တိဘက် ဗုဒ္ဓဘာသာခေါင်းဆောင်  ဒလိုင်းလားမား လူပြန်ဝင်စားမယ်လို့ အတည်ပြု 
 
တိဘက် ဗုဒ္ဓဘာသာခေါင်းဆောင်  ဒလိုင်းလားမား က သူပျံလွန်တော်မူပြီးတဲ့နောက် တိဘက်ဗုဒ္ဓဘာသာ ခေါင်းဆောင်သစ်အဖြစ် လူဝင်စားပြန်ဖြစ်လာမယ်လို့ ဒလိုင်းလားမားက ဇူလိုင်၃ရက်နေ့က အတည်ပြုပြောဆိုလိုက်တယ် လို့ သိရပါတယ်။ 
 
လူဝင်စားမယ့်သူကို အသိအမှတ်ပြုခွင့်ရှိတဲ့ တခုတည်းသော အဖွဲ့အစည်းကလည်း Gaden Phoderang Trust အဖွဲ့သာဖြစ်ပါတယ်။ 
 
အဆိုပါအဖွဲ့အစည်းဟာ ဒလိုင်းလားမား အစဉ်အလာနှင့် အဖွဲ့အစည်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တည်ထောင်ထားတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ 
 
တိဘက် ဗုဒ္ဓဘာသာခေါင်းဆောင်  ဒလိုင်းလားမား လူပြန်ဝင်စားမယ်လို့ အတည်ပြု ဆိုခဲ့တာဟာ တရုတ်နိုင်ငံက ဒလိုင်းလားမားနေရာကို ဆက်ခံမယ့်သူကို ရွေးချယ်သွားမယ်လို့ ပြောဆိုခဲ့တာကို ဆန့်ကျင်ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။ 
 
တိဗက်ရိုးရာဓလေ့အရ ဒလိုင်းလားမားတစ်ဦး ပျံလွန်တော်မူပြီးရင် သူ့ရဲ့ ဝိဉာဉ်က ကလေးငယ်တစ်ဦးရဲ့ ခန္ဓာကိုယ်အတွင်းကို ပြန်လည်ဝင်စားတယ်လို့ ယုံကြည်လက်ခံထားကြတာ ယနေ့အချိန်ထိ ဖြစ်ပါတယ်။ 
July 4  
Credit....
 
         
 
		  
		 
                