နင်တို့ညီအစ်မ ရု- ပ်ချင်းဆ- င်တယ်နော်
မိမိတို့ be like :

image
27 ပတ် - ဘာသာပြန်ပါ။

◾️National Sales Manager - Yangon
Company: Delous
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24162

◾️Cashier - Yangon
Company: Seafood City Hot Pot
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/24161

◾️လက်ထောက်စာရင်းကိုင်/ စာရင်းအကူ - Mandalay
Company: Shwe Tatar Gold & Jewellery Group
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24160

◾️Senior Marketing Staff - Yangon
Company: Rain Flower Myanmar
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24159

image
27 ပတ် - ဘာသာပြန်ပါ။

◾️Salesforce Platform Developer Training Program - Yangon
Company: Coding Studio Myanmar
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24158

◾️Dress Room Staff - Yangon
Company: Love Diary Wedding Professional
Salary Range: MMK 200,000 - 300,000
https://joimyanmar.com/job/detail/24062

◾️Junior Service & Technician - Yangon
Company: Win Motor Myanmar (Car Showroom)
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24157

◾️GP/ Geography Teacher - Yangon
Company: KBTC Group of Companies Limited
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24156

image
27 ပတ် - ဘာသာပြန်ပါ။

◾️Crew - Yangon (Ahlon)
Love Diary Wedding Professional
https://www.joimyanmar.com/job/detail/24060

◾️Dress Room Staff - Yangon (Ahlon)
Love Diary Wedding Professional
https://www.joimyanmar.com/job/detail/24062

◾️Page Admin - Yangon (New Dagon North)
Nutrihana Diet Food
https://www.joimyanmar.com/job/detail/24089

◾️ELT Assistant Instructor - Yangon (Hlaing)
GETC English Language School
https://www.joimyanmar.com/job/detail/24078

image
27 ပတ် - ဘာသာပြန်ပါ။

◾️Sales Staff - Yangon (Pabedan)
EYE CARE CENTRE
https://www.joimyanmar.com/job/detail/23555

◾️Cash Collector - Yangon (Tamwe)
San Lwin Trading Co.,Ltd
https://www.joimyanmar.com/job/detail/23977

◾️Sales Representative - Yangon (Tamwe)
San Lwin Trading Co
https://www.joimyanmar.com/job/detail/23976

◾️Social Media Talent - Yangon (Ahlon)
Love Diary Wedding Professional
https://www.joimyanmar.com/job/detail/24061

image

#စက်သုံးဆီဈေးနှုန်း
ဒီတပတ် စက်သုံးဆီ ဈေးကွက်အတွင်းမှာတော့ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရေနံစိမ်းကလည်း တစည်ကို ၆၇ ဒသမ ၈၂ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
“အရှေ့အလယ်ပိုင်း ဒေသမှာ အစ္စရေးက အီရန်ကို တိုက်ခိုက်လိုက်တဲ့အတွက် တကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားလာနေတယ်။ ဒီရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာ့ရွှေနဲ့ ရေနံစျေးတွေ အတက်ဘက်ကို ဦးတည်နေတာ။ အစ္စရေး - အီရန် ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းက ရေနံတင်ပို့မှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက်ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဇွန် ၁၃ ရက် (သောကြာနေ့) မှာ ရေနံစိမ်းဈေးက ၇ ရာခိုင်နှုန်းကျော် ခုန်တက်ပြီး ဈေးပိတ်သွားတယ်။ ဒါကြောင့် ပြည်တွင်းက စက်သုံးဆီ ဈေးနှုန်းတွေလည်း အတက်ဘက်ကို ပြန်ရောက်လာတာ။ နောက်တပတ်မှာလည်း အတက်ဘက်ကို ဆက်သွားနိုင်ခြေ ရှိနေတယ်” လို့ ဈေးကွက်ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ ဒီတပတ်အတွက် ဆီရည်ညွှန်းဈေးကို ၉၂ ဓာတ်ဆီ တလီတာ ၂၈၅၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၉၁၅ ကျပ်၊ ဒီဇယ် တလီတာ ၂၄၁၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၉၉၀ ကျပ်ဆိုပြီး ဇွန် ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ တပတ်ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၈၄၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၈၉၅ ကျပ်၊ ဒီဇယ် တလီတာ ၂၃၇၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၉၅၀ ကျပ်ကျပ်ဆိုပြီး သတ်မှတ်ထားတာပါ။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၅ ကျပ်၊ ၉၅ တလီတာ ၂၀ ကျပ်၊ ဒီဇယ် တလီတာ ၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၄၀ ကျပ်နဲ့ အသီးသီး ဈေးပြန်တက်လာပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လျက်ရှိပါတယ်။

