်ေကျာင်းက ဆရာ တစ်ယောက် James Wong က X Files Trilogy ရဲ့ရုပ်ရှင်တစ်ကား အတွက် Final Destination script ကိုရေးခဲ့ပေမဲ့ producer တွေကရှုပ်တယ်ပြောတာကြောင့် James Wong က New Line Cinema နဲ့ ဆက်သွယ်ပြီး Final Destination ဆိုတဲ့ရုပ်ရှင်ကို သူ့ဘာသာသူ ရိုက်ကူးနိုင်ခဲ့ပါတယ်။
Tony Todd ကိုအစက Killer ပုံစံ လိုက်သ-တ်တဲ့ပုံစံထားစေချင်ပေမဲ့ Tonyက အဲ့ဒီ့လောက် မအားတာကြောင့် Death အဖြစ် ပြန်ပြောင်းခဲ့ရပါတယ်။ Death ကိုဖန်တီးရာမှာလည်း Tony ကို ဝတ်ရုံအရှည်ဝတ်ခိုင်းကြပေမဲ့ Tony ဟာ ရိုးရိုး casual ကိုပဲဝတ်ဆင်ပြီး သရုပ်ဆောင်နေတာ အခုထွက်မဲ့ကားအသစ်ထိကိုပါပဲ။
Accident တွေကိုဖန်တီးတဲ့နေရာမှာ တစ်ကယ့်အပြင်ဘက်က လူတွေ ဖြစ်လေ့ရှိပြီး ေ-သတာအများဆုံး Accident တွေကိုပဲရွေးချယ်ပါတယ်။
Final Destination ရိုက်ကူးပြီးရုံတင်ချိန် (သို့) ပြီးဆုံးချိန်မှာ ကဏ္ဍတစ်ခု၊ အလုပ်တစ်ခုဟာ အမြဲတမ်း ၈၀% ရောင်းအားကျလေ့ရှိပါတယ်။
အမှန်တော့ FD ဟာကြောက်စရာမကောင်းပဲ Death Point of view နဲ့ ေ-သချိန်တန် မသေတဲ့ လူတွေရဲ့အကြောင်းပါပဲလို့ Director ကဖြေဖူးပါတယ်။
Nail gun accident, laser eyes accident တွေကြောင့် ယခုထိ လူတွေဟာ Laser ပြ-စ်တာကို FDကြည့်ပြီးနောက် ၉၀%လူတွေဟာ တွန့်ဆုတ်သွားကြပါတယ်။
နောက်ဆုံး fact ကတော့ ပထမရုပ်ရှင်မှာ မင်းသား၊မင်းသမီးတွေဟာ ဒီတစ်ကားထဲမှာသာ ပါရမယ်ဆိုတာကြောင့် မရိုက်ကူးချင်ကြပဲ Clear နေရာသရုပ်ဆောင်တဲ့ Ali Larter ဟာ FD2 မှာ ထပ်ပါလာတာကြောင့် အရင်ဒါရိုက်တာ ဟောင်း James Wong က ချက်ချင်း ေ-သခိုင်းခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ေ-သရမဲ့ သူက ေ-သကို ေ-သရမှာ မလို့ပါတဲ့ဗျာ။
Final Destination:Bloodlines
Review by Kilian Rexx:
Spoiler Alert 🚨
၁၄နှစ်တိုင်အောင် စောင့်ခဲ့ရတာ တကယ်ကိုတန်ခဲ့တဲ့
ရုပ်ရှင် တစ်ကားလို့ပြောလို့ ရလောက်တဲ့အထိကို
ကောင်းခဲ့ပါတယ်။
ကျွန်တော်တို့ငယ်ဘဝကထဲကနေ အခုချိန်ထိ Trauma ပေါင်းသောင်းခြောက်ထောင်ကို ပေးစွမ်းနိုင်ခဲ့တဲ့ Horror Franchiseကြီးတစ်ခုလို့ပြောရင်လည်း မမှားခဲ့ပါဘူး။
