**မင်းမိန့်ပေးထားပြီးပိတ်ထားရတဲ့ အိမ်ကြီး** 
 
ဇာတ်လမ်း/စာရေးသူ - ဝိုင်စီရဲ 
(ဖြစ်ရပ်မှန်) 
 
                ဒီတုန်းကကျုပ်တောင်မမွေးသေးဘူးဗျ....ကျုပ် 
အမေတို့ပြောပြလို့သာသိရတာ...မန္တလေးဥယျာဉ်ကုန်း 
ဘက်ကပေါ့...ကျွန်းအိမ်အကြီးကြီးရှိတယ်.. 
. ခြံဝန်းကလည်း... 
အတော်ကျယ်သားဗျ...နှင်းဆီပန်းလေးတွေ၊သရက်ပင်တွေ 
နဲ့မိုက်နေရောဗျို့... ရေတွင်းလေးကလည်းရှိသေးသဗျ... 
အဲ့ဒီခြံရှေ့ကဖြတ်သွားတိုင်းနေချင် 
စိတ်တဖွားဖွားဖြစ်မိကြတယ်...ဒီအိမ်ကြီးမှာ..လင်မယား 
ရယ်..ကလေး(၂)နှစ်အရွယ်နဲ့လသားအရွယ်နေကြတယ်.. 
ယောကျာ်းဖြစ်သူက ကုန်ရောင်းကုန်ဝယ်လုပ်တယ်.... 
သူကအရမ်းလောင်းကစားခုံမင်တယ်...နောက်တော့... 
အကြွေးတွေတင်...အကြွေးတင်တာအတော်ကြီးသွားလို့ 
ထင်တယ်...သူမိန်းမကိုလည်းမပြောဘူးဗျ..တစ်ယောက် 
တည်းကြိတ်ပြီးခံစားနေတာ...သူအကြွေးတွေကိုဘယ်လို 
ဆပ်မလဲပေါ့...ဝင်ငွေထက်ထွက်ငွေတွေကသိသိသာသာ 
များလာတာဗျ..များမှာပေါ့...လောင်းကစားရှယ်လုပ် 
တာလေ...မွဲဆေးဖော်တယ်ဆိုရမှာပေါ့... 
 
      နောက်တော့...အကြွေးကမဆပ်နိုင်...လောင်းကစား 
ကလည်း...မစွန့်လွှတ်နိုင်...အကြွေးရှင်တွေကတောင်းကြ 
တော့...သူ့မှာအပူမီးတွေဖြစ်နေ၍...နေ့မအိပ်ညမအိပ်.. 
ဖြစ်ပြီးခေါင်းမီးတောက်နေတာပေါ့ဗျာ...ဒီလိုနဲ့သူက 
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်...သူကိုယ်သူသတ်သေမယ် 
ပေါ့...ပြီးတော့သူ့မယားနဲ့သားသမီးတွေကိုလည်း... 
သူတို့အိပ်နေချိန်...မယားနဲ့ကလေးတွေကိုယ်ပေါ်... 
ဓာတ်ဆီတွေလောင်းချပြီး...မီးရှို့အရင်သတ်လိုက်တယ်.. 
ပြီးမှ..သူကိုယ်သူဓားနဲ့ထိုးသတ်တာ...ခုနကသူ့မယားနဲ့ 
ကလေးတွေကိုမီးရှို့သတ်တုန်းကမီးတွေကပိုကြီးလာပြီး.. 
အိမ်ကိုပါလောင်ကုန်ရောဗျို့...ရပ်ကွက်ကလူတွေ... 
မီးကိုလာငြိမ်းပေးတော့အိမ်ကပြာမကျပဲ...မဲတူးသွားတာ... 
အဲ့ဒီချိန်ကနေစပြီး...ဒီအိမ်ကြီးမှာမိသားစု၄ယောက်က 
မကျွတ်ပဲ...စခြောက်တော့တာပဲ... 
 
