ထောင်နဲ့ချီတဲ့ သရုပ်ဆောင်တွေပါဝင်လာမယ့် The Odyssey ရုပ်ရှင်
Nolan ရဲ့ The Odyssey ရုပ်ရှင်ကို Iceland မှာ ၂ ပတ်ကြာ ရိုက်ကူးနေပြီး ထောင်နဲ့ချီတဲ့ အပိုသရုပ်ဆောင်တွေ ပါဝင်မယ်လို့သိရပါတယ်။
Christopher Nolan ရဲ့ The Odyssey ရုပ်ရှင်ဟာ အခုထိ အကောင်အထည်ဖော ရိုက်ကူးနေဆဲပဲဖြစ်ပြီး အခုဆိုရင် ရိုက်ကူးရေးအဖွဲ့ဟာ Iceland ကို ရောက်ရှိသွားပြီး၊ Matt Damon၊ Zendaya နဲ့ Elliot Page တို့နဲ့အတူ ထောင်နဲ့ချီတဲ့ အပိုသရုပ်ဆောင်တွေ ပါဝင်လာမယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်ရိုက်ကူးရေးကို ဖေဖော်ဝါရီကတည်းက စတင်ခဲ့တာ၊ အခုဆို ၅ လကျော်ရှိပြီဖြစ်ပါတယ်။ အဖွဲ့ဟာ မော်ရိုကို၊ ဂရိ၊ အီတလီ၊ စကော့တလန်၊ နဲ့ Los Angeles တွေမှာ ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ဇူလိုင်မှာ အိုင်ယာလန်ကို သွားမယ်၊ အဲဒီနောက်မှာတော့ လန်ဒန်ကို ဆက်သွားမယ်လို့သိရပါတယ်။
နောက်ဆုံးသတင်းအရ The Odyssey ရဲ့ teaser တစ်ခုဟာ အဆင်သင့်ဖြစ်နေပြီး၊ Anne Hathaway က ဇာတ်ကြောင်းပြောပြထားတယ်လို့ သိရပါတယ်။ ဒီ teaser ကို ဇူလိုင်မှာ Jurassic World: Rebirth ရဲ့ ရုံတင်ပွဲတွေနဲ့အတူ တွဲပြီး ထုတ်ပြန်နိုင်တယ်လို့ ပြောကြပါတယ်။
Nolan က Homer ရဲ့ ဂန္တဝင်ဇာတ်လမ်းကို ရိုးရိုးရှင်းရှင်း ပြန်ရိုက်တာမဟုတ်ပဲ သူရဲ့ အစွမ်းအကုန်လုံးကိုသုံးပြီးရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နတ်ဘုရားတွေ၊ ဘီလူးတွေ၊ နဲ့ ဒဏ္ဍာရီဆန်တဲ့ အမူအရာတွေကိုပေါင်းပြီး အရှည်ဆုံးနဲ့ အမိုက်ဆုံးရုပ်ရှင်ဖြစ်လာအောင် ဖန်တီးနေတာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ကြာချိန်က ၃ နာရီကျော်မယ်လို့ မျှော်လင့်ရပါတယ်။
ထုတ်လုပ်ရေးဘတ်ဂျက်က ဒေါ်လာ ၂၅၀ သန်းကျော်ရှိတယ်လို့ သတင်းထွက်ပြီး၊ ရုပ်ရှင်ကို နောက်ဆုံးပေါ် IMAX ကင်မရာတွေနဲ့ ရိုက်ကူးနေတယ်လို့သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Matt Damon က Odysseus အဖြစ် အဓိကသရုပ်ဆောင်ထားပြီး၊ Tom Holland၊ Charlize Theron၊ Anne Hathaway၊ Robert Pattinson၊ Zendaya၊ Lupita Nyong’o၊ Jon Bernthal၊ Mia Goth တို့အပါအဝင် နာမည်ကြီးတွေ အများကြီးပါဝင်မယ်လို့သိရပါတယ်။ The Odyssey ဟာ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်မှာ ရုံတင်ပြသဖို့ လုပ်ထားပါတယ်။

