အလုပ်ကို နည်းနည်းပဲလုပ်ပြီး Result ကို များများ ရချင်သူလား ? ယနေ့လို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ခေတ်ကြီးထဲမှာ အလုပ်တွေ အများကြီး လုပ်နေရတာပဲမို့ အောင်မြင်မယ်
မထင်ပါနဲ့ ။
အောင်မြင်မှုရဲ့ "လျှို့ဝှက်ချက်က အနည်းငယ်ကို မှန်ကန်စွာလုပ်နိုင်ခြင်း" ဖြစ်ပါတယ် ။ ဒါကို အပြည့်အဝရှင်းပြထားတာကတော့ "80/20 Principle" စာအုပ်ပဲ ဖြစ်ပါတယ် ။
ဒီစာအုပ်မှာ ဘယ်အလုပ်တွေကို ဦးစားပေးလုပ်မယ်ဆိုရင် Result 80% ရနိုင်မလဲ ။
“အလုပ်ရှုပ်တာ” မဟုတ်ဘဲ “အလုပ်အောင်မြင်အောင်လုပ်တတ်ခြင်း”
အလုပ်အတူတူလုပ်နေပေမဲ့ အချို့က Result များများရတာ ဘာကြောင့်လဲဆိုတာ လက်တွေ့သာဓကများနှင့် ရှင်းပြထားသော Concept
မိမိဘဝကို ပိုပြီး သက်သာအောင် /အလွယ်တကူ တိုးတက်အောင် ဘယ်လိုကြံဆမလဲ
ကိုယ်ပိုင်ဘဝ ၊ Career, Money, Business, Productivity, Goal Setting – အကုန်လုံးမှာ 80/20 ကို Integrate လုပ်နည်း
“Busy ဖြစ်တာ” နဲ့ “Effective ဖြစ်တာ” ကြားက ကွာခြားချက်ကို သိစေမယ့်အချက်များ စသဖြင့် ဖတ်ရှုရမှာဖြစ်ပါတယ်။
#နည်းနည်းလုပ်များများရ၈၀_၂၀နိယာမ
#80_20principle #richard Koch
#အောင်လှိုင်

image

အောင်မြင်မယ် ကြီးပွားမယ်ဆိုတာကိုကျတော့ လူတိုင်းနီးပါး ဖြစ်ချင်ကြတယ် ။ ပျော်ရွှင်ချမ်းမြေ့အောင် ဘဝကို နေထိုင်မယ် ဆိုတာကိုကျတော့ မေ့လျော့နေတတ်ကြတယ် ။ သတိရတယ်ဆိုရင်တောင်မှ အောင်မြင်ကြီးပွားမှုကိုပဲ မက်မောကြတယ် ။ တကယ်တော့ အောင်မြင်ကြီးပွားတိုင်း စိတ်ချမ်းမြေ့ပျော်ရွှင်ရတာမှမဟုတ်ဘဲ ။ ဘဝမှာ တန်ဖိုးအကြီးဆုံးအရာက ပျော်ရွှင်ချမ်းမြေ့ဖို့ပါ ။ မတရားတဲ့နည်းနဲ့ရယူပြီး ဖက်တွယ်ထားသမျှ အောင်မြင်မှုတွေ ကြီးပွားချမ်းသာမှုတွေဟာ စိတ်ဆင်းရဲစရာချည်းပါ ။ ငွေကြေးဆင်းရဲပေမယ့် စိတ်ချမ်းသာအောင် နေထိုင်နိုင်ရင် ဘဝရဲ့အနှစ်သာရကို ရရှိခြင်းပါပဲ ။
#ကောင်းပြည့်သော်

image

ကိုယ့်ကိုယ်ကိုယ်
အရင်လင်းသန့်စေပါ ညီမလေး
ကိုယ့်ရဲ့မွန်မြတ်မှုကို မတည်ဆောက်နိုင်သေးသရွေ့
အများကို အလင်းမပေးပါနဲ့ဦး
ကိုယ်က ကြီးမြတ်မှုတွေဆီ ရုန်းကြွနိုင်လေလေ
ကိုယ့်ရဲ့အရည်အသွေးက ပွင့်လန်းလေလေပေါ့ ။
ညီမလေးရေ ကိုယ်က သူတစ်ပါးကို
အလင်းဆီ တွန်းပို့ချင်ရင်
ကိုယ်တိုင်အလင်းရှိရာဆီ အရင်နှင်ပါ ။ ။
တက္ကသိုလ်ရင်သွေးငယ်

