40 w - Translate

Paleontologists have discovered a new species of dinosaur that was related to the infamous Tyrannosaurus rex.
https://abcnews.go.com/Interna....tional/new-dinosaur-

image
40 w - Translate

High above the National Mall, ABC News was granted exclusive access to a flyover where thousands are expected to gather to celebrate the Army's 250th birthday with a military style parade.
https://abcnews.go.com/Politic....s/secret-service-par

image
40 w - Translate

The Obama family marked Sasha Obama's 24th birthday this week with a celebratory and rare family photo.
https://www.goodmorningamerica.....com/culture/story/f

image
40 w - Translate

#ပြည်တွင်းသတင်း
◼ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကမ္ဘောဇကယ်ဆယ်ကူညီထောက်ပံ့ရေးစင်တာဖွင့်လှစ်
ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကမ္ဘောဇကယ်ဆယ်ကူညီထောက်ပံ့ရေးစင်တာကို မန္တလေးမြို့၌ ဖွင့်လှစ်ထားကြောင်း KBZ Center မန္တလေး၏ထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအား ကာလရှည်ကူညီထောက်ပံ့နိုင်ရန်ရည်ရွယ်၍ ယမန်‌နေ့ (ဇွန် ၁၀ ရက်)တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ (၇၃) လမ်း၊ (၁၁၀) လမ်း၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ KBZ ဖောင်ဒေးရှင်းမှငလျင်ဘေးအတွက် ငွေကျပ် ၄၅ ဘီလျံ ကနဦး မတည်လှူဒါန်းထားသည့်အနက် ငလျင်ဘေးသင့်ပြည်သူများအား အနည်းဆုံးတစ်နှစ်မှငါးနှစ်အထိ ရေရှည်ကူညီပေးနိုင်မည့် KBZ Center မန္တလေးကို ကနဦးအနေဖြင့်ငွေကျပ် ၃၀ ဘီလျံအသုံးပြုကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းစင်တာတွင် Call Center မှတစ်ဆင့် အကူအညီတောင်းခံနိုင်မည့် ထောက်ပံ့လှူဒါန်းရေးစင်တာ၊ အခမဲ့စားသုံးနိုင်မည့် နေ့လယ်စာ၊ ညစာထမင်းစားဆောင်၊သောက်ရေသန့်နှင့် သုံးရေအခမဲ့ ဖြန့်ဖြူး ပေးခြင်း၊ အခမဲ့အသုံးပြုနိုင်မည့် ရေချိုးခန်း၊ အိမ်သာနှင့်အဝတ်လျှော်စက်များစီစဉ်ထားရှိခြင်းနှင့် အခမဲ့ အသုံးပြုနိုင်မည့် LPG Gas မီးဖိုဆောင်များပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင်ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် စိတ်ကျန်းမာရေးအပါအဝင် လူနာ ၇၀၀ ခန့်အား နေ့စဉ်အခမဲ့ကုသပေးနိုင်မည့် ဆေးကုသခန်းများလည်းပါဝင်ကြောင်းသိရသည်။
“အထွေထွေရောဂါနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတယ်။ ငလျင်ဒဏ်ကြုံတွေ့ပြီးတော့ မိသားစုတွေ၊ အသက်တွေအိုးအိမ်တွေပျက်စီးဆုံးရှုံးရတဲ့လူတွေလည်းရှိတယ်။ ဒီလူတွေရဲ့ စိတ်ထဲမှာရနေတဲ့ စိတ်ဒဏ်ရာတွေအတွက်လည်း စိတ်ရောဂါအထူးကုဆရာဝန်တွေလည်းရှိပါတယ်။ သတ်မှတ်ချက် ကတော့ တကယ်ဒုက္ခကြုံတွေ့နေတဲ့၊ သဘာဝဘေးကြုံတွေ့နေတဲ့လူတွေဖြစ်ဖို့ကတော့ အရေးကြီးဆုံး အချက်ပေါ့။ ပြီးတော့ဆေးခန်းကိုလာပြတဲ့ ဆရာဝန် ကြည့်ရှုတဲ့စရိတ်လည်း အကုန်အခမဲ့ပဲ။‌ ဆေးပေးတာအပါအဝင်အခမဲ့ပဲ။ တကယ်လို့ လိုအပ်လို့ဆိုရင် X-ray၊ Ultrasound၊ ECG ဒီလိုအခြေခံ စစ်ဆေးမှုတွေလည်း အကုန်အခမဲ့ပဲ” ဟု KBZ Medical Team မှတာဝန်ခံဒေါက်တာ ထွေးသီရိကျော်ညွန့်က ပြောသည်။
KBZ Center မန္တလေးတွင် ငလျင်ဘေးသင့်ပြည်သူများ အိမ်ယာအမြန်ဆုံးတည်ဆောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများလည်ပတ်နိုင်ရန် KBZ Bank ၏သီးသန့် Home Loan အထူးချေးငွေဌာန (နှစ်ရှည်)၊ အထူးချေးငွေဌာန (SME အလျင်အမြန်) နှင့် Corporate Loan ထုတ်ချေးမှုတို့ တစ်ပါတည်း ထည့်သွင်းထားပြီး Center တွင် ဘဏ်ဝန်ဆောင်မှုများကို အမြန်ဆုံးနှင့်အထိရောက်ဆုံးဖြစ်စေရန် ကောင်တာများဖွင့်၍ ဆွေးနွေးပေးခြင်း၊ သတင်းအချက်အလက်များရယူ၍ လျှောက်လွှာ လက်ခံရယူ ပေးပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်၍ ဘဏ်ခွဲများမှတစ်ဆင့် ချေးငွေများအမြန်ထုတ်ချေး ပေးမည်ဖြစ်ကြောင်း၊ KBZ Pay Center၊ KBZMS General Insurance၊ KBZ Life Insurance တို့မှလည်း စင်တာများတွင် ဝန်ဆောင်မှုများပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - KBZ Center Mandalay