image

ဟောလိဝုဒ်က ရှုပ်ထွေးနေတယ်လို့ Dakota Johnson ပြောကြား
မတ်လ ၆၊ ၂၀၂၅။
မင်းသမီး Dakota Johnson ဟာ မကြာသေးခင်က Bustle မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ ဟောလိဝုဒ်ရဲ့ လက်ရှိရုပ်ရှင်လောကအပေါ် သူ့ရဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။ သူက စတူဒီယိုတွေရဲ့ ရုပ်ရှင်ဖန်တီးမှုပုံစံတွေဟာ "လုံးဝ ရှုပ်ထွေးနေပြီ" လို့ ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
သူက အနုပညာဆိုတာ ကော်မတီတစ်ခုနဲ့ ဖန်တီးလို့ မရသလို၊ ကိန်းဂဏန်းအချက်အလက်တွေပေါ် အခြေခံပြီး ဖန်တီးလို့ မရဘူးလို့ ဆိုပါတယ်။ သူက ဆက်ပြီးတော့ အခုခေတ် စတူဒီယိုတွေမှာ ဆုံးဖြတ်ချက်တွေကို ရုပ်ရှင်တောင်မကြည့်တဲ့သူတွေ (executives) က ချနေတာဖြစ်ပြီး၊ ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ ရုပ်ရှင်တွေ ဖန်တီးဖို့ထက် ဘဏ္ဍာရေးအချက်အလက်တွေကိုပဲ အဓိကထားနေတယ်လို့ ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပြောဆိုမှုတွေဟာ သူနောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ Madame Web ရုပ်ရှင်ရဲ့ ဝေဖန်မှုတွေနဲ့ စီးပွားရေးအရ မအောင်မြင်မှုတွေအပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Johnson က ဒီလိုရုပ်ရှင်မျိုးမှာ နောက်ထပ် ပါဝင်သရုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပြီး၊ ဒီလိုအတွေ့အကြုံမျိုးဟာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
Johnson ဟာ ရုပ်ရှင်ဖန်တီးရတာကို ချစ်မြတ်နိုးဆဲဖြစ်ပေမယ့်၊ အခုခေတ်ဟောလိဝုဒ်ရဲ့ အခြေအနေတွေကြောင့် စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူက Remake တွေ၊ Sequel တွေ အလွန်အကျွံလုပ်တာကိုလည်း သဘောမတူဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

