တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်သစ်အဖြစ် လူဝင်စားပြန်ဖြစ်လာမယ်လို ဒလိုင်းလားမား အတည်ပြုပြောဆို 
******************* 
(နိုင်ငံတကာ) ဇူလိုင် ၄ 
သူ ပျံလွန်တော်မူပြီးတဲ့နောက် တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်သစ်အဖြစ် လူဝင်စားပြန်ဖြစ်လာမယ်လို ဒလိုင်းလားမားက မနေ့က အတည်ပြုပြောဆိုလိုက်တယ်လို့ သိရပါတယ်။ 
 
ဒီလိုမျိုး လူဝင်စားမယ့်သူကို အသိအမှတ်ပြုခွင့်ရှိတဲ့ တခုတည်းသော အဖွဲ့အစည်းကလည်း Gaden Phoderang Trust သာဖြစ်တယ်လို့လည်း သိရပါတယ်။ 
 
အဆိုပါအဖွဲ့အစည်းဟာ ဒလိုင်းလားမား အစဉ်အလာနှင့် အဖွဲ့အစည်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တည်ထောင်ထားတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပြီး အခုလိုမျိုး သူပြောဆိုခဲ့တာဟာ တရုတ်က ဒလိုင်းလားမားနေရာကို ဆက်ခံမယ့်သူကို ရွေးချယ်သွားမယ်လို့ ပြောဆိုခဲ့တာကို ဆန့်ကျင်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ 
 
တိဗက်ရိုးရာဓလေ့အရ ဒလိုင်းလားမားတစ်ဦး ပျံလွန်တော်မူပြီးရင် သူ့ရဲ့ ဝိဉာဉ်က ကလေးငယ်တစ်ဦးရဲ့ ခန္ဓာကိုယ်အတွင်းကို ပြန်လည်ဝင်စားတယ်လို့ ယုံကြည်ကြတာလည်း ဖြစ်ပါတယ်။
 
         
 
		  
		 
		 
		 
                