#နိုင်ငံခြားငွေလဲဈေးနှုန်း
လက်ရှိ နိုင်ငံခြား ငွေလဲဈေးကွက် အတွင်းမှာတော့ အမေရိကန်ဒေါ်လာအပြင် တခြားသော ငွေလဲ ဈေးနှုန်းတွေလည်း မြင့်တက်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ လတွေက ၄၄၃၀၊ ၄၄၄၀ ဝန်းကျင်မှာ အတက်အကျ ရှိနေခဲ့တဲ့ ‌ကန်ဒေါ်လာဈေးဟာ ဇွန် ၁၁ ရက်နေ့ကစလို့ ၄၄၅၀ ဝန်းကျင်နဲ့ အတက်ဘက်ကို စတင် ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဇွန် ၁၂ ရက်နေ့ မနက်ပိုင်းမှာ ကန်ဒေါ်လာဈေးဟာ ၄၄၇၀ ဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ပြီး အဲဒီနေ့ ညနေပိုင်းမှာတော့ ၄၅၁၀ ဝန်းကျင်ကို ထပ်မံ မြင့်တက်လာတာ တွေ့ရပါတယ်။ အဲဒီနောက်ပိုင်း တောက်လျှောက် မြင့်တက်လာတာမှာ လက်ရှိမှာတော့ တ‌ဒေါ်လာ ရောင်းဈေး ၄၅၆၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။
အခုလို ကန်ဒေါ်လာဈေးတွေ မြင့်တက်လာမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇွန် ၁၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်တ‌စောင် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အဲဒီ ကြေညာချက်မှာ ဗဟိုဘဏ်မှ ထုတ်ပေးထားတဲ့ တရားဝင် လိုင်စင်မရှိဘဲ နိုင်ငံခြား ငွေကြေးတွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်လျက်ရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ဖို့ အရှိန်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေး ဖော်ပြထားပါတယ်။
လက်ရှိ ငွေကြေးဈေးကွက် အတွင်း တခြားသော ငွေလဲဈေးတချို့လည်း ဈေးနှုန်း မြင့်တက်လျက်ရှိတာမှာ စင်္ကာပူဒေါ်လာ ၃၄၃၅ ဝန်းကျင်၊ တရုတ်ယွမ် ၆၂၆ ဝန်းကျင်၊ ထိုင်းဘတ် ၁၃၉ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၂ ဝန်းကျင်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ လက်ရှိမှာ နိုင်ငံခြား ငွေကြေးဈေးကွက် (FX Trading Platform) ကနေ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေကြေးတွေ ထုတ်ရောင်းပေးလျက်ရှိတာမှာ ငွေလဲနှုန်း ၅၄၈ ဒသမ ၂၄ ကျပ်နဲ့ တရုတ်ယွမ် လေးသိန်းကို ဇွန် ၉ ရက်နေ့မှာ ထုတ်ရောင်းပေးခဲ့တယ်လို့ ကြေညာထားပါတယ်။
ဒါအပြင် စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာတွေ ထပ်မံ ရောင်းချပေးမယ်လို့ ဇွန် ၁၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားပါတယ်။ ကန်ဒေါ်လာ ၃၂ သန်းကို ရောင်းချပေးမှာဖြစ်ပြီး ရည်ညွှန်း ငွေလဲနှုန်းကိုတော့ သီးခြား ဖော်ပြထားတာမျိုး မရှိပါဘူး။
ဆက်လက်ပြီး လက်ခစားစနစ် (CMP) ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၉၆ သန်းကိုလည်း ဗဟိုဘဏ်က ဇွန် ၁၁ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အဲဒီ ဇွန် ၁၁ ရက်နေ့မှာပဲ ငွေလဲနှုန်း ၅၄၈ ဒသမ ၂၄ ကျပ်နဲ့ တရုတ်ယွမ် နှစ်သိန်းကိုးသောင်းကျော်၊ ငွေလဲနှုန်း ၁၃၂ ဒသမ ၇၅ ကျပ်နဲ့ ထိုင်းဘတ် တသန်းကိုလည်း ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး ဗဟိုဘဏ်အနေနဲ့ ဇွန် ၁၃ ရက်နေ့မှာလည်း CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆၀ သန်းကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် ငွေလဲနှုန်း ၁၃၂ ဒသမ ၇၅ ကျပ်နှုန်းနဲ့ ထိုင်းဘတ် ၁ ဒသမ ၇၅၀ သန်းကိုလည်း ရောင်းချပေးခဲ့တယ်လို့ ကြေညာချက်တွေအရ သိရပါတယ်။