image

ကြိုက်တဲ့သူနဲ့ မကြိုက်တဲ့သူ နှစ်ဖက်ကွဲနေတဲ့ Jurassic World Rebirth
Jurassic World Rebirth ကို ပထမဦးဆုံးကြည့်ခွင့်ရတဲ့သူတွေစီက Reaction တွေထွက်ပေါ်လာပြီး ဒီ ရုပ်ရှင်ဟာ အရမ်းကောင်းတယ်လို့ ချီးကျူးနေကြတဲ့သူတွေက တစ်ဖွဲ့နဲ့ ရိုးရှင်းပြီး မလိုအပ်တဲ့” ဇာတ်လမ်းလို့ဆိုပြီး ဝေဖန်နေကြတဲ့သူတွေထွက်ပေါ်လာပါတယ်။
ဒီရုပ်ရှင်အသစ်မှာ Zora (Scarlett Johansson)၊ ရှေးသတ္တဗေဒပညာရှင် Dr. Henry Loomis (Jonathan Bailey)၊ နဲ့ သင်္ဘောကပ္ပတိန် Duncan Kincaid (Mahershala Ali) တို့ဟာ မူရင်း Jurassic Park ရဲ့ ဓာတ်ခွဲခန်းရှိခဲ့တဲ့ ဝေးလံခေါင်ဖျား ကျွန်းတစ်ခုဆီ ခရီးထွက်လာကြပါတယ်။
ဒါပေမယ့် သူတို့ရင်ဆိုင်ရတာက Original Jurassic Park ပန်းခြံမှာ အန္တရာယ်ကြီးလွန်းလို့ ထားခဲ့ရတဲ့ ဒိုင်နိုဆောတွေနဲ့တွေ့မှာဖြစ်ပါတယ်။ ဒီဒိုင်နိုဆောတွေဟာ နှစ်ပေါင်းများစွာ ကျွန်းပေါ်မှာ နေခဲ့ရတာကြောင့် အတော်လေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။
ဒီရုပ်ရှင်ကိုတော့ မူရင်း Jurassic Park ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့တဲ့ David Koepp က ဒီဇာတ်ညွှန်းကို ရေးသားထားပြီး၊ Rogue One ရဲ့ ဒါရိုက်တာ Gareth Edwards က ရိုက်ကူးထားလတာဖြစ်ပါတယ်။
ဒီဇာတ်ကားအပေါ် ဝေဖန်ထားကြတဲ့သူတွေရဲ့ စကားသံတွေကတော့..
“Jurassic World Rebirth က အောင်မြင်တယ်! Gareth Edwards က Jurassic ဒီဇာတ်လမ်းကို ဘယ်လိုရိုက်ရမလဲဆိုတာ သိတယ်။ မူရင်းရုပ်ရှင်ရဲ့ လက်တွေ့ဆန်ခဲ့တာကို ကျွန်တော် အရမ်းကြိုက်တယ်။ နှစ်တွေကြာလာတော့ ဒီဇာတ်လမ်းတွဲဟာ CGI ကို ပိုသုံးလာတယ်” လို့ Collider ရဲ့ Perri Nemiroff က ရေးထားပါတယ်။
“Jurassic World Rebirth က မင်းလိုချင်တဲ့ အရာအားလုံးပါတယ်” လို့ ပရိသတ်တစ်ယောက်က ပြောထားပါတယ်။ “ဇာတ်လမ်းက နည်းနည်းရယ်စရာဖြစ်နိုင်ပေမယ့်ဘာဂရုစိုက်စရာလိုလဲ။ ရုပ်ရှင်က လှပတယ်၊ ဒိုင်နိုဆောတွေကလည်း အံ့သြစရာကောင်းတယ်၊ Jonathan Bailey ကတော့ ကျွန်တော့်ရဲ့ အနှစ်သက်ဆုံး မင်းသားအသစ်တွေထဲက တစ်ယောက်ဖြစ်လာနိုင်တယ်။ ကျွန်တော့်နှလုံးခုန်နှုန်းတက်လာတယ်၊ တစ်ခုခုကြောင့် အရမ်းပျော်ပြီး အော်ဟစ်ချင်လာတဲ့ အခိုက်အတန့်တစ်ခုတောင် ရှိခဲ့တယ်။” လို့ပြောထားပါတယ်။
Jurassic World Rebirth က ရုပ်ရှင်တစ်ကားပါပဲ” လို့ Variety ရဲ့ အယ်ဒီတာ Clayton Davis က တွစ်တာ ​(ယခု X) မှာ ရေးထားပါတယ်။
“Jurassic World Rebirth မှာ ပြောင်းလဲသွားတာဆိုလို့ ကျွန်းအသစ်ပေါ်က ပြောင်းလဲသွားတဲ့ ဒိုင်နိုဆောတွေပဲရှိတယ်။ ဒါကို ကျွန်တော် စိတ်ဝင်စားခဲ့တယ်။ ဒါပေမယ့် ရုပ်ရှင်က ရိုးရိုးရှင်းရှင်းပဲ။ ဘာမှ မှတ်မိစရာ ဇာတ်လမ်းတွေလည်းမပါဘူး” လို့ ပရိသတ်တစ်ယောက်က ရေးတယ်။ “မြစ်ထဲက ဇာတ်ဝင်ခန်းတစ်ခုကတော့ ကောင်းပေမယ့် ကျန်တာတွေက အကုန်မှုန်ဝါးနေတယ်။ ဇာတ်ကောင်တွေက ပျင်းစရာ၊ အချိတ်အဆက် လုံးဝမရှိဘူး၊ ကောင်းတာဆိုလို့ ဒိုင်နိုဆောတွေကိုပဲ အားပေးနေမိတယ်။” လို့ပြောထားပါတယ်။
လက်ရှိမှာတော့ Jurassic World Rebirth ကို ဇူလိုင် ၂ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး အဲ့ဒီအချိန်ကြမှပဲ ကောင်းမကောင်းဆုံးဖြတ်ကြရတော့မှာပါ။
John Snow ရေးသားသည်။