image
27 ပတ် - ဘာသာပြန်ပါ။

#knowledge #ဗဟုသုတ

image
27 ပတ် - ဘာသာပြန်ပါ။

#knowledge #ဗဟုသုတ

image
27 ပတ် - ဘာသာပြန်ပါ။

#knowledge #ဗဟုသုတ

image
27 ပတ် - ဘာသာပြန်ပါ။

ဆင်တွေ မှာ မုန်တိုင်း နဲ့ မိုးကြိုးတွေကို အဝေးမှ အာရုံခံနိုင်တဲ့ ထူးခြားသော စွမ်းရည်တွေရှိကြပါတယ် ၎င်းတို့ဟာ မြေကြီးမှတဆင့် ရွေ့လျားသွားနေတဲ့ လူတို့မကြားနိုင်တဲ့ အသံအနိမ့် (subsonic rumbles) တွေကို ဖမ်းယူနားထောင်ခြင်းဖြင့် သိရှိနိုင်ကြပါတယ် အဲ့ဒီအသံတွေကို ဆင်တွေဟာ ၎င်းတို့ရဲ့ ခြေထောက်တွေ ၊ နှာမောင်းတွေ ၊ နားတွေကနေတစ်ဆင့် အာရုံခံနားထောင်နိုင်ကြပြီး မိုင် 150 အကွာအဝေးမှ မုန်တိုင်းတွေကိုတောင်သိရှိနိုင်ပါတယ် ဒီလိုသဘာဝအတိုင်း ရာသီဥတု ခန့်မှန်းနိုင်တဲ့ စွမ်းရည်ဟာ ခြောက်သွေ့တဲ့ ဒေသတွေမှာ ဆင်တွေအတွက် သောက်သုံးရေ ရှာဖွေရာ၌ အထောက်အကူပြုပြီး အဝေးက အခြားဆင်တွေနဲ့လည်းအလွယ်တကူအာရုံခံဆက်သွယ်တဲ့နေရာမှာ အသုံးပြူကြပါတယ်
#ဗဟုသုတ #knowledge

image
27 ပတ် - ဘာသာပြန်ပါ။

Orion and the Dark (2024)