image
40 w - Translate

စကားများရန်ဖြစ်တာကို မကျေနပ်လို စာရေးကို နေ့စားရုံးအကူက ဓားနဲ့ထိုးသတ်
******************
စကားများရန်ဖြစ်တာကိုမကျေနပ်တာကြောင့် စစ်ရှောင်တွဲဖက်တာဝန်ထမ်းဆောင်နေတဲ့ ရုံးစာရေးကို မြို့နယ်ထွေအုပ်ရုံးအကူက ဓားနဲ့ထိုးသတ်မှု မရမ်းကုန်းမြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့မှာ ဒီနေ့ ဇွန်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ယခင်ရက်က စကားများရန်ဖြစ်တာကိုမကျေနပ်တာကြောင့် သံတွဲခရိုင်ထွေအုပ်ရုံးကနေ မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးမှာ စစ်ရှောင်တွဲဖက်တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်မြင့်မြတ်(၃၆နှစ်)ကို တစ်ရုံးတည်းနေ နေ့စားရုံးအကူ ဦးကျော်စိုးမင်း(၅၃နှစ်) က ဓားနဲ့ထိုးသတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

နေ့စားရုံးအကူက သေဆုံးသူရဲ့ ယာဘက်ရင်အုံကို ဓါးနဲ့ထိုးသွင်းခဲ့တာကြောင့် နေရာတွင် သေဆုံးခဲ့ရပြီး တရားခံမှာထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