image

Jaws ဒါရိုက်တာ Steven Spielberg ရဲ့သမီးက ဒါရိုက်တာအဖြစ် ပွဲဦးထွက်တဲ့ သရဲကားအသစ်
Destry Allyn Spielberg ရဲ့ ပထမဦးဆုံး လက်ရာ Please Don’t Feed the Children ရဲ့ ပထမဆုံး Trailer ထွက်လာပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဇွန်ဘီသရဲကားနဲ့ Hansel and Gretel ပုံပြင်ကို ရောထားသလို ကြောက်စရာကောင်းတဲ့ ပုံစံမျိုးဖြစ်နေတာမျိုးတွေ့ရပါတယ်။
Trailer ထဲမှာတော့ ဆယ်ကျော်သက်တစ်စုဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် “မိဘတွေ၊ ဆရာတွေ၊ မိသားစုတွေ အကုန်သေဆုံးသွားပြီဖြစ်တဲ့” ကမ္ဘာပျက်ကြီးထဲမှာ လှည့်လည်သွားလာနေတဲ့ ပုံစံနဲ့ စထားပါတယ်။ ဒီဗိုင်းရပ်စ်က လူကြီးတွေကိုပဲ ထိခိုက်တာဖြစ်ပြီး၊ အသက်ရှင်ကျန်နေတဲ့ လူကြီးတွေက ဒီဗိုင်းရပ်စ်အတွက် ကလေးတွေကို အပြစ်တင်ကြပါတယ်။
နောက်တော့ ဆယ်ကျော်သက်တစ်ယောက် ဒဏ်ရာရသွားတဲ့အခါ သူတို့အဖွဲ့မှာ ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်မှာ ခိုလှုံဖို့ကလွဲလို့ နည်းလမ်းမရှိတော့ဘူး။ အဲ့ဒီနောက်ဘာတွေဖြစ်သွားမလဲ။
ဒီထူးဆန်းတဲဲ့ အမျိုးသမီးက သူတို့ ဆယ်ကျော်သက်တွေကို Hansel and Gretel ပုံပြင်ထဲကလို မုန့်တွေကျွေးပြီး စုန်းမကြီးလို စားလိုက်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
Destry Allyn Spielberg က ဒီလိုသရဲကားကို သူ့ရဲ့ပထမဆုံး ရုပ်ရှင်အဖြစ် ရွေးချယ်ခဲ့တာက စိတ်ဝင်စားစရာပါပဲ။ ဘာလို့ဆို သူက ဒါရိုက်တာကြီး Steven Spielberg ရဲ့ သမီးဖြစ်နေပြီး၊ သူ့အဖေက Jaws ကလွဲလို့ သရဲကားတွေသိပ်မရိုက်တဲ့သူလည်းဖြစ်လို့ပါပဲ။
ဆိုတော့ ဒီဇာတ်ကားက စိတ်ဝင်စားဖို့ကောင်းပြီး ကမ္ဘာပျက်တဲ့ပုံစံံမျိုးတွေလုပ်ထားတာကနေ လူငယ်တွေ Survive လုပ်ရမယ့်ပုံစံမျိုးဆိုတော့ ကြည့်လို့ကောင်းမှာပါပဲ။
Please Don’t Feed the Children ကိုတော့ Tubi မှာ ဇွန်လ ၂၇ ရက်နေ့စတင်ပြသသွားမှာဖြစ်ပါတယ်။

