27 w - Translate

သမုဒ္ဒရာထဲကို ဝေလငါးဖမ်းထွက်ရင်း အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရသောအခါ...

➪➪➪➪➪➪➪➪➪➪➪➪➪➪

IMDB (6.9/1

ဒီကားဟာ စွန့်စားမှုတွေနဲ့ သမုဒ္ဒရာကိုအန်တုပြီး ဝေလငါးတွေကို လိုက်လံဖမ်းဆီးကြတဲ့ ဇာတ်လမ်းလေးပါ

ချေ့(သော်) ဟာ ကျွမ်းကျင်တဲ့ ဝေလငါးဖမ်းသမားတစ်ယောက်ဖြစ်သလို ကျွမ်းကျင်တဲ့ ကပ္ပတိန်ဖြစ်ပါတယ်

နောက်ဆုံးထွက်ခဲ့တဲ့ ဝေလငါးဖမ်းတဲ့ခရီးစဉ်မှာ သူ့ရဲ့ ကျွမ်းကျင်မှုတွေကြောင့် ဝေလငါးအဆီပုံး 1500 ကိုရှာဖွေပေးနိုင်ခဲ့လို မေဆန်က နောက်ခရီးစဉ်မှာကပ္ပတိန်ရာထူးပေးမယ်ပြောခဲ့ပါတယ်

ဒါပေမဲ့ ငွေရှိလူတန်းစားတွေရဲ့ ထုံးစံကြောင့် လက်ထောက်ကပ္ပတိန်အဖြစ်နဲ့သာ အက်ဆက်သင်္ဘောကို ဦးဆောင်ခဲ့ရပြီး သမုဒ္ဒရာထဲခရီးနှင်ခဲ့ရပါတယ်

အက်ဆက်သင်္ဘောနဲ့ အလုပ်သမားတွေဟာ ကျွမ်းကျင်မှုမရှိတဲ့ ကပ္ပတိန်တစ်ယောက်ရဲ့ မိုက်မဲစွာဦးဆောင်မှုကြောင့် မုန်တိုင်းထဲမှာ သေခါနီးအခြေအနေထိရောက်ခဲ့ရပါတယ်

အဲ့ဒီအခြေအနေကနေ ချေ့ကြောင့် လွတ်မြောက်ခဲ့ရပြီး မည်သိုမည်ပုံ ဝေလငါးနဲ့ အသက်လုပြိုင်ပွဲတွေဝင်ခဲ့၇တယ်ဆိုတာကို ဇာတ်ကားလေးမှာသာ ဆက်လက်ကြည့်ရှုစေချင်ပါတယ်

ကြည့်ရန်⬇️⬇️⬇️
https://t.me/khanthtookyaw2233/487

image
27 w - Translate

The Flu ( 2013 )

အညွှန်း* 🔽🔽🔽

ဇာတ်လမ်းကတော့ တရုတ်
ဖိလစ်ပိုင်စတဲ့မတူတဲ့နိုင်ငံတွေကနေ
ကိုရီးယားကိုတရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ
H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ်....တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ
ကိုးရက်တာကြာခဲ့ပြီး ကိုးရက်တာအတွင်း အလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့
အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့်Avian Virus ဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ်.....နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး
လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေးလောက်သာဖြစ်ပြီးကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြိုကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့.....ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးကဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူကင်မီရီဆိုတဲ့ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ်

ချန်နယ်ကို အရင် join ပါ🔽🔽🔽
https://t.me/+jm6O1y7LaBRlNTQ1

ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/c/2676004748/55

image
27 w - Translate

နှစ်သုံးရာခေတ်ကဂြိုလ်သားများနဲ့ ရင်ဆိုင်ဖိုက်ကြရမဲ့ကို မန်ချီမုဆိုးများ...

