**ကုက္ကိုပင်ပေါ်ကအငြိုး** 
 
ဇာတ်လမ်း/စာရေးသူ - ဝိုင်စီရဲ 
(ဖြစ်ရပ်မှန်) 
 
               ကျုပ်ဒီမြို့မှာနေလာတာ အမေ့တစ်သက် 
ကိုရှိပြီဗျ....ကျုပ်တို့မြို့လေးက အလွန်အေးချမ်းပါ 
တယ်....ပတ်ဝန်းကျင်အနေအထားကလဲ ဆူဆူညံညံ 
အသံတွေလုံးဝပင်မကြားရပါ... ကျုပ်တို့လမ်းထိပ် 
ကနေထွက်လိုက်ရင် ဘယ်ဘက်မှာလမ်းမကြီးရှိတယ်...ဟိုဘက်ရပ်ကွက်နဲ့ကျုပ်တို့ရပ်ကွက်နဲ့ခြားထား 
တဲ့လမ်းမကြီးပေါ့ဗျာ...ထိုလမ်းမပေါ်မှာကစျေးရောင်းသူ အနည်းငယ်ရှိတယ်... ကြက်သားသည်၊ပန်း 
သည်၊ အသီးအရွက်ရောင်းတဲ့အသည်စသဖြင့်ပေါ့ဗျာ...ကျုပ်တို့လမ်းထိပ်မှာ နှစ်၆၀လောက်ရှိမဲ့ သက်တမ်းရင့် ကုက္ကိုပင်ကြီးတစ်ပင်ရှိတယ်... ဟိုးလွန်ခဲ့ 
တဲ့နှစ်၃၀ဝန်းကျင်လောက်က ဟိုဘက်ရပ်ကွက်က 
လူတွေက မိန်းကလေးတစ်ယောက်ကိုမုဒိန်းကျင့်ပြီး 
သတ်ပစ်ခဲ့တယ်လို့ လူကြီးတွေပြောတာတော့ကြားဖူးတယ်...။ နောက်ပြီး အဲ့ဒီကုက္ကိုပင်ကြီးအောက်မှာပဲမြုပ်ခဲ့တယ်လို့လဲပြောကြတယ်ဗျ။ ပြီးတော့ ပြန်ဖော်ပြီး မြေမြုပ်သဂြိုလ်လိုက်တယ်လို့လဲပြောကြတာပါပဲဗျာ..။ ဘယ်ဟာကအမှန်လဲဆိုတာတော့ဘယ်သူမှတိတိကျကျတော့မသိဘူး...။ 
 
        ကျုပ်အပါအဝင် ဟိုဘက်ရပ်ကွက်ကလူတွေ၊ 
ဒီဘက်ရပ်ကွက်ကလူတွေလဲ ည၉နာရီကျော်ရင်  
ထိုအပင်ကြီးအောက်က ဘယ်သူမှဖြတ်လျှောက်မဝံရဲကြဘူးဗျ...အရင်နှစ်တွေတုန်းကတော့ အဲ့အပင် 
နားမှာရှိတဲ့ အိမ်အဟောင်းကြီးမှာဘယ်သူမှမနေကြဘူး။  
လွန်ခဲ့တဲ့၅နှစ်လောက်ကမှ လူတစ်ယောက်က 
ထိုအိမ်ကြီးကိုဝယ်ပြီး တိုက်ခန်းတွဲတွေဆောက်လုပ် 
ပြီး အိမ်အငှါးချတယ်။ ဇာတ်လမ်းက အဲ့တိုက်ခန်းတွဲမှာနေတဲ့လူတွေကစတာပဲဗျ။ အိမ်အငှါးလူတွေ 
ရောက်လာတဲ့နေ့ကစပြီး အခန်းတွဲတွေအောက်မှာ 
လမ်းလျှောက်သံတွေ ခေါင်မိုးပေါ်ကိုကျောက်စရစ်ခဲတွေနဲ့ပစ်ပေါက်တာတွေကြုံရတော့တာပဲ။  
အဲ့နေ့တွေကစပြီး ရပ်ကွက်ထဲကလူတွေလဲ့အဲ့ဘက်ကိုခြေဦးတောင်မလှည့်ရဲတော့ဘူး..မဖြစ်မနေသွားရမယ်ဆိုမှသွားတာ မဟုတ်ရင်မသွားကြဘူး။ 
 