image
1 y - Translate

ငှက်ဆိုး... တဲ့လား
🦤🦤🦤🦤🦤🦤
ဪ .. .. ..
သူကျမှ . . . ငှက်ဆိုးတဲ့လား...
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ငှက်မျိုးစိတ်စုစုပေါင်း ၁၂၀၀ ကျော်ခန့် ရှိတယ်လို့ ဆိုပါတယ် ။
အဲ့လောက်များတဲ့ ငှက်အမျိုးတွေထဲမှာမှ...
သူ့ကျတော့မှပဲ ငှက်ဆိုးလို့ အမည်တွင်လေရတယ် ။
ဘာဖြစ်လို့ပါလဲ..🙂
ဒီနေရာမှာ တိုတိုတုတ်တုတ်နဲ့ တည့် (ဒဲ့) အမှန်သာပြောရရင်ဖြင့် . . .
အဲ့ငှက်ကို ငှက်ဆိုးလို့သာ... အများက ထင်နေကြတဲ့ကိစ္စဟာ... တကယ်တော့ဖြင့်...
အချက်မသိတော့... သမက်ကို...သူခိုးလို့ ထင်နေကြတာပါပဲ။
ထပ်ဆောင်းပြောရရင်... တကယ်ဆို... အဲဒီသမက်က ရိုးရိုးသမက်တောင်မဟုတ်ဘူး။
ရွှေသမက်... ငွေသမက်ပါပဲဗျာ၊၊
ကဲ ဒီလိုဆိုရင် အဲဒီ ရွှေသမက်ငွေသမက် အကြောင်းကို.... ဖွေရှာကြည့်ကြရအောင်။
အဲဒီငှက်ဆိုးရဲ့ နာမည်ရင်းကတော့ လင်ကောင်ပိုးငှက် { သို့မဟုတ် } မိန်ငှက်ဆိုတာပါ ၊၊
{ Barn Owl } ပေါ့နော် ၊၊
သူ့မှာ ငှက်ပင်ဖြစ်လင့်ကစား...
အခြားကျေးငှက်တွေနဲ့မတူတဲ့..
ထူးခြားတဲ့ မျိုးရိုးအရ ဖြစ်ပေါ်လာရတဲ့..
မျက်နှာသွင်ပြင်အနေအထားနဲ့..
စူးစူးဝါးဝါးအော်မြည်တတ်တဲ့
သူ့ရဲ့ မူလဗီဇ စရိုက်တွေကြောင့်...
ငှက်ဆိုးဆိုပြီး အမည်ရလာတာဖြစ်နိုင်ပါတယ်..။
အော်တဲ့အသံတွေကိုလည်း ကြည့်ပါဦး ။
နေဝင်ရီတရောအချိန်..အပုပ်ချိန်လောက်မှာ...
လူနေအိမ်ခြေတွေနားက သစ်ပင်ပေါ်တွေမှာ... တခါတရံတော့ ပျံရင်းသန်းရင်းမှာ . . .
သူတို့ရဲ့ စူးစူးရှရှဆိုးဝါးတဲ့အသံကြီး " ဂီး " " ဂီး " လို့
ကျယ်လောင်တဲ့အသံနဲ့ အော်မြည်သံတွေက...
လူမမာ နေ့မကူးပဲ ... ဒီညပဲ ကောက်ခါငင်ခါ.. သေမဲ့နိမိတ်နဲ့...
အခြားသောဆိုးဝါးတဲ့နိမိတ်တွေကို...
ကြိုတင်ပြတဲ့အတိတ်လက္ခဏာတွေပဲလို့..
ရှေးပဝေသဏီကတည်းက စွဲလာတဲ့
အယူအဆတွေ ယုံကြည်ချက်တွေကြောင့်... ယခုထက်တိုင် အများရဲ့အမြင်မှာတော့..
လင်ကောင်ပိုးငှက်ဟာ ငှက်ဆိုးဖြစ်နေရခြင်းပါပဲ၊၊🥲
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
အထက်ကပြောခဲ့တဲ့ အသံကြောင့်တင်ပဲ... ငှက်ဆိုးလို့ အမည်တွင်ခဲ့သလားဆိုတော့လည်း... မဟုတ်ပြန်သေးပါဘူး ။
သူ့ရဲ့ မျက်နှာနဲ့ ရုပ်ရည်ပုံသဏ္ဌာန်ကလည်း ငှက်ဆိုးလို့အမည်တွင်စေဖို့အတွက် ကုန်းဆင်းမှာ ကူပြီးတွန်းချဆိုသလို... အားပေးအားမြှောက်ဖြစ်စေခဲ့ပါတယ် ၊၊
ညလယ်ခေါင်မှာ မမျှော်လင့်ပဲ...
ထိပ်တိုက်ကြုံတွေ့လိုက်ရရင်ဖြင့်...
သူတို့ရဲ့ မျက်နှာသွင်ပြင်ဟာ...
သရဲတစ္ဆေ ပုံပန်းသဏ္ဌာန်လိုမျိုး...
နောက်ပြီး စူးရှတဲ့ အနက်ရောင်မျက်လုံးတွေ...
ဒါ့အပြင် ညသန်းခေါင်မှာ ငှက်ဆိုးကို တကိုယ်လုံးဖြူနေတာမျိုး မြင်တွေ့ရတာဟာဖြင့်... သရဲခြောက်နေတဲ့ မြင်ကွင်းတွေလို မြင်တွေ့ရသလိုဖြစ်စေတယ်လို့လည်း ဆိုကြပြန်ပါတယ် ။
တချို့ကတော့ မျက်နှာဖုံးအဖြူရောင်တပ် သရဲဇီးကွက်လို့တောင် ရေးသားကြပါတယ် ၊၊