#ပြည်တွင်းရွှေဈေးနှုန်း
ဒီတပတ် ရွှေဈေးကွက်ထဲမှာတော့ ပြည်တွင်းရွှေဈေးတွေ ထပ်မံ မြင့်တက်လာပြန်ပါတယ်။ ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ ရွှေရည်ညွှန်း ဈေးနှုန်းတွေလည်း အတက်ဘက်ကို ရောက်လာတာ တွေ့ရပါတယ်။
YGEA အနေနဲ့ ရွှေရည်ညွှန်းဈေးတွေ ထုတ်ပြန်လျက်ရှိတာမှာ ဇွန် ၁၅ ရက်နေ့အတွက် သတ်မှတ်ဈေးကို ကျပ် ၅၉ သိန်းအဖြစ် ထုတ်ပြန်ထားပါတယ်။ ရက်ပိုင်းအတွင်း ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
ရွှေရည်ညွှန်းဈေးဟာ ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျပ် ငါးဆယ့်ရှစ်သိန်း နှစ်သောင်းဈေး သတ်မှတ်ထားတာပါ။ ဇွန် ၁၃ ရက်နေ့မှာတော့ ကျပ် ၅၈ သိန်းခွဲကို ရောက်ရှိလာပြီး ဇွန် ၁၄ ရက်နေ့မှာတော့ ကျပ် ငါးသောင်း ထပ်မံ မြင့်တက်လာကာ ၅၉ သိန်းကျပ်အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။
“ရွှေဈေးနှုန်းကတော့ တဖြည်းဖြည်းနဲ့တော့ ကွာတားရဲ့ဈေးနဲ့ ညီသွားမယ့်သဘောမှာ ရှိပါတယ်။ အခုကတော့ လေပက်ကား အရောင်းအဝယ် ဈေးတွေကြောင့် ပြင်ပဈေးတွေ မြင့်တက်လာတာပါ။ ဒါနဲ့ပတ်သက်လို့ တိုင်ကြားတာတွေလည်း ရှိလာတဲ့အတွက် တော်တော်များများ ခေါ်ယူစစ်ဆေးနေတာတွေ ရှိပါတယ်။ အဓိက ကတော့ လေပက်ကားကြောင့် ရွှေလောက က ပျက်နေတာပါ။ ဒါကြောင့် ခေါ်ယူစစ်ဆေးတာတွေကို သုံးကြိမ်လောက်အထိ ပြုလုပ်ပြီးပါပြီ။ လက်ရှိမှာလည်း ခေါ်ယူစစ်ဆေးခံနေရတာတွေ ရှိပါတယ်” လို့ ရန်ကုန်တိုင်းရွှေအသင်း တာဝန်ရှိသူက ပြောပါတယ်။
ဒါအပြင် ကျန်ရှိနေတဲ့သူတွေကိုလည်း ဒီနှစ်ထဲမှာ စာရင်းရှိတဲ့သူတွေကို စောင့်ကြည့်နေတဲ့ အခြေအနေတွေရှိတယ်လို့ ဆိုပါတယ်။ သူတို့တွေကိုလည်း တရားရုံး ရောက်တဲ့အခါ သက်သေ ခိုင်ခိုင်လုံလုံနဲ့ ရရှိအောင် ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။
“အဲဒါကြောင့် အဓိက ကတော့ မိမိဆိုင်မှာပဲ မိမိ လက်ငင်း အရောင်း၊ အဝယ်လုပ်ဖို့ ပန်ကြားချင်ပါတယ်။ ရောင်းတဲ့ပစ္စည်းကို ဟိုလမ်းကြား၊ ဒီလမ်းကြား ခေါ်ရောင်းတာ၊ ကားတွေပေါ်မှာ အရောင်းအဝယ် လုပ်တာတွေ၊ ဒါတွေအများကြီးလည်း ကျွန်တော်တို့ စာရင်း ရထားပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ပြင်ပဈေးကွက်မှာ အခေါက်ရွှေ ဈေးနှုန်းတွေဟာ တကျပ်သား ခုနစ်ဆယ့်ကိုးသိန်း ကိုးသောင်းဝန်းကျင်မှာ ရောက်ရှိနေပြီး သိန်း ၈၀ နီးပါးအထိ မြင့်တက်နေတာဖြစ်ပါတယ်။ အခုလို ရွှေဈေးနှုန်းတွေ တက်လာတာနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင် ၁၀ ယောက်ထက်မနည်း ခေါ်ယူစစ်ဆေး မေးမြန်းခံနေရတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးတွေလည်း မြင့်တက်နေပြီး ဇွန် ၁၄ ရက် (စနေ‌နေ့) မှာ ကမ္ဘာ့ရွှေ တအောင်စ ၃၄၃၃ ဝန်းကျင်နဲ့ ဈေးပိတ်ခဲ့တာ တွေ့ရပါတယ်။ ဇွန် ၉ ရက် (တနင်္လာနေ့) မှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ၃၃၀၈ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာဖြစ်ပြီး တပတ်အတွင်း တအောင်စ ၁၂၅ ဒေါ်လာ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