image
40 w - Translate

မြန်မာ့ကုန်ထုတ်လုပ်မှု ဦးစိုက်နေ

မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှု ဦးစိုက်နေခြင်းက မေလအထိ တိုးချဲ့လာနေကြောင်း လန်ဒန်အခြေစိုက် စီးပွားရေးဆိုင်ရာ သုတေသနအဖွဲ့ S&P Global ရဲ့ ဇွန်လထုတ် မြန်မာထုတ်လုပ်မှု PMI စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ထုတ်လုပ်ရေးကဏ္ဍအတွင်း လုပ်ငန်းလည်ပတ်မှုအခြေအနေတွေဟာ မေလမှာ ပိုမိုယိုယွင်းလာခဲ့ပြီး ဝယ်လိုအားပိုမိုဆိုးရွားမှုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ထုတ်လုပ်မှုအဆင့်တွေ လျှော့ချခဲ့ရတယ်လို့ ဆိုပါတယ်။
ဧပြီလမှာ ကြုံတွေ့ခဲ့ရတဲ့ ငလျင်နဲ့သက်ဆိုင်တဲ့ အနှောက်အယှက်တွေနဲ့ နိုင်းယှဉ်ရင် ထုတ်လုပ်ရေးနဲ့ အလုပ်အသစ် နှစ်မျိုးစလုံးမှာ လျော့ကျနှုန်းတွေ ဆက်ရှိနေခဲ့ပါတယ်။
ငွေကြေးဖောင်းပွမှုဖိအားတွေက မေလမှာ သက်သာလာခဲ့ပြီး ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ သယ်ပို့စရိတ်မြင့်မားခြင်းက အသုံးစရိတ်တွေကို ပိုမိုများပြားစေကြောင်း လုပ်ငန်းကြီးအချို့က မှတ်ချက်ပြုကြပါတယ်။
“ဝယ်လိုအားဆက်လက်ကျဆင်းမှုက ကုန်ကျစရိတ်ဖိအားတွေကို သက်သာစေခဲ့ပါတယ်”လို့ S&P Global မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောပါတယ်။
ကုန်ထုတ်လုပ်ငန်းကြီးတွေဟာ မေလမှာ လုပ်သားအင်အားစု အရေအတွက်ကို ထိန်းထားနိုင်ဖို့ ထပ်မံရုန်းကန်ခဲ့ရပြီး မတည်မငြိမ်ဖြစ်နေတဲ့ အလုပ်သမားဈေးကွက်တစ်ခုကို ညွှန်ပြနေကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံတစ်ဝန်းက ထုတ်လုပ်သူတွေအနေနဲ့ လာမယ့်နှစ်မှာ ထုတ်လုပ်ရေးအပေါ် အကောင်းမြင်တဲ့ သဘောထားကို ဆက်လက်ပြသခဲ့ကြပြီး ယုံကြည်မှုအဆင့်က အရင်လနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်အားကောင်းလာခဲ့တယ်လို့ သိရပါတယ်။

image
40 w - Translate

ရခိုင်တိုင်းရင်းသားများပါတီရဲ့ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို UEC ခွင့်ပြု

(ပြည်တွင်း) ဇွန် ၁၂
ရွေးကောက်ပွဲဝင်ရောက်ပြိုင်ရန် ပါတီတည်ထောင်ခွင့်လျှာက်ထားလာတဲ့ ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) ရဲ့ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိသဖြင့် ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတည်ထောင်ခွင့် လျောက်ထားချက်ကို ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့်ရခိုင်တိုင်းရင်းသားများပါတီ(Rakhine National ities Party) အနေနဲ့ ခွင့်ပြုချက်ရရှိတဲ့နေ့မှစပြီး ရက်ပေါင်း ၃၀ အတွင်း ပါတီမှတ်ပုံတင်လျောက်ထားရမှာ ဖြစ်ပါတယ်။ ဇွန်လ ၉ ရက်အထိ ပါတီတည်ထောင်ခွင့် လျှောက်ထား လာတဲ့နိုင်ငံရေးပါတီ ၁၇ ပါတီကို တည်ထောင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရပါတယ်။