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။

ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။အက်ရှင်အသားပေးမို တစ်ကားလုံးကြုံးနေကြတာပါပဲ။

ကြည့်လိုအတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။

ချန်နယ်ကို အရင် join ပါ🔽🔽🔽
https://t.me/+1KcDLlwvRhYzYzk1

ကြည့်ရန်⬇️⬇️⬇️
https://t.me/c/2413999840/1201

image
27 w - Translate

𝕄𝕠𝕟𝕤𝕥𝕖𝕣 𝕠𝕟 𝕒 ℙ𝕝𝕒𝕟𝕖 (𝟚𝟘𝟚𝟜)

ရေသူမထုံးရေအိုင်ကျွန်းမှ ထွက်ခွာမယ့် ဟမ်ဘာ့ဂ်လေယာဉ်ဟာ ကျောင်းသားများ ဂီတသမားများ ပါမောက္ခများနှင့် ဆူဆူညံညံ လှုပ်လှုပ်ရှားရှားရှိနေပြီး လေယာဉ်မှူးဟာလည်း ပုံမှန်လုပ်ဆောင်နေကျအတိုင်း လေယာဉ်ပျံတက်ဖို စစ်ဆေးစရာတွေ စစ်ဆေးရင်း အလုပ်များလျ-က်ရှိနေခဲ့ပါတယ်

တစ်ဖက်မှာလည်း ရဲအရာရှိနှစ်ယောက်တိုဟာ ၎င်းလေယာဉ် ကျွန်းမှ မထွ-က်ခွာရန်တားမြ-စ်ဖို အပူတပြင်း ကြိုးစားနေခဲ့ပါတယ်..

ထိုသိုရှိနေစဉ် ပါမောက္ခတစ်ယောက်ကတော့ စိုးရိမ်စိတ်အပြည့် ပေါ်လွင်နေတဲ့ မျက်နှာနဲ့ လေယာဉ်ထွက်ခွာဖိုကိုသာအလောတကြီးဖြစ်နေခဲ့ပါတယ်..


ချန်နယ်ကို အရင် join ပါ🔽🔽🔽
https://t.me/+jm6O1y7LaBRlNTQ1

ကြည့်ရန်⬇️⬇️⬇️
https://t.me/c/2676004748/63

image
27 w - Translate

Monster Hunter ( 2020 )

IMDB: 6.0/10

အညွှန်း* 🔽🔽🔽

(Milla Jovovich) နဲ့ (Tony Jaa) တို အဓိကဇာတ်ကောင်အဖြစ်နဲ့ ပါဝင်ထားပါတယ်....

ဗိုလ်ကြီး အာတီမစ်ဟာ သူ့ရဲ့ အထူးတပ်ဖွဲနဲ့အတူ စစ်ဆင်ရေးထွက်ရင်း မုန်တိုင်းတစ်ခုကြားထဲကို ရောက်သွားခဲ့ပါတယ်..မုန်တိုင်းထဲကနေ အပြင်ထွက်လာချိန်မှာတော့ မတူတဲ့ ကမ္ဘာသစ်တစ်ခုထဲကိုရောက်နေပြီး အဖျက်စွမ်းအားကြီးလှသလို အချိန်မရွေးလူသားတွေကို အရေခွံဆုတ်နိုင်တဲ့ ထူးဆန်းသတ္တဝါကြီးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်....
ရင်ဆိုင်ရင်းနဲ့ ကမ္ဘာသစ်ထဲက လူသားမိတ်ဆွေသစ်တွေရဲ့အကူအညီကိုယူပြီး မူလကမ္ဘာကိုပါပြန်ဖို အစွမ်းကုန်ကြိုးစားပါတော့တယ်....နင်းကန်လန်းတဲ့ အကြမ်းစားအက်ရှင်ခန်းတွေ မြင်ရမှာဖြစ်သလို သတ္တဝါဆန်းတွေရဲ့စူပါပါဝါတွေကိုလည်း စိတ်လှုပ်ရှားရင်ခုန်စွာနဲ့ ကြည့်ရမှာဖြစ်ပါတယ်.....