     " ဟဲ့ လှစိန် နင်ကြားပြီးပြီလား'' 
 
" ဘာလဲ ဟိုအိမ်ကြီးအကြောင်းပဲမဟုတ်လား'' 
 
" အေးဟ အဲ့အိမ်ကြီးရှေ့ကငါဒီနေ့ဖြတ်သွားတုန်းကဆိုရင် 
ကျောတွေချမ်းလာတာ '' 
 
" နင်ကအဲ့ဒါပဲဖြစ်တာကို ငါဆို လိုက်ဆွဲခံရတာဟ...'' 
 
" ဘယ်လိုလိုက်ဆွဲတာလဲ'' 
 
" နောက်ကနေဘာအကောင်အထည်မှမမြင်ရပဲနဲ့ 
လိုက်ဆွဲသွားတာဟ ငါလွယ်အိတ်ကိုဆွဲနေတာ.. ငါလဲ 
ကြောက်ကြောက်နဲ့လွယ်အိတ်ကိုပစ်ထားခဲ့လိုက်တယ်'' 
 
" အမယ်လေး တော်ပြီ တော်ပြီ ဒီအကြောင်းကိုမနက်မှပဲ 
ဆက်ပြောတော့မယ် ကြက်သီးတွေတဖြန်းဖြန်းထလာနေတာကြည့်အုံး'' 
 
" အေးပါအေးပါ'' 
 
           ကျုပ်အမေနဲ့သူ့ညီမပြောနေကြတာဗျ...ဒီလိုနဲ့တစ် 
နေ့ထက်တစ်နေ့...ပိုပိုဆိုးရွားလာတာဗျ...အဲ့လိုဘာအ 
ကောင်အထည်မှမရှိပဲလိုက်ဆွဲတာကို....အသက်ကြီးတဲ့ 
သူတွေဆို...နှလုံးရပ်ပြီးလန့်ဖြတ်သေကြတာတဲ့...ညညဆို 
ရင်သူတို့မီးလောင်ပြီးသေတဲ့အချိန်အိမ်ကြီးကမီးလောင် 
နေကာ...သွေးရူးသွေးသန်းနဲ့အိမ်ပေါ်ကနေခုန်ဆင်းတာ 
တွေပြနေတာတဲ့...ကလေးတွေကိုလည်း...သူတို့ခြံထဲမဝင် 
ဝင်ချင်လာအောင်အသံပေးခေါ်တာဗျ...အကြောင်းရင်း 
ကတော့အသက်နုတ်မလို့ပေါ့ဗျာ...ရေတွင်းရှိတဲ့နေရာဘက် 
ကိုမျှားခေါ်တာ...ကလေးတစ်ယောက်ဆို...ရေတွင်းထဲကို 
ခုံချလုနီးစဲစဲမှာ...ခြံအပြင်ကလူတစ်ယောက်ကမြင်လို့.. 
သွားကယ်ခဲ့ရသေးတာဗျ...အဲ့လူသာမကယ်ရင်ဒီကလေး 
လဲအသက်နုတ်ခဲ့ရမှာကျိန်းသေပဲဗျ...ဒီကလေးဆို.. 
ကြောင်တောင်တောင်လေးဖြစ်သွားတာ၂ပတ်တောင်ကြာ 
တယ်...တော်တော်ကြမ်းတာဗျ..ခုထိအဲ့အိမ်ကြီးရှိသေးတယ် 
မင်းမိန့်ပေးပြီးချိတ်ပေးထားတာနှစ်ချီနေပြီ... 
 
        ဗိုလ်ချုပ်ခင်ညွှန့်(မအလ)ကိုယ်တိုင်...မင်းမိန့်ပေးပြီး 
ချိတ်ပေးထားတာတဲ့...အဲ...ခင်ဗျားမန်းလေးလာရင်... 
အဲ့အိမ်ကြီးကိုသွားလည်ရင်လည်ပေါ့ဗျာ...ခင်ဗျားကို... 
အဲ့အိမ်ကြီးရဲ့မိသားစု၄ယောက်က...လိပ်ပြာလွှင့်အောင် 
ခြောက်လန့်ဖို့စောင့်နေတယ်ဗျို့.... 
 
                                                                     ပြီးပါပြီ...      
kalyar....
 
         
 
		  
		 
		 
		 
		 
                