Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပိုင်းလော့ မလိုဘဲ ပျံနိုင်တဲ့ AI fighter jet ဆွီဒင်စမ်းသပ်
ဆွီဒင်မှာ AI agent နဲ့ မောင်းနိုင်တဲ့ နည်းပညာမြင့်တိုက်လေယာဉ် စမ်းသပ်တာ အောင်မြင်သွားပါတယ်။
တိုက်ပွဲဝင်ဂျက်လေယာဉ်တွေမှာ AI သုံးဖို့ တီထွင်နေတဲ့ ဆွီဒင်ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုအဖွဲ့ FMV ရဲ့ Project Beyond ထဲက စမ်းသပ်မှုပါ။ Gripen E ဖိုက်တာဂျက်မှာ Centaur ဆိုတဲ့ AI agent တပ်ပြီး ဘောလ်တစ်ပင်လယ်ပေါ် ဖြတ်မောင်းခိုင်းတာပါ။
test flight ကို သုံးခါ စမ်းပါတယ်။ လုံခြုံရေးအတွက် ယာဉ်ကို အချိန်မရွေး ထိန်းချုပ်နိုင်အောင် ပိုင်းလော့တစ်ယောက်တော့ ထည့်ပေးခဲ့ပါတယ်။ မေလ ၂၈ ရက်ကနေ ဇွန် ၃ ရက်အတွင်း ၃ ကြိမ် ပျံသန်းခိုင်းရာမှာ နောက်ဆုံးတစ်ကြိမ်ကို တခြား Gripen D လေယာဉ်တစ်စီးနဲ့ head-to-head တိုက်ပွဲပုံစံ ဖော်ဆောင်ခိုင်းခဲ့ပါတယ်။
အစမ်းပျံသန်းမှုတွေမှာ AI က ထူးချွန်တဲ့ ပိုင်းလော့တစ်ယောက်လို ရှုပ်ထွေးခက်ခဲတဲ့ လေကြောင်းပျံသန်းမှုတွေ လုပ်ပြနိုင်ခဲ့ပြီး ပျံနေတုန်းမှာ ရလာတဲ့ realtime data တွေကို AI စနစ်ထဲ ထည့်ပြီး တွက်ချက်နိုင်ပါတယ်။ တိုက်ပွဲပုံစံပျံသန်းမှုမှာဆို လေယာဉ်မှူးကိုတောင် လက်နက်ပစ်ခတ်ဖို့ အကြံပြုချက်တွေ ပေးခဲ့တာပါ။
ဒါတွေ မစမ်းခင်ကတည်းက Centaur AI ကို ကွန်ပျူတာပုံရိပ်ယောင်အစမ်းပျံသန်းမှု simulated flight hours နာရီ ၅ သိန်းကျော် လေ့ကျင့်ထားတာပါ။ ဒီ AI က နာရီပိုင်းလေးနဲ့ နှစ် ၅၀ အတွေ့အကြုံရှိတဲ့ ပိုင်းလော့တစ်ယောက်ရဲ့ experience ကို ရခဲ့တယ်လို့ ဆိုပါတယ်။
ဒီ AI ကို ထွင်တဲ့ ဂျာမန်ကာကွယ်ရေးကုမ္ပဏီ Helsing ကတော့ ခေတ်သစ်လေကြောင်းတိုက်ပွဲ လိုအပ်ချက်တွေနဲ့အညီ AI ကို လေ့ကျင့်ထားတာလို့ ပြောပါတယ်။ အခု စမ်းသပ်ချက်က ဆွီဒင်လေကြောင်းကုမ္ပဏီ Saab နဲ့ ဂျာမန်ကာကွယ်ရေးဆော့ဖ်ဝဲလ်ကုမ္ပဏီ Helsing တို့ ပူးပေါင်းစမ်းသပ်ချက်ရဲ့ ရလဒ်ပါ။
AI နည်းပညာကတော့ ပညာရေး ၊ ကျန်းမာရေး နဲ့ လုပ်ငန်းခွင်တွေကနေ စစ်ပွဲတွေထဲအထိ ရောက်လာတာ မြင်ရဖို့ ရှိပါတယ်။
မနက်ဖြန်တိုင်းအတွက် ရှင်သန်ပါ
အသက်ရှူသံတွေကို ကြားနေရသမျှ မနက်ဖြန်အတွက် ကျွန်တော်တို့ သန်မာကြရအောင် ။ “ ဘဝမှာ ငိုကြွေးခွင့်ရှိတယ် ။ ဒါပေမဲ့ ပြိုလဲခွင့်မရှိဘူး သူငယ်ချင်း ။ ပြီးတော့ ငါတို့ မနိုင်တဲ့ အရာတစ်ခုအပေါ်မှာ အရှုံးပေးခွင့်ရှိတယ် ။ ဒါပေမဲ့ ပျော့ညံ့စွာနဲ့ ငါတို့ ကျဆုံးခွင့်မရှိဘူး ။ မင်း ဘယ်လမ်းကိုသွားမလဲ ။ မင်းကြိုက်တဲ့လမ်းကို လျှောက်ခွင့်ရှိတယ် ။ ဒါပေမဲ့ လမ်းတော့ မပျောက်စေနဲ့ ။ ဘယ်လိုအရာမျိုးကိုမဆို မင်းမှာ စွန့်စားခွင့်ရှိတယ် ။ ဒါပေမဲ့
မအောင်မြင်တဲ့အခါတိုင်း မင်းရဲ့စွန့်စားခြင်းကို ရပ်တန့်မပစ်လိုက်ပါနဲ့ ။
တကယ်တော့ ဘဝဆိုတာ သေဆုံးဖို့အတွက် ရှင်သန်နေတာမဟုတ်ဘူး ။ ဒါကြောင့် ငါဟာ ဘယ်လိုဘဝမျိုးကိုပဲရောက်ရောက် ဆက်လျှောက်နေမှာပဲ ။ ဘယ်တော့မှ စိတ်ဓာတ်မကျဘူး ။ ဘယ်တော့မှ အားမငယ်ဘူး ။
#သံစဉ်သစ်