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/khanthtookyaw2233/511

image
27 w - Translate

Silent Zone (2025)
————-
ဒီတစ်ခုကတော့ ပုံမှန်လူသားတွေကနေဇွန်ဘီတွေဖြစ်ကုန်ပြီး ကျန်ရစ်တဲ့လူသားမျိုးနွယ်တွေက ကိုလိုနီတွေအဖြစ်စုနေပြီး ခေတ်ပျက်ကြီးထဲမှာ ရှင်သန်လှုပ်ရှားရတဲ့ Plot မျိုးပါပဲ။အက်ဘီဂေးဆိုတဲ့ ကလေးမလေးက အမေနဲ့မောင်လေးအသတ်ခံလိုက်ရပြီးနောက်မှာ ကာစီးရပ်ဆိုတဲ့လူက ကယ်တင်ပေးခဲ့ပြီး သူ့ကိုရှင်သန်ဖိုလိုအပ်တာတွေအကုန်သင်ပေးခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ နှစ်ယောက်တည်းရှင်သန်လာကြရင်း တစ်နေ့မှာ သင်္ဘောပျက်တွေစုပြီးလူတွေနေကြတယ်ဆိုတဲ့လှေမြိုဆိုတဲ့ကိုလိုနီကိုသွားနေတဲ့ လင်မယားနှစ်ယောက်နဲ့စုံခဲ့ပါတယ်။
ဆက်ပြီးလှည့်ပတ်မသွားချင်တော့တဲ့ အက်ဘီဂေးက အဲ့ဒီလင်မယားနှစ်ယောက်နဲ့ လှေမြိုဆိုတာကို အခြေအနေကြည့်ချင်ခဲ့တာကြောင့် သူတိုစတင်ပြီးခရီးထွက်ကြပါတော့တယ်။ လမ်းမှာ ဘယ်လိုအန္တရာာ်တွေတွေ့ကြုံရမလဲနဲ့ သူတိုရဲ့ဦးတည်ရာကိုရောက်နိုင်ပါ့မလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ကြပါ။


ချန်နယ်ကို အရင် join ပါ🔽🔽🔽
https://t.me/+jm6O1y7LaBRlNTQ1


ကြည့်ရန်⬇️⬇️⬇️
https://t.me/c/2676004748/68

image
27 w - Translate

Kong Skull Island (2017)

၁၉၇၃ ကာလ မြင်ကွင်းတွေ နဲ့အတူ ဗီယက်နမ်စစ်ပွဲအပြီးကာလမှာ

Monarch လိုခေါ်တဲ့ လျှိ ဝှက် အဖွဲအစည်းအတစ်ခုဟာ မြူခိုးတွေနဲ့ အုံဆိုင်းနေတဲ့ အရိုးစု ကျွန်းဆိုတဲ့ ကျွန်းသစ်တစ်ကျွန်းကိုရှာတွေ့ခဲ့ပါတယ်

အဲဒီကျွန်း ပေါ်မှာ ထူးဆန်းတဲ့ တိရစ္ဆာန်မျိုး စိတ်တွေရှိနေတဲ့အတွက် သုတေ သနပြုဖိုရဟတ်ယာဉ်တွေနဲ့ ထွက်ခွာခဲ့ကြပါတယ်

တကယ်တော့ အဲဒီကျွန်း ပေါ်မှာ ကောင်ဆိုတဲ့ ဧရာမ မျောက်ဝံကြီးရှိသလို အခြားထူး ဆန်းတဲ့ သတ္တဝါပေါင်းများစွာ လည်း ရှိနေတာပါ

ရဟတ်ယာဉ် တွေ ကျွန်းပေါ်က ဖြတ်ပျံတုန်း မျောက်ဝံကြီး ရန်ပြုတိုက်ခိုက်ခဲ့ တဲ့အတွက် ရဟတ်ယာဉ်တွေ ပျက်ကျကုန်ပါတော့တယ်

ကျွန်းပေါ် ရောက်သွားတဲ့ သုတေသီအဖွဲဟာ ကင်းကောင် အပြင် အခြားထူးဆန်းတဲ့ သတ္တဝါ ကြီးတွေနဲ့ပါရင် ဆိုင်ခဲ့ရပါတယ်

သူနေတဲ့ ကျွန်းပေါ်ကို ကျူးကျော် ဝင်ရောက်လာသူတွေကို ကင်း ကောင်ဟာ ဒေါသတကြီး တိုက် ခိုက်ခဲ့တာမို သုတေသီတွေနဲ့ပါလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ကြပါတော့တယ်