အဲ့ဒါတွေကတော့ဖြင့်...လင်ကောင်ပိုးဆိုတဲ့ငှက်ရဲ့...
မျက်နှာသွင်ပြင်အနေအထားတွေ...
ကိုယ်လုံးအရောင်အဆင်းတွေ...
သဘာဝကပေးထားတဲ့အတိုင်း သူ့ရဲ့ ပင်ကိုယ်အသံတွေ...
အဲဒီအချက်အလက်တွေအပေါ်ပဲ အမှီပြုပြီးတော့...အယူသည်းသမားတွေက...
ငှက်ဆိုးလို့ အမည်တပ်ပြီး တွေ့ရင်ခြောက်လှန့်မောင်းထုတ်၊ အသိုက်အမြုံတွေကို ဖျက်ဆီးကြပြီး...
လင်ကောင်ပိုးငှက်များကို ... ငှက်ဆိုးဘဝနဲ့သာ... ပြည်ဖုံးကားချလိုက်စေတဲ့အချက်တွေပါပဲ။
ကျွန်တော်အနေနဲ့ကတော့... ပြည်ဖုံးကားချလို့မရသေးပါဘူး ။☺️
ဆက်လက်ပြီးတော့...လင်ကောင်ပိုးငှက်တို့ရဲ့... စာမျက်နှာသစ်ကိုလှန်ရပါ့မယ် ။
မသိသူကျော်သွား... သိသူဖော်စားကြသူများအကြောင်းပါ ။
သူတို့တွေဟာ အဲဒီငှက်တွေရဲ့ မျက်နှာ၊ ကိုယ်လုံးအရောင်နဲ့ အသံတွေကို...
အရေးမထား ဂရုမစိုက်ကြပါဘူး ။
သူတို့ ဂရုစိုက်အလေးထားတာက...
အဒီငှက်တွေရဲ့ Behaviour လို့ခေါ်တဲ့ အပြုအမူ၊ အလေ့အကျင့်၊ အနေအထိုင်နဲ့ အစားအသောက်တို့ကိုပဲ ဖြစ်ပါတယ် ။
တိုတိုတုတ်တုတ်နဲ့ပဲ... ဇာတ်ရည်အမြန်လည်အောင်..
ဇာတ်အမြန်သိမ်းနိုင်အောင် ရေးရမယ်ဆိုရင်...
လင်ကောင်ပိုးတို့ရဲ့ အဓိကအစားအစာဟာ ကြွက်ဘဲဖြစ်ပါတယ်။🐀
အံ့ဖွယ်ကောင်းတာက လင်ကောင်ပိုး ၅ ကောင်ပါဝင်တဲ့မိသားစုတစ်စုဟာ မျိုးပွားရာသီတစ်ခုမှာ ကြွက် ၃ ထောင်ခန့်ကို စားပစ်နိုင်တယ်ဆိုကတည်းကိုက လင်ကောင်ပိုးငှက်တွေဟာ အမှန်တကယ်ထိရောက်တဲ့ ကြွက်နှိမ်နှင်း‌ရေး{ Rodent Control } သမားကောင်းတွေပါ ။
နည်းနည်းလေးဆက်တွေးမယ်ဆိုရင်...
အဲဒီကြွက်သုံးထောင်က စားပစ်မဲ့ (အမှန်ဆိုရင် ကျွန်တော်တို့စားရမဲ့) ကောက်ပဲသီးနှံတွေနဲ့...
ကြွက်သုံးထောင်က ကျွန်တော်တို့လူသားတွေကိုပေးမဲ့ ရောဂါဆိုးကြီးတွေ...
အဲဒါတွေကို လင်ကောင်ပိုး မိသားစုတွေက ဖယ်ရှားပေးခဲ့တာပါ။
ဒါတောင် လင်ကောင်ပိုးငါးကောင် မိသားစုတစ်စုစာကပဲ ... လူတွေနဲ့
သဘာဝပတ်ဝန်းကျင်ကိုပေးနေတဲ့ ဂေဟဗေဒစနစ်ဝန်ဆောင်မှု{ Ecological service } ပဲ ရှိပါသေးတယ် ။
နည်းနည်းဆက်ပြောရမယ်ဆိုရင်တော့...
အချို့သောနိုင်ငံကြီးများရဲ့ စပျစ်ခြံကျယ်ကြီးများနဲ့...စိုက်ပျိုးရေးခြံများမှာလည်း..
လင်ကောင်ပိုးများကို... ပိုးမွှားနှိမ်နှင်းရေးသမားတွေ { Pest control } အနေနဲ့ အသုံးပြုကြတယ်လို့မှတ်သားရမိပါတယ် ။
လင်ကောင်ပိုးငှက်များကို... သူတို့ဆီမှာတော့ လယ်ယာမြေငှက်လို့ အအမည်တပ်ကြပြီး..
သသူကောင်းပြုထား​ကြတာလည်း... ရှိကြပါတယ်။
အဲဒီအတွက်ကြောင့်...ကျွန်တော်တို့အားလုံး...
ရှေ့ဆက်လက်ပြီး ... ငှက်ဆိုးတွေကို တွေ့ပြီဆိုရင်
နှင်ထုတ် မောင်းထုတ်မလုပ်ကြဘဲ ခရီးဦးကြိုဆိုသင့်ကြောင်းပါ ခင်ဗျား ၊၊😍
အချိန်ပေးဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်းပါ။
ရေးသားသူ - #ဒေါက်တာမြင့်သိန်း(B.V.S)