အဆိုပါ ပါတီတည်ထောင်ခွင့်ပြုထားတဲ့ ပါတီများအနက် ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်တဲ့ ချင်းပြည်သစ် ကွန်ကရက်ပါတီမှ ဇွန်လ ၉ ရက်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားတဲ့ နိုင်ငံရေး ပါတီ ၁၆ ပါတီအနက် ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုထားပြီး ကျန်ရှိနေသည့် ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ရွေးကောက်ပွဲကော်မရှင်က စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

image

ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုဆိုင်ရာ သတိပေးချက်ထုတ်ပြန်

(နိုင်ငံတကာ) ဇွန် ၁၂
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဇွန်လ ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရသည်။ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီတွင် ကူမာမိုတို စီရင်စုရှိ အေမာကူဆာမြို့တွင် မိုးရေချိန် ၃၈ မီလီမီတာရွာသွန်းခဲ့ပြီး အိုအီတာစီရင်စုရှိ ကူဆုမြို့တွင် မိုးရေချိန် ၃၄ မီလီမီတာ ရွာသွန်းခဲ့သည်။

၎င်းမိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် ဖူကူအိုကာနှင့် အိုအီတာစီရင်စုအပါအဝင် ဒေသအများအပြားတွင် မြေပြိုမှုများဖြစ်နိုင်ကြောင်း သတိပေး ချက်ထုတ်ပြန်ခဲ့သည်။

ဆာကာ၊ နာဂါဆာကီနှင့် ကူမာမိုတိုစီရင်စုများတွင် လက်ရှိအချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းနေသည်။ နိုင်ငံအရှေ့ပိုင်းနှင့်နောက်ပိုင်းဒေသများတွင် မိုးကြိုးပစ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းနိုင် ကြောင်း တာဝန်ရှိသူများက သတိပေးချက်ထုတ်ပြန်ခဲ့သည်။

လာမည့်တစ်ရက်အတွင်း ကျူရှူးဒေသမြောက်ပိုင်းတွင် မိုးရေချိန် ၁၈၀ မီလီမီတာ၊ ကျူရှူး ဒေသ တောင်ပိုင်းနှင့် ချိုဂိုကူဒေသတွင် မိုးရေချိန် ၁၂၀ မီလီမီတာ အသီးသီးရွာသွန်းနိုင်ပြီး ကျူရှူးဒေသမြောက်ပိုင်းတွင် မြေပြိုမှုနှင့် မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ကန်တို-ကိုရှင်ဒေသနှင့် ဟိုကူယီကူဒေသများတွင် လာမည့်ရက်များအတွင်း မိုးတိမ်များဖြစ်ပေါ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဖြစ်လာနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဂျပန်နိုင်ငံရှိ ဒေသများတွင် မိုးရာသီ အချိန်စောစွာ ကျရောက်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

image

ကုန်သွယ်ရေးတင်းမာမှုလျော့ပါးရေး မူဘောင်တရပ် အမေရိကန်နဲ့ တရုတ်သဘောတူ

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးတင်းမာမှုတွေ လျော့ပါးရေးအတွက် မူဘောင်တရပ်ကို သဘောတူခဲ့ကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။
သဘောတူညီချက်ဟာ အမေရိကန်နဲ့ တရုတ်တို့အကြား လန်ဒန်မှာ နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ခေတ်မီနည်းပညာထုတ်ကုန်တွေမှာ အရေးပါတဲ့ မြေရှားသတ္တုတင်ပို့ရေး ကန့်သတ်ချက်တွေဟာ အစည်းအဝေး၌ အဓိကအကြောင်းအရာအဖြစ် ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဂျီနီဗာမှာ ပြုလပ်တဲ့ ဆွေးနွေးပွဲပြီးနောက် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ အခွန်တိုးမြှင့်ကောက်ခံတွေကို ယာယီဖြေလျှော့ဖို့ သဘောတူခဲ့ကြပြီး နောက်ပိုင်းမှာတော့ သဘောတူညီချက်ကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲခဲ့ပါတယ်။
သဘောတူညီချက်မူဘောင်ဟာ မြေရှားသတ္တုအပါအဝင် ရှားပါးသတ္တုများ တင်ပို့ခြင်းအပေါ် ကန့်သတ်ထားခြင်းကို ဖြေရှင်းသင့်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝပ်လပ်နစ်ခ်က ပြောဆိုပါတယ်။
ဒီမူဘောင်ကို နှစ်နိုင်ငံသမ္မတတွေဖြစ်တဲ့ ဒေါ်နယ်ထရန့်နဲ့ ရှီကျင်းပင်တိုကို တင်ပြသွားမှာဖြစ်ပြီး ခေါင်းဆောင်တွေ အတည်ပြုချက် ရယူဖို့ လိုအပ်သေးတယ်လို့ ကုန်သွယ်ရေးဆွေးနွေးပွဲ ကိုယ်စားလှယ်တွေက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရာထူးတက်လာပြီးနောက် အမေရိကန်ဟာ ကမ္ဘာ့နိုင်ငံတွေအပေါ် အပြန်အလှန်စည်းကြပ်ခွန်တွေ ကောက်ခဲ့ပြီးနောက် အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေပါတယ်။
Ref:BBC