ကင်းကောင် ဇာတ်ကား ကြိုက်တဲ့ ပရိသတ်တွေ အနေနဲ့ တော့ ဒုတိယမြောက် ကင်းကောင်ဇာတ်ကားကကော ကျေနပ်လောက်တဲ့ရသပေးစွမ်းမှာလားဆိုတာတော့ ကိုယ်တိုင်ကြည့်ပြီးတော့သာ ဆုံးဖြတ်ကြည့်ကြပါဦးနော်

ချန်နယ်ကို အရင် join ပါ🔽🔽🔽
https://t.me/+jm6O1y7LaBRlNTQ1

ကြည့်ရန်⬇️⬇️⬇️
https://t.me/c/2676004748/76

image

ငြင်းပယ်ခြင်း #အလှ....(၅)
====================#editing.. 30.4.25
(#ဘဝ #မာယာ...."သတိရှိပါ)
#လောကဟာ သူ့သဘာဝအတိုင်း လည်ပတ်နေတာဆိုပေမဲ့ လူတွေကို #လှည့်ဖြားတတ်တယ်။
မျော်လင့်ထားတာတွေ...
ခုဖြစ်လာတော့မလိုလို၊ခဏလေးနေမှ ဖြစ်လာတော့မလိုလို့၊#ကလူ၏သို့ #မြူ၏သို့... ပေါ့လေ။
မနက်ဖြန် ဖြစ်လာတော့မလို၊ အတော်လေးကြာမှ
ဖြစ်လာတော့မလို၊#ဖြစ်ချင်မှလည်း ဖြစ်လာတော့မလိုလို...
ဘာလိုလို #ညာလိုလို ...စသည်အားဖြင့်....
#သေအံ့ဆဲဆဲအထိ အခိုက်အတန့်လေးအထိ
ဘဝကို မငြီးငွေ့ရအောင် #မခိုးမခန့် နဲ့
ဆွဲဆောင်ထားတတ်တယ်။
#အဝိဇ္ဇာ နဲ့ တဏှာ
------------------------
လူတွေက ဘဝမှာ #ဒုက္ခ နဲ့လည်း ပျော်တတ်ကြတယ်။ဘာဖြစ်လို့လည်းဆိုတော့ ပရမတ္ထသစ္စာကို
မသိနိုင်အောင် ဖုံးကွယ်ထားတဲ့ #အဝိဇ္ဇာကြောင့်။
နောက်တစ်ခုက #တဏှာ။သူကလည်း ရုပ်နာမ်နှစ်ပါးနဲ့ တွဲစပ်နေတာပဲ။သူ့ကကျတော့တစ်မျိုး။ဘဝမှာအမှန်တကယ်ကြုံတွေ့ရမဲ့ (သို့မဟုတ်)ကြုံတွေ့နေဆဲဖြစ်တဲ့ အို၊နာ၊သေ လက္ခဏာရေးတရား၊
#သင်္ခါရ တွေကိုတောင် မေ့လျှော့နေစေတဲ့အထိ စွမ်းအင်ထက်တယ်။
ဥပမာတွေကြည့်...ဒုက္ခတွေနဲ့ ပျော်နေတဲ့ လူတွေ၊တိရစ္ဆာန်တွေ များစွာတွေ့နိုင်တယ်။အဲဒါဟာ အဝိဇ္ဇာတဏှာတို့ရဲ့ စွမ်းအင်သတ္တိတွေပဲ ။
...လောကသဘာဝက ထူးဆန်းနေတာမဟုတ်ဘူး။
#ဘဝဖြစ်ပေါ်မှုက ရိုးရှင်းနေရင်လည်း အဝိဇ္ဇာတဏှာတို့က ရှုပ်ထွေးစေလိမ့်မယ်။
...#အရက်နဲ့မူးယစ်ဆေးတွေကြောင့် ဒုက္ခရောက်ရသူတွေဆိုရင်...သူတို့ဟာ အစကဒါတွေဟာ ဒီလိုဒုက္ခခံစားရတယ်လို့ မသိကြဘူး။အဲတုန်းက #အဝိဇ္ဇာက...
ဦးဆောင်သူပေါ့။သိသွားလို့ ရပ်ချင်ပြန်တော့ မရတော့ပြန်ဘူး။စွဲလမ်းနေပြီ။အဲဒီကျတော့ #တဏှာက တလှည့်ဦးဆောင်ပြန်တယ်။
(#illutionist)လို့ ပြောနိုင်မလားဘဲ။မဟုတ်တာတွေကို အဟုတ်ထင်နေတာမျိုးပေါ့။ဥပမာအားဖြင့်