~ IMDb – 6.7/10, RT – 87%, Meta – 74% ~
ခင်ဗျားတို ကျွန်တော်တို အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချိုအရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြိုပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။
လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အိုရီယွမ်က ခြင်ကိုက်တာကအစ အိမ်သာဆိုပြီး တစ်ကျောင်းလုံးရေမြုပ်မှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပေါ့။ ယုတ်စွအဆုံး သူချစ်တဲ့ကောင်မလေးကို စကားသွားပြောဖိုပါ ကြောက်နေတဲ့ကောင်။ သူအကြောက်ဆုံးအရာကတော့ သူ ညတိုင်း ကြုံနေရတဲ့အရာ… အမှောင်ထု။ အမှောင်ကို သူကြောက်တာကတော့ အမှောင်ကို သူနားမလည်လို ကြောက်တယ်ပြောရမယ်။ အမှောင်ထုက သူထင်သလောက်ဆိုးနေတဲ့ကောင်တော့ မဟုတ်ဘူး။ ဆိုးဖိုဝေးစွ ခင်တတ်မင်တတ်တဲ့ တော်တော်ကောင်းတဲ့လူလိုပြောရမယ်။ အမှောင်ထုက အိုရီယွမ်ကို သူ့ကို မကြောက်ဖိုပြောပြီး ကမ္ဘာကြီးအတွက် သူဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲပြဖို ညကမ္ဘာကြီးကိုလိုက်ပြတယ်။ ဒါပေမဲ့ သိပ်ကြောက်တတ်တဲ့ အိုရီယွမ်ကတော့ ကြောက်နေမြဲပဲ။ ဒီတော့ အမှောင်ထုက အိီရယွမ်ကို ညကမ္ဘာကြီးထဲက တခြားညဖြစ်တည်မှုတွေဆီ ခေါ်သွားတယ်။ အဲဒီအရာတွေကတော့… အိပ်မက်ကောင်း, အိပ်စက်ခြင်း, အိပ်မပျော်ခြင်း, တိတ်ဆိတ်ခြင်း, အမျိုးအမည်မသိဆူညံသံများ တိုတတွေပေါ့။ တစ်နည်းပြောရရင် ညဘက်မှာပဲ ရှိနေတတ်တဲ့ အရာတွေပါပဲ။ အမှောင်ထုဟာ အိုရီယွမ်တစ်ယောက် သူတိုအုပ်စုတွေ ညဘက်မှာ ကမ္ဘာကြီးအတွက် ဘယ်လိုတာဝန်တွေ ဘယ်လိုပုံနဲ့ ထမ်းဆောင်နေလဲကြည့်ရင်း သူတိုကို အကောင်းမြင်လာပြီး သူ့အကြောက်တရားကို သူကျော်လွှားပြီး ပျော်ပျော်ကြီးရှင်သန်သွားနိုင်စေဖို ရည်ရွယ်ခဲ့တာပေါ့။
ဒီလောက်ပဲ ဖတ်ရင်ကို ဒီကား ဘာဆက်ဖြစ်မလဲ ခင်ဗျားတိုမှန်းမိနေလောက်ပြီ။ ကလေးကြည့် ကာတွန်းကားပဲလေ။ ထုံးစံအတိုင်း အိုရီယွမ်လေးတစ်ယောက် အမှောင်ကို မကြောက်တော့ဘဲ အကြောက်တရားကို ကျော်လွှားနိုင်သွားပြီး ဇာတ်ကောင်တွေအတူတူပျော်ပျော်ပါးပါးနဲ့ ပြီးပါပြီ စာတန်းထိုးသွားမှာပေါ့။ ဒီလိုထင်ရင် ခင်ဗျား အမှားကြီးမှားပါလိမ့်မယ်။ မှားဆို ဇာတ်ညွှန်းဆရာက Charlie Kaufman ကိုး။ Eternal Sunshine of the Spotless Mind ကို ရေးခဲ့တဲ့သူ… Being John Malkovich နဲ့ Adaptation တိုကိုရေးခဲ့တဲ့သူ… I’m Thinking of Ending Things ကို ရေးခဲ့ရိုက်ခဲ့တဲ့သူပါပဲ။ သူ့အကြောင်းသိတဲ့လူတွေကတော့ Charlie Kaufman ရေးတာဆိုတာနဲ့တင် ဒီကာတွန်းကားကို ပြေးကြည့်ကြမှာပဲ။ ဒီဇာတ်လမ်းဟာ ကျွန်တော်ထင်သလို မြင်နေကျ ကာတွန်းဇာတ်လမ်းမျိုး မဟုတ်ခဲ့သလို ကာတွန်းကားတွေရဲ့စံကိုလည်း အများကြီး ကျော်မသွားဘူး။ လတ်တလောထွက်ထားတဲ့ထဲ ကောင်းတာလည်း မရှိသေးတော့ လတ်တလောထဲတော့ အကောင်းဆုံးအမေရိကန်ကာတွန်းကားလိုပြောရမှာပဲ။ Wish တို ဘာတိုထက်လည်း အများကြီးသာတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ မသိတာပိုကောင်းလိမ့်မယ်။ Charlie Kaufman ဟာ ကလေးကာတွန်းကိုမှ ဖြစ်တည်မှုဒဿနလို ဖလော်စာသားတွေကိုတော့ အဆစ်ထည့်သွားသေးတော့ ကာတွန်းကားသက်သက်ဆိုပြီး သိပ်တော့ အထင်သေးမရဘူး။ တစ်ခု ကျွန်တော်သေချာတာက Charlie Kaufman ဟာ ဒီဘက်ခေတ်ကလေးတွေကို ကောင်းကောင်းနားလည်တယ်ဆိုတာပဲ။ ဘာလိုလဲတော့ ကားကြည့်ရင်သိလိမ့်မယ်။
အိုရီယွမ်ကို သူ့အဖေနဲ့အမေပြောခဲ့တဲ့စကားလိုပေါ့… လူတိုင်း ကြောက်တတ်ကြတာပဲ ကြောက်တတ်တာက ဘာမှမဖြစ်ဘူး ရတယ် ကြောက်နေလို ဘာမှမလုပ်မှဘဲ မှားသွားမှာတဲ့။ ဒီဇာတ်လမ်းဟာ “လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း” ပါပဲ။ Orion and the Dark ဟာ ကျွန်တော်တိုကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လိုဆိုလည်းမမှားပါဘူး။

ဇာတ်ကားလင့်
https://t.me/c/2186686827/471

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
27 ပတ် - ဘာသာပြန်ပါ။

Luis and the Aliens (2018)

Luis and his friends from outer space ဆိုတဲ့ 2018 ထွက် ကာတွန်းကားလေးကတော့ IMDB Rating 6 ထိရရှိထားပြီး မိသားစုကြည့်ပျော်တဲ့ကားလေးဖြစ်မှာပါ။
Animation, Adventure, Comedy အမျိုးအစားဖြစ်ပြီး ကြည်နူးစရာ တွေးစရာလေးတွေပါရလာမယ့် ဇာတ်ကားတစ်ကားဖြစ်မှာပါ။