image

ASMR MUKBANG convenience store store, FIRE Noodle, HOT DOG, GIMBAP, Tteokbokki EATING SOUND !

▪️ငါးသလောက် ကိုင်းခရမ်းချဉ်သီးအချဉ်ချက်လေး
-------------------------------------------------

✅အခုလို နွေရာသီလေးနဲ့ အရမ်းလိုက်ဖက်ပြီးစားကောင်း၊ထမင်းမြိန်စေတာဖြစ်လို့ ချက်စားကြည့်ဖို့ တိုက်တွန်းပါရစေ ချစ်တို့ရေ

👉 သန့်ရှင်းလတ်ဆတ်တဲ့ ရေချိုငါးပုဇွန်မျိုးစုံကို နေ့စဉ်မှာယူစားသုံးနိုင်သည့်အပြင် ၊ အသင့်ချက်ပြုတ်လိုသူများအတွက်လည်း စနစ်တကျကိုင်တွယ်၊သန့်စင်ပေးပြီး အိမ်အရောက်ရေခဲပုံးဖြင့် နေ့စဉ်ပို့ဆောင်ပေးတာဖြစ်လို့

👉ရန်ကုန်မြို့တွင်းရော
👉နယ်မြို့များပါမကျန် မှာယူစားသုံးနိုင်တဲ့အပြင်
👉စလုံး Customer များအတွက်လည်း စနစ်တကျထုတ်ပိုးအေးခဲပြီး ၊ Agent အပ်နှံပေးပါတယ်နော်

▪️ငါးသလောက်ဆူဆူတကောင်ကို သင့်တော်သလိုလေးတုံးပြီး ဆား၊နနွင်း၊အရသာမူန့် ၊မျှင်ငါးပိလေးနှင့်နယ်ထားပြီး ခဏနှပ်ထားလိုက်နော်

ငရုတ်ပု၊ဂျင်း၊ကြက််သွန်နီ၊ကြက်သွန်ဖြူ ကိုမညက်တညက်လေးထောင်းမယ်
ဆီပူလာတာနဲ့က်ုင်းခရမ်းချဉ်သီးလေးတွေ ခွဲစိတ်ထားတာထည့်ကြော်မယ် ၊အနည်းငယ်လေးတူးလာပြီဆို ခဏဆယ်ထားမယ်နော်