27 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်မြို့ကို တွဲဖက်တာဝန်နဲ့ရောက်လာတဲ့ ပညာရေးဝန်ထမ်းစစ်ရှောင်အချို့ နေစရာအခက်အခဲဖြစ်နေ
ဇွန် ၁၆ - ၂ဝ၂၅
KKO(VOM)
ရန်ကုန်မြို့ကို တွဲဖက်တာဝန်နဲ့ စစ်ဘေးရှောင်အဖြစ်ပြောင်းရွှေ့လာရတဲ့ ပညာရေးဝန်ထမ်းအချို့ ယခုကျောင်းဖွင့်ရာသီမှာ နေစရာအခက်အခဲတွေများစွာဖြစ်ပေါ်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက VOM ကို ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားရာဒေသ အသီးသီးက ပညာရေးဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်းကာလတွေကစလို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အစရှိတဲ့ မြို့နယ်အသီးသီးသို့ စစ်ဘေးရှောင်ပညာရေးမိသားစုတွေအဖြစ်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာတော့နေထိုင်စရာအခက်အခဲတွေဖြစ်ပေါ်နေတာဖြစ်တယ်လို့ သိရပါတယ်။
"စစ်ဖြစ်တဲ့ဒေသအသီးသီးကနေလာကြတဲ့ပညာရေးဝန်ထမ်းတွေပေါ့။သူတို့ကိုရန်ကုန်မြို့ကသက်ဆိုင်ရာကျောင်းတွေမှာတွဲဖက် တာ၀န်ချထားခဲ့ပေမယ့်အချို့သောမြို့နယ်တွေမှာ စစ်ဘေးရှောင်ပညာရေး ၀န်ထမ်းတွေအတွက်နေထိုင်စရာအခက် အခဲတွေကအတော်လေးဖြစ်နေတယ်။သူတို့ရဲ့ဝန်ထမ်းလစာနဲ့ ဆိုတော့အိမ်ငှားရမ်းပြီးမနေနိုင်ကြဘူး။အခုမြို့နယ်တခုမှာဆိုရင်တွဲဖက်တာ၀န်ကျတဲ့ကျောင်းအတွင်းမှာပဲနေထိုင်ဖို့သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေကိုမေတ္တာ ရပ်ခံပေမယ့်နေထိုင်စရာအဆင်မပြေမှုတွေကိုကြုံနေရတယ်လို့ ဆရာမတယောက်ကပြောပြလာတယ်။အဲဒီဆရာမဆိုရင်သူတို့က ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဘေးဒဏ်ကြောင့်ရန်ကုန်ကိုပြောင်းရွှေ့လာရတဲ့ပညာရေးဝန်ထမ်းမိသားစုပါ။ရခိုင်မှာရှိတဲ့အိုးအိမ်တွေအားလုံးထားခဲ့ရတယ်"လို့ ပညာရေးအသိုင်း အဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အစိုးကလည်းစစ်ဘေးရှောင်ပညာရေးဝန်ထမ်းတွေအတွက် ထောက်ပံ့ကြေးတွေလစဥ်ပေးနေပေမယ့် ဒါကလည်းလောက်ငမှုမရှိဘူးလို့ ဆိုပါတယ်။