image

လုံခြုံရေးစိုးရိမ်မှုတွေကြောင့် အီရတ်ရှိ အမေရိကန်သံရုံးဝန်ထမ်းတွေကို ပြောင်းရွေ့
ဘဂ္ဂဒက်၊ ဇွန်-၁၂-၂၀၂၅
မျိုးဆက်(VOM)
ဘဂ္ဂဒက်ရှိ မရှိမဖြစ်မဟုတ်သော အမေရိကန်သံရုံးဝန်ထမ်းတွေနဲ့ မိသားစုတွေကို အီရတ်ကနေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ညွှန်ကြားထားတယ်လို့ အမေရိကန်အစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီလိုပြောင်းရွှေ့ရမယ့် အကြောင်းရင်းကို အာဏာပိုင်တွေက အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် မကြာသေးခင်ရက်ပိုင်းက အီရန်နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ရပ်တန့်သွားပုံပေါ်တယ်လို့ ဆိုပါတယ်။
ဘဂ္ဂရှိ မိမိတို့ရဲ့သံရုံးဝန်ထမ်းတွေရဲ့ အခြေအနေကို အဆက်မပြတ်အကဲဖြတ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ နောက်ဆုံးအခြေအနေ ခွဲခြမ်းစိတ်ဖြာမှုတွေအရ အီရတ်ရှိ သံရုံးမစ်ရှင်ကို လျှော့ချဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ်။
ဒါဟာ အန္တရာယ်ရှိတဲ့ နေရာတခုဖြစ်နိုင်တာကြောင့် ပြောင်းရွှေ့ရတာဖြစ်ပြီး ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကပြောပါတယ်။
အီရန်နဲ့ အမေရိကန်တို့အကြာ ရက်သတ္တပတ်ကြာ ဆွေးနွေးမှုများပြီးနောက် သံရုံးဝန်ထမ်းတွေကို ပြောင်းရွေ့ဖို့ စီစဉ်လာတာဖြစ်ပြီး ဒေါ်နယ်ထရန့်ကတော့ အီရန်ရဲ့ နျူကလီးအစီအစဉ်ကို ရပ်တန့်ရေး သဘောတူညီချက်တရပ် မျှော်လင့်ထားပါတယ်။
ဒါပေမယ့်လည်း အီရန်ဟာ ယူရေနီယံသန့်စင်မှုတွေကို ရပ်တန့်နိုင်ခြေနည်းပါးတယ်လို့ ဒေါ်နယ်ထရန့်က မနေ့က ပြောပါတယ်။ ဆွေးနွေးပွဲမအောင်မြင်ဘူးဆိုရင် ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို လက်တုံ့ပြန်မယ်လို့ အီရန်ကာကွယ်ရေးဝန်ကြီးက သတိပေးထားပြီး အမေရိကန်ကလည်း စစ်ရေးအရ ရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

image