ဇာတ်လမ်းအကျဉ်းကတော့ ဂြိုလ်သားတွေကိုပဲ စိတ်ဝင်တစားနဲ့ တစ်ဘဝလုံးရင်းနှီးမြုပ်နှံထားတဲ့ အဖေကြောင့် ကျောင်းမှာ အပေါင်းအသင်းမရှိဘဲ အိမ်မှာလည်း အထီးကျန်ဖြစ်နေရတဲ့ကောင်လေးရဲ့ အကြောင်းကစထားပါတယ်။
ကောင်လေးက တစ်ကိုယ်တည်းနေရသလိုဖြစ်ပြီး အဖေကိုပါ ပြန်ဂရုစိုက်နေရတဲ့အတွက် ပင်ပန်းနေရပါတယ်။
တစ်နေ့မှာတော့ အိမ်နီးချင်းတွေက ကျောင်းကိုတိုင်စာပိုတဲ့အတွက် သူ့ကိုမိဘမဲ့ကျောင်းကိုပိုဖို စီစဉ်ကြပါတော့တယ်။
အဲဒီမှာ ကမ္ဘာမြေကို အလည်ရောက်လာရင်း ယာဉ်ပျက်ကျသွားတဲ့ ဂြိုလ်သားလေး သုံးကောင်နဲ့ သူငယ်ချင်းဖြစ်ပြီး အဲဒီအစီအစဉ်ကိုဘယ်လိုတားဆီးကြမလဲဆိုတာ ရယ်မောဖွယ်တွေ့ရမှာပါ။
ပြီးတော့ နောက်ဆုံးမှာ Luis တစ်ယောက် မိဘနဲ့သားသမီး၊
သူငယ်ချင်းအချင်းချင်း၊ ချစ်ရသူနဲ့ ဘယ်လို နားလည်မှုတွေရသွားတယ်ဆိုတာ တွေ့ရမှာပါ။

ဇာတ်ကားလင့်
https://t.me/c/2186686827/472

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
27 ပတ် - ဘာသာပြန်ပါ။

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး လူကြီးလူငယ်မရွေး သဘောကျနှစ်သက်ခဲ့ကြတဲ့
The Secret Life Of Pets ကာတွန်းကားလေးကို
ပိုမိုကောင်းမွန်တဲ့ Quality နဲ့ ထပ်မံ တင်ဆက်ပေးချင်ပါတယ်။
ကိုယ်အိမ်မှာမရှိတုန်း တိလေးတွေ ဘာလုပ်နေမလဲလို တွေးကြည့်ဖူးလားဗျ။
ကျွန်တော် ငယ်ငယ်ကတော့ အပြင်သွားချင်ယောင်ဆောင်ပြီး
အိမ်က ခွေးလေးတွေ ဘယ်လိုနေထိုင်ကြလဲ စောင့်ကြည့်ဖူးပါတယ်။
 
ဒီကာတွန်းကားလေးဟာလည်း သခင်တွေအိမ်မှာမရှိတုန်း
အပီအပြင်သောင်းကျန်းကြတဲ့ တိလေးတွေရဲ့ လျှိဝှက်ဘဝကို
ဟာသနှော တင်ဆက်သွားတာပါ။
 
IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိ
အောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့…..
အဓိကဇာတ်လိုက်ကတော့ Max ဆိုတဲ့ တယ်ရီယာခွေးပုလေးပေါ့ဗျာ။
 
သခင်ဖြစ်သူ Katie နဲ့ နယူးယောက်မြိုတော်ကြီးမှာ
 
အပူအပင်ကင်းကင်း ဘဝကိုဖြတ်သန်းနေတဲ့ကောင်လေးပေါ့။
သူ ကြုံရတဲ့ အခက်အခဲဆိုလို Katie မနက် ရုံးသွားတိုင်း
အတင်းလိုက်ဆွဲရတဲ့ ဒုက္ခပဲရှိပါတယ်။
 
ဒါပေမဲ့လည်း Katie ပြန်ရောက်တဲ့အထိ
တစ်နေကုန် တံခါးရှေ့ထိုင်စောင့်တာပါပဲ။
ဘာပဲပြောပြော ချစ်ရတဲ့သခင်နဲ့ နှစ်ကိုယ်တည်း အေးချမ်းနေတဲ့
သူ့ဘဝလေးဟာ တစ်နေ့မှာတော့ Katie အသစ်မွေးစားလာတဲ့
Duke ဆိုတဲ့ တခြားခွေးတစ်ကောင်ကြောင့် ဗြောင်းဆန်ကုန်ပါတယ်။
နဂိုရရှိထားတဲ့ အခွင့်အရေးတွေကိုပါ လက်လွှတ်ဆုံးရှုးလာရတာမို
Duke ကို အိမ်ပေါ်က နှင်ထုတ်ဖို ကြံရင်းဖန်ရင်း
အလွဲလွဲအချော်ချော် ဖြစ်ပုံလေးကို
ရယ်ရယ်မောမော ကြည့်ရှုခံစားရမှာပါဗျ။
မိသားစုနဲ့အတူ ဘာကားကြည့်ရမလဲ မသိဖြစ်နေရင်
ဒီကားလေးကို ရွေးချယ်ကြည့်ရှုဖို တိုက်တွန်းပါတယ်။

The Secret Life of Pets (2016)

ဇာတ်ကားလင့်
https://t.me/c/2186686827/473

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image