"အစိုးရကလစဉ်တယောက်ကိုနှစ်သောင်းထောက်ပံ့ကြေးပေးတယ်။အဲဒါလည်းမလုံလောက်ကြပါဘူး။ဆင်ပါးစပ်နှမ်းပက်သလိုဖြစ်နေတယ်။သူတို့ရတဲ့လစာနဲ့ချိန်ထိုးကြည့်လိုက်ရင်နေစရာ၊ထိုင်စရာဆိုတာကလည်းရန်ကုန်ဈေးနဲ့ဘယ်ငှားနေနိုင်ကြပါ့မလဲ၊အောက်ခြေမြေပြင်မှာဒီလိုတွေဖြစ်နေတယ်"လို့ သူက ဆက်ပြီး ပြောပြပါတယ်။
လက်ရှိ ရန်ကုန်မြို့ရဲ့ အိမ်ငှားရမ်းခဈေးနှုန်းတွေဟာ မြို့စွန်ဆင်ခြေဖုံးရပ်ကွက်တွေမှာတောင် ပေ ၂ဝ ပတ်လည်တိုက်ခန်းတခန်းကို တလကိုငှားရမ်းခနှုန်းထားက ကျပ် တသိန်းခွဲလောက်ရှိနေပြီး အခန်းအမျိုးအစားနဲ့ အလွှာ၊ရပ်ကွက်နဲ့ လမ်းအပေါ်မူတည်ပြီး တလကိုကျပ်နှစ်သိန်းခွဲကနေ ကျပ်သုံးသိန်းအထိအိမ်ငှားရမ်းကနှုန်းထားတွေကရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
"အခုကာလမှာ အိမ်ငှားနေဖို့ဆိုတာကဝင်ငွေနည်းအခြေခံပြည်သူတွေအတွက်အတော်ကိုမလွယ်တဲ့ကိစ္စပါ။ဆင်ခြေဖုံးရပ်ကွက်တွေမှာတောင်အခုက အနည်းဆုံးအိမ်လခက အောက်ထိပ်နှစ်သိန်းပါပဲ၊ ဒါကအနည်းဆုံးဈေးပါ။နေရာ၊ရပ်ကွက်လမ်းအပေါ်မူတည်ပြီးအိမ်ငှားခတွေကအစားစားရှိပါတယ်။နောက်အိမ်ရှင်တွေကလည်းခြောက်လတခါ၊တနှစ်တခါအိမ်လခအမြဲတိုးတောင်းတယ်၊တက်တယ်။တိုးယူတယ်၊အဲဒီအခက်အခဲတွေကလည်းအိမ်ငှားတွေမှာအများကြီးရှိတယ်။နှစ်ပြည့်လို့အိမ်လခ ငါးသောင်း၊ တသိန်းအမြဲတက်တယ်။အိမ်ငှားတွေကလည်းတခါတခါ အိမ်စာချုပ်ချုပ်နိုင်ဖို့ အိမ်လခကိုအလျင်မီအောင်ရှာရတာပေးရတာအတော်မလွယ်တဲ့ကိစ္စပါ"လို့ ရန်ကုန်မြို့က အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်အတွင်းမှာတော့ မြန်မာနိုင်ငံတဝန်းမှာ စစ်ဘေးရှောင် ဒုက္ခသည် ၆ ဒဿမ ၆ သန်းအထိ ရှိလာပြီဖြစ်တယ်လို့ မြန်မာ့မဟာ ဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့ (Institute for strategy and policy Myanmar)က ထုတ်ပြန်ထားပါတယ်။
အဲဒီအစီရင်ခံစာအရ ပြည်တွင်းမှာ စစ်ဘေးရှောင် ၆ ဒဿမ ၆ သန်းအနက် ၄၂ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းမှဖြစ်ပြီး ဒုတိယအများဆုံးက ကရင်ပြည်နယ်မှဖြစ်ကာ စစ်ဘေးဒုက္ခသည် (၈)သိန်းအထိရှိနေသလို တတိယအများဆုံးက ရခိုင်ပြည်နယ်ဖြစ်ပြီး စစ်ဘေးရှောင် အရေအတွက်(၆) သိန်းကျော်အထိရှိနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှာစစ်ဘေးဒုက္ခသည် စုစုပေါင်း(၄)သိန်းကျော်အထိရှိနေတာဖြစ်တယ်လို့ ISP Myanmar က ဆိုပါတယ်။