FD fanတစ်ယောက်အနေနဲ့လည်း ဒီကားကို အများကြီးမျှော်လင့်ထားခဲ့တာပါ။တကယ်လည်း စိတ်မပျက်စေခဲ့သလို အရင်ကားတွေဖြစ်တဲ့ FD 1-5 ရဲ့အငွေ့အသက်တွေလည်း မပျောက်သွားစေခဲ့ပါဘူး။
မျှော်လင့်ထားတာထက်ကိုကောင်းခဲ့တယ်လို့တောင်
ပြောလို့ရပါတယ်။
Storylineတစ်ခုထဲနဲ့သွားနေတဲ့FDဟာ တစ်ကားနဲ့ တစ်ကားကို မတူညီနဲ့Death Signပေါင်းစုံနဲ့
ပရိတ်သတ်တွေကိုရင်ခုန်စေခဲ့ပြီး အခုFD 6ရဲ့ Death Signတွေကလည်း modernပိုဆန်လာခဲ့သလို ပိုပြီးတော့လည်း creativeဖြစ်နေတာကို မြင်ခဲ့ရပါတယ်။
ကျွန်တော်တို့လက်တွေ့ဘဝမှာ အဖြစ်နိုင်ဆုံး
မတော်တဆမှုတွေကို အခြေခံပြီး စိတ်ကူးယဉ်ဆန်ဆန်
ဖန်တီးထားတာမို့လို့ သတိထားစရာ/ကြောက်စရာ
အသစ်တွေလည်း ပိုလာတာပေါ့ဗျာ:”)
FD:6ရဲ့Opening sceneဖြစ်တဲ့Sky View restaurant towerပြိုကျတဲ့ sceneဟာလည်း ခမ်းနားလွန်းပြီး တကယ်ကို ရင်ခုန်မှုအပြည့်ပေးနိုင်ခဲ့သလို အရင်FDတွေနဲ့မတူတဲ့opening sceneတစ်ခုလည်းဖြစ်ခဲ့ပါတယ်။
But FD:5ရဲ့ opening sceneတစ်ခုဖြစ်တဲ့ တံတားပြိုကျတဲ့sceneကတော့ ကျွန်တော့်အတွက် အခုချိန်ထိ အကောင်းဆုံးဖြစ်နေဆဲပါပဲ။Modern CGIတွေရဲ့အစွမ်းကိုလည်း အခုFD:6မှာ ကောင်းကောင်းကြီးကို ခံစားရစေမှာပါ။
Ok! Let’s talk about movie:
ဇတ်ညွန်းကိုပြောရမယ်ဆိုရင် အခုFD:6ရဲ့character တစ်ယောက်ဖြစ်တဲ့ Irisဟာ Sky View tower
ပြိုကျမယ့် အဖြစ်ကို ကြိုမြင်ခဲ့ပြီး လူပေါင်းရာကျော်ကိုကယ်တင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူကယ်လိုက်တဲ့အသက်တွေက မကယ်သင့်
ခဲ့တဲ့ အသက်တွေ ဖြစ်နေခဲ့တာပါ။
ကျွန်တော်တို့လူသားတွေက ဘယ်နေ့ဘယ်ချိန်ဘယ်နေရာမှာ ဘယ်လိုသေမလဲဆိုတာ မသိသလို သေခြင်းတရားကိုလည်း တားဆီးပိုင်ခွင့်မရှိခဲ့ပါဘူး။
ဒါပေမယ့် visionarတစ်ယောက်ဖြစ်တဲ့ Irisဟာ မကယ်သင့်ခဲ့တဲ့ အသက်တွေကို ကယ်တင်ခဲ့မိတဲ့အတွက် သေခြင်းတရားကို လှည့်စားမိသလိုဖြစ်သွားခဲ့ပါတယ်။
Tony Todd:မင်းသေခြင်းတရားနဲ့သွားရှူပ်မိလို့ ရှူံးသွားခဲ့ရင် ကိစ္စတွေက ပိုပြီး ရှုပ်ထွေးလာတတ်တယ်။