        တစ်ညနေကြတော့... ကျုပ်အဒေါ်က ကလေး 
နေမကောင်းလို့ဆိုပြီး အဲ့အပင်ကြီးကိုဖြတ်ပြီးဆေး 
သွားဝယ်ရတယ်။ အပြန်ကြတော့ထိုအပင်ကြီးအောက်မှာ အသိတစ်ယောက်နဲ့တွေ့ပါလေရော။ သူက 
ကလေးကိုစနောက်နေတဲ့အချိန်ကလေးကငိုပါရောဗျာ။ အဲ့အပြန်တည်းကငိုတာ မနက်ထိကိုကလေးက 
အငိုကိုမတိတ်ဘူးဗျို့။ အဲ့ဒါနဲ့ ကျုပ်တို့လဲ အသိ 
နတ်ကတော်ကိုခေါ်ပြီး အိမ်ပင့်မေးတော့ ထိုအပင်ရဲ့ 
မကျွတ်မလွတ်က သူ့အပင်အောက်မှာနားညီးအောင်လုပ်လို့မကျေနပ်လို့ပြန်လုပ်တယ်ပြောပါတယ်။ 
အဲ့ဒါနဲ့ ခေါစာလည်းပစ် ကန်တော့ပွဲလဲပေးပြီး တောင်းပန်မှပဲ ကလေးကအငိုတိတ်ပါတော့တယ်။ ဒီလိုနဲ့ 
နောက်တော့ အဲ့အပင်နားကအိမ်မှာ ဘာသာရေး 
အလွန်ကိုင်းရှိုင်းတဲ့လူကသူမိသားစုနဲ့အိမ်လာငှါး 
နေကြတယ်။ ခေါင်မိုးပေါ်ကို ခဲကျတာတွေရပ်သွားတယ်။ အမျှတွေလဲဝေပေးလိုက်တော့ အားလုံးက 
ကျွတ်သွားကြပြီပဲထင်တာပေါ့ဗျာ။ အခုလို မေ့မေ့ 
ပျောက်ပျောက်နဲ့နေလာလိုက်တာ ဒီနေ့ညဇာတ်လမ်းစတော့တာပဲဗျ။  
 
             အကိုနှစ်ယောက်ကအဲ့အပင်နားမှာ ဖုန်းဘေလ်သွားဝယ်ကြတယ်... ကြည့်ရတာနာမည်တွေ 
ခေါ်ပြောကြတယ်ထင်ပါတယ်။ဆူညံဆူညံတော့ဖြစ်သွားလောက်တယ်။အချိန်ကလဲ ည၉နာရီဖြစ်နေပြီလေ။သူတို့အိမ်ပြန်ရောက်ပြီး မကြာဘူး။ အကို 
အကြီးရဲ့နာမည်ကို အပြင်ဘက်ကနေ မိန်းမတစ်ယောက်က ၃ခါလောက်ခေါ်တယ်တဲ့။ သူကလဲ ဖုန်းပြောနေတာဆိုတော့မထူးမိလိုက်ဘူးတဲ့ဗျ။ ည၁၂နာရီလောက်ရောက်တော့ သူလဲ 
ဘုရားဝတ်ချပြီးအိပ်လိုက်တယ်။  
 
" အား အမယ်လေး '' ဆိုတဲ့အသံကြီးကိုကြားလိုက်တော့ကျုပ်တို့တစ်အိမ်သားလုံးလန့်နိုးကုန်ကြတယ်။ 
ကျုပ်တို့လဲ သူကိုမေးတာပေါ့ဘာဖြစ်တာလဲဆိုတော့ 
ကုက္ကိုပင်မှာရှိတဲ့သရဲမက အိပ်မက်လာပေးတာတဲ့။ 
ငါအပင်နားမှာငါမကြိုက်တာမလုပ်မိစေနဲ့နောက်တစ်ခါဆိုရင် တစ်အိမ်လုံးအသေပဲတဲ့။ အဲ့ဒါနဲ့အကို 
အကြီးကလဲ ဘာလို့အခုလိုဖြစ်နေလဲမေးတော့  
သူ့ကို အဓမ္မပြုကျင့်သွားတဲ့သူတွေမသေမချင်း  
သူကျွတ်မှာမဟုတ်ကြောင်း အမျှဝေလဲအလကားပဲ 
ငါကိုသာအနှောက်အယှက်မပေးနဲ့ဆိုပြီး ပြောတယ်တဲ့ဗျ။  
 
      သူမှာလည်း မတရားခံထားရတာဆိုတော့ ဘယ်ကျွတ်ပါမလဲဗျာ.....။ 
 
    ပြီးပါပြီ 
ဆက်လက်ကြိုးစားပါဦးမည်... 
စာဖတ်သူတွေကိုအစဉ်လေးစားလျက် 
kalyar...
 
         
 
		  
		 
		 
		 
                