image
27 ပတ် - ဘာသာပြန်ပါ။

ကညင်တပင်ကျေးရွာမှာ ကမ်းပါးပြိုကျလို့ ဒေသခံတွေ ဒုက္ခရောက်နေ
ဇွန် ၁၆ - ၂၀၂၅
SS (VOM)
ဧရာ၀တီတိုင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ဝက်လဟာအုပ်စု၊ ကညင်တပင်ကျေးရွာမှာ ငဝန်မြစ်ရေ မြင့်တက်ပြီး ကမ်းပါးပြိုကျမှု ထပ်မံ ဖြစ်ပေါ်လာတဲ့အတွက် ကျေးရွာနေ ရွာသူ၊ ရွာသားတွေဟာ ပြောင်းရွှေ့စရာ နေရာမရှိဘဲ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိ ကမ်းပါးပြိုကျမှု ဖြစ်နေတဲ့ ကညင်တပင်ကျေးရွာဟာ အိမ်ခြေ ၇၀၀ - ၈၀၀ ဝန်းကျင်ရှိတဲ့ ရွာကြီးတရွာဖြစ်တယ်လို့ သိရပြီး အခုလို ဖြစ်စဉ်မျိုး နှစ်တိုင်းဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မိုးရာသီအတွင်း ကမ်းပါးပြိုကျမှု ဖြစ်စဉ်မှာတော့ နေအိမ်တွေ အကုန်လုံး ပါသွားခဲ့ပြီဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် ကမ်းပါးပြိုကျတဲ့နေရာနဲ့ ကပ်ရပ် လယ်ကွင်းထဲနဲ့ ကားလမ်းထပ်ဖောက်တဲ့ နေရာတွေမှာ ကုလားဖျင် တဲလေးတွေထိုးပြီး လက်ရှိအချိန်အထိ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
“တချို့‌ ငွေကြေးတတ်နိုင်သူတွေကတော့ လယ်ကွက်ထဲတွေမှာ အိမ်လေးတွေဆောက်ပြီး နေကြတယ်။ ငွေကြေး မတတ်နိုင်တဲ့သူတွေ သုံးပုံ၊ နှစ်ပုံလောက်ကတော့ ဘယ်မှ မပြောင်းနိုင်ကြဘူး။ ကမ်းနဖူးမှာ သစ်ကလေးတွေ ပုံ၊ ဝါးလေးတွေပုံပြီး တဲလေးတွေထိုးပြီး ဆင်းဆင်းရဲရဲနဲ့ နေနေကြရတယ်။ အခု အဲဒီနေရာတွေကပါ ကမ်းပြိုလာပြီဆိုတော့ သွားစရာနေရာမရှိ၊ ဘာဆက်လုပ်ရမှန်းမသိနဲ့ ဒုက္ခ ရောက်နေကြရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ကညင်တပင်ကျေးရွာဟာ ညောင်ကျိုး - အင်္ဂပူ - ဟင်္သာတကို ဆက်သွယ်ထားတဲ့ ကုန်ထုတ်လမ်းပိုင်းနေရာ ဖြစ်ပြီး အဲဒီလမ်းကို တနှစ်တကြိမ် ပြန်လည် ထိန်းသိမ်းရလေ့ရှိပေမယ့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးချိန်ကစလို့ သေချာကြပ်မတ် ထိန်းသိမ်းမယ့်သူလည်း မရှိတော့တာကြောင့် ပိုဆိုးလာခဲ့တာလို့ သိရပါတယ်။