▪️ထောင်းထားတာတွေက်ို နာနာဆီသတ်မယ်
အရသာနယ်ထားတဲ့ ငါးထည့်လုံးမယ်
ရေလေးအနည်းငယ်ထည့်မယ်
အိုးလေးအသာလူပ်ပေးနော်
ပြီးရင် မန်ကျည်းရည်ထည့်မယ် ၊နောက်ပီး ခရမ်းချဉ်သီးကြော်ထားတာထည့်ပြီး ၊နံနံပင်အုပ်ရင် အရမ်းကို အရသာရှိတဲ့ ငါးသလောက်ကိုင်းခရမ်းချဉ်သီး အချဉ်ချက်လေးရပါပြီ ၊
အရသာရှိရှိ သုံးဆောင်လို့ ရပါပြီနော်

image

ကရင်မလေးက အစားလောက် မကြိုက်တဲ့သူ 😑

ရှယ် ရေချိုပုဇွန်ထုတိကြီးဆီပြန် ချက် 🦐
~~~~~~~~~~~~~~~~~~~~~~~~~~

1. ပထမဦးဆုံး ပုဇွန်ထုတ်ကို ဦးခေါင်းအခွံခွါ အညစ်အကြေးအိတ် ကို ပုဇွန်ဆီအနှစ်တွေမပေါက်အောင် အသာ​လေးခွါထုတိပါ

2. ကိုယ်ထည်အခွံခွါ ပီး အမြီးအဖျားလေးပဲချန်ထားပါ

3. ပုဇွန်လက်တံရှည်တွေ ဖြုတ်ပေးပါ

4. သံပုရာသီးလေး အနည်းငယ်ညှစ်ပေးပီး ပုဇွန်
ကို ပွတ်ပေးပါ ဒါမှ ပုဇွန်ထုတ်က မွှေးပီး ချက်ရင် အရောင်လေးလှပါတယ်

5. ဆားအနည်းငယ် နဲ့ ဆနွင်းလေး နည်းနည်းလေး ထည့်ပီး ၅ မိနစ်လောက် အရသာလေးဝင်အောင် နှပ်ထားပေးပါ

6. ကြက်သွန်အဖြူအနီ ကြိတ်ထားတာလေးကို ဆီလေးထည့် ပီး ဆနွင်းအနည်းငယ် ၊ အရောင်တင်မှုန့်အနည်းငယ် ထည့်ပီး မွှေးလာအောင်ဆီသတ်ပါ

7. ကြက်သွန်မွှေးလာရင် ခရမ်းချဉ်သီး အလုံးကြီး ၂ လုံးကို ပါးပါးလှိးပီး ကြေနေအောင်ထည့်ပီး လုံးချက်ပါ ၊ ပုဇွန်ငံပြာရည် အနည်းငယ် ထည့်ချက်ပါတယ် ပိုစား​ေကာင်းပါတယ်၊ခရမ်းချဉ်သီး အနှစ် ရပီဆိုရင် စောက နှပ်ထားတဲ့ ပုဇွန်ထုတိကို ထည့်လုံးပါ

8. ပုဇွန်ထုတိ အသားလေးတင်းသွားရင် ရေအနည်းငယ် ရေနွေးကြမ်းသောက် ပုဂံလုံး တလုံးစာထည်.ပီး အဖုံးလေး ခဏအုပ်ပေးပါ

9. ရေလေးခနိးပီး ဆီပြန်လာရင် နံနံပင် ၊ ငရုတ်သီးစိမ်းအုပ်ပီးမီးဖိုပေါ်က ချလို့ရပါပီ

❤️ အရမ်းကို မှ စားကောင်းတဲ့ ရှယ်ရေချိုပုဇွန်ထုတိဆီပြန်ဟင်းလေးရပီပေါ့ ❤️

image

ထောပတ်ရယ်ကြိတ်ထားတဲ့
ကြက်သွန်ဖြူ ကြက်သွန်မြိတ်တို့ကို
ရောနယ်ပါပေါင်မုန့်ကိုကြက်ခြေခတ်ပုံလှီးပြီး ထောပတ်သုပ်ပေးပါ Airfryerထဲ170 ဒီဂရီနဲ့
10မိနစ်လောက်ကင်ပေးပြီး စားလို့ရပါပြီ

image