🩸Bloodlinesဆိုတဲ့အတိုင်းပဲ Irisကယ်ခဲ့တဲ့လူတွေအားလုံးက ထူးဆန်းတဲ့ 6သနည်းပေါင်းစုံနဲ့သေဆုံး
ကုန်ကြပါတယ်။သူတို့နဲ့တင်မပြီးပဲ လောကကြီးထဲကိုရောက်မလာခဲ့သင့်တဲ့ သူတို့ရဲ့ မျိုးဆက်တွေအထိပါ သေခြင်းတရားက ပြန်လာခဲ့ပါတယ်။
ပြောရရင် ကျွန်တော်တို့ ရှေ့မှာ ကြည့်ခဲ့ရတဲ့FD:1-5ရဲ့ characterတွေအကုန်လုံးက သူတို့ရဲ့မျိုးဆက်တွေပါ။ဘယ်သူမှမထင်ထားတဲ့twistတစ်ခုလို့လည်းပြောရမလားပဲ။ကျွန်တော်ကိုယ်တိုင်တောင် မတွေးမိခဲ့ပါဘူး။
နောက်ဆုံးမှာတော့ သေခြင်းတရားက Irisတို့ ဆီကို
ပြန်လာခဲ့ပါတယ် ဒါကိုကြိုသိတဲ့Irisကလည်း သူ့ဘဝ
တစ်ခုလုံးကို အဆုံးရှုံးခံပြီး မြို့နဲ့ဝေးရာ တစ်နေရာမှာ တဲတစ်ခုဆောက်ပြီး သူကိုယ်တိုင်မသေအောင် ကြိုးစားနေပြီး သူ့မျိုးရိုးကိုကာကွယ်ပေးနေခဲ့တာပါ။
သူမရဲ့ မြေးဖြစ်ပြီး ဒီဇတ်ကားရဲ့MCတစ်ယောက်ဖြစ်တဲ့ Stefaniဟာ သူ့အဖွားကြုံတွေ့ခဲ့ရတဲ့ Sky view towerပြိုကျမှုကို ၂လနီးပါး အိမ်မက်တွေမက်ခဲ့ပြီး
နောက်ဆုံးမှာ သူ့အဖွားကိုသွားတွေ့ခဲ့ပါတယ်။
ဒါပေမယ့် သူ့မိသားစုကပြောသလိုပဲ Irisကိုရူးနေတယ်
ထင်ခဲ့ပြီး လှည့်အပြန်မှာ Irisက သူ့ကိုယ်သူစတေးခံပြီး Stefaniကို သူမြင်ထားသမျှ Death Signs dataတွေပါတဲ့ စာအုပ်လေးကို သွားပေးခဲ့ပါတယ်။
(သူ့မျိုးဆက်ကိုကာကွယ်ပေးချင်တဲ့စိတ်ရယ် Stefaniကို သူ့အပေါ်ယုံကြည်စေချင်တဲ့စိတ်ရယ်နဲ့ပေါ့)
သူထင်ထားသလိုမဖြစ်ခဲ့ပဲ Irisသေသွားတဲ့ အတွက်
ကြောင့် သူ့မျိုးဆက်ဆီကို သေခြင်းတရားက ပြန်
ရောက်လာပါတယ်။
ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်ဘယ်လိုသေနည်းတွေနဲ့ သေမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ဇတ်ကား
တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့FD fanတွေရဲ့ legendary သစ်လုံးကြီးတွေကိုလည်း Endingမှာ အ
သွင်မတူတဲ့ sceneတစ်ခုကနေပြန်မြင်ရပါမယ်နော်:”)
တကယ်တော့ ဒီဇတ်ကားတစ်ခုလုံးရဲ့MCက
အကြွေစေ့လေးတစ်စေ့လို့ပဲပြောရမလားဗျာ။
Nah I’m just kidding Guys!😭
Cenima experienceလေးနဲ့ဆိုရင် သေချာပေါက်ပို
မိုက်မယ့်ကားဖြစ်တဲ့အတွက် မကြည့်ရသေးရင် ကြည့်
ဖြစ်အောင်သွားကြည့်သင့်ပါတယ်နော်။စာအရမ်း