“အဲဒီလမ်းကို ဒေသခံတွေ၊ ကားသမားတွေကပဲ ကိုယ်ထူကိုယ်ထ ပြုပြင်နေရတာ။ ကမ်းပါးပြိုတာက နှစ်တိုင်းဖြစ်နေကျ‌ဆိုတော့ ဒီတနေရာပြိုရင် ဟိုဘက် လေး၊ ငါးတောင်လောက် လယ်ကို ကားသမားတွေက စုဝယ်ပြီး လမ်းလုပ်လိုက်ပြန်ရော။ အဲဒီကားလမ်းလေးနဲ့ နွေရာသီ လေး၊ ငါး၊ ခြောက်လ သွားကြပြန်ရော။ မိုးလည်းရွာလာရော အဲဒါ ပြိုသွားပြန်ရော။ နွေရောက်ရင် တခါပြန်ဝယ်နဲ့ အဲဒီလိုနဲ့ပဲ ဒီနှစ်နဲ့ဆို သုံးနှစ်ရှိနေပြီ” လို့ သူက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း ကမ်းပါးပြိုခဲ့စဉ်ကလည်း ကညင်တပင်တံတားပါ ပါသွားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက တံတားကို ထပ်မံ တည်ဆောက်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်မှာတော့ အဲဒီလမ်းပိုင်းကို ပြုပြင်ပေးမယ့်သူ မရှိ ဖြစ်ခဲ့ပြီး ကိုယ်ထူကိုယ်ထအပြင် အလှူရှင်တွေရဲ့ ငွေစုပေါင်း ထည့်ဝင်မှုနဲ့ လမ်းကို တဖြည်းဖြည်းချင်း နောက်ကိုရွှေ့ကာ ပြုပြင်နေရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာလည်း ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုနေတဲ့အတွက် ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ကစလို့ ကညင်တပင်ကျေးရွာ၊ မိုင်တိုင်အမှတ် (၇/၄) နဲ့ (၇/၆) အကြား အင်္ဂပူမြို့နယ်နဲ့ ညောင်ကျိုးဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းကို ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။
အဆိုပါ ငဝန်မြစ်ကမ်းပြိုကျမှုကြောင့် ကားလမ်းအကျယ် ၅ ပေခန့်သာ ကျန်ရှိတဲ့အတွက် မော်တော်ဆိုင်ကယ်တွေသာ သွားလာနိုင်ပြီး ကားကြီး၊ ကားငယ်တွေကိုတော့ ဇွန် ၁၃ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်ကစလို့ ခေတ္တယာယီ ပိတ်ထားတယ်လို့ သိရပါတယ်။
“ကားတွေက သွားမရဘူး။ ကားလမ်းပိတ်လိုက်ပြီ။ အန္တရာယ်ရှိတယ် ဆိုပြီးတော့။ ကားလမ်းပိတ်တော့ ညောင်ကျိုးကနေ အင်္ဂပူကို ဖြတ်ပြီးကာမှ ဟင်္သာတကို သွားရမှာဆိုတော့ ကားတွေကအခု မဲဇလီကုန်း၊ ထူးကြီးနဲ့ တခြားကျေးရွာတွေဘက်က လှည့်ထွက်တယ်။ အချိန်က တနာရီ ပိုကြာသွားတာပေါ့။ အဲဒါကြောင့် သွားလာစရိတ် အကုန်အကျတွေလည်း ပိုများလာတယ်။ နောက်ဆက်တွဲ ကုန်ဈေးတွေလည်း တက်လာနိုင်တယ်” လို့ ညောင်ကျိုးကျေးရွာက ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ကုန်စည် ပို့ဆောင်ရေးအတွက် မဲဇလီကုန်း၊ ထူးကြီးအပြင် ဆင်သေ၊ အိုးကွဲ၊ အင်းကောက် စတဲ့ ကျေးရွာလမ်းတွေကနေ ကားတွေကို ပတ်မောင်းပြီး သွားလာနေရသလို ရေလမ်းကတဆင့်လည်း ကုန်စည်ပို့ဆောင်မှု ပြုလုပ်နေရတယ်လို့ သူက ပြောပါတယ်။