အရက်ကြောင်နေသလိုမျိုး။
...အဲဒီအခြေအနေရောက်ရင် လူတွေဟာ ကိုယ်အချစ်ဆုံးဖြစ်တဲ့ ကိုယ့်ဘဝကိုလဲ မချစ်နိုင်တော့
ဘူး။သေရမှာလည်း မကြောက်တော့ဘူး။
ဒီအခြေအနေဆိုရင်တော့ အဝိဇ္ဇာ+တဏှာ နှစ်မျိုး
ပေါင်းက အပြင်းဆုံး နှိပ်စက်ပြီခေါ်တယ်။
.....တခြားအရာတွေမှာလဲ ထိုနည်းတူပါပဲ။တဏှာက
တပ်မက်ခြင်းသဘောရှိပြီး၊အဝိဇ္ဇာက အမှန်မသိခြင်းသဘောပဲ။
.....လူတွေဟာ တချို့ဒုက္ခတွေကို မသိခြင်းနဲ့ ''စ''ယူမိတတ်ပြီး၊တချို့ကိုတော့ တပ်မက်ခြင်းနဲ့ ''စ''ပြီး
ယူမိတတ်ကြတယ်ပေါ့လေ။
....ဒါ့ကြောင့် #ဒုက္ခသံသရာလည်ကြောင်းဖြစ်တဲ့
ပဋိစ္စသမ္မုပ္ပါဒ်တရားဟာ #အဝိဇ္ဇာနဲ့ စတယ်။
....#နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးကျတော့
#သမ္မာဒိဌိ ဆိုတဲ့ #ပညာ နဲ့စကြောင်းကို သတိထားမိဖို့ ကောင်းတယ်။
#ငြင်းဖို့မလွယ်ဘူး
----------------------------
#ဘဝဖြစ်ခြင်းကနေလွတ်မြောက်ကြောင်း နည်းလမ်းတွေက ကျင့်သုံးဆောက်တည်ဖို့
ခက်ခဲတာမဟုတ်ဘူး။ရှင်းအောင်ပြောရရင်...
လူတွေရဲ့ ရုပ်နာမ်သဘာဝကိုက #တဏှာကို ကြိုက်တဲ့ သဘောပဲ။ ဘဝမှလွတ်မြောက်ကြောင်း နိဗ္ဗာန်ဆိုတာ ခန္ဓာသဘာဝကို ဆန့်ကျင်ရတာဆိုမျိုးပဲ။
ဒီအဝိဇ္ဇာနဲ့ တဏှာတို့ကို #ငြင်းပယ် ရတာ ခက်နေတယ်လို့ သတိထားသင့်တယ်။
လူ​တွေကလည်း (ဒါကို) အဖြေရှာဖို့...
မေ့နေကြတဲ့အထိ။အဲဒါကျ အဝိဇ္ဇာလို့ ခေါ်တယ်။
အဲဒါကြောင့် ဘဝကို အဝိဇ္ဇာ နဲ့ တဏှာက တလှည့်စီ
ဦးဆောင်နေတဲ့အကြာင်း....
ငါပိုင်၊ငါဆိုင်သော်လည်းကောင်း ၊ငါအစိုးရသော
အတ္တဟူ၍ မရှိကြောင်း....
သုတမယညာဏ်(တနည်းအားဖြင့် သာမန်အသိညာဏ်)နဲ့သိရင် ဒိဌိဟာ အသိနဲ့ပြုတ်ပါတယ်လို့...
မိုးကုတ်ဆရာတော်ကြီး အကြိမ်ကြိမ် ဟောတယ်။
ဝိပဿနာဆိုတာ
-------------------------
....သေသေချာချာ မှတ်ထားဖို့က ဝိပဿနာဆိုတာ
ဉာဏ်အလုပ်။ကံအလုပ် မဟုတ်ဘူး။
ဝင်လေထွက်လေကို သိနေရုံနဲ့ မရပါဘူး။
.....ခန္ဓာပေါ်မှာ ဉာဏ်ရောက်မှ ရတယ်။သမာဓိကောင်းရုံနဲ့ မရဘူး။သမာဓိစွမ်းအားလောက်ကို
အဝိဇ္ဇာ+တဏှာ(ကိလေသာက)မမှုဘူး။ခန္ဓာနဲ့စပ်တဲ့
ဝိပဿနာဉာဏ်နဲ့မှ အပြတ်နိုင်တာမျိုး။
သမာဓိအားက တဏှာကို ငြိမ်ဝပ်ပိပြားရုံလောက်ပဲ