ရှည်သွားမှာဆိုးတဲ့အတွက်reviewလေးကိုဒီလောက်နဲ့ပဲ
ရပ်လိုက်ပါမယ်နော်။
Ratingပေးရမယ်ဆိုရင် ကျွန်တော့်အတွက်တော့8/10ပါ။
ရုပ်ရှင်စကတည်း အဲ့ကျက်သတုံး နဲ့ ဘယ်အချိန်ပြတ်မလဲစောင့်နေတာ။Bar မှာ Keira လေးက A Step We Can't Take Back ကိုဆိုတော့ အချစ်ကလွဲပြီး ဘာမှ မရှိတဲ့ relationship တစ်ခုကို အတိုင်းသားမြင်ရတယ်။Keira လေးက အဲ့ဘဲကို တအားချစ်ရှာတယ်။သူရုန်းကန်နေရတဲ့အချိန်မှာတောင် အဲ့ငနာအတွက်အမြဲအသင့်ရှိတယ်။အဲ့လူအတွက် ဘာမဆိုပေးဆပ်ရဲတယ်။သူအောင်မြင်ဖို့ ဘ၀ကြီး တစ်ခုလုံးရင်းပြီးပံ့ပိုးတယ်။တစ်လောကလုံးမှာ သူ့တစ်ယောက်တည်း ယောက်ျားလို့မြင်တယ်။ဘယ်လောက်ပဲမျက်ရည်နဲ့မျက်ခွက်ဖြစ်ဖြစ် ဒီလူဆီက မခွာနိုင်ဘူး။ဟိုကောင်ကလဲ လူလည်။သူလုပ်ချင်တာလုပ်တယ် အချိုသတ်တယ် ဒီအဖိုးတန်လေးကို လုံး၀လက်မလွှတ်ဘူး။နောက်ဆုံး ဆဲလွှတ်လိုက်တဲ့ အခန်းကျမှ အလုံးကြီးကျသွားတော့တယ်။ခေါင်းဆောင် မင်းသမီးနဲ့ မင်းသားကိုညားမယ်ထင်လိုက်သေးတယ်။ဪ မအေးအေး၀င်းစီစဉ်တဲ့ ဗမာကားတွေ ငါအတော်ကြည့်ခဲ့တာပဲလို့တောင် ပြန်တွေးမိသေး။
ဒါရုပ်ရှင်ရဲ့ Plot မဟုတ်ပါဘူးနော်။ဒီရုပ်ရှင်လေးကြည့်မိတုန်းက ကိုယ်ဆို ဆယ်ကျော်သက်ရှိသေး။အခု 30 နားကပ်တဲ့အထိ အကြိုက်ဆုံးဖြစ်နေတုန်းပဲ။ Musical/Drama တွေ try ချင်ရင် ဒီရုပ်ရှင်က တကယ့် masterpiece ပဲ။မင်းသားကြီးရဲ့ ဇာတ်အိမ်ကိုဘာတစ်ခုမှ မ mention ခဲ့ဘူးနော်။Mark Rufflo ရဲ့ သရုပ်ဆောင်ချက်တွေက ရူးချင်စရာကောင်းလောက်အောင်လက်ရာမြောက်လွန်းသလို။ကျက်သရေလေး Adam Levine က အဆိုတော် တစ်ယောက်ရုပ်ရှင်၀င်ရိုက်နေတယ်လို့ မထင်ရအောင်ကို ပြည်သူ့မေတ္တာခံယူသွားတာ။ City of Stars ကလဲ အထင်ကရ ဇာတ်၀င်တေးဖြစ်ခဲ့သေး။Hollywood မှာပဲ ဒီလို vice versa ဆန်တဲ့ Drama မျိုးရတာ။လေးပင်မနေဘူး ပေါ့ရွှတ်မနေဘူး။Realityကိုဆန့်ကျင်မနေဘူး။ဒီတိုင်း လူ့လောကကြီးထဲက လူတွေ လူသားဆန်နေကြတာပဲ။Director ကြီး John Carney ရဲ့ အကောင်းဆုံးလက်ရာလို့တောင်ဆိုနိုင်တယ်(Once ကိုကြိုက်မှမကြိုက်တာ)။အဲ့တော့ try ကြည့်ကြ အချိန် 2နာရီက တစ်ခုခုပြန်ရလိမ့်မယ်။
🎥 Begin Again