“ရေလမ်းက နွေကတည်းက တောက်လျှောက် မော်တော်တစီးရှိတယ်။ တရက်ခြား မော်တော်ထွက်တယ်။ ကမ်းနားကုန်နဲ့ ပတ်သက်တာတွေကျ မော်တော်မှာတာပေါ့။ မြို့ထဲမှာ ဝယ်တဲ့သူကျ ကားနဲ့ပေါ့။ မော်တော်ကတော့ အစကတည်းကရှိတယ်။ ရေကျနေတုန်းကတောင် ငဝန်မြစ်အတိုင်း ဟင်္သာတကို ပြေးလို့ရတယ်။ အခု ရေတက်နေတော့ မော်တော်လမ်းက ပိုသာသွားတာပေါ့။ ကားလမ်းက မိုးတွင်းတိုင်းပျက်တာ။ သုံးမိုးတွင်း ရှိနေပြီ။ နွေကျတော့ ရေကအောက်ခြေမှာ ဆိုတော့ မပြိုတော့ဘူး၊ ရပ်သွားပြန်ရော” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
အဆိုပါလမ်းပိုင်းကနေ ကားတွေ သွားမရတဲ့အခါ အခုလိုပဲ တခြား ရွာလမ်းတွေဘက်ကနေ ကားကို ပတ်မောင်းနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“နောက်ပိုင်း မိုးများလာရင်တော့ ရွာတွေထဲကလည်း သူတို့လမ်းတွေ ပျက်မှာစိုးလို့ အဝင်မခံတာတွေ ဖြစ်လာနိုင်တယ်။ နှစ်တိုင်း ဒီပြဿနာက တက်နေတာပဲ” လို့ သူက ပြောပါတယ်။
ကမ်းပါးပြိုနေလို့ ယာယီ ပိတ်ထားရတဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လမ်းမကောင်းတော့ ကုန်စည်စီးဆင်းမှုကို ထိခိုက်တာပေါ့။ မိုးတွင်းဆို အကုန် ဒုက္ခရောက်ကြရတယ်။ အခုလည်း ဈေးထဲမှာ ကုန်စည်တချို့ နည်းနည်းချင်းစီ ဈေး စတက်လာပြီ။ ကြက်သွန်တွေလည်း ဈေးတက်တော့မယ်ဆိုပြီး ပြောနေကြတယ်။ ကုန်သည်တွေကတော့ သိတဲ့အတိုင်း ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းတခုခုပြပြီး ဈေးတက်ချင်နေကြတာ ဆိုတော့ အခုက တချို့ဈေးသည်တွေလည်း ဈေးတက်ဖို့ လေသံပစ်နေပြီ။ ပြည်သူတွေကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ခံဘက်ကပါပဲ။ ဒီတိုင်းတောင် ကုန်ဈေးနှုန်းတွေက တက်နေတာလေ။ ဒီလမ်းကြောင့် ဈေးထပ်တက်လာမှာကိုတော့ မဖြစ်စေချင်ဘူးပေါ့။ နိုင်ငံရေး အခြေအနေက မကောင်း၊ ကုန်ဈေးနှုန်းကလည်း အကျမရှိ ဆိုတော့ အကုန်လုံး ကိုယ့်အပူနဲ့ကိုယ် စိုးရိမ်နေကြရတာပါပဲ” လို့ သူက ပြောပါတယ်။

image