လုပ်နိုင်တာ။
...ဒါ့ကြောင့် သမာဓိစွမ်းအားနဲ့ အမြင့်ဆုံးဈာန်ရတဲ့
ရသေ့တွေ ခဏချင်း ဈာန်လျှောတာတွေ ကြားဖူးတယ်မဟုတ်လား။
....ဝိပဿနာစွမ်းအားနဲ့ မဂ်ဉာဏ်ရပြီးသူတွေကတော့ ဘဝပြောင်းသွားတာတောင် သူ့ဉာဏ်ကတော့ မြဲလျှက်ပဲ။
...ဒါ့ကြောင့် ဝိပဿနာအလုပ်ဆိုတာ အခြားမဟုတ်
ကိလေသာတွေ (ငြင်းပယ်နေတာလို့)စွဲစွဲမြဲမြဲ
မှတ်ထားကြရမယ်။
#အရိယာနယ်ပယ်သို့
---------------------------------
.....ဝိပဿနာညာဏ်နဲ့ခန္ဓာအကြောင်း တကယ်သိရင်
ဒိဌိအ​မြင်တွေ အပြီးပြုတ်လို့ အရိယာနယ်သို့ ဝင်ရောက်ပြီဖြစ်ကြောင်း......
မိုးကုတ်ဆရာတော်ကြီးက အကြိမ်ကြိမ် သတိပေးဟောကြားထားပါတယ်။
ဒီတရားဟာ သိဖို့လည်း သိပ်ခက်တာ မဟုတ်ပါဘူး။
........လက်တွေ့ဘဝမှာ...အနည်းငယ်မျှလောက်
သတိစိုက်လိုက်တာနဲ့ အလွန်အကျိုးများပါတယ်။
ဒါ့ကြောင့် နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းတွေဟာ
ကုသိုလ်ကောင်းမှုတွေ ပြုဖို့ထက်၊ မကောင်းမှုအကုသိုလ်တွေကို (*ငြင်းပယ်)နိုင်ဖို့က ပိုအရေးကြီးတယ်။အဲဒါ အခြေခံပဲ။
......အသိ ဟာ အကျင့် ရဲ့ရှေ့မှာ ရှိနေရမယ် ဆိုတာလည်း မမေ့ကြပါနဲ့။
နောက်ဆုံးမှာ...ဒိဌိတင်မကဘဲ
ရုပ်နာမ်တို့ရဲ့ ခံစား၊စံစားလိုတဲ့ ဆန္ဒ(တဏှာ)တွေကိုပါ (ငြင်းပယ်)နိုင်ခဲ့ရင်တော့ ဘဝဆိုတာ အလှဆုံးဖြစ်သွားပါတယ်။

image
27 w - Translate

သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။

အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။

ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတိုကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွါး၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတိုသည် ထိုပုဂ္ဂိုလ်အဖို ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။

ဝင်ကစွပ်ဆိုတာ အမြင်မှာသာ ခရု,
တကယ်ကခရုခွံထဲဝင်နေတဲ့ အကောင်တစ်မျိုး ။
လူတွေလည်း အတူတူပါပဲ။
အမြင်မှာသာ လူ
တိရစ္ဆာန်စိတ်နဲ့ လူ,
လူစိတ်နဲ့ လူ,
နတ်စိတ်နဲ့ လူ,
ဗြဟ္မာစိတ်နဲ့ လူ
အမျိုးမျိုးရှိတာပေါ့။
လူဆိုတာလည်း ဝင်ကစွပ်တစ်မျိုးပါပဲ။
အရှင်ဝရသာမိ

image