Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငါးဖယ်ခြစ်အစိမ်းချက်
ငါးတွေကိုအစိမ်းချက်ရင်ညှီတယ်လို့အချိုတွေကညည်းကြတယ်
တကယ့်နည်းစနစ်မှန်ကန်စွာချက်ပြုတ်မယ်ဆိုမညှီတဲ့အပြင်သန့်ရှင်းလတ်ဆတ်တဲ့အရသာကိုပါရရှိခံစားနိူင်သလို
ကျန်းမာရေးနဲ့လည်းပိုပြီးသင့်လျော်လှပါတယ်။
ငါးဖယ်ခြ၊စ်.................၁၀ကျပ်သား
ကြက်သွန်နီ.................၁လုံး
ကြက်သွန်ဖြူ................၅တက်
ခရမ်းချဉ်သီး................. ၅လုံး
ငရုတ်သီးစိမ်း............ ... ၅တောင့်ခန့်
နံနံပင်..........................အနည်းငယ်
ငါးဖယ်ခြ၊စ်ကိုစတီးဇလုံတစ်ခုအတွင်းထည့်ပါ။ ကြက်သွန်ဖြူနှစ်တက်လောက်နှင့်နံနံပင်အနည်းငယ်ကိုနုပ်နုပ်စ၊ဉ်းပြီးထည့်ပါ။
ဆား၊ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီးနယ်ပါ။နယ်နေရင်းလက်နဲ့ဆုပ်ကိုင်ပြီးဇလုံထဲသို့ပေါက်ချပေးပါ။
(ဒီလိုရို၊ က်နယ်မှသာငါးဖယ်အသားလေးတွေကျစ်ခဲသွားမှာပါ)
ဆီ (သို့ )ရေ (သို့)ငံပြာရည်လေးလူးပြီးမိမိနှစ်သက်သလိုပုံစံလေးပြုလုပ်ပါ။
ကြက်သွန်ဖြူ နှင့်ကြက်သွန်နီကိုရောထောင်းပါ။
ခရမ်းချဉ်သီး ကိုပါးပါးလှီးပြီးငရုတ်သီးစိမ်းကိုထက်ခြမ်းခွဲပါ။
ထောင်းထားသောအရောကိုဆီအနည်းငယ်နှင့်အတူဆီသတ်ပါ။
အနည်းငယ်နွမ်းလာလျှင်နနွင်းနှင့်အရောင်တင်မှုန့်ထည့်ပါ။ ခရမ်းချဉ်သီးတွေထည့်ပြီးအဖုံးခေတ္တအုပ်ပေးထားပါ။
ဆား(သို့)ငါးငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်ပေးပါ။
ရေခမ်း၊ဆီပြန်လာလျှင်နှံ့အောင်မွှေပေးပြီးရေအနည်းငယ်လိုက်ပေးပါ။
ပုံစံယူပြုလုပ်ထားတဲ့ငါးဖယ်ခြစ်ပြား(သို့) ငါးဖယ်ဆုပ်လေးတွေထည့်ပါ။ ထက်ခြ၊မ်းခွဲထားတဲ့ ငရုတ်သီးစိမ်းတွေထည့်ပါ။
ကျက်ပြီဆိုတာနဲ့မီးဖိုပေါ်မှချပါ။
( ငါးဖယ်ထည့်ပြီးအကြာကြီးမချက်ပြုတ်သင့်ပါ)
နံနံပင်လေးအုပ်ပေးပါ။
ချက်နည်း မေးထားတဲ့သူများ အတွက်
ကြက်သားတောချက် လို့ဘဲနာမည်ပေးရမယ်
ထိုင်း ( အီဆန်) ဟင်း တမျိုးပါ
ထူးခြားချက် က ငပိရည် ( သင်္ဘောသီး ထောင်းမာ ထည့် တဲ့ ငပိရည် မျိုးပါ
ကြက်သား
တောကြက် ပိုစားကောင်းပါတယ်
cp ကြက်သား လဲ ရပါတယ်
အသီးအရွက် ကတော့ မိမိ အိမ်အနီးအနား
ခြံ ထွက် ထည့်လို့ ရပါတယ်
စပါးလင်
ဂျင်း ( ပဲဒကော ) ရှိရင်ထည့်ပါ
ငရုတ်သီးစိမ်း / အနီ
ကြက်သွန်မြိတ်
ကြက်သွန်ဖြူ
စမြိတ်ရွက်
ရွှေဖရံသီးနု
ဗူးသီးနု
မှို
စသည့် ဖြစ် ထည့်နိုင်ပါ တယ်
စပါးလင် ၊ဂျင်း ၊ ငရုတ်သီး
က တော့ မထည့် လို့ မရပါဘူး
ရေကို ဆူအောင်တည့်ပြီး ကြက်သားထည့်ပါ
ဆား ကြက်သားမှုန့် အချို မှုန့် ကြိုက်ရင်ထည့်ပါ
ငပိရည် ထည့်ပါ
ချင့်ချိန် ပြီးထည့် ပါ
အနံ မွှေးမွှေး လေး ပါ
များ ရင်တော့ စားမကောင်းပါဘူး
မရှိရင် လဲ မထည့် ဘဲ ချက်စားနိုင်ပါတယ်
မြန်မာ ငပိရည်ကျို အရသာ ကောင်း တာ ထည့်နိုင်ပါတယ်
( တခါမှတော့ မချက်စားဖူးသေးပါဘူး)
အများကြီး တော့ မထည့်ပါနဲ့
စပါးလင် ဂျင်း ငရုတ်သီး
ကြက်သွန်ဖြူ ဓား ပြားရိုက်ထည့်ပါ
ကြက်သားနူး လာ ပြီ ဆို
အသီး အရွက် ပဲကြာဇံ ထည့် ပါ
အရသာ က တော့ အစမ် အရည်သောက်
လေးပါ
ခံတွင်းမြိန် ပါတယ်
ဆီ မပါတဲ့ ဟင်းပါ
အရသာ က အစမ် နဲ့ ငပိရည် အနံ့ လေး ပါတယ်
အငန် အရသာ ကို မြည်းကြည့်ပြီးမှ ထည့်ပါ
အိမ် ချက် စားတဲ့ ဟင်းမို့ အချိုးအစား နဲ့ မရေးပေး တော့ပါဘူး
အငန် ဆိုတဲ့ အရသာ ကို
မြည်း ကြည့်ပြီးမှ နောက် လိုအပ်မှ ထပ်ထည့်ပါ
ငန် သွားရင် ပြန်ပြင်ရ ခက် တာမို့
မိမိ ရဲ့ (လျှာ) အရသာခံ မြည်း ကြည့်ပါနော့
လို ရင်ဖြည့်
ပို ရင်နုတ်ရ ခက် ပါတယ်